ဖတ်ကူ(ခွန်အားဖြည့်သံစဉ်)များသို့

padonmarOctober 29, 20121min21028

ကျမရဲ့
အပိုဂျီး ပဒုမ္မာရဲ့ အပိုဆု https://myanmargazette.net/153220/creative-writing မှာ

ဂျီးတော်နွားကျောင်းတဲ့ ကျမတို့ ဖတ်ရွေးအဖွဲ့ကို ကူညီပေးဖို့ဖိတ်ခေါ်တော့ အာဇာနည်လေးတစ်ယောက် ထွက်ပေါ်လာပါတယ် ။

jullies cezer says: (Edit)
ဟုတ်ကဲ့ ဖတ်ရွေးအဖွဲထဲပါချင်တယ် မမပဒုမ္မာရေ ဘယ်လိုရွေးပေးရမလဲ
instruction ပေးစေချင်ပါတယ် ခါတိုင်းလိုပဲဖတ်ပြီး comment ပေး
points ပေးရုံလား ဘယ်လိုစည်းကမ်းတွေနဲ့ရွေးရမယ်ဆိုတာ ညီမကအသစ်
မို့လို့ပြောပြစေချင်ပါတယ် ရွာထဲမှာတင်သမျှ post တိုင်းလိုလိုညီမဖတ်
ဖြစ်ပါတယ်………..

ဦးဦးပါလေရာ says: (Edit)
ဟုတ်ကဲ့ ဖတ်ရွေးအဖွဲထဲပါချင်တယ် မမပဒုမ္မာရေ ဘယ်လိုရွေးပေးရမလဲ

မပဒုမ္မာကိုယ်စား ဝမ်းမြောက်စွာ ကြိုဆိုနှင့်ပါတယ် Jullies cezer ရေ…
ကျေးဇူးလဲ တင်ပါတယ်…
ဒီလို ကိုယ်ကိုယ်တိုင် ပါဝင်ဖို့ဆန္ဒပြုသူများ အများအပြား ပေါ်ထွက်စေချင်ပါတယ်။
ကျုပ်တို့က နာမည်တပ်ပြီးဖိတ်ရတဲ့အခါ တဖက်မှာ အားသူလဲရှိသလို မအားသူလဲရှိပါတယ်။
လုပ်နိုင်သူရှိသလို မလုပ်နိုင်သူလဲရှိလို့ အားနာနာ မျက်နှာပူပူနဲ့ဖိတ်ရပါတယ်။
အခုလို ကိုယ်တိုင်ဆန္ဒပြုတော့ ဒုတ်ဝေဖို့ဝန်မလေး…. အဲလေ… အဖွဲ့ထဲဖိတ်ခေါ်ဖို့ဝန်မလေးရတော့ဘူးပေါ့… 😀

လစဉ် တစ်လတန်သည် နှစ်လတန်သည် ဖတ်ရွေးပေးဖို့ အစီအစဉ်အတိအကျကို အခုလာမယ့် စနေမိတင်အပြီးမှာ ပိုစ့်လေးတင်ပေးဖို့ သူများကိုတိုက်တွန်းမည်ဖြစ်ပါကြောင်း…။

padonmar says: (Edit)
ခုလို ဖတ်ကူပေးမယ်လို့ ကိုယ်တိုင် ဆန္ဒပြုတဲ့သူတွေ့ရတာ အလွန်ကို ဝမ်းသာပါတယ်။
လူငယ်တွေပေါ်ကျမတို့ မျှော်လင့်မိတာ အလကားမဟုတ်ကြောင်းပြလိုက်သလိုပါပဲ။
ငှက်ကထကြီးပြောသလို မိတင်ပြီးရင် အစီအစဉ်အသေးစိတ်ဆွဲပြီး အကြောင်းပြန်ပါမယ်။
နောက်ထပ်ကူညီပေးနိုင်မယ့်သူတွေလည်း လိုချင်ပါသေးတယ်ရှင့်။
ဂဇက်ရွာကြီးကောင်းဖို့ပါ။(သူကြီးထောင်ထားတာပေမယ့် ကျမတို့ရွာသူသားတွေ ပိုင်တဲ့ရွာလို့ စိတ်ထဲမှတ်နေတာပါပဲ)

kai says: (Edit)
ရွာသူားတွေပိုင်တာပါ..။
ရွာသူားတွေထဲကပဲ.. အပြန်အလှန်ထိမ်းကြောင်းရပ်တည်နိုင်တဲ့ ရွာကြီးဆီကို ရွှေ့ယူနေတာပါနော..။

စနေမိတင်လည်းပြီးသွားပါပြီ။

jullies cezer ရေ

(၁) အခုလာမယ့် နိုဝင်ဘာလ ၁ရက်က နေ နိုင်ဝင်ဘာ ၃၁ ကြားမှာ တင်တဲ့ ပို့စ်တွေထဲက

(၂) မိမိ နှစ်သက်ရာ ရ ပုဒ် ကို နာမည် ၊ရေးသူ၊Link နဲ့တကွ ဖော်ပြပါ။

(၃)အကြိုက်ဆုံးကို ၃ မှတ်ပေးပါ။

(၄)ဒုတိယ ကို ၂ မှတ်ပေးပါ။

(၅)ကျန်တာ တွေကို တတိယလို့ သတ်မှတ်ပြီး ၁ မှတ်စီပေးပါ။

(၆)အဲဒီ ရလဒ်ကို BestWebAwads@MandalayGazette.com သို့

(၇)ဒီဇင်ဘာ ၅ ရက်နေ့ နောက်ဆုံးထားပြီးပေးပို့စေလိုပါတယ်။

ယခင်ဖတ်ရွေးတွေ ပေးတဲ့ အမှတ်တွေနဲ့ တန်းတူပဲ ထည့်တွက်ပါမယ်။

ခုလို စိတ်ပါလက်ပါ ကူညီပေးတာကို ဖတ်ရွေးအဖွဲ့ကြီးကိုယ်စား ကျေးဇူးအထူးတင်ကြောင်းလေး ပြောပါရစေ။

တစ်လက်စတည်း အလင်းဆက်ကိုလည်း နိုဝင်ဘာလအတွက် ဖတ်ကူပေးပါလားလို့ ခင်မင်ရင်းနှီးစွာ ဖိတ်ချင်ပါတယ်။

အလင်းဆက်ရဲ့ ဂဇက်မိသားစုပေါ် စိတ်ပါဝင်စားမှု၊စာဖတ်စာရေးနိုင်တဲ့ စွမ်းရည်တွေ တွေ့ရလို့ အကူအညီတောင်းချင်တာပါ။

နောက်ထပ်လူငယ်တွေကိုလည်း ဒီလိုပဲ ဆက်လက် ဖိတ်ခေါ်သွားပါမယ်။

အားလုံးကို လေးစားလျက်

ပဒုမ္မာ

28 comments

  • အရီးခင်လတ်

    October 29, 2012 at 3:21 am

    အားဖြည့်ပေးသူလေး jullies cezer ကို အရီးမှလည်း ကျေးဇူးအများကြီး တင်ပါတယ်။
    ရွာအကျိုး အတွက် နောက်ထပ် အာဇာနည် တွေလဲ အများကြီးပေါ်လာပါစေ လို့ ဆုတောင်းပါတယ်။ :hee:

  • ကထူးဆန်း

    October 29, 2012 at 6:51 am

    ME2.
    :chit: :hee:

  • surmi

    October 29, 2012 at 9:24 am

    အားဖြည် ့ပေးသောအလင်းဆက်နဲ ့ဂျူးလိယက်တို ့ကို
    ကျေးဇူးတင်ရှိစွာဖြင် ့ကြိုဆိုပါကြောင်း
    :hee::
    နောက်ထပ်လည်း စေတနာရှင်များထွက်ပေါ်ပါစေကြောင်း

    • MaMa

      November 2, 2012 at 6:59 am

      ကိုယ်တိုင်အဆိုပြုလျှင်လည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမှာ ဖြစ်ပါကြောင်းးးးးးးးးးးးးးး
      :hee:

  • ကိုယ်တိုင်စိတ်ပါဝင်စားမူ့နဲ့ ဝင်ရောက်လာသူကို လေးစားစွာကြိုဆိုလိုက်ပါတယ်။.
    အဲတော့ မတ်တတ်ရပ်ပြီးလက်ခုပ်တီးလိုက်ပါတယ်
    (ဖြောင်းဖြောင်းဖြောင်း)

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    October 29, 2012 at 10:48 am

    အားဖြည့်ပေးရန်ဆန္ဒရှိသူ ဂျူးလိ်ယက်… (ဆီဇာဆိုရင်အထီးကြီးဖြစ်သွားမှာစိုးလို့ အဖျားဆွတ်ခေါ်လိုက်တာ…)အား
    ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း…
    နောင်လများအတွက်လဲ ကိုအလင်းဆက်အား မျှော်လင့်ပါကြောင်း…

    ရိုမီရိုကြောင်ဝတုတ်

    • မင်းနန္ဓာ

      November 22, 2012 at 10:45 am

      ဒီမှာဗျို့ ဒီမှာ..
      ဝယ်မစားဘဲနဲ့ နှိုက်မြည်းနေပါတယ် ခင်ဗျာ
      😆
      အာဇာနည် ဗော်လန်တီယာ ဂျူးလီးယက်၊ အလင်းဆက်တို့အတွက် ဗရာဗိုပါ
      သိကြားမင်းလည်း မနေနိုင်လို့ ပါလာဘီ..
      ဖတ်ရွေးအဖွဲ့ အင်ပြည့်အားပြည့် ရှေ့ဆက်နိုင်ပါစေ
      မန်းဂေဇက်စာပေဆု အဓွန့်ရှေပါစေ..
      ကျနော်ရေးတဲ့ ပို့စ်တွေလည်း အားလုံးမျက်စိကျပြီး ၃ မှတ်ချည်း လတိုင်းပေးကြပါစေ.. :mrgreen: 😛

  • weiwei

    October 29, 2012 at 11:38 am

    ME4 ..

    အားဖြည့်မှုအတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ် …

  • ဦးဦးပါလေရာ

    October 29, 2012 at 11:56 am

    ME5…

    ဒီအစီအစဉ်ရဲ့ ကနဦး နိုဝင်ဘာလအတွက် ဂျူးလိယက် နဲ့ အလင်းဆက် တို့ကို ဖိတ်ခေါ်ပြီးတဲ့နောက်

    ဒီဇင်ဘာလပိုစ့်တွေကို ဖတ်ရွေးဖို့အတွက်လဲ ကိုယ်တိုင်ဆန္ဒပြုကြပါစေကြောင်း….

  • jullies cezer

    October 29, 2012 at 12:06 pm

    ကိုကိုရိုမီယိုကြောင်ဝတုတ်နှင့်တကွရွာသူရွာသားများအားလုံး
    ဝမ်းမြောက်ဝမ်းသာကြိုဆိုတဲ့အတွက်ကျေးဇူးတင်ပါတယ် ဆက်လက်ကြိုးစားပါ့မယ်
    စာရေးရော စာဖတ်ရော ………….

  • padonmar

    October 29, 2012 at 7:29 pm

    October အတွက် ဖတ်ကူနေတဲ့ နန်းမတော် မယ်ပုချ် လေးကိုလည်း ဒီနေရာကနေ ကျေးဇူးတင် ဂုဏ်ပြုကြောင်းပြောပါရစေ။

  • ကိုခင်ခ

    October 29, 2012 at 9:14 pm

    ဒါဆို ဖတ်ရွေးအဖွဲ့အားလုံးပါတဲ့ update လေးတော့ ဖော်ပြပေးရင်ဖြင့် ကောင်းမှာဘဲလို့
    တွေးမိပါရဲ့ဗျာ။

    • MaMa

      November 2, 2012 at 7:02 am

      ဆုစာရင်းကြေညာတဲ့အခါမှာ ဆုရွှေးကြသူတွေစာရင်းကို ဖော်ပြပေးဖို့ စိတ်ကူးထားပါတယ်။
      ကိုခင်ခကိုလည်း အားတဲ့လမှာ ဖတ်ကူပေးနိုင်ရင် ပေးဖို့ ဖိတ်ခေါ်လိုပါတယ်။

  • စိန်ဗိုက်ဗိုက်

    October 29, 2012 at 9:46 pm

    ဘိလိယက်ဆီစာ ရေ
    ME 101 ပါ ဗျို ့..
    အမြဲတမ်း ဖတ်ပြီးရွေးပေးနိုင်ကြပါစေဗျာ…

  • အလင်းဆက်

    October 30, 2012 at 11:26 am

    အင်း…။

    အခုလို…တာဝန်တစ်ခု ( တတ်နိုင်သလောက် ) ယူခွင့်ရတာလေးကို..
    ကျေနပ်ပါတယ် ။

    အခုတော့….
    ပြည်မြို ့ကို ရောက်နေလို ့..
    ( ကားမထွက်ခင်လေး…….ရွာကို လွမ်းလို ့ ဝင်လာတာ .။ )
    ဆိုတော့…..

    ပြန်လာခဲ့မယ်ဗျို ့ …။
    🙂

  • အလင်းဆက်

    October 30, 2012 at 11:27 am

    ပြည်က ပြန်လာရင်..ခရီးသွားး အက်ဆေးလေး တစ်ပုဒ် လက်ဆောင် ပေးဦးမယ်ဗျို ့

    ( ဒါက ကြော်ငြာ ဝင်တာ …)

    :kwi:

  • padonmar

    October 30, 2012 at 12:02 pm

    အလက်ဆင်းရေ
    ကျရာတာဝန်လေး ဝင်ထမ်းပေးတာ ကျေးကျေးပါ။
    အကြိုက်ဆုံးဆုလည်းရပါစေလို့ ဆုတောင်းပေးပါတယ်နော်။
    အက္ခရာတွေ တစ်ပုဒ်ထက်တစ်ပုဒ် လက်တက်လာတာတော့ သိသာတယ်။

  • အလင်းဆက်

    November 1, 2012 at 9:48 pm

    အန်တီရေ…
    သား…..တတ်နိုင်သလောက်ကြိုးစား…ပြီး..ဖတ်ပါ့မယ်ဗျ ။
    အခုလို…
    ဖိတ်ကြားတာလေး..ကို..အရမ်းဝမ်းသာမိပါတယ် ။
    အခုလို… စာတွေ..ကူ ဖတ်ပေးရမယ်..ဆိုတဲ ့အတွက်လည်း..
    အင်မတန် ကျေနပ် ဂုဏ်ယူမိပါတယ် ။

    ကျွန်တော် ့ မိသားစု လို ဖြစ်နေတဲ ့ဒီ ရွာကြီးထဲ..မှာ.
    ကျွန်တော်…လည်း..အခုလို..ကျရာ တာဝန်လေးတစ်ခု..ယူချင်နေမိချိန်..နဲ ့
    ကွက်တိ ပါပဲ… ။

    🙂

    —————————-

    ဆု အတွက်…ဆုတောင် ပေးလို ့…ဝမ်းသာ..ရပါတယ် ။
    အက္ခရာတွေ..တစ်ပုဒ်ထက် တစ်ပူဒ် လက် တက်လာတယ်..ဆိုလို ့လည်း..
    ဆက်ရေးဖို ့..အားတွေ..ရှိလာပါတယ် ။

    ============
    ဗ =…. တော ့ရေးပြိး.ပြီ..ဗျျို ့ ။
    အချိန်လေး..နည်းနည်း..ရှားနေချိန်မို ့….
    နောက်ရက်မှ..ပဲ..တင်ဖြစ်မယ်.. ။

    ———————–

    ခင်မင်လေးစားစွာ…
    အလက်ဆင် း

  • အရီးခင်လတ်

    November 1, 2012 at 9:54 pm

    အာဇာနည် အလင်းဆက် အားဖြည့် လာသမို့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း။
    ကျေးဇူးလဲတင်ပါကြောင်း။ :hee:

  • အလင်းဆက်

    November 1, 2012 at 9:57 pm

    ဟိုက်…

    အာဇာနည် အလင်းဆက်..ဆိုပါ့လာ း။

    အရီးရေ…

    နွေးထွေးစွာ..ကြိုဆို…ကြလို ့….
    အား..တက် ရပါဒယ် ။
    🙂

  • Mr. MarGa

    November 22, 2012 at 9:34 am

    မပဒုမ္မာရေ
    ဦးမာဃလဲ ပါချင်တယ်ကွယ်
    ရမလား

    • Mr. MarGa

      November 22, 2012 at 9:37 am

      အကြောင်းပြန်ဦးနော်
      ဒီလအတွက် ရသေးလားဆိုတာ

      • surmi

        November 22, 2012 at 11:06 am

        ဦးမာဃရေ
        သတင်းကြားလို ့ ကြိုဆိုပါတယ်ဗျာ
        ဒီလအတွက် စပြီးဖတ်ပါတော့ ဗျာ….
        နောက်လ ၅ ရက်နေ ့မတိုင်မှီ ရွေးတဲ ့ ပို ့စ်ကို သက်ဆိုင်ရာ မေး လိပ်စာကို
        ပို ့ရတယ်လို ့ထင်တယ် ။အသေးစိတ်က အဖွဲ ့ဝင်တစ်ယောက်ယောက်
        ပြောပါလိမ် ့မယ် ။ဖတ်ပြီး ရွေးထားနှင် ့တော ့ဗျို ့
        မီတင် ရှိရင်လည်း ကြိုပြောပါလိမ် ့မယ်
        ကျနော်ကတော ့ ပွဲစားဝင်လုပ်တာပါ ။

      • Mr. MarGa

        November 22, 2012 at 11:24 am

        ပြောဖို့ ကျန်နေလို့ပါ
        ဦးမာဃက အားရင်အားသလို ကူပေးပါမယ်
        လောလောဆယ်တော့ ဒီလ အားတယ်
        ဒီလ အတွက် ဖတ်ပေးမယ်
        အဲလိုရလားလို့လေ

        • ဦးဦးပါလေရာ

          November 22, 2012 at 1:13 pm

          မပဒုမ္မာ မအားဘူးလို့ထင်ပါတယ်…
          ကျုပ်ဝင်ဖြေပါရစေ..
          ဖတ်ရွေးအဖွဲ့မှာ ဒီလအတွက် ဝင်ဖတ်ကူဖို့
          ဖတ်ရွေးအဖွဲ့ကိုယ်စား ဝမ်းမြောက်စွာကြိုဆိုပါတယ်။

          ဒီနိုဝင်ဘာလအတွင်းတင်တဲ့ပိုစ့်တွေထဲက
          အကြိုက်ဆုံးပိုစ့်(၁)ပုဒ်အမည်-
          ဒုတိယအကြိုက်ဆုံးပိုစ့်(၁)ပုဒ်အမည် နဲ့
          တတိယအကြိုက်ဆုံးပိုစ့် (၁)ပုဒ်မှ (၅)ပုဒ် အတွင်း အမည်တို့ကို
          (BestWebAwards@myanmargazette.net) မေးလိပ်စာကို
          နောက်လ (၅)ရက်နေ့နောက်ဆုံးထားပြီး ပေးပို့ စေလိုပါတယ်ခင်ဗျား…။

          ကျေးဇူးပါ သိကြားမင်းကြီးရေ
          ဘဝဆက်တိုင်း သိကြားမင်းဖြစ်ပြီး ယောက်ခမနဲ့ စစ်ထိုးရပါစေ
          အဲလေ.. ယောင်လို့..
          နတ်သမီးလေးတွေနဲ့ အိုကေမှာစိုပြေပါစေဗျား….
          :harr:

        • Mr. MarGa

          November 22, 2012 at 2:06 pm

          ဟုတ်ပြီဗျား
          ဒီလ သိကြားမင်းကိုယ်တိုင် ဝင်ရောက်ရွေးချယ်ဂုဏ်ပြုပါမယ်

Leave a Reply