-မေတ္တာကမ္ဘာရဲ့ အနန္တကိန်းစဉ်တန်းဟာ…အမေ-(ဖော်အဲဗားဆိုဒ် ဆုရကဗျာ)

(၁)

ဗိုက်ထဲမှာ

ြှမုံးမိ သန္ဓေသားအဆင့်မှာတင်

ကိုယ်ဝန်ဆောင် မိခင်ခမျာ

ဟိုဟာရှောင်၊ ဒီဟာရှောင်နဲ့ ရှောင်လင်သိုင်း

ကျင့်နေရ

မိခင်မြစ်ရဲ့ ဆုန်ရေပြယုဂ်ပေါ့

သားသမီးကို အမြူတေလို ဥထားရှာခဲ့

အမေ့မေတ္တာ။

(၂)

ယောက်ျားဖောင်စီး၊ မိန်းမမီးနေ ဆိုရိုးအရ

မိခင်တစ်ယောက်ရဲ့ မရဏစစ်ခင်းယူတဲ့

သားလုပွဲ

ဧရာမချွေးသီးကြီးများ ဘယ်လောက်ပဲကျ…ကျ

သူ့ခန္ဓာကိုယ် ဘယ်လောက်ပဲပန်း…ပန်း

သားအသံ အူဝဲ…ကြားရင်ဖြင့်

မိခင်မျက်နှာထက် အပြုံးလဝန်းသာစမြဲ။

(၃)

မိခင်မေတ္တာဆိုတာ…

သွေးနီတွေ နို့ဖြူဖြစ်စေသော စွမ်းအင်

ကြက်ပေါင်းရည် မသောက်ဘဲ ပြည့်စေသောခွန်အား

ဆေးဝါးမမှီဝဲ ကျန်းမာစေသော ဓာတ်သတ္တိ

ရင်သွေးအပေါ် ချစ်ခြင်းဖြင့် ပေးအပ်ခဲ့။

(၄)

သူမဟာ ပန်းပျိုးသူပါ

ကြယ်တွေပွင်တာ မိုးကောင်ကင်ကြောင့်ဆိုရင်

ရင်သွေးဘဝလှစေတာ

မိခင်ရဲ့ ဥယျာဉ်မှူးစိတ်ကြောင့်ပဲ

ပန်းတွေလည်း ပွင့်ဝေ။

(၅)

မြင့်မိုရ်ထက်သာပ…အမေ

သမုဒ္ဒရာထက်သာပ…အမေ

စကြာဝဠာထက်သာပ…အမေ

တုနှိုင်းမရ

အမေ့မေတ္တာ ဘယ်အရာမှ တိုင်းမရဘူး။

သချင်္ာသဘောအရဆို

အနန္တကိန်းစဉ်တန်းတွေ အဆုံးသတ်မဲ့သတဲ့။

(၆)

ဘယ်ဘုရားကရော…

မိခင်ကင်းပြီး ပွင့်တာရှိလဲ။

ခေါင်းဆောင်မှန်သမျှ

မိခင်မွေးလို့ လူဖြစ်ခွင့်ရတာချည်း။

သမိုင်းချီပြီး

မိခင်အရေးပါကြောင်း သက်သေပြနိုင်တယ်။

(၇)

အချစ်မီးက အပူဓာတ်၊ မေတ္တာရေက အအေးဓာတ်

ကျောရိုးထိ စိမ့်အေးစေသော မေတ္တာမျိုး

အမေ့ရင်ခွင်မှာ ဆယ့်နှစ်ရာသီခိုအောင်

ဘယ်အခါမပြတ် သားသမီးတွေကြား

ငြိမ်းချမ်းမှုဖြင့် လွှမ်းခြုံစေခဲ့။

(၈)

ဖောက်ပြန်ပျက်စီးလွယ်သော သဘာဝတရားကြီးအောက်

ဒီထဲမှာ အမေ့မေတ္တာမပါဘူး။

ရွှေအစစ်၊ စိန်အမှန်၊ ပတ္တမြားခဲ

အဖိုးတန်ပစ္စည်းလို ရှာမှရှား။

(၉)

အံဩဖွယ်ကောင်းစွ

အဟိတ်တိရိစ္ဆာန်တောင် မိခင်မေတ္တာဇာတ်လမ်းတွေရှိရဲ့။

ခွေးပိန်မရဲ့ သားပေါက်အပေါ် ပေးဆပ်မှုသဘောထား

(သူ့ခန္ဓာပိန်ချုံးနေသော်လည်း သားသမီးအတွက် ကြံ့ကြံ့ခိုင် နို့တိုက်နေပုံ)

ငှက်မကြီးရဲ့ ငှက်ပေါက်စအပေါ် အနစ်နာခံမှုသဘောထား

(သူရှာသမျှ အစာအားလုံး သူ့ဗိုက်ထည့်မတွက် သားသမီးဝဖို့ အစာခွံကျွေးနေပုံ)

ငါးမကြီးရဲ့ ငါးကလေးတွေအပေါ် ကာကွယ်မှုသဘောထား

(ငါးကလေးများ သားကောင်ကြီးရန် ကင်းဝေးစေရေး

ဘေးမှအရိပ် ခံတပ်သဖွယ် ငါးမကြီးစောင့်ရှောက်နေပုံ)

ဆုံး…မဆုံးနိုင်မြင်ကွင်း

မိခင်မေတ္တာဟာ…

္ကဤဘုံဘဝဝယ် စီးဆင်းခဲ့/စီးဆင်းမြဲ ရေတံခွန်

နှစ်ပရိစ္ဆေဒကြာတာတောင် မပျက်သုဉ်း

တည်…တံ့…နေ…ဆဲ…။ ။

စေပိုင်ထွဋ်(ပုသိမ်)

One comment

  • ရွှေ ကြည်

    October 31, 2012 at 12:23 pm

    နှလုံးသားနဲ့ ဖတ်ရှုခံစားရင်း အမေ့ရဲ့ချစ်ခြင်းကိုဆင်ခြင်ပြီး ချစ်ပြီးရင်းချစ်ရပါသည်အမေ..။

Leave a Reply