လေပြေလာရာ လမ်းတိုင်းမှာ

ချစ်သူခြွေခဲ့ဖူးတဲ့ ပန်းလေးတွေက

မောင့်ရင်ထဲမှာ ခုထိတိုင် မွှေးပျံ့နေဆဲပေါ့……

သစ်ရွှက်ကြွေ မြေမှာခရပေမယ့်

ရင်မှာတစ်တတ ဖြစ်တည်နေမှုက

မင်းပေးခဲ့တဲ့ ချစ်ခြင်းတရား ကဗျာညလေးတွေပေါ့

တမ်းတလွန်းလို့ မှန်းဆခဲ့ရတဲ့ နေ့ရက်တိုင်းမှာလဲ

အသစ်ဆက်ဆက် ကာရံလေးတွေကို

မင်းထက်ပြီးပေးခဲ့သေးတယ်နော်

သတိရတိုင်း ကြည့်မိခဲ့တဲ့ မင်းလေးရဲ့ နှုတ်ခမ်းပုံရိပ်လေးတွေကို

မောင်လေ တိတ်တခိုးနမ်းမိခဲ့တာ အကြိမ်ကြိမ်ခါခါပေါ့

သိပ်ချစ်တယ်ချစ်သူရယ် မွန်းကျပ်တဲ့နေ့ရက်တိုင်းမှာ

မင်းလေးက မောင့်နံဘေးမှာ ခစားနေမြဲဘဲလေ

ကြာခဲ့ပါပြီလေ မောင်မှတ်မိတာလေးတစ်ခုတော့ ပြောခဲ့ချင်ပါတယ် ချစ်သူ

ညစဉ်ဖတ်ခဲ့ဖူးတဲ့ အိပ်ရာဝင်ပုံပြင်လေးရဲ့ဘေးမှာ ပြောခဲ့ဖူးတဲ့စကားလေးတစ်ခွန်း

့ရင်ထဲမှာ ယနေ့ထိတိုင် စွဲထင်စွာငြိစွန်းနေတာလေးကတော့

မောင်ရေ လွမ်းလွန်းလို့ကျမိခဲ့တဲ့မျက်ရည်စက်တွေအောက်မှာ

အပြစ်မဲ့တဲ့ ရွက်ကြွေလေးတွေက သက်သေဖြစ်တည်နေမှာပါတဲ့လေ……………..

ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..

   Send article as PDF