ဲပြေးကြစို့

ကထူးဆန္းOctober 31, 20121min30327

မနေ့ က FM ကနေလည်း ကြားလိုက်
ဒီနေ့လည်း fb မှာ တွေ့လို့
ရန်ကုန်သား ရွာသူား တွေ မသိလိုက်မှာ စိုးလို့
ဘာလဲတော့ မသိဘူး
၅၀၀ဝ ဆိုတော့ တန်တာတော့ တန်မယ်ထင်တာဘဲ ။
အရင်က ဘယ်ဈေးရှိလဲ ဆိုတာလဲ မမေးနဲ့။ သိဘူးရယ်။
စုံစမ်းပြီးမှ တင်ဖို့ ကလည်း အချိန်ကျော်သွားမှာ စိုးလို့
တန်တယ် ထင်ရင် ..

ပြေးကြစို့ ….

သိစေချင်တာဘဲ ရှိ ။ ဘာမှ လည်း မသိတဲ့
တော်တော်ချာတဲ့ စီဂျေ ။

နောက်ဆက်တွဲ ။
၈:၃ဝ အရောက်လာသူများ အား တိုကင်ပေး ပြီး မဲနိုက်က တစ်ဆိုင် ၁ဝ လုံး ရောင်းမည်ဟု သိရပါသည်။
ပြေးတော့ဝှုး …

27 comments

  • စိန်ဗိုက်ဗိုက်

    October 31, 2012 at 7:15 pm

    ညဂဒဲက အဲ့စာရင်းတိုင်ပြီး သွားစောင့်နေတောင်မှ ကံမပါလို ့ ဗလာပေါက်ရင် အိပ်ရေးပျက်မဲ့ကိန်းပါလား

    • ကထူးဆန်း

      November 1, 2012 at 10:58 am

      ဘီအီး ဝိုင်းလေး လုပ်ပြီး စောင့်လိုက်ရင် ပိုမကောင်းဘူးလား ………..

  • cobra

    October 31, 2012 at 7:25 pm

    ရောင်းရင်လည်းအကုန်လုံးဝယ်လို့ရအောင်ရောင်းပေါ့
    အိပ်ရေးလည်းပျက်ဦးမယ် မဲကလဲနှိုက်ရဦးမယ်
    မကောင်းဘူး

  • the best

    October 31, 2012 at 8:15 pm

    ကိုယ့်ဆိုင်လုံခြုံရေး၊ ရပ်ကွက်လုံခြုံရေးကို တာဝန်ယူဖို ့
    လူကြီးမင်းမှ ကြိုတင်ဆောင်ရွက် သင့်ပါတယ်။

  • kolumbus

    October 31, 2012 at 9:21 pm

    တော်တော်ကောင်းတဲ့ ဆိုင်ကြော်ငြာနည်းပါ။ ဂိုထောင်ရှင်းလို့ပါ… ဆိုင်ဖြုတ်တော့မှာ မို့လို့ပါ… ဆိုတာတွေထက်တော့ သိက္ခာရှိတဲ့နည်းပါ။ ရက်ကွက် လူကြီးတွေနဲ့တော့ စကားပြောရပါလိမ့်မယ်။

    အခုချိန်မှာတော့ လူကြီးမင်း ဖုန်းဆိုင်ကို လူတွေစိတ်ဝင်စားနေတယ်။ တစ်ချို့က အချင်းချင်း လက်တို့ကြ … တစ်ချို့က လျှောက်မပြောဖို့ သတိပေးကြ …. တစ်ချို့က ညကတည်းက သွားတန်းစီဖို့ တိုင်ပင်ကြနဲ့ တော်တော် ဂယက်ရိုက်နေတယ်…

    တန်းစီတယ် ဆိုတာကိုနားမလည်တဲ့ ကျနောတို့တွေနဲ့ကတော့….
    အဲဒီနေ့ တက်လာမယ့် ပို့စ်တွေပဲ စောင့်ဖတ်တော့မယ်… အိပ်ရေးပျက်မခံတော့ဘူး… ကိုယ်က ၁ဝနာရီလောက်မှ မထချင် ထချင်နဲ့ အိပ်ယာထနေကြ ဆိုတော့။

    • ကထူးဆန်း

      November 1, 2012 at 11:03 am

      တန်းစီတာ ကို နားမလည်တာ ဆိုးတာပါ ။
      ကိုယ့်ဒုက္ခ ကိုယ်ပြန်ရှာမိတော့မယ်လို့ ထင်ပါသည် ။ (နှစ်ဘက်စလုံး ။ ရောင်းသူကော ဝယ်လိုသူကော)

  • P chogyi

    November 1, 2012 at 8:55 am

    လူကြီးမင်းက အလှူလုပ်တာလား…….
    ကြော်ငြာတာလား……
    ပွဲဆူအောင်လုပ်တာလား…..
    စဉ်းစားစရာများလိုက်တာ
    ဟမ်းဆက်ရတောင် ထည့်စရာဆင်းကဒ်က
    ၅၀၀ဝ နဲ့မရတော့ တော်ပါပြီ။

  • jullies cezer

    November 1, 2012 at 10:19 am

    မြန်မာပြည်က promotion တို့ discount တို့ဆိုတာသူတို့ကုန်ပစ္စည်းပေါက်ဖို့
    အရေးလူတွေကိုသက်သက်မဲ့ နားလည်းပါးရိုက်လုပ်နေတယ်ပဲမြင်တယ်ဗျာ
    ဘာလို့လဲဆိုတော့အဲဒီ handset ပဲ တလောကရိုးရာလေး website မှာကြော်ငြာ
    တွေ့လို့မေးလိုက်တယ် ကြော်ငြာထဲမှာဘာရေးထားလဲဆိုတော့ handset များကို
    installment နဲ့door to door ရောင်းပေးမဲ့အကြောင်း downpayment တို့အာမခံတို့
    မလိုတဲ့အကြောင်း ဆိုင်နာမည်က Today Mobile ပါ။ စိ်တ်ဝင်စားပါက အောက်ပါဖုန်းနံပါတ်များ
    အားစုံစမ်းမေးမြန်းနိုင်ကြောင်း အဲဒါနဲ့ ဖုန်းဆက်ပြီးစုံစမ်းတဲ့အခါကျတော့
    တာဝန်ရှိသူတစ်ယောက်ပြန်ဖြေတယ် အနဲဆုံး handset 3 လုံးယူမှရောင်းပေးမည်ဖြစ်ကြောင်း
    သက်ဆိုင်ရာ Company မှလူကြီးထောက်ခံချက် Company ထောက်ခံချက်လိုတယ်တဲ့လေ
    အဲဒီတော့ရွာသူရွာသားများပဲစဉ်းစားကြည့်ပါ ခုနပြောတဲ့လိုအပ်ချက်တွေကိုဘာလို့ကြော်ငြာထဲ
    ထည့်မကြော်ငြာပဲမေးမှဖြေတာလဲ အစထဲကပြည့်စုံအောင်ဘာလို့ထည့်မရေးတာလဲ
    အဲဒီတော့ အားလုံးကိုသတိပေးချင်တာက မြန်မာပြည်က promotion တို့ discount တို့ဆို
    ချင့်ယုံလို့ပဲပြောချင်တယ် သက်သက်သာသာရမဲ့ 5000 မတန်အောင်တိုးကျိတ်ရမယ်
    အတိုးမတော်ရင်အနင်းခံရမယ် မကျေနပ်ရင် ရန်ဖြစ်မယ်သတ်ပွဲဖြစ်မယ်
    customer ကိုတကယ်သာ သက်သာစေချင်တဲ့စေတနာရှိရင် တခြားကောင်းမွန်အေးဆေးတဲ့
    နည်းလမ်းအများကြီးပါလို့သာ ပြောချင်တော့တယ် ……..

    • ကထူးဆန်း

      November 1, 2012 at 11:08 am

      promotion တို့ discount တို့ဆိုတာ နိုင်ငံတကာ မှာလည်း လုပ်တာပါဘဲ ။

      နိုင်ငံတစ်ကာ လည်း အနဲ နဲ့ အများတော့ နားလှည့်ပါးရိုက်လုပ်တာပါဘဲ ..

      Terms and conditions ကို သေးသေးလေး ထည့်ထားတာတို့ ။ မမြင်သာတဲ့ နေရာမှာ ရေးထားတာ တို့ ။
      while stock last ထည့်ထားပြီး မရှိတော့ ဘူးတို့ နဲ့..

      နောက် ..သိပ်တန်နေရင် နိုင်ငံတစ်ကာမှာလည်း ညအိပ် တန်းစီ တိုးကြတာပါဘဲ ။ဆိုင်ဖွင့် တာနဲ့ အတင်းတိုး ဝင်ကြတာ လုကြ ရန်ဖြစ်ကြတာ လည်း ရှိပါတယ်။
      ဆိုတော့ …
      လူဆိုသည်မှာပါဘဲ…

      • kai

        November 1, 2012 at 1:09 pm

        ယူအက်စ်မှာ ဘလက်ဖရိုက်ဒေး(Black Friday) ဆိုတာရှိတယ်..
        နိုဝင်ဘာ နောက်ဆုံးပတ်.ကျေးဇူးတော်နေ့နောက် တရက်ပေါ့..
        အဲဒီနေ့မှာ.. အသားကုန်လျှော့ပါတယ်..

        ဆိုတော့…
        အဲဒီနေ့အတွက်.. ညအိပ်စောင့်နေသူတွေမနည်းမနောပေါ့..
        ဆိုင်..မားကက်လည်းဖွင့်ရော.. လုယက်တိုးကြလို့.. သေသူတွေတောင်ရှိဘူးရဲ့…

        Black Friday is the day following Thanksgiving Day in the United States, traditionally the beginning of the Christmas shopping season. On this day, most major retailers open extremely early, often at 4 am, or earlier, and offer promotional sales to kick off the shopping season, similar to Boxing Day sales in many Commonwealth Nations. Black Friday is not actually a holiday, but some non-retail employers give their employees the day off, increasing the number of potential shoppers. It has routinely been the busiest shopping day of the year since 2005,[1] although news reports, which at that time were inaccurate,[2] have described it as the busiest shopping day of the year for a much longer period of time.[3]

  • blackchaw

    November 1, 2012 at 12:59 pm

    ကိုထူးဆန်းရေ…
    ကျွန်တော်အခုကိုင်နေတဲ့ ဟန်းဆက်က
    ဒိတ်တော်တော်အောက်နေပြီဗျာ…။
    လက်ထဲ ပိုက်ဆံကလည်း နည်းနေလေတော့…
    အားတွေ အကြီးအကျယ်ကို ငယ်နေမိတယ်…။
    အဲဒီအချိန် ဒီကြော်ငြာလေးတွေ့လိုက်တော့…
    နိုဝင်ဘာ ၃ ရက်နေ့မနက်စောစော ပြေးကြည့်ရင် ကောင်းမလား ဟင်င်င်င်…။

    • ကထူးဆန်း

      November 1, 2012 at 1:39 pm

      အလုပ်သည် ကံ မည်ပါ၏တဲ့ …
      လှန် ထမ်းလာတာ ဘဲ မြင်ရ ။ကံထမ်းလာတာ မမြင်ရ ဆိုတော့ စိန်ဗိုက် နဲ့ ဘီးအီးဝိုင်းလေး လုပ်ရင်း စောင့်ရင် မကောင်းဘူးလား ။ :harr:

      • ကထူးဆန်း လှံဘဲထမ်းပါဗျာ။
        လှန်တော့ မထမ်းလိုက်ပါနဲ့
        အဖော်ပါလာတဲ့ စိန်ဗိုက်ဗိုက်လေး လန့်သွားပါအုံးမယ်။

        ဒီမှာကတော့ ကံစမ်းမဲမပါရင် ဘာမှအလုပ်မဖြစ်ဘူး။
        လူတွေကဲ ကံစမ်းမဲပါတယ်ဆိုရင် အကုန်ဝယ်တာဘဲ။
        နောက်မှ အညာခံရ ရင်ခံရဘဲ.

        “လာနော် လာနော် တစ်ထည်မှ တစ်ထောင်တဲ့ တန်မှတန်” လို့အော်နေလို့အဟုတ်မမှတ်နဲ့
        ချိတ်ပြထားတဲ့ အကျီတော့ မရဘူး ပုံထားတာဘဲ ရမယ် သူတို့က အဲလို……………..

        • ကထူးဆန်း

          November 3, 2012 at 1:10 pm

          ဟီး … မြင်သာ ထင်သာ ပိုရှိအောင်လို့ပါ လေးပေါက် .. :harr:

  • ရွာသူ jujuma .

    November 1, 2012 at 1:15 pm

    သွားမယ်ဆိုရင်တော ့စောစောသာသွားကြဗျို့ ..
    အလုံးရေး က ၁၁ဝ … တုံကင်က မဲနှိုက် မှာ ဆိုတော့ …
    ဆိုင်နဲ့ နီးတဲ့သူဆို ရင် မနက် ၆ နာရီလောက်တည်းက သွားသင့်တယ်ဗျ .. :hee:

  • myanmarcitizen

    November 1, 2012 at 5:00 pm

    ဆိုင်ခွဲတစ်ခုတိုင်းမှာ ၁၀ဝ ရောင်းပေးမယ်ထင်လို့အရင်ကတော့ အခြေအနေကြည့်ပြီးလစ်ကြရအောင်လို့ သူငယ်ချင်းတွေကိုပြောထားတာ။ နောက်တော့ ၁ဝ လုံးပဲဆိုတော့ မသွားတော့ပါဘူးကွယ်။ ကိုယ်တွေရဲ့ ကံကလဲ (bus ကားစီးတာတောင်မှ ကိုယ်စီးမဲ့ကားက အမြဲကြပ်၊ အဲ့ဒီကားမစီးမဲ့နေ့ဆို ချောင်နေတာ) အဲ့လိုမျိုးအရမ်းကောင်းနေတာဆိုတော့လေ … မသွားတော့ပါဘူး … ဒါပေမဲ့ ဘီအီးဝိုင်းလေးတော့ လာထိုင်ချင်သားဗျာ 🙂

  • အရီးခင်လတ်

    November 1, 2012 at 10:12 pm

    ကထူးဆန်းရော
    ပြေးဖို့ အစီအစဉ်ရှိနေတယ်လား။
    :kwi:

    • ကထူးဆန်း

      November 1, 2012 at 10:30 pm

      အတိုး မခံနိုင်လို့ ဝေးဝေးပြေးမှာလေ အရီး .. :hee:

  • ရွာသူ jujuma .

    November 3, 2012 at 12:11 pm

    လူကြီးမင်းဖုန်းဆိုင်များတွင်ပြုလုပ်မည့် Samsung
    Galaxy Mini ဟန်းဆက်များအား မဲနှိုက်ကာ ၅၀၀၀
    ကျပ်ဖြင့်ရောင်းချပေးမည့်အစီအစဉ်ကို လုံခြုံရေးအခြေအနေအရ
    ရပ်ဆိုင်းလိုက်ရ

    နိုဝင်ဘာ ၃ ရက်နေ့တွင် လူကြီးမင်းဖုန်းဆိုင်များတွင်ပြုလုပ်မည့် Samsung
    Galaxy Mini ဟန်းဆက်များအား မဲနှိုက်ကာ ၅၀၀၀
    ကျပ်ဖြင့်ရောင်းချပေးမည့်အစီအစဉ်ကို လုံခြုံရေးအခြေအနေအရ
    ရပ်ဆိုင်းလိုက်ရကြောင်းသိရသည်။

    လူကြီးမင်းဖုန်းဆိုင်မှ အထွေထွေမန်နေဂျာ ဦးကိုကိုအောင်က ”ကျွန်တော်တို့ ဒီနေ့ မနက် အစီအစဉ်ကို လုံခြုံရေးအခြေအနေကြောင့် ဖျက်လိုက်တယ်။ လူမနိုင်လို့ ဖျက်လိုက်ရတာပါ။ နောက်ပိုင်းကျရင် ဒီအစီအစဉ်ကို ပြန်လုပ်ဖို့ ရှိပါတယ်။”ဟု Eleven Media Group သို့ နိုဝင်ဘာလ ၃ ရက် (ယနေ့) နံနက်ပိုင်းက ပြောကြားခဲ့သည်။

    ”စီစဉ်ထားတဲ့အတိုင်း ရောင်းပေးဖို့အဆင်မပြေတော့ပါဘူး။ ဆိုင်တွေကိုလည်း လုံခြုံရေးအခြေအနေအရ
    ပိတ်ထားရတယ်။ Customer တွေကိုလည်း အနူးအညွတ် တောင်းပန်ပါတယ်။” ဟု လူကြီးမင်းဖုန်းဆိုင်မှ တာဝန်ရှိသူက ပြောကြားခဲ့သည်။

    ”ပဲခူးကနေ နံနက် ၄ နာရီတည်းက လာရတာပါ။ ဒီကိုရောက်တော့ နံနက် ၇
    နာရီလောက်ရှိပြီ။ သူငယ်ချင်း တစ်ယောက်နဲ့အတူ လာတာပါ။ အလုပ်ပျက်
    အကိုင်ပျက်ဖြစ်တာပဲအဖတ်တင်တယ်။ ကျွန်တော့်လိုပဲ အဝေးကြီးကနေလာတဲ့သူတွေ
    အများကြီးတွေ့ရတယ်”ဟု လူကြီးမင်း(လသာ)ဖုန်းဆိုင်သို့ ပဲခူးမြို့မှလာ
    ရောက်သူတစ်ဦးက ပြောပြခဲ့သည်။

    ”နံနက် ၆ နာရီလောက်တည်းက ဒီကိုရောက်နေတာပါ။ တောင်ဥကလာပ နေလာတာပါ။ အဲဒီအချိန်လောက် ကဒီလောက်လူမများသေးဘူး။ တဖြည်းဖြည်းနဲ့လူများလာပြီး
    ထိန်းမနိုင် သိမ်းမရတွေဖြစ်လာတယ်။ တန်းစီ ခိုင်းလည်းမရတော့ဘူး။
    ရှေ့မှာရောက်နေတဲ့သူတွေက နောက်မဆုတ် ပေးချင်ကြဘူးလေ”ဟု
    တောင်ဥကလာပမှလာရောက်သူတစ်ဦးကပြောပြခဲ့သည်။

    နံနက် ၈ နာရီခွဲနှင့် ၉ နာရီကြားတွင် ကူပွန်များဝေရန်
    တန်းစီခိုင်းသော်လည်း အဆင်မပြေဖြစ်ခဲ့ကြောင်း၊ ကူပွန်များကို
    ပစ်ကြဲပြီးဝေခဲ့သေးကြောင်း၊ ထို့နောက် များပြားသောလူအုပ်ကြောင့်
    ထိန်းသိမ်းရခက်ကာ အစီအစဉ်ကိုဖျက်သိမ်းကြောင်း ကြေညာခဲ့ကြောင်း၊
    လူအုပ်အတွင်းမှ လူအချို့မှာ ဆိုင်ကိုခဲများဖြင့်ပစ် ပေါက်ခြင်း၊
    ဆိုင်တံခါးကိုထုရိုက်ခြင်းများပြုလုပ်ခဲ့ကြကြောင်း၊
    လုံခြုံရေးတာဝန်ရှိသူများ လာရောက်ထိန်းသိမ်းရကြောင်း၊ လာရောက်သူအချို့မှာ မိမိတို့၏ ဟန်းဖုန်းများ ပျောက်ဆုံးခြင်း၊
    ပိုက်ဆံများပျောက်ဆုံးခြင်းရှိခဲ့ကြောင်းလည်းသိရသည်။

    ထို့ပြင် လူကြီးမင်း(လသာ) ဖုန်းဆိုင်အနီးရှိ
    မိုဘိုင်းဖုန်းအရောင်းဆိုင်အချို့မှာလည်း ဆိုင်ပိတ်ထားရကြောင်း တွေ့ရှိရသည်။

    အော် နာမည်ကြီးချင်ကာမှ ခုတော့..ခုတော့ …

  • ကထူးဆန်း

    November 3, 2012 at 1:04 pm

    ကျေးကျေးပါ jujuma ရေ ။ ကျွန်တော်တို့ ရွာသူားတွေလောက်တောင် လူကြီးမင်းက စဉ်းစားဉာဏ် မရှိတော့ဘူးလား အံဩမိပါတယ် ။

    the best says:
    ကိုယ့်ဆိုင်လုံခြုံရေး၊ ရပ်ကွက်လုံခြုံရေးကို တာဝန်ယူဖို ့
    လူကြီးမင်းမှ ကြိုတင်ဆောင်ရွက် သင့်ပါတယ်။

    P chogyi says:
    လူကြီးမင်းက အလှူလုပ်တာလား…….
    ကြော်ငြာတာလား……
    ပွဲဆူအောင်လုပ်တာလား…..
    စဉ်းစားစရာများလိုက်တာ

    kolumbus says:တန်းစီတယ် ဆိုတာကိုနားမလည်တဲ့ ကျနောတို့တွေနဲ့ကတော့

  • မောင်ပေ

    November 3, 2012 at 8:09 pm

    နောက်ဆုံးတော့
    တစ်ကယ်မဖြစ်ခဲ့ဖူးပေါ့လေ
    ဒီကနေ ့ဂျာနယ်တစ်စောင်ထဲမှာတော့ ၅၀၀ဝ ကျပ် လျှော့ရောင်းမှာတဲ့
    ဘာတွေမှန်းကို မသိတော့ပါဘူးဗျာ

  • candle .

    November 3, 2012 at 8:53 pm

    အဲဒါကြောင့်ပြောတာပေါ့ ရွာထဲကနေဘဲ သတင်းစောင့်ပြီးဖတ်ပါဆို…. 🙂

  • ဦးကြောင်ကြီး

    November 4, 2012 at 11:25 am

    ကြောင်ချီးလိုချင်ရင် တန်းစီဂျ၊ ဦးရာလူ တဦးလျင် တတုံးစီသာရမည်။ ပိုလိုချင်လျင် သဂျီးထံတွင် တောင်းယူပါ၊ သူ့အာ ဆာလာအိတ်ကြီးနှင့်ဆယ်လုံး လက်ဆောင်ပေးထားသည်။ :kwi:

  • တောက် !!!!!!
    ဖတ်မိဒါ နောက်ကျတွားဒဂွာ …
    နာ့ဂို ဘုန်းကြီးက ဒီလထဲ ကံထူးကိန်းချိဒယ်လို့ ဟောထားဒါ ..
    ဂလိုမျိုးဒါ ဝင်တိုးလိုက်လို့ဂဒေါ့ .. အဟင်းးးး :mrgreen:

  • မမလေး

    November 8, 2012 at 1:59 am

    ဒလက လူတွေများတယ်လို့ပြောပါတယ် …

  • ၂၀၁၂ ရဲဝင်း

    November 8, 2012 at 8:43 am

    လာမန့်တာ နည်းနည်းနောက်ကျသွားတယ်ဗျို့ …
    အဲ့ဆြာတွေ ပရိုမိုးရှင်းလုပ်တာတောင် ပိုင်ပိုင်နိုင်နိုင် မရှိချက်ဗျာ …
    ပြောရရင် အဲ့ဒါ case scenario တွေ မစဉ်းစားထားလို့ ဖြစ်ရတာဗျ…
    ကံမကောင်းရင် လူတွေ ဆူပူအုံကြွမှုတောင် ဖြစ်သွားနိုင်လောက်တဲ့ကိစ္စကြီး…

    တကယ်က ဒီဆြာတွေ FB လိုမျိုး SNS တခုခုမှာ လုပ်သင့်တာဗျ
    (တကယ် ပရိုမိုးရှင်းချင်တယ် ဆိုရင်ပြောပါတယ်..)

    ခုတော့ ဆိုင်လည်း နာမည်ပျက် လူတွေလည်း အလုပ်ပျက်အကိုင်ပျက်
    ဒေါမနုဿပွားရ….
    အိုကွယ် …ခက်လှဘာဘိ

Leave a Reply