အချစ်ဗေဒင် အနှစ်ချုပ်

မမေလးOctober 30, 20121min1233

1*( အမျိုးသား မွေးနံ + အမျိုးသမီးမွေးနံ ) ရတဲ့ အဖြေကို ၃ နဲ့မြှောက် ပြီးရင် ရ နဲ့စား

ရတဲ့အကြွင်းပေါ်မူတည်ပါတယ် …

အကြွင်းက

၁ – ထင်ပေါ်ကျော်ကြားမယ် ၊ သစ္စာရှိမယ် ၊ ခိုင်မြဲမယ် ။

၂ – စည်းစိမ်ဥစ္စာပေါများမယ် ။

၃ – ဆင်းရဲမယ် ၊ စိတ်တိုင်းမကျ ဖြစ်ပြီး ကွဲတတ်ပါတယ် ။

၄ – ဆင်းရဲ အတူ ချမ်းသာ အမျှ ပါတဲ့ ။

၅ – ရွှေ ငွေ ရတနာ ပြည့်စုံ ချမ်းသာ မည် ။

၆ – အိုးပိုင် အိမ်ပိုင် ဖြစ်မည် ။

ဝ – စီးပွားဖြစ်ထွန်းပြီး သားသမီးရတနာ ထွန်းကားမည် တဲ့ ။

 

2*သူငယ်ချင်းတို ့
ဒါဆိုဒီမေးခွန်းလေးတွေဖြေကြည့်လ ိုက်နော်။
မေးခွန်းတွေကိုကြိုတော့မကြည့်ရဘ ူးနော်။
ကိုယ်ရွေးလိုက်တဲ့အဖြေရဲ ့ဘေးကရေးထားတဲ့နံပါတ်တွေအတိုင်း ဆက်ဖြေသွားရုံပါ။
မေးခွန်းတိုင်းဖြေဖို ့မလိုပါဘူး
၁။ သွားချင်တဲ့နေရာတစ်ခုရွေးပ ါ။
(A) ပေကျင်း – မေးခွန်းနံပါတ် ၂ ကိုဖြေပါ
(B) တိုကျို – မေးခွန်းနံပါတ် ၃ ကိုဖြေပါ
(C) ပဲရစ် – မေးခွန်းနံပါတ် ၄ ကိုဖြေပါ

၂။ စိတ်ထိခိုက်စရာကောင်းတဲ့ရုပ်ရှင ်တွေကြည့်တဲ့အခါငိုတတ်သလား ?
(A) ငိုတတ်တယ် – မေးခွန်းနံပါတ် ၄ ကိုဖြေပါ
(B) မငိုတတ်ဘူး – မေးခွန်းနံပါတ် ၃ ကိုဖြေပါ

၃။ သင်ဟာချစ်သူနဲ ့ချိန်းထားတယ်၊
ပြောထားတဲ့အချိန်ထက်တစ်နာရီလောက ်နောက်ကျနေတာတောင်သူကရောက်မလာသေ းဘူး၊
ဒါဆိုသင်ဘာလုပ်မလဲ?
(A) နောက်ထပ်နာရီဝက်တော့ထပ်စောင့်လု ိက်မယ် – မေးခွန်းနံပါတ် ၄ ကိုဖြေပါ
(B) ချက်ချင်းပဲပြန်တော့မယ် – မေးခွန်းနံပါတ် ၅ ကိုဖြေပါ
(C) လာတဲ့အထိစောင့်မှာပေါ့ – မေးခွန်းနံပါတ် ၆ ကိုဖြေပါ

၄။ တစ်ယောက်ထဲရုပ်ရှင်သွားကြည့်တတ် လား?
(A) အင်း – မေးခွန်းနံပါတ် ၅ ကိုဖြေပါ
(B) ဟင့်အင်း – မေးခွန်းနံပါတ် ၆ ကိုဖြေပါ

၅။ ပထမဆုံးချိန်းတွေ ့ချိန်မှာ သူကသူ ့ကိုနမ်းဖို ့တောင်းဆိုလာရင် ဘာလုပ်မလဲ?
(A) မနမ်းပါဘူး – မေးခွန်းနံပါတ် ၆ ကိုဖြေပါ
(B) သူ ့လက်ခုံကိုဖွဖွလေးနမ်းမယ် – မေးခွန်းနံပါတ် ရ ကိုဖြေပါ
(C) ကိုယ့်ချစ်သူပဲ၊ နမ်းမှာပေါ ့- မေးခွန်းနံပါတ် ၈ ကိုဖြေပါ

၆။ သင်ကဟာသဉာဏ်ရွှင်တဲ့သူလား
(A) ဟုတ်တယ် – မေးခွန်းနံပါတ် ရ ကိုဖြေပါ
(B) မဟုတ်ဘူး – မေးခွန်းနံပါတ် ၈ ကိုဖြေပါ

၇။ သင်ဟာဘယ်အရာမဆိုဦးဆောင်နိုင်စွ မ်းရှိသူလား
(A) ထင်ပါတယ် – မေးခွန်းနံပါတ် ၉ ကိုဖြေပါ
(B) မဟုတ်ပါဘူး – မေးခွန်းနံပါတ် ၁ဝ ကိုဖြေပါ

၈။ တကယ်လို ့သင့်မှာရွေးချယ်ခွင့်ရှိရ င် ဘယ်လိုလူအဖြစ်မွေးဖွားလာခဲ့ချင် သလဲ
(A) ယောင်္ကျားအဖြစ် – မေးခွန်းနံပါတ် ၉ ကိုဖြေပါ
(B) မိန်းမအဖြစ် – မေးခွန်းနံပါတ် ၁ဝ ကိုဖြေပါ
(C) ဘာဖြစ်ဖြစ်ပါ – TYPE D ( အဖြေတစ်ခါတည်းကြည့်လို ့ရပါပြီ )

၉။ တစ်ပြိုင်တည်းမှာချစ်သူတစ်ယောက် ထက်ပိုထားဖူးသလား။
(A) ထားဖူးတယ် – TYPE B ( အောက်မှအဖြေကိုကြည့်ပါ )
(B) မထားဖူးပါ – TYPE A ( အောက်မှအဖြေကိုကြည့်ပါ )

၁၀။ သင်ဟာလိမ္မာပါးနပ်သူလို ့ထင်ပါသလား။
(A) ထင်ပါတယ် – TYPE D ( အောက်မှအဖြေကိုကြည့်ပါ )
(B) မထင်ပါဘူး – TYPE C ( အောက်မှအဖြေကိုကြည့်ပါ )`

 

3*နောက်တစ်ခုကတော့ နာမဝိသေသနာ ထည့်ပေးရမှာဗျ..
ထည့်ပေးရမှာက….
၁။ ………..သော ခွေး     ဥပမာ… လိမ္မာသော ဆိုးသော
၂။ ………..သော ကြောင်
၃။ ………..သော ပူး
၄။ ………..သော ကော်ဖီ
၅။ ………..သော ပင်လယ် တဲ့။
အခုရေးချင်သေးလား..
ရေးချလိုက်အုန်း…

 

4*၁။ မင်းရဲ့ အကြိုက်ဆုံးအရောင် က အနီ ။ အနက်။အပြာ ။အစိမ်း။ အဝါ ? (တခုရွေးပါ )
၂။မင်းနာမည်ရဲ အစစာလုံးကဘာလဲ?
၃။မင်းမွေးတဲ့လ?
၄၊ မင်း အဖြူရောင် ။အနကရောင် ဘယ်အရောင်ကိုပိုကြိုက်သလဲ?
၅၊ မင်းအချစ်ဆုံးလူရဲ့နာမည် (မိမိနှင့်အမျိုုးတူုသောသူ
တွက်သူသည်မိန်ကလေးဖြစ်ရင်မိန်းက လေးနာမည်ဖြစ်ရမည်
တွက်သူသည်ယောကျင်္ားလေးဖြစ် ရင ်ယောကျင်္ားလေးနာမည်ဖြစ်ရမ ည်)
၆၊မင်းအကြိုက်နှစ်သက်ဆုံး NO ?
၇။ မင်းလေယာဉ်မောင်းရတာကိုကြိုက်လာ း ။ကားမောင်းရတာကိုကြိုက်လား ?
၈။မင်း ရေကန် ကိုကြိုက်လား ။ ပင်လယ်ကိုကြိုက်လား?
၉၊ မင်းဖြစ်ချင်တဲ့ဆန္ဒကိုရေးပ ါ?

 

5*ခင်ဗျားအတွက် နေ့တနေ့မှာ အကောင်းဆုံးအချိန်က ဘယ်အချိန်လဲ။
(က) မနက်ခင်း
(ခ) နေ့လည်ခင်းနဲ့ အစောပိုင်းညနေချိန်
(ဂ) ညဉ့်နက်ချိန်

မေးခွန်း နံပတ် (၂)
ခင်ဗျား လမ်းလျှောက်လေ့ရှိတဲ့ ပုံစံက …
(က) ခြေလှမ်းကျဲကျဲနဲ့ မနှေးမမြန်
(ခ) ခြေလှမ်းစိပ်စိပ်နဲ့ မနှေးမမြန်
(ဂ) ပုံမှန်လှမ်းရင်းနဲ့ ခေါင်းမော့ထားမယ်။ လောကကြီးကို
ရင်ဆိုင်တော့မဲ့ပုံ
(ဃ) ပုံမှန်လှမ်းတယ်။ ခေါင်းငုံထားရင်း။
(င) ဖြေးဖြေး နှေးနှေးပဲ လျှောက်တယ်။

မေးခွန်း နံပတ် (၃)
လူတွေနဲ့ စကားပြောတဲ့အခါမှာ ခင်ဗျားရဲ့အမူအရာက …
(က) မတ်တတ်ရပ်ရင်း လက်ပိုက်ထားမယ်။
(ခ) လက်ချောင်းလေးတွေချင်း ဆုပ်ကိုင်ထားမယ်။
(ဂ) လက်နှစ်ချောင်း၊ ဒါမှမဟုတ်လဲ တစ်ချောင်းတည်း ခါးထောက်ထားမယ်။
ဒါမှမဟုတ်
ဘောင်းဘီအိတ်တွေထဲကို နှိုက်ထားမယ်။
(ဃ) ခင်ဗျားရဲ့ စကားပြောဖော်ကို ထိကိုင်ရင်း။
(င) ဆံပင်သပ်ရင်း။ ဒါမှမဟုတ် နားရွက်လေးကို ဆော့နေရင်း။ ဒီလိုမှမဟုတ်
မျက်နှာကို ပွတ်သပ်နေရင်း။

မေးခွန်း နံပတ် (၄)
ခင်ဗျား အနားယူတဲ့အခါမှာ ထိုင်တတ်တဲ့ပုံစံက …
(က) ဒူးခေါင်းကိုကွေးလို့ ပူးကပ်ထားမယ်။
(ခ) ခြေချိတ်ထားမယ်။
(ဂ) အကြောတွေဖြေလျော့လို့ ခြေဆင်းထားမယ်။
(ဃ) ခြေတစ်ဖက်ကွေးလို့ ဖိထိုင်ထားမယ်။

မေးခွန်း နံပတ် (၅)
ပျော်ရွှင်စရာ တစ်ခုခုတွေ့တဲ့အခါ ခင်ဗျားတုံ့ပြန်ပုံက …
(က) အားပါးတရ ရယ်မောမယ်။
(ခ) ခပ်ကျယ်ကျယ်မဟုတ်ပဲ ရယ်မောမယ်။
(ဂ) အေးအေးပုံမှန်လေးပဲ ရယ်မောမယ်။
(ဃ) ပြုံးတုံ့ ပြုံးရောင် (မခိုးမခန့်)လေး ရယ်မောတယ်။

မေးခွန်း နံပတ် (၆)
ခင်ဗျားက ပါတီပွဲတစ်ခုခု၊ ဒါမှမဟုတ် လူမှုရေးပွဲတစ်ခုခုကို
သွားရတဲ့အခါမှာ …
(က) လူတွေသတိထားမိအောင် နှုတ်ဆက်သံ ကျယ်ကျယ်လောင်လောင်နဲ့ ဝင်သွားတတ်တယ်။
(ခ) တိတ်တဆိတ်ပဲဝင်သွားတတ်တယ်။ ခင်ဗျားအသိ တစ်ယောက်ယောက်များ
ရှိနေမလားလို့
ဟိုဒီရှာရင်းနဲ့။
(ဂ) တိတ်တဆိတ်နဲ့ ဘယ်သူမှသတိမထားမိအောင် အေးဆေးပဲ ဝင်သွားတတ်တယ်။

မေးခွန်း နံပတ် (၇)
ခင်ဗျား အလုပ်လုပ်နေတဲ့အချိန် ဒါမှမဟုတ် တစ်ခုခုကို စိတ်ဝင်တစား
လုပ်နေချိန်မှာ
တစ်ယောက်ယောက်က နှောင့်ယှက်လာခဲ့ရင် (စကားပြောလာခဲ့ရင်) ခင်ဗျားက …
(က) အေးဆေးပဲ လုပ်လက်စကို နားလိုက်တယ်။
(ခ) အရမ်းစိတ်ဆိုးသွားတတ်တယ်။
(ဂ) အပေါ်က နှစ်မျိုးစလုံးရဲ့ ကြားတစ်နေရာ ခံစားချက်မျိုးနဲ့
တုံ့ပြန်တတ်တယ်။

မေးခွန်း နံပတ် (၈)
ဘယ်အရောင်လေးကို ခင်ဗျား အနှစ်သက်ဆုံးလည်း။
(က) အနီရောင် (သို့) လိမ္မော်ရောင်
(ခ) အနက်ရောင်
(ဂ) အဝါရောင် (သို့) အပြာဖျော့ဖျော့
(ဃ) အစိမ်းရောင်
(င) အပြာမှိုင်းမှိုင်း (သို့) ပန်းခရမ်းရောင်
(စ) အဖြူရောင်
(ဆ) အညိုရောင် (သို့) မီးခိုးရောင်

မေးခွန်း နံပတ် (၉)
ခင်ဗျားညအိပ်ရာဝင်တဲ့အခါ အိပ်မပျော်ခင်အချိန်လေးမှာ ခင်ဗျားလှဲနေတတ်တဲ့
ပုံလေးက

(က) ပက်လက်ကလေး ဖြေလျော့နေတတ်တယ်။
(ခ) မှောက်ခုံလေး ဖြေလျော့နေတတ်တယ်။
(ဂ) ဘေးတစ်စောင်းလေး ကွေးနေတတ်တယ်။
(ဃ) ခေါင်းအောက်မှာ လက်တစ်ဖက်ခုရင်း နေတတ်တယ်။
(င) ခေါင်းအုံးအောက်မှာ ခေါင်းကိုဝှက်ရင်း နေတတ်တယ်။

မေးခွန်း နံပတ် (၁၀)
မကြာခဏ ခင်များကိုယ်ခင်ဗျား အိမ်မက်တတ်တာက …
(က) ကျဆုံးနေသူ
(ခ) တွန်းတိုက် တိုက်ခိုက်နေရတတ်သူ
(ဂ) တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ရှာဖွေနေရတတ်တယ်။
(ဃ) လေထဲမှာ ပျံသန်းနေရတတ်တယ်၊ ဒါမှမဟုတ် မြောလွင့်နေတတ်တယ်။
(င) ခင်ဗျား အိမ်မက် မက်လေ့မရှိဘူး။
(စ) ခင်ဗျား စိတ်ပျော်စရာ ပေါ့ပေါ့ပါးပါး အိမ်မက်လေးတွေပဲ မက်လေ့ရှိတယ်။

ကဲ မေးခွန်းလေးတွေကတော့ ကုန်သွားပြီ။  အမှတ်လေးတွေရှိတယ်။ တစ်ခုချင်းစီကို
အမှတ်လေးတွေမှတ်ပြီး အားလုံးပေါင်းရမှာနော်..

 

6*အေဘီ သွေးပိုင်ရှင် နှင့်လိုက်ဖက်မည့်သူ

အေဘီ-အေ (၆၅%)

ဒီနှစ်ယောက်သာ တွေ့ကြပြီဆိုရင်တော့ ပတ်ဝန်းကျင်ကြီး တစ်ခုလုံးဟာ ခြောက်ကပ်သွားတော့တာပါပဲ။
စကားတွေအများကြီး လိုအပ်တယ်လို့ ထင်ရပြီး အချင်းချင်း အပြိုင် ခေါင်းမာနေတတ်လို့
စိတ်အခန့်မသင့်မှုလေးတွေလည် း များတတ်ပါတယ်။ အေဘီသွေးပိုင်ရှင် ယောင်္ကျားများရဲ့ ထူးခြားချက်ကို
နားမလည် နိုင်တာကြောင့် စိတ်ပင်ပန်းရတဲ့ အတွဲလည်း ဖြစ်ပါတယ်။ မေးတာကတခြား ဖြေတာက တခြား
ဖြစ်တဲ့ အခါတွေလည်း များပါတယ်။ ဒီစုံတွဲလေးက ပြီးပြည့်စုံတဲ့ အတွဲလေးလို့ ပြောလို့ မရနိုင်သလို လုံးဝ
ပေါင်းစပ်လို့မရဘူးလို့လည ်း ပြောလို့ မရပါဘူး။ အေသွေး မိန်းကလေးနဲ့
အေဘီသွေးယောင်္ကျားလေးတွေကတေ ာ့ နှစ်ဦးနှစ်ဘက်လုံးက သေချာပိရိတဲ့အပြင် အချင်းချင်းရဲ့
အားသာချက်လေးတွေကိုလည်း လက်ခံအသိအမှတ်ပြုတတ်ကြတာမိ ု့ အဆင်ပြေတဲ့ အခြေအနေလေးကို
ဖန်တီးနိုင်ပါတယ်။ အေသွေးမိန်းကလေးတွေက စိတ်ဝင်စားစရာကောင်းတဲ့ စကား၊ ဟာသလေးတွေ
ပြောတတ်တဲ့ ယောင်္ကျားမျိုးကို သဘောကျတတ်ကြပါတယ်။

အေဘီ-ဘီ (၉၀%)

အေဘီသွေးယောင်္ကျားလေးများရဲ ့ ပညာရှိရှိပြုမူတတ်တဲ့ အကျင့်လေးတွေက ဘီသွေးမိန်းကလေးများကို
ဆွဲဆောင်နိုင်စွမ်းရှိပါတယ ်။ အေဘီသွေးယောင်္ကျားလေးများကလ ည်း ဘီသွေးမိန်းကလေးများရဲ့
စမ်းသပ်လုပ်ကိုင်ချင်စိတ်၊ တက်ကြွဖျတ်လတ်မှုကို နှစ်သက်ကြပါတယ်တဲ့။ ဘီသွေးမိန်းကလေးများက
အေဘီသွေးယောင်္ကျားလေးများ ပွင့်ပွင့်လင်းလင်းနဲ့ ချစ်ခွင့်ပန်တဲ့ ပုံစံမျိုးကို သဘောကြသလို ညင်းလည်း
မညင်းနိုင်ပါဘူး။ ပွင်းလင်းတဲ့ စတိုင်လ်ကို လိုလားတာဟာ ဘီသွေးတွေရဲ့ စတိုင်လ်မို့ပါ။
ယောင်္ကျားလေးဘက်ကတော့ နည်းနည်း တစ်ကိုယ်ကောင်းဆန်တဲ့ အခါလေးတွေလည်း ရှိတတ်ကြပြီး
ရင်ထဲမှာ ခံစားရတဲ့အတိုင်း ဖော်ပြတတ်ပေမယ့် ဘီသွေးမိန်းကလေးများရဲ့ ခံစားချက်ကို သိုဝှက်တတ်တဲ့
အကျင့်လေးတွေကို နှစ်သက်ကြပါတယ်တဲ့။

အေဘီ-အို (၃၀%)

အချင်းချင်း လုံးဝ စရိုက်သဘာဝကို ပိုင်ဆိုင်ထားတာတောင်မှ တော်တော် လိုက်ဖက်ညီတဲ့ အတွဲလေးလည်း
ဖြစ်ပါတယ်။ ချစ်သူအဖြစ်အနေထက် အစ်ကိုတစ်ယောက်လို ခင်မင်တွယ်တာတာမျိုးက ပိုများပါတယ်။
အေဘီသွေး ယောင်္ကျားလေးများရဲ့ ပွင့်လင်းတဲ့ စရိုက်ဟာ အိုသွေးပိုင်ရှင်မိန်းကလေး များရဲ့ မျက်စိမှာတော့
တော်တော် ဆွဲဆောင်မှုရှိနေတတ်ပါတယ်တဲ ့။ အေးစက်ပြီး တရားကျကျ စဉ်းစားတတ်တဲ့ အေဘီသွေးပိုင်ရှင်
ယောင်္ကျားလေးများကို အိုသွေးမိန်းကလေးများက တောင့်တင်းခိုင်မာတဲ့ မှီခိုအားထားရာတစ်ခုလို့လည ်း
ထင်တတ်ကြပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ လိုက်ဖက်ညီမှုကတော့ ၃၀%ပါ။

အေဘီ-အေဘီ (၉၀%)

အချင်းချင်း ကောင်းကောင်းနားလည်နိုင်တဲ ့အပြင် တဘက်သားကိုလည်း
အလေးအနက်ထားတတ်ကြပါတယ်။ အဆင်ပြေတဲ့ အတွဲလေးတစ်တွဲဖြစ်ပေမယ့် သူများတွေအမြင်မှာတော့
သိပ်ပြီး မထူးခြားလှတဲ့ အတွဲလေး တစ်တွဲပါ။ တပူးကပ်ကပ်နေတတ်တဲ့ အတွဲလေးလည်း ဖြစ်ပါတယ်။
နှစ်ယောက်စလုံးက စဉ်းစားဉာဏ်ရှိတဲ့အတွက် တဘက်သားရဲ့ စရိုက်သဘာဝတွေအားလုံးကို
နားလည်ပေးနိုင်သလို မကြိုက်တဲ့ အပြုအမူကို ရှောင်ကျဉ်ကြပါတယ်။ တခါတလေမှာတော့
အတွေးအခေါ်တွေ မတိုက်ဆိုင်တဲ့အခါလေးတွေလည ်းရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်
အပေးအယူမျှတဲ့ အတွဲဖြစ်တာကြောင့် ပျော်စရာကောင်းတဲ့ အတွဲလေးလည်း ဖြစ်ပါတယ်။

AB
အေဘီသွေးပိုင်ရှင်များအကြေ ာင်း

အေဘီသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ဒီလို ဖြစ်ပါတယ်… အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီး
မထူးခြားလှတဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်ထားပါတယ်တဲ့…
မိဘကို ဆိုးတာမျိုးလည်း မရှိတဲ့ အေဘီသွေးပိုင်ရှင်များက အရာအားလုံးကို ကွက်ကျော်မြင်တတ်လို့
အဆူခံရတာမျိုးလည်း လုံးဝ မရှိသလောက်ပါတဲ့… ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကို
လျင်လျင်မြန်မြန် အကဲခတ်နိုင်စွမ်းရှိသူများ လည်း ဖြစ်ပါတယ်… ဒါကြောင့်မို့ ပတ်ဝန်းကျင်က လူတွေက
အေဘီသွေးပိုင်ရှင်များကို စကားနည်းပြီး ဘုကျကျနိုင်လိုက်တာလို့ အပြောခံရတာမျိုးလည်း
ကြုံရတတ်ပါတယ်… ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင်
နေတတ်လာပြီး လူမှုဆက်ဆံရေးလည်း ကောင်းမွန်ပြေပြစ်လာပါတယ်တ ဲ့… အစပိုင်းမှာတော့
အလုပ်တစ်ခုကို ကြာရှည်လုပ်နိုင်တဲ့ ဇွဲ နည်းပါးတာကြောင့် အလုပ်တစ်ခုကို လုပ်တဲ့ အခါမှာ မြန်မြန်
ပင်ပန်းအားလျော့ လွယ်ပါတယ်တဲ့… ဒါပေမယ့်လည်း ဝီရိယစိုက်ပြီး ကြိုးစားနေတဲ့ ကိုယ်ကိုတိုင်ရဲ့ ပုံစံကို
နှစ်သက်သူများ ဖြစ်လို့ ဘယ်အရာကိုမဆို လုပ်လိုစိတ် ပြင်းထန်ပြီး ကြိုးကြိုးစားစား တက်တက်ကြွကြွနဲ့
လုပ်ဆောင်တတ်ပါတယ်တဲ့… လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာလည်း အပြောအဆိုကို အတတ်နိုင်ဆုံး
သတိထားတတ်ပြီး လုပ်ငန်းခွင်မှဆိုရင်လည်း အမှားမလုပ်မိအောင် သတိထား လုပ်ကိုင်တတ်သူများ
ဖြစ်ပါတယ်… လူတစ်ယောက်နဲ့ တော်တော်လေး ရင်းနှီးလာတာတောင်မှ အဲဒီလူနဲ့ ကိုယ့်ရဲ့ ကြားမှာ
အတားအဆီး တစ်ခုကို ထားပြီးဆက်ဆံတတ်သူများလည်း ဖြစ်ပါတယ်… ဒါကတော့ သူတပါးအပေါ်မှာ
အမှားလုပ်မိမှာကို စိုးရိမ်တတ်တဲ့ အေဘီသွေးပိုင်ရှင်များရဲ့ အသေးစိတ်လှတဲ့ အတွေများကြောင့်ဘဲ
ဖြစ်ပါတယ်… ဒါ့ပြင် အေဘီသွေးပိုင်ရှင်များဟာ တစ်ယောက်တည်းကိုဘဲ ခင်တတ်တဲ့
အကျင့်လည်းမရှိပါဘူးတဲ့… အလုပ်အများကြီးကို တစ်ပြိုင်နက်တည်း လုပ်ကိုင်နိုင်စွမ်းရှိသူမ ျား ဖြစ်သလို
အရာအားလုံးကို လက်တွေ့ကျကျ တွေးခေါ်ဆင်ချင်တတ်သူများလည ်း ဖြစ်ပါတယ်… အလုပ်တစ်ခုကို
လုပ်တဲ့အခါမှာလည်း ထောင့်ပေါင်းစုံကနေ တွေးခေါ်ဆင်ချင်တတ်သူများ ဖြစ်ပါတယ်တဲ့… မိဘဆွေမျိုး
သူငယ်ချင်းရယ်ဆိုပြီး သီးသန့် မခွဲခြားတတ်ဘဲ လူသားအားလုံးကို တန်းတူညီတူ ဆက်ဆံတတ်သူများလည်း
ဖြစ်ပါတယ်… ဒါပေမယ့် တဘက်မှာလည်း အမြဲတမ်း ငွေရေးကြေးရေးကို စိတ်ပူနေတာကြောင့်
ပိုက်ဆံရှာနိုင်မယ့် အခြေအနေများကို အပူတပြင်း ရှာဖွေနေတတ်ပါတယ်တဲ့… အေဘီသွေးပိုင်ရှင်များက
ကိုယ့်ရဲ့ ခံစားချက်ကို မျက်နှာမှာ မဖော်ပြတတ်သူများ ဖြစ်သလို တော်ရုံတန်ရုံနဲ့ ဒေါသလည်း
မထွက်တတ်ပါဘူးတဲ့… ကိုယ့်ကို သစ္စာဖောက်သွားတဲ့သူကိုတော့ သေချာ မှတ်ထားပြီး ကလဲ့စားခြေတတ်တဲ့
စရိုက်သဘာဝကို ပိုင်ဆိုင်သူများ ဖြစ်ပါတယ်… တခါတလေတော့ နူးညံ့တဲ့ စိတ်နေစိတ်ထားကို
အေဘီသွေးပိုင်ရှင်များရဲ့ မျက်နှာမှာ မြင်နိုင်သလို တခါတလေမှာတော့ ခက်ထန်မှုတွေကိုသာ
မြင်ရတတ်ပါတယ်…. ဒါတွေအားလုံးကတော့ အေဘီသွေးပိုင်ရှင်များ အကြောင်းသာ ဖြစ်ပါတယ်…
ဆက်လက်ပြီး စိတ်ဝင်စားဖွယ်ရာ အကြောင်းများကို တင်ပြပေးသွားပါဦးမယ်..

အေဘီ သွေးပိုင်ရှင် နှင့်လိုက်ဖက်မည့်သူ

အေဘီ-အေ (၆၅%)

ဒီနှစ်ယောက်သာ တွေ့ကြပြီဆိုရင်တော့ ပတ်ဝန်းကျင်ကြီး တစ်ခုလုံးဟာ ခြောက်ကပ်သွားတော့တာပါပဲ။
စကားတွေအများကြီး လိုအပ်တယ်လို့ ထင်ရပြီး အချင်းချင်း အပြိုင် ခေါင်းမာနေတတ်လို့
စိတ်အခန့်မသင့်မှုလေးတွေလည် း များတတ်ပါတယ်။ အေဘီသွေးပိုင်ရှင် ယောင်္ကျားများရဲ့ ထူးခြားချက်ကို
နားမလည် နိုင်တာကြောင့် စိတ်ပင်ပန်းရတဲ့ အတွဲလည်း ဖြစ်ပါတယ်။ မေးတာကတခြား ဖြေတာက တခြား
ဖြစ်တဲ့ အခါတွေလည်း များပါတယ်။ ဒီစုံတွဲလေးက ပြီးပြည့်စုံတဲ့ အတွဲလေးလို့ ပြောလို့ မရနိုင်သလို လုံးဝ
ပေါင်းစပ်လို့မရဘူးလို့လည ်း ပြောလို့ မရပါဘူး။ အေသွေး မိန်းကလေးနဲ့
အေဘီသွေးယောင်္ကျားလေးတွေကတေ ာ့ နှစ်ဦးနှစ်ဘက်လုံးက သေချာပိရိတဲ့အပြင် အချင်းချင်းရဲ့
အားသာချက်လေးတွေကိုလည်း လက်ခံအသိအမှတ်ပြုတတ်ကြတာမိ ု့ အဆင်ပြေတဲ့ အခြေအနေလေးကို
ဖန်တီးနိုင်ပါတယ်။ အေသွေးမိန်းကလေးတွေက စိတ်ဝင်စားစရာကောင်းတဲ့ စကား၊ ဟာသလေးတွေ
ပြောတတ်တဲ့ ယောင်္ကျားမျိုးကို သဘောကျတတ်ကြပါတယ်။

အေဘီ-ဘီ (၉၀%)

အေဘီသွေးယောင်္ကျားလေးများရဲ ့ ပညာရှိရှိပြုမူတတ်တဲ့ အကျင့်လေးတွေက ဘီသွေးမိန်းကလေးများကို
ဆွဲဆောင်နိုင်စွမ်းရှိပါတယ ်။ အေဘီသွေးယောင်္ကျားလေးများကလ ည်း ဘီသွေးမိန်းကလေးများရဲ့
စမ်းသပ်လုပ်ကိုင်ချင်စိတ်၊ တက်ကြွဖျတ်လတ်မှုကို နှစ်သက်ကြပါတယ်တဲ့။ ဘီသွေးမိန်းကလေးများက
အေဘီသွေးယောင်္ကျားလေးများ ပွင့်ပွင့်လင်းလင်းနဲ့ ချစ်ခွင့်ပန်တဲ့ ပုံစံမျိုးကို သဘောကြသလို ညင်းလည်း
မညင်းနိုင်ပါဘူး။ ပွင်းလင်းတဲ့ စတိုင်လ်ကို လိုလားတာဟာ ဘီသွေးတွေရဲ့ စတိုင်လ်မို့ပါ။
ယောင်္ကျားလေးဘက်ကတော့ နည်းနည်း တစ်ကိုယ်ကောင်းဆန်တဲ့ အခါလေးတွေလည်း ရှိတတ်ကြပြီး
ရင်ထဲမှာ ခံစားရတဲ့အတိုင်း ဖော်ပြတတ်ပေမယ့် ဘီသွေးမိန်းကလေးများရဲ့ ခံစားချက်ကို သိုဝှက်တတ်တဲ့
အကျင့်လေးတွေကို နှစ်သက်ကြပါတယ်တဲ့။

အေဘီ-အို (၃၀%)

အချင်းချင်း လုံးဝ စရိုက်သဘာဝကို ပိုင်ဆိုင်ထားတာတောင်မှ တော်တော် လိုက်ဖက်ညီတဲ့ အတွဲလေးလည်း
ဖြစ်ပါတယ်။ ချစ်သူအဖြစ်အနေထက် အစ်ကိုတစ်ယောက်လို ခင်မင်တွယ်တာတာမျိုးက ပိုများပါတယ်။
အေဘီသွေး ယောင်္ကျားလေးများရဲ့ ပွင့်လင်းတဲ့ စရိုက်ဟာ အိုသွေးပိုင်ရှင်မိန်းကလေး များရဲ့ မျက်စိမှာတော့
တော်တော် ဆွဲဆောင်မှုရှိနေတတ်ပါတယ်တဲ ့။ အေးစက်ပြီး တရားကျကျ စဉ်းစားတတ်တဲ့ အေဘီသွေးပိုင်ရှင်
ယောင်္ကျားလေးများကို အိုသွေးမိန်းကလေးများက တောင့်တင်းခိုင်မာတဲ့ မှီခိုအားထားရာတစ်ခုလို့လည ်း
ထင်တတ်ကြပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ လိုက်ဖက်ညီမှုကတော့ ၃၀%ပါ။

အေဘီ-အေဘီ (၉၀%)

အချင်းချင်း ကောင်းကောင်းနားလည်နိုင်တဲ ့အပြင် တဘက်သားကိုလည်း
အလေးအနက်ထားတတ်ကြပါတယ်။ အဆင်ပြေတဲ့ အတွဲလေးတစ်တွဲဖြစ်ပေမယ့် သူများတွေအမြင်မှာတော့
သိပ်ပြီး မထူးခြားလှတဲ့ အတွဲလေး တစ်တွဲပါ။ တပူးကပ်ကပ်နေတတ်တဲ့ အတွဲလေးလည်း ဖြစ်ပါတယ်။
နှစ်ယောက်စလုံးက စဉ်းစားဉာဏ်ရှိတဲ့အတွက် တဘက်သားရဲ့ စရိုက်သဘာဝတွေအားလုံးကို
နားလည်ပေးနိုင်သလို မကြိုက်တဲ့ အပြုအမူကို ရှောင်ကျဉ်ကြပါတယ်။ တခါတလေမှာတော့
အတွေးအခေါ်တွေ မတိုက်ဆိုင်တဲ့အခါလေးတွေလည ်းရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်
အပေးအယူမျှတဲ့ အတွဲဖြစ်တာကြောင့် ပျော်စရာကောင်းတဲ့ အတွဲလေးလည်း ဖြစ်ပါတယ်။

ဘီသွေးပိုင်ရှင်များအကြောင ်း

ဘီသွေးပိုင်ရှင်များကတော့ အရမ်းငယ်စဉ်မှာတော့ သွက်လက်ဖျက်လတ်ပြီး တက်တက်ကြွကြွနဲ့
လှုပ်ရှုားတတ်ပေမယ့် ကျောင်းစတတ်တဲ့ အရွယ်လောက်ကစပြီး ပတ်ဝန်းကျင်က လူတွေနဲ့
လိုက်လျောညီထွေအောင် မနေတတ်ဘဲ လေလွင့်နေတတ်ပြန်ပါသတဲ့… ဒါပေမယ့်
ကိုယ့်ကိုကိုယ်ယုံကြည်မှုရှ ိပြီ ဆိုရင်တော့ အားလုံးထက် ပိုပြီး ကြိုးကြိုးစားစားနေတတ်ကြတဲ ့ သူများဖြစ်လို့
ရှုံးနိမ့်မှုကို မကြောက်ဘဲ မပြတ်သော ဇွဲလုံ့လနဲ့သာ ဆက်လက်ပြီး ကြိုးစားပါ… ကိုယ်သဘောကျတဲ့
အလုပ်တစ်ခုတည်းမှာဘဲ အာရုံအားလုံးကို နှစ်မြုပ်ထားတတ်တဲ့ စတိုင်လ် ဖြစ်ပါတယ်… ဒါပေမယ့်
ပတ်ဝန်းကျင် အခြေအနေက မပေးခဲ့ဘူးဆိုရင်တော့ သိပ်မကြိုးစားတတ်ကြပါဘူးတဲ ့…
ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ဘီသွေးပိုင်ရှင်များဟာ သတ်မှတ်ထားတဲ့
ပုံစံအတိုင်း ဆက်ဆံရတာမျိုးကို မနှစ်သက်ကြပါဘူး… ကိုယ်နဲ့ သိပ် မခင်လှတဲ့ မိတ်ဆွေတွေနဲ့ အတူရှိတဲ့
အချိန်မှာတော့ ဟန်မပျက် အလိုက်တသင့် နေတတ်ကြသူများလည်း ဖြစ်ပါတယ်…
မျက်နှာခွဲခြားတတ်ပြီးတော့ တခြားသူတွေရဲ့ ရှေ့မှာ လူတတ်လုပ်ရတာမျိုးကိုလည်း
မနှစ်သက်တတ်ကြပါဘူး… ဘီသွေးပိုင်ရှင်များဟာ ပုံစံခွက်ထဲမှာ ချုပ်နှောင်ခံရတာမျိုးကို မုန်းပြီး
လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားရတာကို နှစ်သက်ကြပါတယ်တဲ့… ဒါပေမယ့် သတိပြုစရာ
တစ်ခုကတော့ လွတ်လပ်မှုကိုဘဲ အစဉ် တောင့်တနေခြင်းကြောင့် ပတ်ဝန်းကျင်က လူတွေကို
ဒုက္ခပေးတတ်တယ်ဆိုတာကိုပါဘဲ …

ဘီသွေးပိုင်ရှင်များရဲ့ သူများနဲ့မတူ တမူထူးခြားနေတာကတော့ လွတ်လပ်စွာ တွေးခေါ်တတ်တဲ့အပြင်
သူတပါးကို မှီခိုအားကိုနေရတာမျိုးကို မနှစ်သက်ကြပါဘူး… ကိုယ်အားကိုကိုးပြီး အလုပ်အားလုံးကို
ဆောင်ရွက်ချင်ကြပါတယ်… အလုပ်တစ်ခုကို လုပ်နေစဉ်မှာတောင် တခြားအလုပ်တစ်ခုကို တပြိုင်တည်း
ဆောင်ရွက်တတ်သူများလည်း ဖြစ်ပါတယ်… စည်းမျဉ်းစည်းကမ်းတွေကို သိပ် ဂရုမစိုက်တတ်လို့ ကိုယ့်ထက်
အငယ်တွေရဲ့ ချစ်ခင်မှုကို ခံရတတ်ပေမယ့် လူကြီးတွေဆီကတော့ ဆူပူကြိမ်းမောင်းတာကို
ခံရတတ်ပါတယ်… တခါ ဒေါသထွက်ပြီဆိုရင်လည်း အဖြူအမည်း မခွဲခြားနိုင်လောက်အောင်ပါဘဲတဲ့ …
ဒေါသပြေတဲ့ အခါမှ အခြေအနေတွေကို ပြန်ရှင်းပြပြီး နားလည်မှုကို ယူတတ်ကြတဲ့ စတိုင်လ်မျိုးပါတဲ့…
အမှားတစ်ခုကို လုပ်မိတယ် ဆိုရင်လည်း ကိုယ်လုပ်တဲ့ အမှားအတွက် တောင်းပန်ဘို့ ဝန်မလေးသူများလည်း
ဖြစ်ပါတယ်… တနည်းအားဖြင့် အတွင်းစိတ်ထား ပွင့်လင်းသူများ ဖြစ်ကြလို့ အထင်အလွဲခံရတာတို့ ရန်ညှိးတို့
မရှိတဲ့ သွေးပိုင်ရှင်များ ဖြစ်ပါတယ်။

ဘီသွေးပိုင်ရှင်နဲ့ လိုက်ဖက်မယ့်သူ

ဘီ-အေ (၂၀%)

ရှက်တတ်တဲ့ မိန်းကလေးမျိုးတွေကို ဘီသွေးယောင်္ကျားလေးများက နှစ်သက်ကြပါတယ်တဲ့။ ဘီသွေး
ယောင်္ကျားလေးများရဲ့ သွက်လက်ဖျတ်လတ်မှုနဲ့ အေသွေးမိန်းကလေးများရဲ့ နူးညံ့မှုကို
ပေါင်းစပ်လိုက်ရင်တော့ အရောင်လင်းလက်တဲ့ ချစ်သူတွေ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် နှစ်ယောက်တည်း
ရှိနေမယ်ဆိုရင်တော့ ပိုပြီး ရင်းနှီးနိုင်ပါတယ်။ ဒါပေမယ့် လိုက်ဖက်မှုကတော့ ၂၀%ပါ။

ဘီ-ဘီ (၆၅%)

ဘီသွေးယောင်္ကျားလေးနဲ့ ဘီသွေးမိန်းကလေး တွေ့ကြပြီ ဆိုရင်တော့ အချင်းချင်း နားလည်မှုရှိပြီး
လိုက်ဖက်ပါတယ်တဲ့။ ဒီစုံတွဲကတော့ အချင်းချင်း ပျော်ရွှင်တဲ့ သူငယ်ချင်းအနေနဲ့ သော်လည်းကောင်း၊
လိုက်ဖက်ညီတဲ့ စုံတွဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ချစ်သူအချင်းချင်း မပြောလောက်ဘူးလို့ ထင်နိုင်တဲ့
စကားကြမ်းကြမ်းတွေကို ပြောနေတတ်တဲ့ စုံတွဲတွေကို တွေ့ရင် ဘီသွေးစုံတွဲ ဖြစ်တာက များပါတယ်တဲ့။
ဘေးမှာရှိနေတဲ့ လူတွေက ဒီစုံတွဲကို ကြည့်ပြီး ရန်ဖြစ်တော့မယ်လို့ စိုးရိမ်ရလောက်တဲ့ အထိပါပဲ။
ဘီသွေးပိုင်ရှင်များက လွတ်လပ်မှုကို နှစ်သက်ပြီး ကိုယ်လုပ်ချင်တာကို လုပ်နေတတ်တဲ့ အတွက် ဒီအတွဲ
အဆင်ပြေဘို့ကတော့ တော်တော်ခက်ပါတယ်။ ရန်ဖြစ်ရင်းနဲ့ သံယောစဉ် ဖြစ်သွားနိုင်သလို အချင်းချင်း
စိတ်ဆင်းရဲမှုတွေ ပေးပြီး ပြီးသွားတတ်တဲ့ အခါတွေလည်း ရှိပါတယ်တဲ့။

ဘီ-အို (၈၀%)

တခါတလေတော့ ပြဿနာ အကြီးကြီး ဖြစ်တတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။ ပြဿနာ ဖြေရှင်းမှုလည်း
သိပ်မရှိပါဘူး။ ဒါပေမယ့် ဘီသွေးယောင်္ကျားလေးများရဲ့ တက်ကြွမှုနဲ့ အိုသွေးမိန်းကလေးများရဲ့
လှုပ်ရှားမှုကို ပေါင်းစပ်လိုက်မယ်ဆိုရင်တေ ာ့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ပါတယ်။
ဒါပေမယ့် အမြဲတမ်း တစ်ခုခုကို စိတ်ပူနေရတတ်ပါတယ်။ ဒီစုံတွဲရဲ့ တူညီချက်ကတော့ အမြဲတမ်း
ပွဲလမ်းသဘင်ကို သွားဘို့ စိတ်လှုပ်ရှားနေသလိုမျိုး အမြဲတမ်း စိတ်လှုပ်ရှားနေတယ်ဆိုတာပါပ ဲ။ ဒါကြောင့်
ဒီစုံတွဲ တွေ့ကြပြီဆိုရင်တော့ ကမ္ဘာမြေကြီး ပေါ်မှာ ရှိတဲ့ ပူပင်သောကမှန်သမျှကို မေ့ပြီး
ပျော်ရွှင်ဖွယ်ကောင်းတဲ့ အခြေအနေကို ဖန်တီးတတ်ကြပါတယ်။ တစ်ယောက်ကများ အကြံတစ်ခုလောက်
ပေးလိုက်ပြီဆိုရင် နောက်တစ်ယောက်က လက်ဝါးရိုက် လက်ခံတတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။

ဘီ-အေဘီ (၉၀%)

ဆန့်ကျင်ဘက် အဆုံးစွန် နှစ်ခု တွေ့ကြတာပါပဲ။ အချင်းချင်း လုံးဝကို မတူတဲ့ အတွက်
ပတ်ဝန်းကျင်ကလူတွေက အဆင်မပြေလောက်ဘူးလို့ ထင်ကြပေမယ့် တကယ်တော့ အရမ်းကို
အဆင်ပြေပြီး အချင်းချင်း နားလည်တတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။ အချင်းချင်း ပေါင်းစပ်လုပ်ကိုင်နိုင်တဲ ့
စွမ်းရည်လည်း မြင့်မားပြီး သူများတွေအမြင်မှာ ကြက်သီးထလောက်အောင် ကဲကြသဲကြတဲ့ အတွဲလည်း
ဖြစ်ပါတယ်။ မြေအောက်ရထားစီတဲ့အခါမှာပဲ ဖြစ်ဖြစ် ဘတ်စ် စီးတဲ့အခါမှာပဲ ဖြစ်ဖြစ် တပူးကပ်ကပ်နဲ့ နေတဲ့
အတွဲတွေက ဒီလို ဘီ-အေဘီသွေးပိုင်ရှင်များ ဖြစ်တတ်ကြပါတယ်။ ဘီသွေး ယောင်္ကျားလေးများကတော့
အေဘီသွေးပိုင်ရှင် မိန်းကလေးများနဲ့ အတူတူ ရှိတဲ့အခါမှာ အမြဲတမ်း ပျော်ရွှင်နေတတ်ပါတယ်။
ကိုယ်ကိုယ်တိုင်က ကြင်ကြင်နာနာနဲ့ မဆက်ဆံတတ်ပေမယ့် ချစ်သူလုပ်တဲ့ မိန်းကလေးက
ချွဲနွဲ့လိုက်ရင်တော့ ကြင်ကြင်နာနာပြန် ဆက်ဆံတတ်ကြတယ်။ အေဘီသွေးပိုင်ရှင် မိန်းကလေးတွေကတော့
အရမ်း ကြင်နာဖွဲ့နွဲ့ လွန်းတဲ့ ယောင်္ကျားများ၊ မနားမနေ စကားပြောတတ်တဲ့ ယောင်္ကျားများကို
သိပ်မကြိုက်လှပါဘူး။ ကိုယ်တိုင်ကသာ ယောင်္ကျားလုပ်သူကို စကား အဆက်မပြတ်ပြောချင်တတ်ပေမယ် ့
တဘက်သားက ပူညံပူညံ လုပ်တာကိုတော့ မကြိုက်ကြပါဘူးတဲ့။ ဒါပေမယ့် ဒီအတွဲက ဖြစ်နိုင်စွမ်း
အများဆုံးပါပဲ။

အေသွေးပိုင်ရှင်များအကြောင ်း

သွေးအမျိုးအစားကို လိုက်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားတွေကို ခန့်မှန်းလို့လည်း ရပါတယ်..ဒီနေ့တော့
သွေးအုပ်စု လေးမျိုးထဲက အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားများကို ဖော်ပြပေးလိုက်ပါတယ်..
အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ အောက်ပါအတို်င်းပါ.. ငယ်စဉ်ဘဝမှာတော့ သူတပါးကို
စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့… သူတပါးကို
နောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့… ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်က
စရိုက်သဘာဝများက တဖြည်းဖြည်း ပြောက်ကွယ်သွားပြီး သူများတကာတွေ အံ့အားသင့်လောက်အောင်
အေးဆေးတည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့… အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့်
အရာအားလုံးကို တာဝန်သိစွာ လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့… တခါတလေ ပတ်ဝန်းကျင်
အခြေအနေ မကောင်းတဲ့ အခါမှာ စိတ်လေလွင့်တတ်ပါတယ်တဲ့… အသစ်အဆန်းတွေကို
စမ်းသပ်လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း ကျင်လည်ရတာကို
နှစ်သက်သူများ ဖြစ်ကြပါတယ်… အလုပ်တစ်ခုကို လုပ်ပြီဆိုရင်လည်း အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက်
အဆင့်လိုက် တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ် ပါ… သပ်သပ်ရပ်ရပ် စေ့စေ့စပ်စပ်နဲ့
အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ… နေ့စဉ်နေ့တိုင်း လုပ်နေကြ အလုပ်တွေကိုပဲ
လုပ်နေတတ်လို့ အသစ်အဆန်းကို မရှိဘူးလို့ အပြောခံရတာကိုလည်း ခံရတတ်ပါတယ်… ဒါ့အပြင် ဘယ်လို
အခြေအနေမျိုး မဆို ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ ပြတ်သားလွန်းတာကြောင့်
မာဆတ်ဆတ်နိုင်တယ်… ဘုကြတယ် ဆိုပြီး အပြောခံရတာမျိုးလည်း ရှိနိုင်ပါတယ်…
အေသွေးပိုင်ရှင်များရဲ့ သူများနဲ့ မတူ ထူးခြားချက်ကတော့ တနေ့တာအတွင်း ပေါ်ပေါက် ရင်ဆိုင်ရတဲ့ အလုပ်
မှန်သမျှကို စနစ်တကျ ဆောင်ရွက်တတ်ပေမယ့် စိတ်ရှုတ်လွယ်တဲ့ လူမျိုးတွေပါတဲ့… ကိုယ်နဲ့ ဆက်ဆံနေတဲ့
လူတွေကို နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး သူတပါကို ပျော်ရွှင်မှုပေးချင်ကြသူမျာ း ဖြစ်ပါတယ်…
တခါတလေမှာတော့ သူများကို မယုံမကြည် ဖြစ်တတ်လို့ ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှ
မပြောဘဲလည်း နေတတ်ပါသတဲ့… ဒီလို မယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့
ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာ တစ်ချပ်ချထားပြီး ဆက်ဆံတတ်ကြပါတယ်တဲ့… ဒီသဘာဝလေးကတော့
သူတို့ရဲ့ မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့… ဘဝရဲ့ အနှစ်သာရကို တစ်နေရာမှာဘဲ မရှာဘဲ
အားလပ်ရက်ကိုလည်း ခုံမင်တတ်ပါတယ်တဲ့… အားလပ်တဲ့ အခါမှာ လျှောက်လည်ရတာကိုလည်း
နှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့ စရိတ်ကိုလည်း မနှမျောပါဘူးတဲ့… တစ်ယောက်တည်း သီးသန့်
ကမာ္ဘလေးကို တည်ဆောက်ချင်သူများ ဖြစ်ပါတယ်… အထက်လူကြီးရဲ့ အဆူခံရတာမျိုးကို ခံပြီးပြီဆိုရင်
မေ့လို့ မရဘဲ စိတ်ထဲမှာ သိမ်းထားတတ်တာကြောင့် စိတ်ဖိစီးမှုများရှိနေတတ်ပါတယ်.. .
ဒေါသထွက်တဲ့အခါမှာလည်း ဒေါသကို ဖော်ပြလေ့မရှိတာကြောင့် စိတ်ဖိစီးမှု ပိုများတာ ဖြစ်ပါတယ်…
စိတ်ဖိစီးမှုတွေများနေတာကြေ ာင့် စိတ်ဓါတ်ကျနေရတဲ့ နေရက်တွေလည်း ရှိတတ်ပါတယ်တဲ့… ဒါကြောင့်မို့
စိတ်ထဲက မကြေနပ်ချက်လေးတွေကို တခါတလေ ဖော်ပြဘို့ လိုပါတယ်..
ဒီကနေ့ ဖော်ပြပေးလိုက်တာကတော့ အေသွေးပိုင်ရှင်များရဲ့ စရိုက်သဘာဝများဘဲ ဖြစ်ပါတယ်…
ကျွန်တော်နဲ့ ကျွန်မက စံ ဇာဏီဘို မဟုတ်ပေမယ့် စိတ်နှလုံး အပန်းဖြေနိုင်ရန် အတွက်
ဖော်ပြပေးလိုက်ပါတယ်… နောက်နေ့ နောက်နေ့တွေမှာတော့ ကျန်နေသေးတဲ့ သွေးအုပ်စုများ အကြောင်းကို
ဆက်လက် တင်ပြသွားပါဦးမည်…

အေသွေးပိုင်ရှင် နှင့်လိုက်ဖက်မည့်သူ .

အေ-အေ (၇၀%)

အေသွေးယောင်္ကျားနဲ့ အေသွေးမိန်းမရဲ့ လိုက်ဖက်ညီ သဘောတွေ့နိုင်တဲ့ ရာခိုင်နှုန်းကတော့ ၇၀%
ဖြစ်ပါတယ်။ ပထမဆုံး စတွေ့တဲ့ အခါမှာတော့ တစ်ယောက်နဲ့ တစ်ယောက် သဘော မတွေ့မှုလေးတွေ
ရှိနေတတ်ပါတယ်။ ဒါပေမယ့် တစ်ယောက်ကို တစ်ယောက် နားလည်မှု ရသွားပြီဆိုရင်တော့ ခွဲထားလို့ကို
မရလောက်အောင် ရင်းနှီးသွားတတ်ပါတယ်။ အကြိုက်ကလည်း တူသလို သူများတွေအမြင်မှာလည်း
အဆင်ပြေတဲ့ အတွဲလို့ မြင်စေပါတယ်။ အကယ်၍ ချစ်ခင်စုံမက်လို့ လက်ထပ်ချင်တာကို မိဘတွေက
သဘောမတူတာမျိုး ရှိခဲ့မယ်ဆိုရင် တောထဲ တောင်ထဲက ဘုန်းကြီးကျောင်းသွားပြီး နှစ်ယောက်ထဲ
လက်ထပ်ရဲတဲ့ စိတ်ဓါတ်လည်း ရှိကြပါတယ်။ အေသွေးအချင်းချင်းရဲ့ တွေ့ဆုံခြင်းကတော့ စိတ်အချရဆုံးနဲ့
နှစ်ဦးခြားမှာ ရှိတဲ့ ချစ်ခြင်းမေတ္တာကိုလည်း ကြာရှည် ထိမ်းထားနိုင်ပါတယ်။ တစ်ခုပဲ သတိထားစရာ
လိုပါတယ်။ တစ်ယောက်ရဲ့ အကြောင်းကို တစ်ယောက်က စပ်စုလွန်းလို့ မကြေနပ်မှုလေးတွေ
ဖြစ်နိုင်လို့ပါပဲ။ အေးသွေးပိုင်ရှင် မိန်းကလေးတွေကတော့ တစ်ခါ ချစ်ပြီဆိုရင် ဘယ်တော့မှ
မပြောင်းလဲတတ်တဲ့ စတိုင်လ်မျိုးလည်း ဖြစ်ပါတယ်။ ဒီလို အေသွေးပိုင်ရှင် အချင်းချင်း ချစ်မိပြီဆိုရင်တော့
သန့်ရှင်းဖြူစင်တဲ့ အချစ်ကို ရမှာ အသေချာပါဘဲ။

အေ-ဘီ (၂၅%)

အေးသွေးနဲ့ ဘီသွေးတွေ့ပြီဆိုရင်တော့ တစ်ဘက်သတ် အချစ်က ပိုများပါတယ်။ အကယ်၍ အေသွေး
ယောင်္ကျားက ဘီသွေးမိန်းမကို ဇနီးအနေရဲ့ ရထားတယ်ဆိုရင်တော့ အဲဒီ့ ယောင်္ကျားဟာ အမြဲတမ်း
စိတ်အပူအပင်မရှိဘဲ နေထိုင်သွားလို့ ရပါတယ်။ အကယ်၍ ယောင်္ကျားက ဘီသွေးဆိုရင်တော့ ဇနီးသည်ကို
ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ ဆက်ဆံတတ်ပြီး အားလုံးကို နားလည်ပေးနိုင်ပါတယ်။ အေသွေး
ယောင်္ကျားများကို ကြည့်ရင် အမြဲတမ်းလိုလို တွေ့နိုင်တဲ့ အေးစက်တည်ငြိမ်မှု အတွေးနက်နဲတဲ့ ပုံစံတွေက
အမြဲတမ်း ပျာယာခတ်နေတတ်တဲ့ ဘီသွေး မိန်းကလေးများရဲ့ စိတ်ကို ညှို့ယူနိုင်ပါတယ်။ ဒါပေမယ့်
လိုက်ဖက်ညီမှုကတော့ ၂၅%ပဲ ရှိပါတယ်။

အေ-အို (၉၀%)

အိုသွေးပိုင်ရှင်မိန်းကလေးများရ ဲ့ ပွင့်လင်းတဲ့ အကျင့်နဲ့ အေသွေးပိုင်ရှင်အမျိုးသားများရဲ ့ စေ့စပ်သေချာတဲ့
အကျင့်ကို ပေါင်းစပ်လိုက်ရင်တော့ တော်တော်ကို လိုက်ဖက်ညီတဲ့ အတွဲလေး ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့်
တခါတလေမှာတော့ အိုသွေးများရင့် ပွင့်လင်းမှု၊ တက်ကြွမှုတွေက အေသွေးများရဲ့ အရောင်ကို
ဖုံးသွားတတ်တဲ့ အခါလည်း ရှိပါတယ်။ အေသွေးများ ပိုပြီး သဘောထားကြီးဘို့တော့ လိုပါတယ်။
တခါတလေမှာ အေသွေးပိုင်ရှင်များက အိုသွေးပိုင်ရှင် လက်တွဲဖော်ကို အရမ်း သွက်လက်လွန်းတယ်လို့
ထင်တတ်ကြပါတယ်။ ဒါပေမယ့် နှစ်ယောက်လုံး အေးစက်နေတာထက်စာရင် ဒီလို အတွဲလေးက ပိုပြီး
သင့်တော်ပါတယ်တဲ့။

အေ-အေဘီ (၅၀%)

အမြဲတမ်း အံ့ဩစရာတွေနဲ့ ထူးဆန်းစရာတွေနဲ့ ပြည့်နေတတ်တဲ့ အေဘီသွေးပိုင်ရှင်မိန်းကလေ းတွေက
အေသွေးပိုင်ရှင် ယောင်္ကျားလေးများရဲ့ စိတ်ကို ပိုပြီးလွယ်လွယ်နဲ့ ချဉ်းကပ်နိုင်သူများ ဖြစ်ပါတယ်။
အကြောင်းရင်းကတော့ အေဘီသွေးပိုင်ရှင် မိန်းကလေးများရဲ့ အမြင်မှာ အေသွေး ယောင်္ကျားလေးများဟာ
ယုံကြည်စရာကောင်းပြီး သဘောကောင်းတယ်လို့ မြင်နေလို့ပါပဲ။ အေဘီသွေးရဲ့ ထူးခြား ဆန်းကြယ်မှုကို
အေသွေးပိုင်ရှင်များက နားလည် လက်ခံနိုင်တာကြောင့် အချင်းချင်း ရင်းနှီးမှု ပိုများတတ်ပါတယ်။
တခါတလေမှာတော့ မီးနဲ့ တူတဲ့ အချစ်နဲ့ တွေ့ရတတ်ပါတယ်။ အေဘီသွေးပိုင်ရှင် မိန်းကလေးများက
အေးဆေးပြီး ပုံမှန်နေတတ်တဲ့ ယောင်္ကျားများထက် ခေတ်ဆန်ပြီး သတ်သတ်ရပ်ရပ် ထက်ထက်မျက်မျက်
ရှိတဲ့ ယောင်္ကျားမျိုးကို ပိုပြီး နှစ်သက်ကြပါတယ်။ ဒါကြောင့်မို့လည်း ဒီလို အချက်တွေကို ပိုင်ဆိုင်ထားတဲ့
အေသွေးပိုင်ရှင်များနဲ့ ပိုပြီး ရင်းနှီးနိုင်တဲ့ အခြေအနေကများတာပါတဲ့။ ဒါပေမယ့်လည်း လိုက်ဖက်မှု
ရာခိုင်နှုန်းကတော့ ၅၀%ပါ။

 

အဖြေကိုတော့ နောက်မှပြောပြတော့မယ်နော် ….

3 comments

  • ရွှေအိမ်စည်

    October 30, 2012 at 8:06 am

    ဗေဒင်(ရ။ပဟေဠိချစ်သူများအတွက်)http://www.facebook.com/events/286269444808345/

    ဗေဒင်တွေကြိုက်ရင်လေ ့လာနိုင်အောင်ပါ ကျနော်လင့်တွေ ချိတ်ထားပေးတယ်…ဖေ ့ဘုတ်သုံးရင်လိုတာယူနိုင်ပါတယ်။

  • သီဟသူရ တိမ်မည်း (ခေတ္တ-ရန်ကုန်)

    October 30, 2012 at 1:32 pm

    ဖြေတုန်းကဖြေခိုင်းပီး နောက်မှပြောမယ်တဲ့………..
    လိုက်ရှာလိုက်ရတာ အဖြေကိုး………
    လူဇိုး……….

  • မမလေး

    November 8, 2012 at 12:49 am

    ဟီးဟီး … မဟုတ်ရင် အဖြေကို အရင်ကြည့်မိရင် မမှန်မှာစိုးလို့ပါ သီဟသူရ တိမ်မည်းရ

Leave a Reply