“နောက်ကျသားးးးးးးးးးးးးးးးးးးးးးးးးးးးး” (ကိုဘလက်ချောအတွက်မွေးနေ့လက်ဆောင်)

1 မန်းလေးကို ချစ်တဲ့ ကိုဘလက်ချောအတွက် မန်းလေးရဲ့ထင်ရှားတဲ့ပုံရိပ်
(မန်းလေးတောင်ပေါ်က ဓါတ်တော်တိုက်)

2 မန်းလေးကျုံးရေခမ်းသမျှ……………………….
“နောက်ကျသားးးးးးးးးးးးးးးးးးးးးးးးးးးးး”

(ကိုဘလက်ချောအတွက်မွေးနေ့လက်ဆောင်)

 

 

သီတင်းကျွတ်ပြီဆိုတော့ မင်္ဂလာဆောင်ဖိတ်စာတွေမြင်ရတော့ ကျနော်အတွေးလေးတွေက ဆက်သွားပါတယ်။

သီတင်းကျွတ်ပြီးလို့ မင်္ဂလာဆောင်မယ်။

ပြီးရင်တော့ ………………………………………။

ငယ်ငယ်က ကိုယ်ဝန်ဆောင်ထားတဲ့ အမျိုးသမီးတွေကိုမြင်ရင်

“သီတင်းကျွတ်ပြီး မီးပုံးပြန်လွှတ်ရအောင်”လို့ မသိဆိုးဝါးစွာ စလေ့နောက်လေ့ရှိခဲ့ပါတယ်။

ဆက်တွေးမိပြန်တာက

မွေးထားထဲ့ မိမိရင်သွေးလေးတွေကို ကြီးစဉ်ငယ်လို်က်

သားဦး သမီးဦး

သားလတ် သမီးလတ်

သားထွေး သမီးထွေး

သားနှောင်း သမီးနှောင်း

အစရှိသဖြင့်မွေးထားတဲ့အစဉ်အလိုက်ခေါ်တတ်တာလဲမြန်မာ့ရိုးရာပါဘဲ။

နောက် တစ်ခုရှိပြန်တာက အသက်ကြီးမှ မွေးတဲ့ကလေးကိုတော့

 

“နောက်ကျသား”ဆိုပြီး ရှက်ရှက်နဲ့ခေါ်ရပြန်ရော။

တစ်ခုတော့ရှိတယ် ဒီလိုနောက်ကျသားလေးတွေကို မိဘတွေက အချစ်ပိုလေ့ရှိတာအမှန်ပါဘဲ။

နောက်ဆုံးပိတ်

အိတ်နဲ့လွယ်ကိုးဗျ။

3နေသာတဲ့နေ့က မန်းလေးကျုံး မြို့ရိုးနဲ့တိမ်
ရွာထဲက ကိုဘလက်ချောရဲ့မွေးနေ့က ပြီးသွားတာ ကြာပေါ့။

စိန်ဗိုက်ဗိုက်က ပို့စ်တင်ပါတယ်။

ဒါပေမယ့် ကျနော်က လူကြီး မပီသစွာ စိတ်လုပ်ပြီး ကော်မင်းဝင်မပေးခဲ့ပါဘူး။

ဒါပေမယ့် ဖေစ်ဘုတ်မှာတော့ မန်းလေးကို ချစ်တဲ့ ကိုချောအတွက်

မွေးနေ့လက်ဆောင် ဓါတ်ပုံ့လေးပို့ပေးထားခဲ့ပါတယ်။

အဲဒီဓါတ်ပုံလေးကို ကိုချောကလဲ မတွေ့လိုက်ပါဘူး။

ဒီနေ့မနက် သူကလဲ ပုံလေးတွေတော့ ဖုန်းဆက်လာပါတယ်။

မပြောတာကြာခဲ့တဲ့ စကားတွေ ပြောဖြစ်ခဲ့ကြ။

အပြန်အလှန်တောင်းပန်စကားဆိုကြနဲ့ မင်္ဂလာနေ့လေးတစ်နေ့ပြန်လည်မွေးဖွားခဲ့။

 

အခုတော့ ကိုချောမွေးနေ့ပြီးသွားပေမယ့်

ဒီ ပိုစ်လေးကို “နောက်ကျသား “လိုသဘောထားပြီး

မွေးနေ့လက်ဆောင်ပိုစ်အဖြစ်တင်ပေးလိုက်ပါတယ်။

နောက်ကျသားဆိုရင်  …………………..ပို

နောက်ကျသားဆိုရင် …………………..ချစ်

နောက်ကျသားဆိုရင် …………………..ပို

နောက်ကျသားဆိုရင် …………………..ခင်

နောက်ကျသားဆိုရင် …………………..သံယောဇဉ်ခိုင်မြဲတယ်လို့ မှတ်လိုက်ကြရအောင်ဗျာ။

သာယာ ကြည်လင် အေးမြ လန်းဆန်း ပါစေ
အရင်ကရှိခဲ့တဲ့ အဖုအထစ်တွေ ပြေပြီလို့ သဘောထားလိုက်ကြပါစို့နော်။

 

ခင်သော

တစ်ခါတစ်ရံ စိတ်လုပ်တတ်သော

တစ်ခါတစ်ရံ စိတ်ကြီးတတ်သော

တစ်ခါတစ်ရံ လိုသည်ထက်ပို၍မာကျောတတ်သော

တစ်ခါတစ်ရံ ဘာကိုမှဂရုမစိုက်ဘဲ နေချင်သလိုနေတတ်သော

တစ်ခါတစ်ရံ စိတ်ထဲရှိတဲ့အတိုင်းချပြတတ်ပြောတတ်သော

တစ်ခံတစ်ရံ မိုက်မဲတတ်သော

ကိုပေါက်(မန္တလေး)

 

28 comments

  • ကဲ ကိုချောနဲ့တကွ ရွာသူသား အားလုံး ကို ကိုပေါက်က
    “အောင်လ” ပါခင်ဗျားးးးးးးးးးးးးးးးးးးးးးးးးးးးးး
    သီတင်းကျွတ်မို့ အားလုံးကို “ဂါ ” လိုက်ပါတယ်ခင်ဗျား

    • ကထူးဆန်း

      October 29, 2012 at 2:05 pm

      လေးပေါက်က

      ကိုပေါက်က
      “အောင်လ” ပါခင်ဗျားးးးးးးးးးးးးးးးးးးးးးးးးးးးးး

      ဆိုတော့ရုတ်တရက်
      နိုင်ငံရေးကို နကန်းတလုံးမသိသူများလေ့လာရန်
      ရေးသူများလားလို့ ….. :hee:

  • 1

    October 29, 2012 at 10:36 am

    လေးပေါက်ရေ ဘရာကြော်ပါဗျို့

  • ရွှေ ကြည်

    October 29, 2012 at 10:51 am

    ဟေးးးးး ဗရာကြော်ကွ လေးပေါက်ရေ။ မင်္ဂလာရှိသော သီတင်းကျွတ်မှာ မင်္ဂလာရှိသောပို့စ်လေးပါပဲရှင်။
    ဘာတွေဖြစ်ခဲ့လဲမသိပေမယ့် ဝမ်းသာပါ၏။

  • amatmin

    October 29, 2012 at 10:53 am

    မင်္ဂလာ ရှိလိုက်တာဗျာ လို့ ဝင်ပြောရင်ကောင်းမလားး…
    အတော် နောက်တဲ့ လူကြီးတွေလို့ ပဲ နောက်တောက်တောက်ပြောရင်ကောင်းမလားး…
    ဝအောင်ချစ်ကြပါဗျာ လို့ပဲ ဝင်ပျော်ပေးလိုက်ရင်ကောင်းမလားးး…
    ပြောတတ်တော့ဘူးရယ်.. 🙂
    ဒီတော့ အောက်ဆုံး ပုံကလေးကို သဘောကျရင်း နဲ့ ခါတော်ချိန် ပွဲတော်ရက်အမှီလေး…
    လေးပေါက်.အူးဘလက် အပါအဝင် လူကြီးသူမတွေကို
    ဒီပို့စ်ထဲကနေ ဝင် “ဂါ”လိုက်ပါတယ်ဗျို့..
    ကျနော်..ပြောမှား ဆိုမှား စကားမှား..မှားခဲ့တာ ဘာရှိရှိ..အပြစ်မမြင်ပဲ ချစ်နိုင်ပေးကြပါ နော့.. 🙂

  • ဦးဦးပါလေရာ

    October 29, 2012 at 12:09 pm

    ကိုပေါက်ရေ-

    ဒီပိုစ့်လေးကိုဖတ်ရတာ ကြည်နူးဝမ်းသာပါတယ်ဗျာ…

    အိမ်တွေမှာတော့ သီတင်းကျွတ်တခါ သင်္ကြန်တခါ အမှိုက်ရှင်းလေ့ရှိသဗျ…

    ကျနော်တို့ လူမှု့ဘဝမှာ အမှိုက်လေးတွေ တစ်ခုကစ တစုတထွေးဖြစ်လာခဲ့ရင်လဲ

    လှဲကျင်းရှင်းလင်း မေ့ပျောက်လိုက်ကြရင်း

    ရှင်းရှင်းလင်းလင်း သန့်သန့်စင်စင်ဆက်ဆံရေးလေးတွေ ပုံသစ်လောင်းနို်င်ကြပါတယ်…။

    လမ်းကြုံတုန်း …

    ရွာသူရွာသားတွေအပေါ်မှာ ကျွန်တော့်ဘက်က ပြောမှားဆိုမှားရှိခဲ့ရင်လဲ

    ဒီကွန်မင့်လေးနဲ့ တောင်းပန်အပ်ပါကြောင်း…..။

  • blackchaw

    October 29, 2012 at 12:33 pm

    ကိုပေါက်ရေ…
    ဒီမွေးနေ့လက်ဆောင်လေးက နောက်ကျနေပေမယ့်
    ကျွန်တော့်အတွက် တန်ဘိုးရော…အဓိပ္ပါယ်ရော…ပြည့်ဝလှပါတယ်ခင်ဗျာ…။
    ကျေးဇူးအထူးပါ…။
    ကျွန်တော့်ဘက်က မရင့်ကျက်မှုရှိခဲ့ရင်ရော…
    မှားခဲ့..စော်ကားခဲ့သလို ဖြစ်ခဲ့ရင်ရော…
    ဒီသတင်းကျွတ်မှာ ဂါရဝတရားရှေ့ထားပြီး
    တောင်းပန်ချင်ပါတယ်…
    ခွင့်လွှတ်ပေးပါကိုပေါက်ရေ…။
    အစ်မပဒုမ္မာတင်ထားတဲ့ပို့စ်လေးရဲ့ ခေါင်းစဉ်လို
    အမုန်းမီးများ ငြိမ်းစေချင် ပါတယ်ခင်ဗျာ…။
    ကျွန်တော်တို့ မန်းဂဇက်ရွာကြီးထဲက
    ကျွန်တော့်ထက်
    သက်ကြီးဝါကြီး အစ်ကိုအစ်မတွေအားလုံးကို
    ဘလက်ချော မှားခဲ့…စော်ကားခဲ့သမျှ
    ခွင့်လွှတ်ပေးကြပါလို့…
    တောင်းပန်ကန်တော့လိုက်ပါတယ်ခင်ဗျာ…။
    မုန့်ဘိုးပေးချင်တယ်ဆိုရင်လည်း…
    အားနာပါးနာနဲ့ ယူပေးပါ့မယ်ဆိုတဲ့အကြောင်း…။
    မန္တလေးကို ချစ်တဲ့…
    နောက်ကျသားးးးးးးးးးး
    ဘလက်ချော

  • အမှန်ကတော့ သူများရန်ဖြစ်တာဝင်ဆွဲရင်းက မူလလူတွေပျောက်ပြီး
    ကျန်ခဲ့တဲ့နှစ်ယောက်က စခန်းရောက်သွားတဲ့အဖြစ်မျိးနဲ့ဆင်တူပါ၏

  • P chogyi

    October 29, 2012 at 2:27 pm

    ကိုပေါက် နံပါတ်(၃)ပုံကို ကြိုက်ပါတယ်။
    ဝါကျွတ်ပွဲတော်မှာပျော်ရွှင်ပါစေ။

  • Khaing Khaing

    October 29, 2012 at 2:34 pm

    ငယ်ငယ်က ကိုယ်ဝန်ဆောင်ထားတဲ့ အမျိုးသမီးတွေကိုမြင်ရင်
    “သီတင်းကျွတ်ပြီး မီးပုံးပြန်လွှတ်ရအောင်”လို့ မသိဆိုးဝါးစွာ စလေ့နောက်လေ့ရှိခဲ့ပါတယ်။

    ဟီး ……. သမီးကို ကြောတာလားလေးပေါက် …… သီတင်းကျွတ်ဆိုရင် လူငယ်တွေက လူကြီးတွေကို ဂါရဝပြုကန်တော့ကြတယ် လူကြီးတွေက လူငယ်တွေကို မုန့်ဖိုးတွေပေးကြတယ် … လူကြီးက `ဂါ´ဆိုတော့ လူငယ်ဖြစ်တဲ့ သမီးတို့ကို မုန့်ဝယ်ကျွေး … ကိုယ့်ဘက်က မနစ်နာအောင်ပြောထားရမယ် ဟဲ ဟဲ …..

  • uncle gyi

    October 29, 2012 at 2:59 pm

    ကျီးကိုဘုတ်ရိုသေ
    ဘုတ်ကိုကျီးရိုသေ
    မင်္ဂလာရှိပဗျား
    ကိုယ်တို့နိုင်ငံတော်ကြီးရှိ
    တိုင်းရင်းသားတွေအားလုံးလည်း
    အခုလိုချစ်ကြည်နေကြရင်ပိုမင်္ဂလာ
    မည်ပြီပေါ့ဗျာ

  • အောင်လ= မှားတာရှိရင်တောင်းပန်ပါတယ်

    အဖိုးကြီးတယ်လဲခေတ်နောက်ကျတာဘဲဗျာ
    ဒါလေးတောင်မသိ…………………………

  • surmi

    October 29, 2012 at 3:50 pm

    ဂါဂါလုပ်တဲ ့ပွဲဆိုတော ့ …………
    ကဲဗျာ ကျနော်လည်း ဂါဂါလုပ်လိုက်ပါဦးမယ်။
    သဂျီးအပါအဝင် ရွာသူားများအားလုံး ကျနော်ပြောမှားဆိုမှား စိတ်ညစ်စရာများ
    ဖြစ်ခဲ ့ရင် ခွင် ့လွှတ်ကြပါဗျို ့ ။
    ဂါဂါလုပ်ပါတယ် ။ သဂျီးမင်းနဲ ့တကွ မိုးပြာဆရာများကိုလည်း မကြာခဏ
    ခနဲ ့လိုက် သရော်လိုက် ဟာသလုပ်လိုက်
    နဲ ့မို ့ အယူအဆမတူသော်ငြား သက်ကြီး
    ဝါကြီး များအဖြစ်သဘောထားပြီး လေးစားသောအားဖြင် ့ဂါဂါပါဗျ ….။

    ( နောက်မလုပ်တော ့ဘူးလို ့အာမ မခံဘူးနော် ဟဲဟဲ )
    :harr:

  • မင်္ဂလာ…..ရှိသော ….မင်္ဂလာချင်း ထပ်နေသော…မင်္ဂလာ မွေးနေ့ တွေများစွာ ကိုပိုင်ဆိုင်ရင်း မင်္ဂလာရှိရှိ သောက်သုံးနိုင်ပါစေ….လို့..။

  • ကိုခင်ခ

    October 29, 2012 at 4:00 pm

    ကိုပေါက်ကမန်းသားမို့ ရေခွက်ကလေးကိုင်ကာ သင်္ကြန်အတာမကူးခင် လာခဲ့မယ်ဗျို့။

  • သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow

    October 29, 2012 at 4:22 pm

    အော်လူဂျီးဒွေ ပြန်ချစ်တဲ့ပွဲဂိုး… :528:

    • အရီးခင်လတ်

      October 29, 2012 at 7:21 pm

      မျက်စိရှမ်းပြီး
      လူဆိုးဂျီးဒွေ လို့ ဖတ်မိတယ်။ အဟိ။ 😆

  • အရီးခင်လတ်

    October 29, 2012 at 7:20 pm

    ရန်ဖြစ်ပြီး မှ ချစ်ခင်ရရင် သူများတွေ ထက် ပိုပြီး သံယောဇဉ် ပိုပါသဗျား။
    “မန်းလေးကျုံးရေ မခမ်းသမျှ” လို့ ထင်ထားတာ။
    အဲဒီ ပုံလေး ကြိုက်ပါသဗျား။
    ပုံ(၃) ကတော့ ပန်းချီကားလေးလိုဘဲ။ အရမ်းလှတယ်။

    • ဟုတ်ပါ ကိုလတ်ရေ မန်းလေးကျုံးရေးမခမ်းသမျှတော့ ဆိုတဲ့ ဆရာခမ်းလိပ်စာသားတင်တာ မ တစ်လုံးကျန်နေခဲ့တယ်
      ကိုလတ်ရေ နောက်မှပြင်တော့မယ်

  • padonmar

    October 29, 2012 at 7:58 pm

    ဖတ်ရသမျှထဲမှာ မင်္ဂလာ အရှိဆုံး ပို့စ်လေးပါပဲ။
    စိတ်ကောက်ပြီး ပြန်တည့်ရင် ပိုချစ်သတဲ့။
    ကိုယ့် အပြစ်ကို ဝန်ခံတောင်းပန်တတ်တာဟာ စိတ်နေမြင့်သူတွေမှ လုပ်နိုင်တာဖြစ်လို့ ကိုပေါက်နဲ့ ကိုဘလက် ၂ယောက်လုံးကို လေးစားပါတယ်။
    သီတင်းကျွတ် ဆိုတာ ဗုဒ္ဓဘာသာ ရဟန်းတော်များကတော့ ပဝါရဏာပြု ကြရပါတယ်။
    သီတင်းကြီး(ဝါကြီးသူ)နဲ့ သီတင်းငယ်(ဝါငယ်သူ) အပြန်အလှန် တစ်ယောက်အပြစ်ကို တစ်ယောက်က သည်းခံပါလို့ တောင်းပန်တဲ့ ပွဲပါပဲ။(သူကြီးပြောပြောနေတဲ့ Mutual Respect ကျင့်သုံးတာပါ)
    ကျမတို့ကျောင်း(ဓမ္မဗျူဟာ)မှာတော့ သံသရာ သင်ပုန်းချေပွဲဆိုပြီး အသက်ကြီးသူကို ငယ်သူတွေက ကန်တော့ကြတယ်။
    ငယ်သူတွေကိုလည်း ကြီးသူတွေက သူတို့ မှားယွင်းတာရှိရင် ခွင့်လွှတ်ပေးဖို့ တောင်းပန်တယ်။(အသက်ကြီးတိုင်းအမြဲမှန်ရမယ်လို့မဆိုလိုပါဘူး)
    (သံသရာကို အပြစ်အနာ အမုန်း အငြိုးအတေး တွေ မပါသွားစေဖို့ သင်ပုန်းချေပွဲလေး နှစ်စဉ်ကျင်းပပါတယ်)
    ကျမလည်း ဒီနေရာကနေ
    ဂဇက်ထဲဝင်ကတည်းက တွေ့ထိ ဆက်ဆံရတဲ့ ရွာသူား မိတ်ဆွေအပေါင်းကို
    ကျမရေးတဲ့ စာတွေမှာသော်လည်းကောင်း၊
    ကျမနဲ့ အပြင်မှာ လူချင်းတွေ့မိတဲ့အခါ ကျမပြောဆို ဆက်ဆံမှုတွေမှာသော်လည်းကောင်း၊
    ကျမရဲ့ e-mail တွေထဲမှာ၊ဂျီတော့တွေထဲမှာ သော်လည်းကောင်း
    စိတ်အနှောက်အယှက်ဖြစ်စရာ ပြုမိပြောမိရေးမိဆက်ဆံမိသည်ရှိသော် အနူးအညွတ် တောင်းပန်ပါကြောင်း ပြောကြားလိုပါတယ်။
    ကျမဖက်ကတော့ ဘယ်သူ့အပေါ်မှာမှ အမုန်းမရှိခဲ့ပါဘူး။ကိုယ့်ပေါ်လည်း ဘယ်သူမှ အပြစ်ပြုတယ်လို့ မမှတ်ထားမိပါဘူးလို့ ပြောခဲ့ချင်ပါတယ်။

  • စိန်ဗိုက်ဗိုက်

    October 29, 2012 at 9:36 pm

    သူများတွေတော့ နားလည်မှုရကုန်ပြီ
    နာနဲ ့ နန်းချင်ဇယာလေးနဲ ့ နားလည်မှုရဖို ့ဘဲ ကြံတော့ဒယ်..
    တိန်..တိန်..

  • kyeemite

    October 30, 2012 at 9:55 am

    :hee: :hee: :hee: :hee: :hee: :hee: :hee:
    :hee: :hee: :hee: :hee: :hee: :hee: :hee:

    :hee: :hee: :hee: :hee: :hee: :hee: :hee:

    :hee: :hee: :hee: :hee: :hee: :hee: :hee:

    :hee: :hee: :hee: :hee: :hee: :hee: :hee:

    • ကိုခင်ခ

      October 30, 2012 at 8:11 pm

      စတိုင်အသစ်နဲ့ အပိုင်ကစ် ထားပါလား ကိုကြီးမိုက်ရေ။
      လိုက်တုပြီးမန့်ကြမှဖြင့် ဝစိပိတ်ရွာဖြစ်နေအုံးမယ်နော်။

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    October 31, 2012 at 10:30 am

    နောက်ကျလက်စနဲ့တော့ မထူးတော့ပါဘူးလေ…
    ီဦးဘလက်မွေးနေ့ကို အတော်ကြီးနောက်ကျမှ ဆုတောင်းပေးတဲ့အတွက်ခွင့်လွှတ်ပါဗျား…
    ဦးဘလက်ကြီး ကျန်းမာချမ်းသာပြီး ဂဇက်မှာ စာတွေများများရေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်…
    လေးပေါက်ရဲ့မွေးနေ့လက်ဆောင်နဲ့ ဦးဘလက်ကို ကပ်မျက်နှာလုပ်ခြင်းပေါ့ဗျာ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • Shwe Tike Soe

    October 31, 2012 at 4:06 pm

    ရန်ကုန်ရောက် မန်းလေးသားတစ်ယောက်ရဲ.အဖြစ်ဟာမလွယ်ပါလား………

    မန်းလေးကိုချစ်ပြီး ရန်ကုန်ကို ခင်တဲ့ ကျွန်တော် အခုမှ ပဲစိတ်အေးသွားတော့တယ်…
    ဝမ်းသာပါတယ်ဗျာ……တကယ် တကယ်.. အတိုင်းမသိပါပဲ…
    နှစ်ယောက်စလုံးက လေးစားစရာ ကောင်းတဲ့ သူတွေပါပဲ…. တစ်ခါတစ်လေ လူချင်းတွေ.ပြီး စကားပြောတာတောင် နားလည်မှုတွေ လွဲကြသေးတာပဲ… အွန်လိုင်းမှာ ဆိုတော့ ရေးပြီးဖတ်ရင် သူပြောချင်တာ တမျိုး ကိုယ်နားလည်တာတမျိုး ဖြစ်နိုင်ကြတာပဲလေ… နော် ဦးလေးတို.ရာ..(ဆရာကြီးလေသံ တိန်)……..
    အလကားနောက်တာပါ.. ချိတ်ချိုးနဲ.နော် ဦးလေးဂျီးတို… တားတား မင်ဂါချောင်ကျရင် ဦးဘလက်နဲ.လေးပေါက် မင်ဂလာ ပန်းကုုံး ဆွတ်ပေးကျပါအုံး အဟီးးးးးးးးးးးးးးးး

  • မောင်ပေ

    November 1, 2012 at 8:25 am

    တစ်ကယ့်တစ်ကယ်တမ်း
    လူ့သက်တမ်းဆိုတာ တိုတောင်းလွန်းပေမယ့်
    အမှားတွေအတွက်ဆိုရင် အချိန်ဟာ ပိုရှည်လျားလွန်းသလို
    ကျုပ်မောင်ပေသည်လ တံခါးစောင့်ကြီးအပေါ်မှားခဲ့တာတွေရှိပါတယ်
    အမှားများကို မွေးနေ့မုန့်အဖြစ် လျော်ပစ်ပေးပါ ဘရာသာဘလက်
    ပြီးပြည့်စုံတဲ့ နေ့သစ်များကို ပိုင်ဆိုင်ပါစေဗျား

  • blackchaw

    November 1, 2012 at 12:50 pm

    ဆုတောင်းပေးတာ ကျေးဇူးပါ ညီလေးရေ…။
    တံခါးစောင့်ကြီးက ခွင့်လွှတ်ပါတယ်ဗျာ…။
    လေးစားခင်မင်တဲ့
    တံခါးစောင့်ဘလက်…။

Leave a Reply