တဖတ်သတ်ချစ်သူ အနှစ်ချုပ်

မမေလးOctober 30, 20122min902

တဖတ်သတ်ချစ်သူ

တဖတ်သတ်ဆိုလို့အထင်သေးမသွားပါနဲ့ချစ်သူ….
မင်းချစ်သူမင်းကိုဘယ်လောက်ချစ်လဲ….
မင်းချစ်သူထက်အစပေါင်းများစွါ…ငါပိုချစ်တယ်
မင်းရဲ့ခေါ်သဇင်လို တော်မဝင်ပေမယ့်…
ငါဆိုတဲ့စပယ်ဟာ မင်းအတွက်ထာဝရဖြူစင်နေမယ်ဆိုတာမင်းယုံပါ…….

______________________________________________________________

၁မိနစ်ကို ၆၁ခါ ငါလွမ်းတယ်
မြင့်မိုရ်တောင်ထက် ၁လက်မပိုတဲ့ အကြင်နာတွေနဲ့
ကောင်ကလေးရယ် …………
မင်းကို ထာဝရထက် ၁ရက်ပိုချစ်တယ်

______________________________________________________________

အချိန်ရတိုင်း အမြဲလာချင်နေခဲ့တယ် ပုံရိပ်လေးတွေထင်ဟပ်နေဆဲမို့………

လွန်ခဲ့သောအချိန်နာရီတွေဆီကို တစ်ကြော့ပြန် လွမ်းစွတ်တမ်းတမိတယ်…….

သတိရတိုင်း online ကို အပြေးကလေးလာမိတယ်…..

အားတင်းခဲ့တဲစိတ်တွေ offlineမြင်ကွင်းကြောင့်ဝမ်းနည်းသလိုလိုနဲ့……

ကောင်လေးရယ် ..ဘယ်မှာလဲလို့တိုးတိုးလေးငြီးတွားမိတယ်…..

______________________________________________________________

မတွေ့ရတာကြာပေမယ့် မေ့ခဲ့ပါဘုူးနော်
သူရော ဒီအချိန်ဆို ဘယ်သူနဲ့ပျော်နေပြီလဲ
ငါ နင့်ကို လွမ်းနေပေမယ့် ကြောက်နေတယ်
L ဆိုင်းဇီ သီချင်းလိုပဲ တိတ်တိတ်လေးပဲ . . . .

______________________________________________________________

သူငယ်ချင်းလေးရေ…….

နှလုံးသားရဲ့ဆန္ဒ

ဖွင့်ဟခွင့်မရှိုလို့

ကြိတ်မှိတ်ခံစား

တိတ်တခိုးစကားတွေ

ကြားစေချင်တယ်

မျှော်လင့်တဲ့စိတ်

အိပ်လို့မပျော်

ရမ်းရော်တမ်းတ

စွဲလန်းရသူ

ရင်အပူကို

သူငယ်ချင်းသူ သိနိုး

တိတ်တခိုးပဲ

ကြိတ်မှိတ်ဖြေသိမ့်

လွမ်းတဲ့စိတ်ကို

ဘယ်လိုဖြေဖျောက်

မေ့ဖျောက်ခက်ခဲ

ရင်ထဲကသာ

ဘယ်သောခါမှ

နားလည်မျှော်လင့်

ပျော်ခွင့်ပြုပါ သူငယ်ချင်းလေးရေ … …….

___________________________________________
ကျောင်းသားတွေ ဆုံရာ
တို့ ကျောင်းမှာ
ငါ မင်းကို တွေ ့ရှိ
ရင်ထဲ ရောက်အောင် ထိသွားတယ်
နင် သွားနေကျ အအေးဆိုင်
ပြန်နေကျလမ်း
နင်းဖြတ်ခဲ့သမျှ နေရာတိုင်း
ငါ မှိုင်းမိသလို မင်းပုံရိပ် ကိုပဲ
မြင်ယောင်နေတယ်
တိတ်တခိုး ငေးကြည် ့
မျက်လုံးချင်း ဆုံမိရင်တော့
သူကပြုံး ကိုယ်လည်းပြုံး
တစ်ကယ်တော့ ကိုယ့်အတွေးနဲ့ ကိုယ်
ကြည်နုူးနေ ခဲ့မိတယ်
နွေတစ်ခါ ကျောင်းတွေပိတ်ရာ
လွမ်းလွန်းကာ မနေနိုင်ဘဲ
သိက္ခာနဲ ့ ချစ်ခြင်း
အပြိုင် စစ်ခင်းပြီး
အကြောင်းရှာ ကာ ဖုန်းဆက်
ကောင်မလေးရဲ ့
တစ်ဖက်သတ်……..
_________________________________________________

သူငယ်ချင်းရေ
ငါကစည်းမစောင့်နိုင်တဲ့သူ
အဖြူရောင်တံတိုင်းကိုချိုးဖျက်ဖို့
အိမ်မက်တွေကိုခိုးဝှက်လို့နေတဲ့သူ
ရိုးသားခြင်းကိုဘန်းပြ
နွမ်းလျနေတဲ့ထိန်းချုပ်မှုတွေကြား
အုံ့ပုန်းချစ်တွေတိုးပွားနေတဲ့ကောင်
အယောင်ဆောင်ခင်မင်မှုတွေကိုဖယ်ချ
ငါ့စိတ်ကိုခွာပြ လိုက်ချင်ပြီ
မင်းတားထားတဲ့စည်းကိုကျော်ဖို့
အခါခါကြိုးစားလို့နေရင်း
ရိုးသားခြင်းတွေရှားပါးလာပြီ
နှစ်ရှည်လများကြိတ်မှိတ်
အိမ်မက်တွေကိုပဲတိတ်တဆိတ်မျိုချ
မင်းကိုတော့မသိစေရဘူး
သည်လိုအဖြစ်တွေနဲ့ရူးနေရလို့
ဟန်လုပ်နေတဲ့သူငယ်ချင်းအဖြစ်ကိုချိုးဖျက်
အဖြူရောင်တံတိုင်းတစ်ဖက် ကိုလာပါရစေ …

___________________________________________
ချစ်သူ……

အိပ်မက်တွေပေး

အိပ်ရေးတွေခိုး

တစ်ရေးနိုးတိုင်း

မင်းရဲ့မျက်နှာ

စိတ်မှာစွဲထင်

ရင်ခုန်သံတွေ

စည်းချက်ညီကာ

ခုန်နေသော်လည်း

သူ့ရင်ဘယ်သို့ရှိမည်

ကိုယ်မသိပြီ

တိတ်တခိုးမို့

စိုးလှသည်……..

___________________________________________

ကောင်လေးတစ်ယောက်ကိုချစ်မိတဲ့အခါ…
သူနဲ့ဆုံတိုင်း
လှုပ်ရှားတတ်တဲ့ရင်ခုန်သံတွေက
တစ်မိနစ်ကို (၇၂)ကြိမ်ထက်ပိုတယ်။

ကောင်လေးတစ်ယောက်ကိုချစ်မိတဲ့အခါ…
နှစ်သက်ခဲ့ဖူးတဲ့အချစ်သီချင်းတွေတောင်
သူပြောတဲ့မုသားတွေလောက်
နားဝင်မချိုတတ်ခဲ့။

ကောင်လေးတစ်ယောက်ကိုချစ်မိတဲ့အခါ…
အချိန်နဲ့အမျှရှင်သန်နေတဲ့
အတွေးတိုင်းကို
သူသာအပိုင်ယူသိမ်းပိုက်တတ်တယ်။

ကောင်လေးတစ်ယောက်ကိုချစ်မိတဲ့အခါ…
လွမ်းလို့သွန်းဖြိုးမျက်ရည်မိုးက
စနေမှာရွာတဲ့မိုးထက်
ပိုပြီးသည်းတယ်။

ကောင်လေးတစ်ယောက်ကိုချစ်မိတဲ့အခါ…
ဒဏ်ရာဆိုတာခါးသီးပေမယ့်
နာကျင်ခြင်းတွေကိုပဲ
ကျေနပ်နေတတ်တယ်။

ကောင်လေးတစ်ယောက်ကိုချစ်မိတဲ့အတွက်
ငါလည်း…..အိပ်ဆေးမတိုးတော့တဲ့မျက်လုံးတွေနဲ့
ယဉ်ယဉ်လေးရူးတတ်ခဲ့တယ်။

___________________________________________

2 comments

  • ဦးကြောင်ကြီး

    October 30, 2012 at 7:03 am

    ဂေါင်ဇူးလေး ကိုယ်ပိုင်စာ ကိုယ်ပိုင်အတွေး ကိုယ်ပိုင်အရေးအသားလေးတွေ တင်ပါလားကွယ်။ ကော်ပီ၊ ပေ့စ်ဆိုတာ ရံဖန်ရံခါ လူတွေသိပ်ဖတ်ဖို့လိုတဲ့ စာမျိုးပဲ ကောင်းတယ်ကွဲ့။ မန်းလေးဂေဇက်မူနဲ့ ငြိနေလို့ပါကွယ်။ ဦးကြောင်ကို စိတ်မဆိုးပါနဲ့၊ ဂေါင်ဇူးလေး စာရေးချာမဂျီး ဖြစ်စေချင်တဲ့ စေတဏှာနဲ့ပါ။ ဂေါင်ဇူးလေးရဲ့ခြစ်ခြစ် ဦးကြောင်ကြီး :harr:

  • မမလေး

    November 8, 2012 at 12:51 am

    ကျေးဇူးတင်ပါတယ် … ၂၀၀၉ တုန်းက စုထားတာလေးဆိုတော့ မေ့နေလောက်ပြီထင်လို့ပါ 🙂

Leave a Reply