သီတင်းကျွတ်မှာ ကျွတ်ဖို့ တိုက်တွန်းသူတွေကော

မကျွတ်ဖို့ တိုက်တွန်းသူတွေကော

မျှားနတ်မှောင် ပွဲဇား အောင်သွယ်တွေကော

တောင်းပန်ပါတယ်ဆိုပြီးမုန့် ဖိုးလာတောင်းကြတဲ့ ရွှေကျိတို့  အလင်းစပ်တို့  အူးပေတို့ ကော

ပြီးတော့..

ရေခွက်နဲ့ ပက်ပြီးတောင်းပန်တဲ့အူးခင်ခတို့

နှစ်ခါပြန်တောင်းပန်တဲ့  ရွှေအိမ်စိတို့ .

သီတင်းကျွတ်အကြောင်း ရှင်းပြတဲ့ ဘဲအုတို့ 

ဘုရားဖူလိုက်ပို့ တဲ့အူးပေါက်တို့ 

စသဖြင့် ရွာထဲ ရွာပြင်ရှိ

ကြီးသော

ငယ်သော

ကြီးကြီးသေးသေးပဲကော

တန်းတူတန်းကော

အဆိုပါ အစားစားသော လူတန်းစားတို့ အား အကျွန်ုပ် အူးဗိုက်မှ ကံသုံးပါးတို့ ဖြင့် ပြစ်မှားလွန်ကျူးမိခဲ့သည်ရှိသော်

အပြစ်တို့ အား သည်းခံခွင့်လွှတ်ပေးတော်မူကြပါကုန်။

ကျွန်ုပ်သူဒေါ်ဂေါင်းအူးဗိုက်အား ကံသုံးပါတို့ ဖြင့် ပြစ်မှားခဲ့သူအပေါင်းတို့ အားလည်း အူးဗိုက်မှ ကျေအေးခွင့်လွှတ်ပါသည်လေ..ရောက်ရာအရပ်က အမြန်ပြန်လာပါ..အဲလေ..သင်တို့ အပြစ်တွေ ဗွေမယူပါခင်ဗျား။

 

လောလောဆယ်..

ရွာသူကြီး အူးခိုင်အား ကိတ်မုန့် ပေါင်မုန့် ဟန်ဘာဂါ စမူဆာ အီကြာကွေး ထောပတ် ဘိန်းမုန့် ၊

မုန့် လင်မယား၊ ဘလက်လေဘယလ် ရဒ်လေဘယ်လ် ချီးဖတ် ဗော့ဒ်ကာ ဖာလူဒါ စသဖြင့် စားဖွယ်ဘောဇဉ် အမျိုးမျိုးဖြင့် ကန်တော့ပန်းဆင်ရန်

ရွာသူားများထံမှ ကောက်ခံခဲ့သော ကောက်ခံရရှိငွေ သုံးဆယ့်ခုနစ်ရှစ်သိန်းအား ရာအိမ်မူး အူးဗိုက်မှ ကေတီဗွီ မာဆတ် နိုက်ကလပ် ၌ ဘီအူးမူးပြီး ကျပျောက်သွားပါသဖြင့်

ရွာသူကြီးအူးခိုင်မှ ကျန်ုပ်အား ခွင့်လွှတ်ပါလေ။

 

လေးစားလျက်

ခွင့်လျွတ်သည် ခွင့်လွှတ်ပါ မစ္စတာ သူဒေါ်ဂေါင်း အူးဗိုက် –  ဘီ.အီး

ခေတ္တ ဖင်လန်

ဂျစ်စူ

About ဂျစ်စူ

has written 258 post in this Website..

စိတ်ဆတ်တယ် အကြွေးမဆပ်ဘူး