နာမည်လေးတစ်ခု

manawphyulayJuly 13, 20101min1016

စိတ်တွင် မနော
ဖြူသည့် စိတ်ရင်း
သတ်မှတ်ရင်းဖြင့်
မနောဖြူလေးဟု
မည်တွင်သညာ၊ အဟံ ငါသည်
အလင်္ကာမှ၊ သိမ်မွေ့လှသည့်
ရသစာပေ၊ ကဗျာများကို
ပေးဝေပြီးခါ၊ ဆက်၍သာလျှင်
ဖြန့်ဝေသွားမည်။
မိတ်ဆွေအပေါင်း စိတ်ချမ်းသာမှု
ဝမ်းနည်းမှုကို မျှဝေသွားမည်
လောကတစ်ခွင် ဘုံ ၃၁
နေနေသမျှ ကာလပတ်လုံး
သင်းပျံ့ပန်းကုံး သီကုံးရင်းနဲ့
တတ်စွမ်းသမျှ ကူညီသွားမည့်
မနောဖြူလေးပင် ဖြစ်ပေသည်။

6 comments

  • Yan Shin

    June 14, 2011 at 3:20 am

    ခင်မင်စရာကောင်းလှပါသော မိတ်ဆွေ
    သင်၏ အမည် မနောဖြူလေး ဟူပြီး တွေ့ရကတည်းကပင် သင်၏စိတ်ကို မှန်းမျှော်ကြည့်မိပါသည်။ ယခုတစ်ဖန် သင်၏စာတွင် သင်၏ သဘောဆန္ဒကို ဖေါ်ပြပေးသည့်အတွက် သာဓု ခေါ်မိပါသည်။
    သင်မျှော်မှန်းသကဲ့သို ကြိုးစား အကောင်အထည်နိုင်ပါစေဟု ဆုတောင်းပေးပါသည်။

    • manawphyulay

      October 16, 2011 at 6:01 pm

      ကိုရန်ရှင်းရေ…. ခုလို အားပေးတဲ့အတွက် ဆက်လက်ကြိုးစားလုပ်ဆောင်သွားပါမယ်လို့ ဒီနေရာကနေ ပြောလိုက်ပါရစေရှင်…

  • GreeNSheeP

    October 16, 2011 at 6:34 pm

    ကြားဖူးတာလေးရှိပါသည်
    မောင်ချမ်းသာ ၊ အလွန်ဆင်းရဲပါသည် ။
    မောင်သက်ရှည် ၊ အသက်၁နှစ် တွင် ဆုံးသည် ။

    • manawphyulay

      October 16, 2011 at 6:53 pm

      ဒီတော့ မနောပုတ်လေးလို့ ဆိုလိုချင်ဟန်နဲ့ တူပါရဲ့ကွယ် ဒါက စိတ်နဲ့ပဲဆိုင်မယ်လို့ ထင်မြင်မိပါတယ်။ ကိုယ့်စိတ်နဲ့နှိုင်း မရိုင်းဘူးပေါ့ရှင်။

      • GreeNSheeP

        October 16, 2011 at 7:04 pm

        ကြားဖူးတာလေး ဝင်မန် ့လိုက်တာပါ
        တိုက်ဆိုင်မှု ရှိရင် ဆောတီး
        အသစ်ကလေးမို ့အခုမှ လိုက်လေ့လာတုန်း

        • manawphyulay

          October 17, 2011 at 10:28 am

          အင်း ဒါဆို ဒါလေးတွေလည်း ကြားဖူးမှာပေါ့။
          တစ်ရွာမပြောင်း သူကောင်းမဖြစ်
          သေချင်တဲ့ ကျား တောပြောင်းဆိုတဲ့စကားပုံတွေပေါ့။
          အဓိက စိတ်နဲ့ပဲ ဆိုင်မယ်ထင်ပါတယ်။ မကောင်းမြင်စိတ်ရှိတဲ့သူတစ်ယောက်ဟာ အောင်မြင်မှုနဲ့ အလှမ်းဝေးလှပါတယ်။ လူတိုင်းကို အကောင်းမြင်စိတ်နဲ့ကြည့်ရင် စိတ်ချမ်းသာမှုကိုလည်း အရင်ဆုံးခံစားရမိမယ်လို့ မြင်ပါတယ်ကွယ်။

Leave a Reply