နားစည်ကိုထွင်းနှလုံးသားအတွင်းဝင် သွေးကြောထဲမှာလှည့်ပါတ်ဦးနှောက်တွင်ရပ်တန့်နေသော(အပိုင်း14)

ရုပ်ရှင်မင်းသမီးခင်ယုမေရဲ့နာမယ်ကြီးသီချင်းလေး တပုဒ်ရှိပါတယ်။
(ပျံကာဝဲကာ မြစ်ရေပြင်ပေါ်…………………..သံသာသာဟစ်ကာကြွေးကာ သူ့ဘဝသူဘဲပျော်…………….
ထင်ရာလဲစိုင်းသနော် ……………………………….ရိုင်းတဲ့ဇင်ယော်)ဆိုတဲ့သီချင်းလေးပါ။
ဒီသီချင်းလေးကို အောင်ဘိုဘိုဆိုတဲ့ ကောင်လေးတစ်ယောက်က သူကိုယ်တိုင်ရေးသူကိုယ်တိုင်ဆိုတဲ့
ဆီးရီးစ်လေးထဲမှာ(ရိုင်းတဲ့ဇင်ယော်)ဆိုတဲ့ ဒီသီချင်းလေးကို ထည့်ဆိုလိုက်ပါတယ်။
သူသီချင်းတွေက လူသိနည်းပေးမဲ့ ဒီသီချင်းလေးကိုတော့ လူငယ်တော်တော်များများပါးစပ်ဖျားမှာရောက်သွားပါတယ်။
သူနဲ့ဆက်စပ်လို့ (မေရွက်ဝါ)ဆိုတဲ့ အဆိုတော်မလေးလဲ ဒီလောကထဲကိုရောက်လာပါတယ်။
ရွက်ဝါတေးသံသွင်းရဲ့မူပို်င်အဆိုတော်ဖြစ်တဲ့အတွက် (မေရွက်ဝါ)လို့နာမယ်ယူထားတာလဲဖြစ်ပါတယ်။
သူ့အဖေက တော့ သီချင်းလဲဆို တဲ့နာမယ်ကျော်ရုပ်ရှင်သရုပ်ဆောင် ဝါးခယ်မရဲမောင်ပါ။
(မေရွက်ဝါ)ကိုလူစသိစေတာကတော့ ရွက်ဝါတေးသံသွင်းကထုတ်လုပ်တဲ့ (စိုးပိုင် ပထမသီချင်းများ)ထဲ
ကစုံတွဲသီချင်းတွေမှာ လူသိများသွားတာပါ။
သူဆိုတာကလဲကောင်းတာကိုးဗျ။
နောက်သူ့နာမယ်ကြီးစတီရိယိုသီချင်းတွေကတော့(အောက်စီဂျင်။မီးရထား။စန္ဒယားခလုတ်။76631)စတဲ့သီချင်းတွေဖြစ်ပါတယ်။
နောက်မြန်မာသံစဉ်ပြန်ဆိုသီချင်းများထဲက (ပင်မြက်ကလေးတို့။အရိုင်းသဘင်မလေးမိမော်လွင်တို့။)က သူ့ကိုမြန်မာသံစဉ်ပိုင်နိုင်သူအဖြစ်မှတ်ကျောက်
တင်ပေးလိုက်ပါတယ်။
မြန်မာပြည်ရဲ့မှတ်တိုင်ရုပ်ရှင်တစ်ခုဖြစ်တဲ့ (သင်္ကြန်မိုး)ဇာတ်ကားထဲမှာ မင်းသမီးရဲ့သူငယ်ချင်းနေရာကပါဝင်သရုပ်ဆောင်သလို
အဓိက ဇာတ်ဝင်တေးဖြစ်တဲ့
(သီချင်းလေးတွေကို တူတူဆိုရအောင်တို့ကိုဟန်တင်နဲ့တွဲလို့ကတမျိုး)
(လောင်းကပက်ကာ မောင်ရင်းနှမပါခင်မင်စွာ………..ညိုမြတော့အခေါ်မခံနိုင်ဘူးဆရာတို့)
့(ယိမ်းနွဲ့ကာတီးကွက်နဲ့အတူကမယ်……………..လက်ခုပ်သံစီးချက်လိုက်မှာလား)တို့အပါအဝင်
သီချင်းတွေကိုလဲသီဆိုထားပါတယ်။
နောက်တော့ ဂီတလောက ကပျောက်ကွယ်သွားတာကိုတွေ့ရပါတယ်။

မြန်မာပြည်ရဲ့အနုပညာလောကမှာ နာမယ်ကြီးတဲ့ အဖေ့နာမည်ကို နောက်ကထည့်မှည့်ခေါ်ထားတဲ့ဂီတမောင်နှမကတော့
ရာဇာနေဝင်းနဲ့ဟေမာနေဝင်း ပါ။
အဖေက နာမယ်ကျော် အကယ်ဒမီ သဘာဝမင်းသား ။ကက်ဆက်ဇာတ်လမ်းလောကမှာ ပြိုင်ဘက်မရှိတဲ့အသံမင်းသား
အမေက ရုပ်ရှင်ဒါရိုက်တာ။ ဦးလေးက နာမယ်ကျော်(စကားလုံးအသစ်ထွင်ရာမှာ ပြိုင်ဘက်မရှိ-လေနုအေးတို့ အနုပညာဆိုတဲ့စာလုံးကိုထွင်ခဲ့သူ) ငြိမ်းချမ်းရေး ကဗျာဆရာစာရေးဆရာ (ဒဂုန်တာရာ)
သူ့ဦးလေးပေးထားလိုက်တဲ့(ဟေမာနေဝင်း)ဆိုတဲ့နာမယ်နဲ့ ပရိသတ်တွေရဲ့အချစ်တွေအားပေးမူ့တွေကိုသိမ်းကျုံးယူလိုက်ပါတယ်။
သူ့ရုပ်ကလေးက အရင်က နာမည်ကျော် အကယ်ဒမီရုပ်ရှင်မင်းသမီးတင်တင်နွဲ့နဲ့ခပ်ဆင်ဆင်ပါ။
စစချင်းအခွေမှာဘဲနာမယ်ကြီးသီချင်းတွေ လူကြိုက်များတဲ့သီချင်းတွေနဲ့ဖွင့်လိုက်တယ်လို့တောင်ပြောရင်ရပါတယ်။
ကလေးတွေပါးစပ်ဖျားမှာ ဖျက်ဆိုကြတဲ့( ပဲသိပ်ကြိုက်တဲ့ ကိုကိုမို့လေ ဟေမာ ပဲချက်တာပါ)လို့နာမယ်ရတဲ့
(သိပ်ချစ်တတ်တဲ့ကိုကိုမို့လေ ဟေမာဆိုးမိတာပါခွင့်လွှတ်နော်…………)ဆိုတဲ့ အသံအေးအေးချိုချိုလေးက နားထောင်သူတိုင်းရဲ့
ရင်ထဲကိုလျှောခနဲဝင်သွားပါတယ်။အဖေ့အပေါ်မှာထားတဲ့ ချစ်ခင်မူ့တွေက သမီးအပေါ်မှာပါဆက်သွားတာလဲဖြစ်နိုင်ပါတယ်။
(ဒီအချိန်ဆိုလွမ်းတယ် အပြာရောင်ကောင်းကင်ကိုမော့ကြည့်ရင်း………………………ဆိုတဲ့အချိန်မှန်လွမ်းတယ်။
ကမ္ဘာ ကမ္ဘာ အဝေး ……………ဆုံးထိပြေးထွက်………………ဆိုတဲ့ ကမ္ဘာကမ္ဘာအဝေး။
(ယုံလား …………………မယုံရင်နုတ်ဆိတ်ဘို့စိတ်ကူးပြီးသားကွယ်……………………ဆိုတဲ့ ယုံလား။
(ရှင်းရှင်းပြောပါလား ရှင်းရှင်းပြောပါလား အိုသိပ်စိတ်ညစ်တယ်…………………………ဆိုတဲ့ ရှင်းရှင်းပြောပါလား။
(အိုဒေါက်တာကိုကို အသဲထဲကဝေဒနာ…………………………….ဆိုတဲ့ ကိုကိုဒေါက်တာ
(နုတ်ဆက်သီချင်း။ပြန်သိမ်းထားမယ်။နီးချင်းဝေးချင်းပညတ်ချက်များ။သီချင်းလေးကိုချစ်တာလား တို့ကိုချစ်တာလား။တောင်းတဲ့ဆုနဲ့ပြည့်ဝရစေသား။
ပိုးဖလံ။ဂျင်းပင်အပြာ။ကြိုးပုခက်နဲ့ညိတွယ်ခြင်း)ဆိုတဲ့
သီချင်းတွေက မြန်မာ့အသံကလွှင့်တဲ့ တီဗွီဖန်သားပြင်မှာ၊အိမ်ကကက်ဆက်မှာ။ဆိုင်ကကက်ဆက်မှာ၊ထီလှည်းက ကက်ဆက်မှာ တပြည်လုံးအတိုင်းအတာနဲ့
ကြွက်ကြွက်ညံတာကတော့ မေဆွိနဲ့အပြိုင်ပါ။
မေဆွိနဲ့အပြိုင်ဆိုလို့ (မောင် …………..အများပြောတဲ့သွေးထိုးစကားတွေကို။မောင်…………………….)လို့တစ်မောင်ထဲမောင်တဲ့
မောင်သီချင်းကို ဟေမာရောမေဆွိရောတပြိုင်တည်းဆိုလို့ နှစ်ယောက်လုံဒီသီချင်းမှာ အောင်မြင်တာကတော့ထူးခြားတယ်လို့ဆိုနိုင်ပါတယ်။
ဟေမာနဲ့ခင်မောင်ထူးတွဲလို့ အရင်က စုံတွဲသီချင်းတွေကိုပြန်ဆိုတော့လဲ လက်ခံတာပါဘဲ။
ရော့ကာကြီးနဲ့တွဲလို့ စတော်ဘယ်ရီချယ်ရီရောရင်ဆိုတော့လဲ ကြိုက်လိုက်ကျတာပါဘဲ။
ဒီရောကာကြီးနဲ့ဘဲ စနေမှာစွေရွာမိုးလိုဘဲ မစဲဘဲတစ်စိမ့်စိမ့်ချစ်မှာလား…………ဆိုရင်လဲ လက်ခံတာပါဘဲ။
မြန်မာသံသီချင်းလေးတွေကို (ရွှေဖိုးခေါင်တို့အချိန်ရမှာနားထောင်ပါတို့)ကိုဆိုတော့လဲ နှစ်သက်ကြတာပါဘဲ။
မြို့မသီချင်းတွေဖြစ်တဲ့ (တောင်ပြုံးတို့ နိဒါန်းသဝဏ်လွှာ)တို့ကိုဆိုတော့လဲအားပေးလိုက်ကြတာပါဘဲ။
သူလဲမြန်မာသံရော စတီရီယိုပါ အသက်ဝင်အောင်သီဆိုနိုင်ပေမဲ့ မေဆွိလောက်တော့များများမဆိုခဲ့ပါဘူး။
အဲဒီအချိန်မှာဟေမာနေဝင်းနဲ့ တပြိုင်တည်းနာမယ်ကြီးတဲ့ယောက်ျားလေး အဆိုတော်တွေက တော့ ဗစ်တာခင်ညိုရဲ့ညီ တူးတူး ။စိုးသူ။Sကဲနက်။ခင်မောင်ထူးတို့ဖြစ်ပါတယ်။
တူတူးတို့ ကိုင်ဇာတို့နဲ့တွဲလို့ရုပ်ရှင်သီချင်းတွေလဲအောင်မြင်ခဲ့ပါတယ်။
ရုပ်ရှင်သရုပ်ဆောင်ဘဝကို ဝင်ပေမဲ့ မေဆွိလိုတော့မအောင်မြင်ခဲ့ပါဘူး။
နောက်သူအိမ်ထောင်ပြုလိုက်တဲ့အခါမှာ ဂီတလောက ကပျောက်သလိုဖြစ်သွားပေမဲ့ တစ်ခါတရံစင်မြင့်ထက်မှာ ကြိုးကြား ကြိုးကြားတွေ့နေရပါသေးတယ်။
ဟေမာနာမယ်ကြီးချိန်မှာ ရုပ်ရှင်တစ်ကားထဲနဲ့ အကယ်ဒမီရခဲ့တဲ့ အင်္ဂလန်စိန် နာမယ်အရင်းပျောက်လို့ ရုပ်ရှင်ထဲက နာမယ်ကို ပိုလူသိများသွားတဲ့ ငြိမ်းငြိမ်းအိ
ကလဲ (လာက ကြစို့။ နှင်းပွင့်ခြေသံ။ကာလပေါ်စကားအသုံးချနည်း)ဆိုတဲ့သီချင်းမြူးမြူးလေးတွေနဲ့လူသိများခဲ့ပါတယ်။
ဝမ်းနည်းစရာလို့ပြောရမယ်ဆိုရင် သူအရင်စဆိုတဲ့ (မချစ်ရင်မနေ နိုင်တာကလွဲလို့)ဆိုတဲ့သီချင်းလေးက
နောက်လူလက်ထက်မှာ ပိုလို့အသက်ဝင်ပိုလို့လူသိများသွားတယ်လို့ဆိုနိုင်ပါတယ်။
နောက်တပြည်လုံးကကလေးတွေ ခပ်နောက်နောက်ဆိုတဲ့ (ကိုကိုချီးပေ ကိုကိုချီးပေ)ရဲ့ပိုင်ရှင် ယောက်ျားသံဘက်ကိုယိမ်းတဲ့ မှဲ့တွေအများကြီးနဲ့
အသံသိပ်ကောင်း မုဒ်ကောင်းကောင်းနဲ့ဆိုနိုင်သူကတော့
တေးသံသွင်းတစ်ခုရဲ့လူသစ်တန်းတင်ဘို့ပြိုင်ပွဲမှာ ခင်မြတ်မွန်(စောခူဆဲလ်ရဲ့ဇနီးဟောင်း)နဲ့အတူအရွေးခံရတဲ့ ကော်နီပါ။
(နည်းနည်းလေးချစ်တာမလောက်လို့ အများကြီးချစ်ပါအုံးလို့ နာမယ်လေးတော့ပေးမယ်ကြားလား………………….ကိုကိုချစ်ရေ…ကိုကိုချစ်ရေ)
နဲ့အစပြုလို့လူတိုင်းပါးစပ်ဖျားမှာ ရောက်လာခဲ့ပါတယ်။
(တာဇံ။နင်းဂျား။ချစ်ရတာလဲမလွယ်ဘူး။သိပ်ချစ်မိလို့သိပ်လွမ်းရတယ်။တစ်ချစ်ထဲချစ်။ဆုံးဖြတ်။ရော်ဘင်ဟု။ဘဝရထား။)စတဲ့သီချင်းတွေအပြင်
(ပြူတင်းပေါက်က လေတိုးတော့……………………..သူခေါ်သံများလား ကြားယောင်နေ………….
ခေါ်သံလေးများ ကြားခွင့်ရချင်သေး………………….ဆိုတဲ့အလွန်ကောင်းတဲ့ခေါ်သံလေးပါ။
(ချစ်တဲ့သူငယ်လေ ကြာနွယ်ကြာရိုးလေးတွေ ……….သီကာသီကာ လည်ဆွဲလေးပမာပေ……………..ဆိုတဲ့ လှထွတ်ရဲ့မြန်မာသံလေးကိုဆိုတော့လည်း
ရင်ထဲအထိဖောက်ထွင်းလို့ဝင်သွားပါတယ်။
အခုခေတ် မှာ အဆိုအလွန်ကောင်းတယ်ဆိုတဲ့ ပါဖော့မင်းကောင်းတယ် အသံပိုင်တယ် စင်ပေါ်မှာ ဝတ်တဲ့ကိုယ်ပိုင်ဖန်တီးတဲ့ဒီဇိုင်းတွေလန်းတယ်
ဆိုတဲ့ ဖြူဖြူကျော်သိန်းတစ်ယောက် ကော်နီနဲ့တွဲဆိုလိုက်တဲ့ အတွင်းကြေကြောင့် လူပိုသိလာတယ်ဆိုတာကတော့ ဘယ်သူမှငြင်းမရတဲ့အမှန်တရားပါ။
အခုအချိန်မှာတော့ အပျိုကြီးမမ ဘဝနဲ့ သီချင်းဆိုတာသိပ်မကြားရတော့ပါ။
ခေါ်သံလိုသီချင်းမျိုး အသစ်တပုဒ်လောက်တော့ခံစားချင်ပါသေးတယ် မကော်ရေ………………။
ကော်နဲ့တို့နာမယ်ကြီးတဲ့အချိန်မတိုင်ခင်လေးမှာ
(ငါလေငါလေ မေးမယ် နင်ဟာ နင်ဟာချစ်တတ်သလား………………ဆိုတဲ့စာသားလေးနဲ့ မေးခွန်းထုတ်လို့
လူမသိသူမသိတိတ်တိတ်လေး မင်းလမ်းမင်းလျှောက်လို့ပြောဝင်လာသူကတော့ သီချင်းဆိုရင်ခေါင်းလေးကို တငြိမ့်ငြိမ့်နဲ့ဆိုတတ်သူ
………………………………………………………………………………………

2 comments

  • kai

    July 13, 2010 at 8:48 pm

    ကိုပေါက်ရဲ့ အခုဆောင်းပါးလေးက ရှည်ပေမဲ့ မြန်မာပြည်ရဲ့သီချင်း၊ဂီတ၊အနုပညာရဲ့အဘိဓါန်လေးတခုလို ဖြစ်နေတာမို ့ ရတနာပုံနေပြည်တော်သတင်းစာမှာပုံနှိပ်ဖေါ်ပြဖို့ ရွေးထားပါတယ်။
    အဲဒါ..အဲဒီဆောင်းပါးပါ သီချင်းရှင်တွေ၊ အချိန်တွေ အမှတ်ရသူတွေ ဒီအတိုင်းမဖတ်နေကြပဲ ခုနှစ်သက်ကရာဇ်လေးတွေ မှတ်မိသလောက် ဝင်ရောက်အားဖြည့်၊ မှတ်ချက်ရေးထည့်ပေးသွားရင် သိပ်ကောင်းမှာပဲ ထင်မိပါတယ်။

  • fatty

    July 14, 2010 at 7:00 am

    to fill up the blank which the article writer left at the end…..i have to start engine of time-machine …..i think…the singer is KHIN MAUNG HTOO, i am not sure . The song :MAUNG is one of the famous around 1995. because when i was away from my sweet, she send me that series tape. Actually i like to write many many…but i cannot type myanmar font, and not pretty in english as well.

Leave a Reply