ကျမအပျိုကြီးဖြစ်ရသောအကြောင်းရင်း

အလုပ်ကိုအချိန်မှန်သွား၊
ရုံးမှာအားရင်ဂဏန်းလဲမတွက်၊
ရလာတဲ့ပိုက်ဆံကို ဘတ်မထားဘဲအကုန်အပ်၊
လက်ဖက်ရည်ဆိုင်မှာ ထို်င်လို့လဲလေမကန်၊
အလုပ်ပြီးရင်ဘီယာဆိုင်ကိုခရီးမဆက်၊
အချိန်တန်ရင်အိမ်ကိုစောစောပြန်၊
ညဘက်ဆိုရင်လဲ အပြင်ပြန်မထွက်၊

အင်တာနက်ကိုဝင် ချက်တင်ကလဲ အပိုမရှာ
ကြားထဲမှာကောင်မလေးတွေနဲ့မကြူ

ကွမ်းယာဆိုတာကို သူမစား
ဆေးလိပ်ဆိုဝေလာဝေး
အရက်ဆိုတာသူမသိ
လောင်းကစားကိုလဲဝေးဝေးရှောင်
ဒီလိုလူမျိုးနဲ့တွေ့မလားစောင့်ရင်းနဲ့
မလိုချင်ဘဲရထားတဲ့ အပျိုကြီးကျမဘဝပါရှင်။

(မိန်းကလေးများလိုချင်သောခင်ပွန်းဆိုတာလေးကိုဖတ်မိတော့ သည်အတွေးလေးရလာပါတယ်။)

7 comments

  • etone

    July 15, 2010 at 2:37 am

    ဟားဟား ရယ်ရတယ် ဆက်စောင့်လိုက်ဦးနောက်ဘဝထိ ။ 😀

  • manawphyulay

    July 15, 2010 at 3:12 am

    ကိုပေါက် ကဗျာစပ်တယ်ဆိုတော့ သူမှာ အကြောင်းရှိလို့နေမှာပေါ့…

  • kopauk mandalay

    July 15, 2010 at 12:16 pm

    ဟုတ်တယ် ဆယ်နှစ်လောက်စောင့်နေတာကို
    ငယ်ပါသေးတယ်လို့ချည်းဖြေနေတဲ့
    မမတစ်ယောက်ကို စိတ်ပေါက်ပေါက်နဲ့
    ကိုပေါက်ကပေါက်ကွဲပြတာ။

  • intro

    July 15, 2010 at 2:06 pm

    ရှိနိုင်ပါ့မလား? ကိုပေါက်ရ

  • Khin Thida Soe

    July 21, 2010 at 11:18 am

    ကိုပေါက် ရေ……..အားပေးသွားတယ် ဗျို့

    ကိုပေါက် ရည်ရွယ်တဲ့ မမ ကတော့စိတ်တွေ ဆိုးတော့မှာဘဲနော်

    မြန်မြန် ပြန်ချော့တဲ့ ကဗျာ တင်ပေးလိုက်ပါဦး

  • Yin Nyine Nway

    July 21, 2010 at 11:38 am

    ဟီး..ဟုတ်တယ်ဟုတ်တယ်

Leave a Reply