ဓလေ့မတူသော်လည်း အနှစ်သာရတူလို့ ဂါရဝပြုကန်တော့ကြရာဝယ်။

ခင္ခOctober 29, 20121min25524

ဓလေ့မတူသော်လည်း အနှစ်သာရတူလို့ ဂါရဝပြုကန်တော့ကြရာဝယ်။

ရွာထဲ သီတင်းကျွတ်သက်ဆိုင်တဲ့ ပိုစ့်လေးတွေ ဖတ်ရတော့ စိတ်ထဲကြည်းနူးမိပါတယ်။

ငါ့တို့ရွာကြီး ဂါရဝတရားနဲ့လျော်ညီလို့ ကြည်းနူးစရာယဉ်ကျေးမှု့လေးတွေနဲ့ ပြည့်နေပါလားလို့။

အဲဒီမှာ ကိုယ့်ရဲ့မိဘ ဆွေမျိုးနဲ့ ကိုယ်ထက်အသက်အရွယ်ကြီးသူ ဝါအားဖြင့်ကြီးသူ အကြောင်းတစ်ခုခုအရ လေးစားထိုက် ကြည်ညိုထိုက်သူတွေကို ဂါရဝတရားရှေ့ထားလို့ မြန်မာတွေဟာ ကန်တော့ကြ တစ်နှစ်ပတ် လုံး ကာယကံ ဝစိကံ မနှောကံ နဲ့ပြစ်မှားတာများရှိရင် ခွင့်လွတ်ဖို့တောင်းပန်ကာ ကန်တော့ပန်းဆင်ကြ လူကြီး သူမ တွေကလည်း အမှတ်သညာမရှိတဲ့အကြောင်း ကျန်းမာ ချမ်းသာလို့ ကောင်းကျိုးဖြာရေး ဆုတွေပေးကာ ချစ်ခင်လိုက်ကြတာ အတော်ကိုဝမ်းသာကြည်နူးစရာပါဗျာ။ တစ်ချို့ဆို မုန့်ဖိုးတောင်ပြန်ပေးသဗျ။

ခင်ခက ရန်ကုန်မှာလည်းနေခဲ့ပြီး မန်းမှာလည်းနေသူမို့ အဲဒီမှာ ဓလေ့မတူပေမည့် အနှစ်သာရတူညီတဲ့အရာ လေးတွေ့ရလို့ ရေးမလို့လေ။

ရန်ကုန်နဲ့ အောက်မြန်မာပြည်မှာက မိဘ ဘိုးဘွား ဆွေမျိုး နဲ့ ကိုယ်ထက်အသက်ကြီးသူ ကိုယ်ကန်တော့ထိုက် သူတွေကို ဝါလကျွတ်ကင်းလို့ သီတင်းကျွတ်ဆိုရင် ကန်တော့ကြတာ ဓလေ့လေးတစ်ခုပေါ့ဗျာ။ ဒါပေမယ့် မန္တလေးနဲ့ အထက်မြန်မာပြည်ဖက်ကျတော့ သင်္ကြန်ကာလ အတာနှစ်မကူးခင် ရေဖလား သို့မဟုတ် ရေခွက် လေးထဲ ရေထဲ့လို့ မိဘ ဘိုးဘွား ဆွေမျိုး နဲ့ ကိုယ်ထက်အသက်ကြီးသူ ကိုယ်ကန်တော့ထိုက် သူတွေကို ရေကန်တော့တယ်ဆိုပြီး တစ်နှစ်ပတ် လုံး ကာယကံ ဝစိကံ မနှောကံ နဲ့ပြစ်မှားတာများရှိရင် ခွင့်လွတ်ဖို့ တောင်းပန် ကန်တော့ကြပါတယ်။ အဲဒီနှစ်ခုက ပုံစံမတူပေမယ့် ရည်ရွယ်ချက် အနှစ်သာရကတော့ အတူတူ ပါဘဲ ဂါရဝတရားရှေ့ထားလို့ ပြုဖွယ်လေးပါ။

အဲဒီတော့ အောက်မြန်မာပြည်ဖွား၍ အောက်မြန်မာပြည်ကြီးပြင်းရာ ရွာထဲရှိ သူကြီးနဲ့ ခင်ခထက် အသက်အရွယ် ကြီးသူများအား အခုသီတင်းကျွတ်အချိန်အခါမှာ ဂါရဝတရားရှေမှာထားလို့ အမုန်းအာဂါသများကင်းကြဖို့ ခင်ခ ရေး ပြော မှား များရှိရင် ဂါရဝပြုကန်တော့ပန်းဆင်၍ တောင်းပန်လိုက်ပါကြောင်းနှင့် ခင်ခထက် ငယ်သောသူများ လည်း ခင်ခ ရေး ပြော မှား ရှိရင် ဗွေမယူကာ ချစ်ခင်ကြဖို့ရေးဆိုလိုက်တယ်ခင်ဗျ။

အထက်မြန်မာပြည်ဖွား၍ အထက်မြန်မာပြည်ကြီးပြင်းရာ ရွာထဲရှိ ခင်ခထက် အသက်အရွယ်ကြီးသူများ မန်းဓလေ့လေးအရ သင်္ကြန်ကာလရောက်ရင် ရေခွက်လေးနဲ့ ရေကန်တော့ပါရစေလို့။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ကိုခင်ခ။

24 comments

  • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

    October 29, 2012 at 4:34 pm

    ခွင့်လွှတ်ပါတယ် မြေးရေ … ဘုန်းကြီးပါစေ ၊ အသက်ရှည်ပါစေတော် …. ။ လူကြီးသဘာဝ .. ပြောမှား ဆိုမှား ရှိတာတွေ … နားလည်ပါတယ် … အမိုက်မဲလေးတွေဆိုလျှင်ဗွေမယူပါဘူး … ခွိခွိ … :kwi:

    • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

      October 29, 2012 at 4:36 pm

      ဟီးးးးးးးး ကန်တော့ပါ အန်ကယ်ရယ် …. ။ မျက်နှာပြောင်မိပါတယ် …. :mrgreen: အကျင့်က ထိန်းမရလို့ပါ … ဟီး 😉

      • ကိုခင်ခ

        October 29, 2012 at 4:41 pm

        ဦးဆုံးခွင့်လွှတ်သူ အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone ရေ ဝမ်းသာစွာ နဲ့ကျေးဇူးနော်။ ပေးတဲ့ဆုတွေနဲ့လည်း ပြည့်ရပါစေဗျာ။

  • သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow

    October 29, 2012 at 4:38 pm

    အော်.. အထက်နဲ့အောက် တူဝူးဂိုး :harr:

    • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

      October 29, 2012 at 4:55 pm

      ဂလိုပဲ အစ်မရဲ့ …. ဟိုကွေ့ရောက်လျှင ်ဟိုတက်နဲ့လှော် … ဒီကွေ့ရောက်လျှင် ဒီတက်နဲ့ လှော် … ခစ်ခစ်ခစ် … ဘဝပေး အသိတွေပါဟယ် …. အထင်မကြီးပါနဲ့ … ခိခိ :harr:

  • ရွှေ ကြည်

    October 29, 2012 at 4:53 pm

    ဪ မန်းကသင်္ကြန်မှာကန်တော့တာကိုး ဟုတ်ပြီ သင်္ကြန်ကျမှ မန်းကလူကြီးသူမတွေကို ထပ်ကန်တော့မယ်။
    စာရေးရတာအားမရရင် အရောက်လာပြီးရေကန်တော့ဦးမှာ..။
    လေးခင်ကို ချစ်ခင်ပြီးသားပဲ..။

    • ကိုခင်ခ

      October 29, 2012 at 4:58 pm

      မန်းအရောက်လာဖြစ်ရင်ဖြင့် ကမ်းလင့်လို့ကြိုမှာပါ။
      ခင်မင်စွာဖြင့်-
      ခင်ခ ပါ။
      လာဖြစ်မယ်ဆိုဖုန်းဆက်လို့ပြောနိုင်ပါတယ် 0991039176 ပါ။

  • jullies cezer

    October 29, 2012 at 4:57 pm

    ချစ်ခင်ကြပါတယ်ဗျ ကိုခင်ခရ ………

  • မန်းလေးက သီတင်းကျွတ်မှာလဲကန့်တော့ပါတယ်
    ဒါပေမယ့် သင်္ကြန်မှာ ပိုကန်တော့ဖြစ်တယ် လေ
    နှစ်ဟောင်းက အပြစ်တွေနှစ်သစ်ကို သယ်မလာချင်ဘူးပေ့ါ

  • surmi

    October 29, 2012 at 7:08 pm

    ဂါဂါပါဗျာ
    ပြောမှား ရေးမှား ရှိရင် ခွင့်လွှတ်ပါဗျို ့
    ကြီးသူရောငယ်သူတွေပါတောင်းပန်ပါ၏ဗျာ
    ပြီးတော့လည်းထပ်မှားခွင် ့ပြုပါဗျို ့
    :harr:

  • အရီးခင်လတ်

    October 29, 2012 at 7:34 pm

    ထိပ်က တုန်တုန် ပြောတဲ့
    “လူကြီးသဘာဝ .. ပြောမှား ဆိုမှား ရှိတာတွေ … နားလည်ပါတယ် …”
    ဆိုတာကို ဖတ်အပြီး သဘောကျစွာ နောက်ကလိုက်ပါတယ်။

    ကိုခင်ခ နှင့် တစ်ကွ သက်ကြီးဝါကြီး များ
    လူကြီးသဘာဝ .. ပြောမှား ဆိုမှား ရှိတာတွေကို … နားလည်ပါတယ် …
    ကျွန်မ တို့လို လူငယ်များက ခွေးလွှတ်ပါတယ်။
    ခွေးမလွှတ် နိုင်ရင် ကြောင်လွှတ်ပါ့မယ်။

    “အပြစ်များ ရှိရင် နှလုံးသားဘဲ အပြစ်တင်ပါ။ သူဘဲအချက်အချာ။” လို့ သီချင်းလေးရှိတယ်။
    ဘယ်သူ ဆိုလဲ တော့ မမှတ်မိတော့။
    ဒီတော့ ကျွန်မ တို့ လဲ “အပြစ်များ ရှိရင် ကျွန်မတို့ ရဲ့ လောဘ၊ မောဟ၊ ဒေါသ နဲ့ မာန တွေ၊ ငါစွဲ တွေ ကို ဘဲ အပြစ်ဖို့ ရအောင်”
    “ငါ တို့ မှာ အပြစ်မရှိ” “အဲဒီ ငါစွဲ တွေ မှာသာ အပြစ်ရှိ” :kwi:

    နောက်တာပါ။
    ကျွန်မလဲ ဘယ်သူ့ ကိုမှ ဗွေမယူပါဘူး။
    ကျွန်မကို လဲ ဗွေမယူကြပါနဲ့။
    ကျက်သရေ မင်္ဂလာ နဲ့ ပြည့်ဝ တဲ့ Post လေး အတွက် ကျေးဇူးပါ ကိုခင်ခ ရှင့်။ :hee:

    • ကိုခင်ခ

      October 29, 2012 at 9:11 pm

      jullies cezer ရေ ကျွန်တော်ကလည်း ခင်မင်လျှက်ပါဗျာ။

      ဓလေ့ဆိုတာကတော့ အများစုလုပ်လေ့လုပ်ထလေးကိုညွှန်းမိတာပါဗျာ၊ ကိုပေါက်ရေ မန်းမှာ သီတင်းကျွတ် လုံးဝမကန်တော့ဘူးလို့တော့မဟုတ်ပါ။ ရှိတော့ရှိနိုင်ပါ၏။ ဒေသဓလေ့အရ အတာသင်္ကြန်မတိုင်မှီ ရေကန်တော့တာ ပိုများသပေါ့။

      ကိုဆာမိရေ ထပ်လည်းမှားပါ၊ မှားပြီးသားလည် ကျေစေအေးစေ ဒို့ယာသာစေပေါ့။

      အရီးကွန်မန့်လေး အတွက်ကျေးဇူးနော်။ ကျွန်တော် မှား ရေး ပြော တွေအတွက်လည်း
      တောင်းပန်လို့ ဂါရဝပါနော်။

  • kai

    October 30, 2012 at 12:55 am

    တောင်းပန်ကန်တော့.. ကျေအေးခွင့်လွတ်.. (Apology / Forgiveness)
    .. ဆိုတာ လူသားအတွက်ကောင်းတဲ့ အကျင့်စရိုက်ပါ…။
    .. နို်င်ငံရေးမှာ.. ကမ္ဘာတန်းအဆင့်ခေါင်းဆောင်တွေအားလုံး.. တောင်းပန်ကျေအေး လုပ်ကြတယ်တွေ့ရပါတယ်..။

    ဒါပေမယ့်.. တိတိကျကျလေး.. ဘာကိုတောင်းပန်..ဘာကိုကျေအေးခွင့်လွတ်ဆိုတာ.. ပြနိုင်..သိနိုင်ရင်ကောင်းမယ်ထင်ပါကြောင်း..
    ခြုံငုံတောင်းပန်ကန်တော့တာက.. ဆားမပါတဲ့ဟင်းလို.. ခပ်ပေါ့ပေါ့ခံစားရကြောင်း.. ။

    မြန်မာ့ပုံမှန်ထုံးတမ်းအတိုင်း.. ကန်တော့ပွဲဆင်ကြသဟာဖြင့်.. .”♩♫♩♫.. နောင်နှစ်ခါလည်း တောင်းပန်ပါမယ်… ♬♫♩.. အပြစ်ထပ်လုပ်ပါမယ်..♪♬♫ ..ကွယ်..ကွယ်..♬♫..♪ ကွယ်..” ( သင်္ကြန်တေးသွားတီးလုံးဖြင့် ဖတ်ရန်) ဟန်ကြီး ဖြစ်နေပါကြောင်း…

    အဲဒီကနေ. အချိန်ကာလ.. အကျင့်ထုံးတမ်း.. လုပ်ပုံ.. .ရွေ့လျှောပြီး.. . လူကြီးဆိုသူတွေကို.. ယဉ်ကျေးမှုဓလေ့မျက်နှာဖုံးတပ်ပြီး.. “လာဘ်ထိုးတာ”.. ဖြစ်မှန်းမသိဖြစ်လာမှာကိုလည်း.. စိုးရိမ်မိပါတယ်..။

    လောလောဆယ်တော့.. “ခပ်မုန်းမုန်း”.. စာစကားလေးသုံး.. ပြောလိုက်ဦးမယ်..။ “ကန်တော့ထိုက်သူအားလုံးကန်တော့ပါကြောင်း.”. “ခွင့်လွှတ်ထိုက်သူများကိုလည်း.. ခွင့်လွတ်ပါကြောင်း”… :kwi:

    မှတ်ချက်.။ ။ ဤအထဲတွင် ဦးခင်ခ ပါပါသည်။

    • ရာဇဝင်လူဆိုး

      October 30, 2012 at 1:48 am

      တဂျီးကျော သလို ((( နို်င်ငံရေးမှာ.. ကမ္ဘာတန်းအဆင့်ခေါင်းဆောင်တွေအားလုံး.. တောင်းပန်ကျေအေး လုပ်ကြတယ်တွေ့ရပါတယ်..။ )) ဆိုတော့ ..နိုင်ငံရေးမှာ ထာဝရ ရန်သူ/မိတ်ဆွေမှ မရှိတာ တဂျီးရယ် ။ မယုံရင် ဗမာပြည်ကြီးရဲ့ နိုင်ငံရေးကိုကြည့်။ ဘယ်သူက ၊ဘယ်သူ့ကို ၊ဘာတွေ ၊ဘယ်တုန်းက ၊ ဘယ်လိုဖြစ်ပြီး ၊ ဘယ်လို ၊မှားခဲ့တာကို ၊ဘယ်လိုခွင့်လွှတ်ပါ၊ ဘယ်သူရယ်လို့ ဆိုပြီး ဘယ်သူမှ အချင်းချင်း ပွင့်လင်းမြင်သာမှုရှိရှိနဲ့ မတောင်းပန်ပဲ “ အောင်လ ” ဆိုတာလောက်နဲ့ ပြီးသွားတော့ တဂျီးပြောတဲ့ ပွင့်လင်းမြင်သာမှုဆိုတာ ……?????

      မှတ်ချက်။ ။
      ကျနော်သည်။ သူကြီး ငွေကုန်နေသည့်အချိန်တွင် အလိုက်ကန်းဆိုးမသိပဲ ပထမဆုံးအကြိမ်အီမေးပို့ခဲ့ပြီး ဒေါ်လာ ၂ သိန်းချေးခဲ့မိသည့်အတွက် တောင်းပန်ပါသည် သဂျှီးမင်း ခင်ဗျား…။

      • kai

        October 30, 2012 at 3:37 am

        ရပါတယ်ကွယ်..
        ( ဟိုတလောက.. ဟက်ကာတွေလက်ချက်ကြောင့် အကုန်အကျပိုသွားတဲ့..)
        ၀.၂၅ရာခိုင်နှုန်း.. ဒေါ်လာ ၅ရာပဲပြန်ဆပ်ပါနော… ကျေအေးခွင့်လွှတ်ပါ့မယ်..
        ပြာတာနာမယှိပါဂျောင်း… :kwi:

  • မမလေး

    October 30, 2012 at 1:42 am

    တစ်ခုလောက်သိပါရစေ … ကန်တော့တာ ကို ဘာလို့ မုန့်ဖိုးပြန်ပေးတာလဲ ? တစ်ချိုူ့က ၃ သောင်းဖိုးဝယ်ရင် ၄ သောင်းပြန်ပေးတယ် … တစ်ချို့က နည်းနည်းပဲပေးတာရှိတယ် … ဘာလို့လဲမသိဘူး …နော်

    • ကိုခင်ခ

      October 30, 2012 at 9:06 am

      မမလေး ငယ်ပါသေး လို့ဘဲပြောရမလားမသိဘူးနော်။ ( အရွယ်မသိလို့နော် )
      မမလေး ကန်တော့ခံရတဲ့ အရွယ်ဆိုရင် ဒီမေးခွန်းရဲ့ အဖြေကို အသက်အရွယ် နဲ့ အချိန်ကာလက ဖြေပြီးသားဖြစ်ပါလိမ့်မယ်လို့—။
      ဒီနေရာမှာ စီးပွားရေး နိုင်ငံရေး တွေအတွက် သီတင်းကျွတ်ကန်တော့ အမည်ခံ သူပေး ကိုယ်ပေး ကိစ္စမပါဘူးနော် ကျွန်တော်ရေးတာ ရိုးရိုးလေး အတွေးနဲ့ပါ။

  • kyeemite

    October 30, 2012 at 9:52 am

    မင်္ဂလာရှိသောပို့စ်လေးဖတ်ရလို့ ကျေးဇူးပါကိုခင်ခရေ…
    လွယ်လွယ်မန့်ရအောင်…သဂျီးဆုတောင်းကိုပဲ
    ကူးချပြီး မန့်လိုက်ပါရစေဗျာ…
    `“ကန်တော့ထိုက်သူအားလုံးကန်တော့ပါကြောင်း.”. “ခွင့်လွှတ်ထိုက်သူများကိုလည်း.. ခွင့်လွတ်ပါကြောင်း”… :kwi:

    မှတ်ချက်.။ ။ ဤအထဲတွင် ဦးခင်ခ ပါပါသည်။´(ခရက်ဒစ်တူ သဂျီး။)

    • ကိုခင်ခ

      October 30, 2012 at 4:43 pm

      ( ဒါပေမယ့်.. တိတိကျကျလေး..
      ဘာကိုတောင်းပန်..ဘာကိုကျေအေးခွင့်လွတ်ဆိုတာ.. ပြနိုင်..သိနိုင်ရင်ကောင်းမယ်ထင်ပါကြောင်း.. ခြုံငုံတောင်းပန်ကန်တော့တာက.. ဆားမပါတဲ့ဟင်းလို.. ခပ်ပေါ့ပေါ့ခံစားရကြောင်း.. ။ )
      သူဂျီးရေ သွေတိုးဖြစ်မှာစိုးလို့ ခပ်ပေါ့ပေါ့လေး ခြုံငုံတောင်းပန်တာပါ။ ပြီးတော့ ရေးခဲ့ မန့်ခဲ့တာ တွေကလည်း မများပေမယ့် မနည်းဖူးဆိုတော့ တစ်ခုချင်းရေးပြဖော်ဖို့ကလည်း အခက်အခဲကြောင့်ပါ ခင်ဗျ၊ ဘာဘဲဖြစ်ဖြစ် သဘောကြီးစွာ ခွင့်တာလွှတ်ပေါ့ဗျာ။

      ကိုကြီးမိုက်ကိုလည်း ခင်မင်လျက် ခင်ခပါ။

  • padonmar

    October 30, 2012 at 12:11 pm

    တိတိကျကျလေးပြောပြီးတောင်းပန်ပါဆိုရင်
    ကိုခငိခစာတွေ ဖတ်ပြီး သဘောကျပေမယ့် သဘောတူပါတယ်၊ကြိုက်ပါတယ် လောက်နဲ့ ကွန်မန့်မပေးချင်မိတဲ့အခါတွေနဲ့ တိုးလို့
    ကွန်မန့်နဲ့ အားမပေးမိတာကို တောင်းပန်ပါတယ်။
    ခွင့်လွှတ်စရာတော့ မရှိပါကြောင်း။

    • ကိုခင်ခ

      October 30, 2012 at 4:37 pm

      မပဒုမ္မာရေ ပိုစ့်တွေဖတ်ဖြစ်တယ်လို့သိရတဲ့အတွက် ကျေးဇူးပါဗျ။

  • Hnin Hnin

    October 30, 2012 at 3:52 pm

    ဒီရွာထဲ တွေ့နေကျ အကုန်မောင်နှမတွေပဲမို့ ကိုခင်ခကို ချစ်ခင်လျက်ပါ…
    ရေကန်တော့တာကို ခုမှသိတာရယ်….
    ရန်ကုန်မှာရော ကန်တော့လို့ ရနိုင်မလားမသိနော်…

    • ကိုခင်ခ

      October 30, 2012 at 4:33 pm

      နှင်းနှင်းရေ ရန်ကုန်မှာတော့ လုပ်လေ့လုပ်ထ မရှိဘူးမို့ ခပ်ကြောင်ကြောင်ဖြစ်နေမလားဘဲနော်၊
      ချစ်ခင်လျက် – ခင်ခ။

  • maungmoenyo

    November 3, 2012 at 10:07 am

    တနေ့တာမကုန်ခင် ကိုယ်နဲ့ကြုံဆုံကြရသူတိုင်းကို “နေမဝင်ခင်ခွင့်လွှတ်ပါ”…ဆိုတဲ့ Seven Day Adventists ဘာသာအယူရှိသူတွေရဲ့ သတိပေးစကားမှတ်မိပါတယ်။

    လူ့ဘောင်လောက နေ့တဓူဝ၊
    ဆိုရေးရှိ၍ဆိုကြရ၊
    လုပ်ရေးရှိ၍ လုပ်ကြရ၊
    ကာယ၊ဝစီ၊ မနောချီလျက်၊
    ဖြစ်ပျက်ပြောဆို၊
    ငိုရယ်ပိုလျက်၊
    ကဲ့ရဲ့ချီးမွန်း၊
    လုံးစုံမွှန်းလည်း၊
    နေဝန်းကွယ်ပျောက်၊
    လသာရောက်ပြီး၊
    အိပ်ချိန်နီးလည်း၊
    ငါ…တည်းဟူသော၊ အတ္တဘောကို၊
    ခဝါမချနိုင်၊ ခါး မခိုင်သည်၊
    ခွင့်လွှတ်ကြည်ဖြူ…ဆိုစကားမူကား၊
    သီးသီးခါးခါး ကင်းတယ်ကိုး…..။
    ကိုယ်နှင့်မဆိုင်၊
    ကိုယ်မပိုင်ဘဲလျက်
    မျက်စေ့စုံကန်း၊
    နင်းကြမ်းပုံဖေါ်၊
    အရ ဆော်၍၊
    ကိုယ်စနက်ကြောင့်၊
    တဖက်လူပေါ်၊
    လူဇော်လုပ်ရင်းဘဝခင်းသူ…
    သင်…….ဘယ်သူလဲ။
    (မောင်မိုးညို)

Leave a Reply