ကွန်ပြူတာကြောင့် မျက်စိ ထိခိုက်ခြင်းမှ ကာကွယ်ရန်

Zaw WonnaJuly 13, 20101min1117

ယနေ့ကမ္ဘာတွင် ကွန်ပြူတာသည် လူသုံးများသော ပစ္စည်းတစ်ခု ဖြစ်လာသကဲ့သို့ ကွန်ပြူတာကြောင့် မျက်စိထိခိုက်မှု များကိုလည်း သုံးစွဲသူများ ရင်ဆိုင်နေရပါသည်။ ကွန်ပြူတာအသုံးများခြင်းကြောင့် ဖြစ်ပေါ်သော ရောဂါလက္ခဏာများသည် တစ်နေ့လျှင် အနည်းဆုံး ၆ နာရီနှင့်အထက် ကွန်ပြူတာသုံးစွဲသောသူများတွင် ဖြစ်ပေါ်နိုင်သည်။

ရောဂါလက္ခဏာများမှာ –

၁။ မျက်စိအောင့်ခြင်း
၂။ ကွန်ပြူတာဖန်သားပြင်ကို အာရုံစိုက်ရန် ခက်ခဲခြင်း
၃။ မျက်စိ ခြောက်သွေ့ခြင်း
၄။ ခေါင်းကိုက်ခြင်း
၅။ ကွန်ပြူတာ ဖန်သားပြင်မှ အနီးအနားရှိ အခြားနေရာများသို့ အမြင်ပြောင်းရွှေ့ရာတွင် အခက်အခဲရှိခြင်း
၆။ အမြင်အာရုံ ပျောက်ဆုံးခြင်း
ရ။ အလင်းရောင်ကို အထိမခံနိုင်ခြင်း
တို့ဖြစ်သည်။

၎င်းရောဂါလက္ခဏာများမှာ ကွန်ပြူတာဖန်သားပြင်ကို ကြည့်ရာ၌ မျက်စိအား အနားမပေးပဲ အချိန်ကြာမြင့်စွာ ကြည့်ရှုခြင်းကြောင့် ဖြစ်ပေါ်နိုင်ပါသည်။ ပုံမှန်အားဖြင့် မျက်စိသည် တစ်မိနစ်လျှင် ၁၅ ကြိမ်မှ အကြိမ် ၂ဝ အထိ မျက်တောင်ခတ်လေ့ရှိသော်လည်း ကွန်ပြူတာသုံးစွဲနေစဉ်တွင် ၆ ကြိမ်မှ ၈ ကြိမ်အထိသာ မျက်တောင်ခတ်လေ့ရှိကြသည်။ ထို့ကြောင့် မျက်စိအောင့်ခြင်းနှင့်တကွ အထက်ပါရောဂါလက္ခဏာများ ဖြစ်ပေါ်လေ့ရှိသည်။

ထို့ကြောင့် ကွန်ပြူတာသုံးစွဲနေစဉ်တွင် အောက်ပါ အချက်များကို ပြုလုပ်ရန်လိုအပ်သည်။

၁။ မကြာခဏ မျက်တောင်ခတ်ခြင်း ပြုလုပ်ပါ။
၂။ ကွန်ပြူတာ အသုံးပြု၍ ၁ဝ မိနစ်ကြာတိုင်း မိမိနှင့် ၁ဝ မီတာအကွာအဝေးမှ      အရာဝတ္ထုများကို ၁ဝ စက္ကန့်ခန့် စိုက်ကြည့်ပေးပါ။
၃။ အခန်းတွင်း၌ သင့်တော်သော အလင်းရောင်ကို ထားရှိပါ။
၄။ အလင်းပြန်နှုန်း မြင့်မားသော CRT မော်နီတာများအစား LCD မော်နီတာများကို သုံးစွဲပါ။
၅။ ကွန်ပြူတာသုံး မျက်မှန်ကို သုံးစွဲပါ။ မျက်လုံးအနီးတစ်ဝိုက်ရှိ ကြွက်သားများအား ပုံမှန်      နှိပ်နယ်ခြင်းပြုလုပ်ပါ။
၆။ ကွန်ပြူတာသုံးရာတွင် စံနစ်တကျထိုင်၍ သုံးပါ။ လိုအပ်ပါက မော်နီတာနှင့် ကီးဘုတ်တို့ကို      သုံးစွဲရာ၌ သက်တောင့်သက်သာဖြစ်စေရန် နေရာရွှေ့၍ ချိန်ညှိပါ။
၇။ မျက်စိကိုအားကောင်းစေသော ဗီတာမင် အေ၊ စီ၊ အီး နှင့် ဇင့် တို့ပါဝင်သော      အားဆေးများကို သုံးစွဲပါ။
အဆိုပါအချက်များကို လိုက်နာခြင်းဖြင့် ကွန်ပြူတာသုံးစွဲမှုကြောင့် ဖြစ်ပေါ်သော ရောဂါများကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။

Ezine (Computer Vision Syndrome – 7 Tips to Avoid Computer Vision Syndrome ) ကိုပြန်ဆိုသည်။

7 comments

  • kai

    July 13, 2010 at 8:42 pm

    တင်ထားတဲ့ဆောင်းပါးလေးအတွက် ကျေးဇူးတင်ပါတယ်။
    အဲဒီထဲကကွန်ပြူတာသုံး မျက်မှန်က ဘာလဲတော့မသိ၊ ကျုပ်သုံးနေကျ မျက်မှန်လေးအကြောင်း ပြောချင်လို့..
    pinhole glasses တဲ့..။ မျက်စိမကောင်းသူ(မျက်မှန်သမား)တွေအတွက်လည်း အင်မတန်အသုံးတည့်ပါတယ်လို့..။
    လိုချင်ရင်ပြောကြနော..။

    http://www.allproducts.com/manufacture100/kanfo/product2_print.html
    ==
    Pin Hole glasses are most suitable for activities such as sitting indoors and outside, reading, computer work, and watching TV.

  • onlinezz

    July 14, 2010 at 2:04 am

    အဲဒီ pinhole glasses ဘယ်မှာများ ဝယ်လို ့ရနိုင်ပါသလဲ…..?

  • လင်းဝေကျော်

    July 14, 2010 at 3:31 am

    ကျေးဇူးတင်ပါတယ်။
    ဒီမှာလဲ မျက်စိအောင့်နေပါတယ်။
    pinhole glasses ဆိုတာလေးလဲ ရှင်းပြပါဦး။

  • kai

    July 14, 2010 at 10:52 pm

    http://www.google.com/products?hl=en&q=pinhole%20glasses&um=1&ie=UTF-8&sa=N&tab=wf

    အဲဒီလင့်ခ်မှာ ဈေးရော။ ရောင်းတဲ့ဝက်ဘ်ဆိုက်ရော ရှိပါတယ်။
    Ebay မှာလည်း ရနိုင်ပါတယ်။
    အဲဒါတပ်ပြီး ကွန်ပြူတာလုပ်ရင် မျက်စိကို အေးနေတာပါပဲ။ မျက်စိအညောင်းပြေပါတယ်။ တီဗီကြည့်လည်း ကြည့်နေရင်း မျက်စိအနားရပါတယ်။
    မျက်မှန်သမား အဲဒါပဲတပ်ပြီး မျက်မှန်မလိုပဲ သေသေချာချာ မြင်နိုင်ကြည့်နိုင်ပါတယ်။ မျက်မှန်ပါဝါနည်းရင် မျက်မှန်တောင် မလိုတော့ပဲ မျက်စိကောင်းသွားနိုင်ပါကြောင်း….

    ==
    Pinhole glasses
    Pinhole glasses, also known as stenopeic glasses, are eyeglasses with a series of pinhole-sized perforations filling an opaque sheet of plastic in place of each lens. Similar to the workings of a pinhole camera, each perforation allows only a very narrow beam of light to enter the eye which reduces the size of the circle of confusion on the retina and increases depth of field. In eyes with refractive error, the result is often a clearer image. Unlike conventional prescription glasses, pinhole glasses produce a clear image without the pincushion effect around the edges (which makes straight lines appear curved). While pinhole glasses are useful for people who are both near- and far-sighted, they are not recommended for people with over 6 diopters of myopia. It should also be noted that pinhole glasses reduce brightness and peripheral vision,[1][2] and thus should not be used for driving or when operating machinery.[3]

    Pinhole glasses have been marketed by various companies on the claim that—combined with certain eye exercises—they could permanently improve eyesight. These claims have been analyzed, but no scientific evidence has been found to support them, and the claims are no longer allowed to be made in the United States under the terms of a legal settlement with the Federal Trade Commission.[4]

    The pinhole occluder, a device used by ophthalmologists for diagnosis of refractive errors, works on the same principles, but is not intended for use outside of diagnosis.

    As viewing through a pinhole can much improve clarity of vision of people with refractive error, in an emergency a clear view can sometimes be obtained by looking through a single improvised pinhole.

  • ayemyacho

    July 23, 2010 at 11:12 am

    ဒီလိုစာလေးတွေကအများအတွက်အကျိုးရှိတဲ့အတွက်
    ကျေးဇူးပါ
    နောက်လည်းကျန်းမာရေးနဲ့ပတ်သက်တာတွေမျှဝေပါအုံး
    🙂

  • mandalarmoe

    September 12, 2010 at 7:48 am

    ကျေးဇူးပါ မျက်မှန်တော့တပ်တယ် ဒါပေမဲ့ ကွန်ပျူတာသုံးမျက်မှန်လားတော့ မသိဘူး ကွန်ပျူတာသုုံးတာနဲ့ တီဗီကြည့်တာများပြီး မျက်မှန်ဆိုင်သွားပြတော့ မျက်စိက သူငယ်အိမ်နည်းနည်းစောင်းနေတယ်ဆိုပြီးလုပ်ပေးလိုက်တာ အခုလိုမျှဝေပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်

  • chitsayar

    September 12, 2010 at 12:06 pm

    ဇာတ်ဆရာ kai ပြောတဲ့ ရပ်ကွက်က ကျွန်တော်တို ့ရွာနဲ ့က အဝေးသားဗျ
    ကျွန်တော် လည်း အခု နည်းနည်းဝါးလာပြီဆိုတော့
    အားလုံးကိုဖြတ်ရင်ကောင်းမလား
    နမ နှစ်ကောင် ရောင်းပြီး ဟို အရုပ်ပေါ်တဲ့ အပြားအသစ်ကြီးဝယ်မလားလို ့ စဉ်းစားနေလို ့ဗျ
    ကျွန်တော်သာ ဒီရပ်ကွက်ကို မလာတော့ဘူးဆိုရင်
    ဒီ စာမျက်နှာပေါ်က ပညာရှိတွေ တော်တော်ပျော်ကြမယ်လို ့လည်း မျှော်လင့်ပါတယ်
    အားလုံးပျော်ရပါစေမယ်ဗျာ
    ကျွန်တော်က ငပေါဆိုပေမယ့် ကိုယ်ကျင့်တရားကိုတော့ လေးစားသဗျို ့
    ဘိုင်းဘိုင်

Leave a Reply