အလုပ်ကိုအချိန်မှန်သွား၊
ရုံးမှာအားရင်ဂဏန်းလဲမတွက်၊
ရလာတဲ့ပိုက်ဆံကို ဘတ်မထားဘဲအကုန်အပ်၊
လက်ဖက်ရည်ဆိုင်မှာ ထိုင်လို့လဲလေမကန်၊
အလုပ်ပြီးရင်ဘီယာဆိုင်ကိုခရီးမဆက်၊
အချိန်တန်ရင်အိမ်ကိုစောစောပြန်၊
ညဘက်ဆိုရင်လဲ အပြင်ပြန်မထွက်၊

အင်တာနက်ကိုဝင် ချက်တင်ကလဲ အပိုမရှာ
ကြားထဲမှာကောင်မလေးတွေနဲ့မကြူ

ကွမ်းယာဆိုတာကို သူမစား
ဆေးလိပ်ဆိုဝေလာဝေး
အရက်ဆိုတာသူမသိ
လောင်းကစားကိုလဲဝေးဝေးရှောင်
ဒီလိုလူမျိုးနဲ့တွေ့မလားစောင့်ရင်းနဲ့
မလိုချင်ဘဲရထားတဲ့ အပျိုကြီးကျမဘ၀ပါရှင်။

(မိန်းကလေးများလိုချင်သောခင်ပွန်းဆိုတာလေးကိုဖတ်မိတော့ သည်အတွေးလေးရလာပါတယ်။)

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။