ဒုတိယကြိမ်မြောက်မန်းဂဇတ်သို ့သီတင်းကျွတ်ကန်တော့ပန်း

ရွှေအိမ်စည်October 30, 20124min1335

[ Please click me tender ]

တိုးတက်လာတဲ့ နည်းပညာတွေရဲ့ အစွမ်းကြောင့် … ကမ္ဘာတဘက်ခြမ်းစီမှာနေကြတဲ့ မိသားစုတွေ စုံစုံညီညီ စကားစမြည် ပြောနိုင်ခဲ့တယ်။ မိဘနှစ်ပါးရဲ့ ဆိုဆုံးမစကားတွေ ကြားနိုင်ခဲ့တယ်။

အခုမိဘနဲ ့အနေဝေးပေမယ့် မိဘသဖွယ်စိတ်ထဲ ရှိတဲ ့မန်းဂဇတ် ကရွာသူရွာသားတွေ ရဲ့သီတင်းကျွတ်မှာ…ဒုတိယအကြိမ်ကျမ လာရောက်ဂါရဝပြုကန်တော့ပါတယ်..။

မိတ်ဆွေများအားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံသောနံနက်ခင်းပါ

သာသနာတော်သက္ကရာဇ်၂၅၅၆- ခုနှစ်၊မြန်မာနှစ် ၁၃၇၄- ခု၊သီတင်းကျွတ်

လပြည့် " အဘိဓမ္မာအခါတော်နေ့ " ဖြစ်သည်နှင့်အညီ နံနက်ခင်းအိပ်ယာမှ

နိုးထသည့်အချိန်တွင် ရွေတိဂုံ စေတီတော်မြတ်ကြီး၏ ပုံတော် အားဖူးမျော်

ကန်တော့ရင်း-- မိတ်ဆွေများအားလုံး ယနေ့သီတင်းလပြည့်နေ့အခါသာမယ

တွင် ဘေးဘယာဝေးကွာပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့

နှင့်ပြည့်စုံကာ လိုရာဆန္ဒ များ ဘဝနှင့် တထပ်တည်းကြနိုင်ကြပါစေကြောင်း

ဆုမွန်ကောင်းတောင်းအပ်ပါသည်--

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေ

ကန်တော့ရတဲ ့အကြောင်းရင်းတော်တော်များများ ကျမသိထားပေမဲ ့…ဒီနှစ်တွင်းမှ ကျမသိရတဲ ့အသိလေးတစ်ခုဝေမျှပါတယ်.

{{{ဇဋိလသူဋ္ဌေးသည် ပန်းတိမ်သည်ဘဝက ဘုရားကို ပြစ်မှားပြောဆိုမိ၍ ရေမျှောခံရသည်-ဟု ဆိုပါသည်၊ ထိုပြစ်မှားမှုကို ရွှေပန်းခိုင်ပြုလုပ်၍ ကန်တော့သည်ဟုလည်း ဆိုပါသည်၊ သို့ပါလျက် ခုနစ်ဘဝတိုင် ရေမျှောခံရသည်မှာ ကန်တော့လျက် မကြေ၊ မပြေ ဖြစ်ခြင်းပါလားဘုရား၊ ကန်တော့ရာ၌ စိုသောအဝတ်ဆံပင်တို့ဖြင့် ကန်တော့သည်ဟု ဆိုခြင်းမှာ အဘယ့်ကြောင့်ပါနည်းဘုရား၊
ထို့ပြင် ယခုခေတ်၌ မိဘဆရာသမားတို့အား ပြစ်မှားမိက ဓာတ်ပုံများကို ကန်တော့ခြင်းဖြင့် ပျောက်ကင်းနိုင်ပါသလားဘုရား။
( မာလာ-ရန်ကုန် )

( ဖြေ )
ဇဋိလသူဋ္ဌေးသည် ပန်းတိမ်သည်ဘဝက ကဿပမြတ်စွာဘုရား ဓာတ်တော်စေတီတည်ရာ၌ ဇနီးနှင့်စိတ်ဆိုးခိုက် အလှူခံလာသော ရဟန္တာမြတ်အား သည်ဘုရားကို ရေမှာသာ မျှောပစ်လိုက်ပါ-ဟု ဝစီကံဖြင့် ပြစ်မှားပြောဆိုမိသည်၊ ထိုအတွက် သတိရ၍ ရွှေပန်းခိုင်ပြုလုပ်၍ ကန်တော့သည်။ ကန်တော့၍ အပါယ်ဒုဂ္ဂတိဘေးမှ လွတ်ကင်းရလေသည်၊ သို့သော် မြွက်မိသော ဝစီကံပြစ်မှုကြောင့် ခုနစ်ဘဝတိုင်အောင် မွေးစ၌ ရေမျှောခံရသည်။

ကန်တော့ရာ၌ စိုသောအဝတ်၊ စိုသော ဆံပင်တို့ဖြင့် ကန်တော့သည်ဆိုရာ၌ တန်းတူအနေဖြင့် မဟုတ်ဘဲ အလွန်နိမ့်ချသော နိဝါတတရားကို သရုပ်ဖော်၍ ကန်တော့ခြင်းမျိုး ဖြစ်ကြောင်း မှတ်သားရဖူးပါသည်။

မိဘဆရာသမားတို့အား ပြစ်မှားမိလျှင် သက်ရှိထင်ရှားရှိက မိဘ ဆရာသမားတို့အား သွားရောက်ရှိခိုး၍ မိမိပြုမိ၊ ပြောမိသည်တို့ကို ကျေနပ်ရန် နှုတ်မြွက်ခွင့်ပန် ကန်တော့ရမည်ဖြစ်ပြီး သက်ရှိထင်ရှား မရှိတော့က မြေပုံ သချႋုင်း အရိုးဂူစသည်တို့၌ ကန်တော့ရမည်ဖြစ်ကြောင်း ဆိုပါသည်၊ ခေတ်အားလျော်စွာ ဆရာမိဘ ဓာတ်ပုံတို့ကို ကန်တော့ခြင်းမှာလည်း အပြစ်ကင်းစင်ကြောင်း ကောင်းသောအပြုအမူပင် ဖြစ်ပါသည်။}}}

ကျမတို ့ငယ်စဉ်က ကန်တော့ခါနီး..သတိမပြုမိတာလေးပါ….။ဘာသာအယူဝါဒတွေ ကလည်း..စိတ်က ယုံကြည်မှကိုးကွယ်လိုက်နာတာအကောင်းဆုံးပါဘဲမဟုတ်ပါလား…။

အမရွှေအိမ်စည်ရေရရရရ… လာလည်သွားပါတယ်နော်… ပျော်ရွှင်ပါစေ…

အခုကျမထက်ငယ်ရွယ်သူတွေ ဆီကရိုးသားမှုတွေကိုရှာဖွေ ကျမထက်ကြီးသူများထံ မှကျမ မှာမရှိသေးတဲ ့အတုယူဂုဏ်ပြုစရာပြန်လည်ရှာဖွေရင်းဒုတိယအကြိမ်မန်းဂဇတ်ကို ဂါရဝပြုကန်တော့ပန်းဆင်လိုက်ပါတယ်။

ဒါကြောင့်

ကျမ ကိုချစ်သော..

ကျမ ချစ်သော

ကျမ ကို မချစ်သော…

ကျမ ဘယ်လို ့မှမနေသော..ဂေဇတ်ရွာသူရွာသားအပေါင်းအပေါ်မြင်ခြင်း၊ကြားခြင်း၊ယုံမှားသံသယဖြစ်ခြင်း နှင့် အပြစ်ကိုထောက်ပြဆုံးမနိုင်ကြောင်း၊ ကျမကလည်းအပြစ်ရှိပါက ပြုပြင်ပါမည်လိုက်နာပါမည်ဖြစ်ကြောင်း။

ကျမတွင်လည်းအပြစ်ကြီးငယ်ရှိပါက ခွင့်လွှတ်ပါရန်…ဒုတိယကြိမ်မြောက်သီးတင်းကျွတ်ကန်တော့လိုက်ပါသည်…။

ချစ်စရာမြန်မာ့ဓလေ့ သီးတင်းကျွတ်မှသည် ရတနာပုံနေပြည်တော်သတင်းစာ ဆထက်ပိုမိုတိုးတက်ပါစေရန်

အဖက်ဖက်မှ တာဝန်ယူဆောင်ရွက်ပေးနေပါသော…သူကြီးနှင့် တာဝန်ရှိသူများ

့ဂေဇတ်မှာပါဝင်ရေးသားနေသောအဖွဲ ့သူအဖွဲ ့သားအပေါင်း…

အချင်းချင်း ညီညွတ်စွာ ရိုင်းပင်းကူညီ ဂေဇတ်အကျိုး ဆထက်သယ်ပိုးနိုင်ကြပါစေ။

ဂေဇတ်(ရတနာပုံနေပြည်တော်သတင်းစာ)ကောင်းသတင်းနဲ ့ထာဝစဉ်မွေးပျံနေပါစေကြောင်း

စိတ်ဧ။်နှစ်ဖြာ ကျန်းမားခြင်း ချမ်းသားခြင်းပြည့်စုံကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါသည်။

ချစ်ခင်လေးစားသော

ရွှေအိမ်စည်

5 comments

• ကိုခင်ခ

October 30, 2012 at 9:14 am

တောင်းပေးသောဆုများ ပြည့်ရပါစေဗျာ။

• surmi

October 30, 2012 at 9:32 am

အသက်အားဖြင် ့မသိသော်လည်း ဂဇက်ဝါအားဖြင် ့ကြီးသော ရွှေအိမ်စည်လည်း ဆန္ဒနဲ ့ဘဝ တစ်ထပ်တည်းကျ၍
ကျန်းမာပျော်ရွှင်ပါစေကြောင်း

• padonmar

October 30, 2012 at 11:48 am

လှလိုက်တဲ့ မီးပုံးလေးတွေ။
ကျေးကျေးပါ ရွှေအိမ်စည်။
ရွှင်လန်းချမ်းမြေ့ပါစေ။
စာပေဒါနတွေလည်း ဆက်လှူနိုင်ပါစေ။

• P chogyi

October 31, 2012 at 2:43 pm

လူကြီးသူမများကို ရိုသေလေးစားသော
အပြုအမူကြောင့် ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာရှိပါစေ။
(ဖယောင်းတိုင်မီးတွေငြိမ်းလိုက်ဦး၊ ရွာထဲမီးလန့်နေဦးမယ်)။

• ရွှေ ကြည်

October 31, 2012 at 3:44 pm

ကန်တော့ရခြင်းအကြောင်းလေးဖတ်ရတာဝမ်းသာပါတယ် မရွှေအိမ်စည်ရေ။
ဓါတ်ပုံလေးတွေဝေဝေဆာဆာနဲ့ကြည်နူးစရာလေးပါပဲ။

Leave a Reply