ရည်းစားစာဆိုတာ…Letter of love(အရီးခင်လတ်နောက်လိုက်ခြင်း)

ရွာသူ ရွာသားအပေါင်း သူတော်ကောင်းတို့ခင်ဗျား…

အလွမ်းဇတ်တွေ ရေးလွန်းလို့ စာဖတ်သူ ပရိတ်သပ် လည်း ကျနော့ကို

စိတ်ပျက် နေလောက်ပီလို့ထင်လို့  အချစ်ဇတ်လမ်းဖက်ကိုကျနော်လှည့်

ဖို့ စိတ်ကူးလိုက်ပါတယ်…ဒါဆိုဟုတ်ပီလေ..ကြီးမိုက်လိုကောင်မှာ………..

လှပတဲ့  ဂန္တဝင်မြောက်တဲ့  အချစ်ဇာတ်လမ်း လေးတွေများရှိခဲ့လို့လားလို့မေးစရာရှိပါတယ်..

ရှိသပေါ့ဗျာ..ရှိသပေါ့…ကြီးမိုက်လို ရုပ်ရေ ရူပကာ ရှိပြီး ယောက်ကျားပီသခန့်ငြား တဲ့

ကောင်မျိုးမှာ…လွမ်းမောစရာဇာတ်လမ်းတွေမှ  အများကြီး…. အများကြီး….

ပြောမဆုံးပေါင်  တောသုံးတောင်…အဲဒီ အများကြီးထဲကမှ…အင်း….

ဘယ်သူလေးနဲ့ချစ်ခဲ့တဲ့ဇာတ်လမ်းစပြောရင်ကောင်းမလဲ…..စဉ်းစားစမ်း  ကြီးမိုက်
ဘူလေးနဲ့လဲ..ဘူလေးနဲ့လဲ..

စဉ်းစားစမ်း…ဖျောင်း..အား..ဖျောင်း…အား..(ခေါင်းကို သတင်းစါလိပ်နဲ့ရိုက်လို့ ကြီးမိုက်အော်သံ) အိမ်ကကွန်ပူတာမှာ ဂေဇက်ကိုတင်မဲ့

အချစ်ဇတ်လမ်းပျိုးနေတုံး ဖီးတက်ပြီး နောက်ကို မဒမ်မိုက်ရောက်နေတာ

မသိလိုက်ဘူး…ကျနော် စဉ်းစားရခက်နေတဲ့ အဖြေကို မဒမ်မိုက်က ဉာဏ်လိုက်သူပီပီ

ချက်ချင်းအဆုံးအဖြတ်ပေးလိုက်ပါတယ်……

`ဒီမယ် ယောက်ကျား..အင်တာနက်ပေါ် အချစ်ဇတ်လမ်းတင်မယ်ဆို…

ရှင်မသေ မချင်းမှတ်ထား…ရှင်နဲ့ ကျုပ်နဲ့ဇာတ်လမ်းလောက် လွမ်းမောစရာ ကောင်းတာမရှိနိုင်ဘူး..အတုယူစရာကောင်းတာမရှိနိုင်ဘူး..

တင်လိုက်တာနဲ့   တန်းနာမည်ကြီးသွားနိုင်တယ်…စာအုပ်ထုတ်ဝေသူတွေတောင်ချက်ချင်း

အလုအယက် လာဝယ်ကြမှာ… ကဲ ရေးစမ်း အမှန်အတိုင်း..ကျုပ်နောက်ကထိုင်တည်းဖြတ်ပေးမယ်..´….

 

ကိုင်း…ကျုပ် ဘာတတ်နိုင်မှာလဲဗျာ…သူပြောသလို ရေးရတော့မှာပေါ့…

သည်းခံဖတ်ရှု့ ကြပါလေ့ စာရှု့သူအပေါင်း ဂေဇက်ရွာသူ၊ ရွာသားအပေါင်းတို့ ခင်ဗျား…

 

 

တစ်ခုလောက်အရင်ပြောချင်တယ်ဗျာ…လောကကြီးမှာ လူဖြစ်နေရဲ့သားနဲ့

အချစ်ဆိုတာ ရင်ထဲမှာ မဖြစ်ပေါ်သေးရင်..ကမ္ဘာလောကကြီးကနဂိုအတိုင်းပဲဗျ…

ဘာမှမထူးခြားဘူး … ဆိုပါတော့…နေဝင်တာလဲသဘာဝ…နေထွက်တာလဲသဘာဝ..

သစ်ရွက်ကြွေတာလဲသဘာဝ…ငှက်ကလေးတွေပျံနေတာလဲ သဘာဝ………..

ဒါပေမဲ့…ဒီနေ့အထိ ဒက်ဖနေးရှင်း အတိအကျဖွင့်လို့မရသေးတဲ့ `အချစ်´…

`အချစ်´..`အချစ်´ `အချစ်´…………………..

အဲဒီ `အချစ်´ ဆိုတာ ရင်ထဲမှာ ပေါ်ပေါက်လာတဲ့တစ်နေ့….အကုန်ပြောင်းကုန်ပါလေရော…

မြင်တွေ့နေရသမျှ အရာရာအားလုံးဟာ ကိုယ်နဲ့တစ်နည်းမဟုတ်တစ်နည်း

ပါတ်သက်နေတော့တာကိုး…

သီချင်းလေးတွေနားထောင်ရင်တောင် ကိုယ့်ကိုပဲ စောင်းဆိုနေသလို

ခံစားရပြန်ပါရော….ပြောရအုံးမဗျို့…

ကျုပ်တို့တုန်းက ချစ်ရကြိုက်ရ တယ်လွယ်လှတာမဟုတ်ဘူးဗျ…

ခုခေတ်လို အင်တာနက်ပေါ်မှာ ဂျီတော့နဲ့ ဘာညာသာရကာနေရုံနဲ့

ရတာမဟုတ်ဘူး…ဟန်းဖုန်းလေးနဲ့ တိုးတိုး တိုးတိုး သဖန်းပိုးလည်း

လုပ်လို့ရတာမဟုတ်…(ပေါ်မှမပေါ်သေးတာကိုး..)

ဆိုတော့…တစ်ဦးနဲ့တစ်ဦး အပြန်အလှန် စာတွေရေးကြ..ချိန်းတွေ့တဲ့အခါလည်းတွေ့ကြပေါ့..

အဲ..အဲ..ပြောချင်နေတဲ့ အဓိကအကြောင်းက…စာရေးတာ..ဟုတ်တယ်..စာရေးတာ..

ကြီးမိုက်ဆိုတဲ့ကောင်က စာရေးအင်မတန်ပျင်း…ဒီတော့ စာရေးရင် လိုရင်းတိုရှင်းပဲ..

ကြီးမိုက်ရေးတဲ့ ချစ်သူထံပေးစာကိုနမူနာကြည့်….

 

`ချစ်

သတိရနေတယ်..

မနေ့က တွေ့ခဲ့ကြတာကို

တစိမ့် စိမ့်တွေးပြီး

ကြည်နူးလွမ်းမောနေမိတယ်..

အမြဲပဲ  ဝင်သက် ထွက်သက်တိုင်း

`ချစ်´လေကိုပဲရှုနေမိပါရဲ့..

ကိုယ်တို့ အမြန်ဆုံးနီးရအောင်

ကြိုးစားနေတယ်…

စိတ်ရှည်စွာနဲ့ချစ်ပါနော်…

      ချစ်နေလွမ်းနေတဲ့..

                    ကိုး။

 

ဖတ်ကြည့်ကြပါအရပ်ကတို့….ဒါ ချစ်သူ့ထံပေးတဲ့ကြီးမိုက်ရဲ့စာ…

အဲဒီလိုစာတိုတိုတွေဖတ်ရလေ…ကြီးမိုက်ချစ်သူကြီးက စိတ်တိုလေပေါ့..

သူက  သူ့ကို သိပ်မချစ်လို့ စာတွေ ရှည်ရှည်တောင်မရေးနိုင်တာ..သူများရည်းစားစာတွေများ

လေးငါးမျက်နှာ…တဝကြီးဖတ်ရတာ…ဘာညာသာရကာနဲ့..စိတ်ကောက်ပါလေရော…

တကယ်တော့…ကြီးမိုက်ခမျာ..သူနဲ့ပေါင်းရဖို့အရေး တွေးပြီး ရှေ့ရေးအတွက် ပလန်တွေချပြီး ကြိုးစားအားထုတ်နေခဲ့တာသူမသိ…အသိအမှတ်မပြု…ရည်းစားစာရှည်ရှည်မရေးရင်ပဲ..

သူ့ကိုအများကြီးမချစ်လို့တဲ့..အဲလိုပဲကောက်ချက်ဆွဲတယ်….ရှင်းပြလို့လည်းမရ..ခက်ပြီ..

ကိုင်း…ဘာတတ်နိုင်မလဲလေ..ချစ်နေမိမှကိုး….

ဒီလိုနဲ့..ကြီးမိုက်တစ်ယောက်…အချိန် သီးသန့် ပေးပြီး ချစ်သူ့ထံပေးစာ ရှည်ရေး..လုံ့လစိုက်ရပါတော့တယ်…ဖတ်မိသမျှကဗျာတွေကိုးကား..

နားထောင်မိသမျှသီချင်းတွေကိုးကား…ဝတ္ထုတွေထဲကထုတ်နှုတ်…

ဒီလိုနဲ့ပဲ  ကြီးမိုက်ရဲ့ အလွမ်းစာတွေ တဖြည်းဖြည်း ရှည်လျှားလာခဲ့ပါတော့တယ်…

ဒါလေးဖတ်ကြည့်ပါအုံး…

 

ချစ်တဲ့`မီး´

ချစ်သူကို စိတ်ကြိုက် 

ခေါင်းခေါက်လို့  ရွေးနိုင်သူရယ်

မောင့်ခေါင်းကိုနာနာလေး

ခေါက်လှည့်ပါကွယ်။

ချစ်တဲ့ `ကိုကိုး´

အဲဒီလိုတွေပေါက်ကရရေးတတ်လာရာကနေ…တစ်ဆင့်တက်ပြီး..ဒီလိုလေးတွေ

မတောက်တခေါက်ရေးတတ်ပြန်ရော..

“မီး”

ခေါင်းကိုမော့လိုက်တယ်

ကောင်းကင်ကပြာလို့

ကြက်မတဝတ်စာတောင်

တိမ်တောင် တိမ်လိပ်တွေကရှိမနေခဲ့

ကိုယ့်အနားမှာ နှင်းဆီတစ်ခင်းကရှိနေ

အဝါရောင်နှင်းဆီက အာရုံမှာမင်းမူလို့ (မနေ့က သူနဲ့တွေ့တော့ သူက အဝါရောင်ဝမ်းဆက်နဲ့..)

နှင်းဆီဆိုတာ အနီရောဖို့ လိုတယ်လို့

ပြောခဲ့ဖူးသူရှိခဲ့သလား..

`ကိုး´ ရဲ့ ညာလက်ရုံးမှာ

ခေါင်းအုံးဖို့

အဆင်သင့်ရှိနေပြီလား

`မီး´ဆံနွယ်တစ်ချို့အတွက်

မစိုးရိမ်လိုက်ပါနဲ့

`ကိုး´ ရဲ့ယာမြေဟာ

လှဲကျင်း(သန့်ပြန့်စွာ) ခင်းကျင်းထားရဲ့

နွေဦးမှာ အပူအအေးမျှတဖို့

ကြိုတင်စီမံထားခဲ့..

              ကိုကိုး

 

ကိုင်းဖတ်သာကြည့်တော့ အရပ်ကတို့…ဟိုကိုး… ဒီကားနဲ့

ကြီးမိုက်ရေးလိုက်တာ…ကိုယ့်ဘာသာတောင် ကောင်းကောင်းနားမလည်ဘူး…

ဒါပေမဲ့..အဲ့ဒါကိုချစ်သူဖတ်တော့…“တော်လိုက်တဲ့ ကိုကိုး …

ကိုကိုးအချစ်ကို “မီး” တစ်ကယ်ယုံသွားပီတဲ့လေ…

ကဲ..မခက်လား…

တစ်ခါတစ်ခါ…ကြီးမိုက်က အင်းကလိပ် လိုလည်းကိုးကားသေးတယ်..

Don’t stop believing

You are sunshine, You are shadow

You are morning, You are night

You are hard times, you are good times

You are darkness, you are light. (Tracy Huang)

ဒါမျိုးစာသားလေးတွေပေါ့…..

တစ်ခါတစ်ခါတော့…ပြောရရင်တော့..အခါခါပါလေ…

“ကိုထီး”သီချင်းစာအုပ်ထူထူကြီးဝယ်ထားပြီး…ကျမ်းကိုးအဖြစ်ထားသုံးခဲ့ရပါသကောဗျာ..

ဒီလိုလေးတွေ…လည်း ကြီးမိုက်ရေးပေးခဲ့ဖူးတယ်…

`မီး´ ဆီစာရေးရင်းနဲ့  ထီးဆိုင်သီချင်းစာသားလေး တစ်ပိုင်းတစ်စသတိရမိတယ်..

“ဆုတောင်းမကောင်းတဲ့  ဟောဒီကမ္ဘာ

 အကောင်းဆုံးကတော့  မင်းနဲ့ကိုယ်တွေ့ခြင်းပါ

ရုပ်ဆိုးလှတဲ့ ဟောဒီဘဝ

အလှဆုံးကတော့  မင်းနဲ့ကိုယ်ချစ်ခြင်းပါ´ တဲ့  မကောင်းလား..?

နောက်တစ်ပိုဒ် ရှိသေးတယ်(ကိုယ်သိပ်ကြိုက်လို့)

`ဒုက္ခကိုသာ  အကြွေးထားလို့ရရင်

ဒီဘဝ  မင်းနဲ့အတူတူပျော်ပြီး

နောက်ဘဝကျမှ  ဒုက္ခတွေ တစ်ယောက်တည်း

စုခံလိုက်ချင်တယ်..

ကိုယ် ဒီလိုလူစားပါ   မင်းသံသယတွေကို

ဘေးဖယ်ထားပါအုံး  တစ်နေ့နေ့ကျရင်

ကိုယ်ဘာမှ မရှင်းပြရပါပဲ  နားလည်လို့လာမယ်

အချစ်ဟာ  အချစ်ရဲ့သက်သေပဲ..

အနမ်းနဲ့  ကိုယ်အနှိုးမှာ  အိပ်မက်နဲ့တို့ဘဝ

တူညီနေတာကို  မင်းတွေ့ရမယ်..

ခုတော့အိပ်ဦး  အချစ်ဆုံးရေ့…”(ထီးဆိုင်ရဲ့`မိုးမလင်းသေးဘူး အိပ်ဦး´)

 

ဆိုတော့ဗျာ…ငယ်ငယ်က ကြီးမိုက်တို့ ခေတ်မှာ

ရည်းစားသနာရလာပီဆိုတာနဲ့ စာလှိမ့် ဖတ်ရတော့တာပဲဗျ…

အကိုးအကားရအောင်ရှာရင်း  စာများများဖတ်ဖြစ်တယ်ဆိုပါစို့ဗျာ…

ကဲကဲ..ဒီလောက်ဆိုရင်…အရီးခင်လတ် တစ်ခါက ကြီးမိုက်နာမည်ကို

ဂဇက်မှာ စကားထာဝှက်ပီး  ‘ပဟေဠိ’ လုပ်ဖူးတယ်…မှော်ဆရာ ကဝိကလည်း

ရအောင်ဖြေသွားခဲ့ဖူးပါရဲ့..အဲဒီတုန်းက အရီးခင်လတ် ပေးသွားတဲ့ `ဟင့်´

လေးတစ်ခုက `မီး´ကိုချစ်တဲ့သူတဲ့……

အမှန်အကန်ကိုတိုက်ဆိုင်သွားခဲ့ပါရောလားဗျာ…..

`ကြီးမိုက်´ဆိုတာ…တစ်ကယ်ကတော့ ..`မီး´ကိုကြိုက်ခဲ့တဲ့..`ကြိုက်မီး´ဆိုတာက လာတာပါဗျာ.

ကျနော့ နောက်မှာ မျက်မှန်ကြီးတတ်ပီး ထိုင်တည်းဖြတ်ပေးနေတဲ့

မဒမ်မိုက်(ယခင်အခေါ်`မီး´) က ကျုပ်ကိုပေးခဲ့တဲ့ စာလွှာတွေအနက်က

အရှည်ဆုံးလို့ပြောလို့ရတဲ့…စာလေးကိုဖတ်ပြီးကျေနပ်ကြပါတော့လို့…

(အဲဒီအချိန်က `ဂျူး´ ရဲ့“ အမှတ်တရ” တစ် ခေတ်ထချိန်ပေါ့..ဤကားစကားချပ်။)

 

 

 

 

 

 ကိုကိုး

အရမ်းသတိရနေတယ်

ဒီနေ့ညစာအရှည်ကြီးရေးမလို့ပဲ

ဒီကဗျာထဲမှာ မီး ပြောချင်တာတွေ(ခံစားချက်တွေပေါ့)

အားလုံးနည်းပါးပဲ ဆိုပါတော့(တူနေလို့…ပိုပြည့်စုံမယ်ထင်လို့.!)

ရေးပေးလိုက်တယ်. (အသဲနှလုံးနဲ့ဖတ်..ဦးနှောက်နဲ့မဖတ်နဲ့)

“အမှတ်တရ” ပေါ့နော်! ကိုကိုး….

“သတိရလိုက်တာလဲ အရမ်းပါပဲ

တမ်းတလိုက်ရတာလဲ ခဏ..ခဏ ပါပဲကွယ်.

မခွဲချင်ပဲခွာ…မခွာချင်ပဲခွဲလို့

မပြန်ချင်ပဲနဲ့..ပြန်ခဲ့ရတာ….

သိပ်လွမ်းဖို့ ကောင်းတာပဲ သိလား..”(ကိုယ်ချင်းစာပီးသိပါကွယ်..)

ရှည်ကြာလှတဲ့  ရက်ကာလကို (ဝေးနေရလို့ပေါ့..)

စုစည်းလို့လဲ   မဖြစ်နိုင်ဘူး

ဖွင့်ဟရရင်   ကိုကို့ အပေါ်မှာမူတည်နေပြီ…

စာနာမှု့များ   ကြင်နာမှု့များနဲ့အတူ

“မီး” ကိုသနားလှည့်ပါ “ကိုကိုး”ရာ…

ဝေဒနာ  လေမှာပစ်  ကောင်းကင်ဖြစ်၏…တဲ့

ဝေဒနာ  ရေမှာပစ်   ပင်လယ်ဖြစ်၏…တဲ့

ဝေဒနာ  မြေမှာပစ်  မြေပြင်ဖြစ်၏…တဲ့

ဘယ်မှာမှ  မပစ်ပဲ  မီးရင်ထဲမှာ  သိမ်းထားလိုက်တော့….,(ကိုကိုး အတွက်ပေါ့..)

“မီးတောင်”ဖြစ်၏…တဲ့.

ကိုကိုးနဲ့တွေ့ မှ အဲဒီမီးတောင် ပေါက်ကွဲမယ်….

ကဗျာလေးကိုသေသေချာချာ ဖတ်ကြည့်နော်..

ချစ်တဲ့………

အလွမ်း“မီး”

 

   “မိဂျုံရဲ့ အိုင်ချင်းရှည်”

 

[ချစ်သူ့လက်ချောင်း   သွယ်နွဲ့ ပျောင်းမှာ

ခေါင်းအုံးအိပ်ရ   နေ့ကစ၍

ပွယောင်းနွယ်မျှင်   ကိုယ့်ဆံပင်ကို

ကိုယ်ပင်မဖြတ်ရက်တော့ပြီ]                    မောင်သင်းခိုင်@ ဂျပန်ကဗျာတစ်ပုဒ်ကိုပြန်လည်ခံစားခြင်း

ဘုရားရေ..

လောကဆိုတာ  မောင်ပါပဲလား

ချစ်ဆိုတဲ့စာကြောင်း  ရှိတ်စ်ပီးယားသုံးတာ  နှစ်သောင်းတဲ့

လျှာကုဋေ ဆောင်း  နောက်နှစ်သောင်းပေါ့

ပေါင်းလိုက်မယ်  ကျမ

တစ်ကြောင်းထဲဆွဲရင်  မက

အဲဒါ ကျမပေါ့   မောင်ရယ်

 

သိတယ်မှုတ်လား

ဒသန   လှချင်မှလှ

ပါးစပ်က   မချချင်ဘူး

`အမှတ်တရ´ နဲ့  ကျမလေ

 

စာမျက်နှာ   ပထမ

စလျှင်စခြင်း   ကျမချဉ်ခြင်းလေ

`မောင့်´ ကိုယ်သင်းနံ့ကိုရှာခဲ့တယ်…

 

စာမျက်နှာနှစ်  `မောင့်´ ကိုချစ်တယ်

စာမျက်နှာသုံး   `မောင့်´ အတွက်ပြုံးတယ်

ပုခုံးပါးမှာ   ပျော်လို့ရယ်..

 

စာမျက်နှာလေး   “မောင့်”ကြောင့် ဆွေးတယ်

ဝေး ဆိုတဲ့စကား   အဘိဓါန် ကြားမှာ

မထားချင်ဘူးမောင်ရယ်…

 

စာမျက်နှာငါး   မေ့နိုင်ပါ့မလားကွယ်

ပုခုံးပါးမှာ   အိခဲ့တယ်

စာမျက်နှာခြောက်   …….ကိုကြောက်တယ်

ဆောက်တည်ရာမဲ့   အချစ်ရယ်..

 

စာမျက်နှာခုနှစ်

[အင်းယားကန်မှာ   မှန်လေးတစ်ချပ်   ဖျတ်ခနဲကွဲ ]                      တင်မိုး

ဘာလဲမောင်ရယ်   လယ်လိုက်တဲ့   မောင်

မောင်ဘဲ  အသဲကြား  လေယားတိုက်သလို

ဖြေသွားလိုက်တာ   မောင်ရယ်..

 

လွန်တယ်  လွန်တယ်  မောင်သိတ်လွန်တယ်

စာမျက်နှာရှစ်   ချစ်တာဘဲ  သိတယ်

ဖြစ်ချင်ရာဖြစ်  “မေဘချစ်”  ပေါ့

ချစ်တဲ့စာကြောင်း   ခရားရေလောင်းပေါ့

[ ဒေါင်းဥခန့်မျှ   အိမွမွကို

ခွက်ဝပန်းရည်   ဆုပ်နယ်သည်သို့]  တဲ့…                   ဦးယာရဲ့ မင်းနန်ပျို့

ပျို့ထဲကအသံ   ဘာသာမပြန်တတ်

ရောက်တတ်ရာရာ   ဘာဘာညာညာ

ပျို့ထဲကဦးယာ   ဘာပြောတာလဲ

အေး  သည်မှာ   `ကဗျာ´ ဓါတ်တဲ့

သည်ဟာကို   အသာမှတ်တဲ့

ရယ်စရာ   ဝစနာရပ်တွေနဲ့

စာတတ်ခဲ့သူပါ    မောင်ရယ်

 

သည်လိုနဲ့ရယ်   စာမျက်နှာကိုး

တာပေါင်ကျိုးခဲ့……

မောင့်ကို   ပုဆိုးဝတ်သင်ရတယ်

`မ´ ကို   ပုဆိုးချွတ်ဆင်ခဲ့တယ်

 

စာမျက်နှာတစ်ဆယ်

အသာဖက်ပါ   မောင်ရယ်

[ဘုရား..ဘုရား…  အမေ့အသံကြားတယ်]

ဖျားချင်လာတယ်   မကြားချင်ယောင်ဆောင်မယ်

မရပါလား   မောင်ရယ်

တစ်ကွက်မြင်ရင်   တစ်မဂ်စင်သတဲ့

ဘာတဲ့  ညာတဲ့   မဟုတ်ဘူး  မဟုတ်ဘူး

တစ်ရက်မြင်မှ

အသက်ရှင်ရတဲ့   ကျွန်မပါအမေရယ်

 

 

ဘုရားရေ..

လောကဆိုတာ   မောင်ပါပဲလား!

ကြာပြီ  ကြာပြီ

ကြည်အေးရဲ့   မြနန္ဒာ

မြနန္ဒာထဲက   မဒမ်မာ

ကျမ   တစ်ကမ္ဘာထင်ခဲ့တယ်

ကြည်အေးကို   တု

`ဝုဖ်´ ကို   သိလာတယ်                                     ဗာဂျီးနီးယားဝုဖ်

ကြည်အေးကိုလိုက်…

`ဂျွိုက်စ်´ကို   သိလာတယ်     ဂျိမ်း ဂျွိုက်စ်

 

မောလိုက်တာနော် !!

ဘဝသရုပ်ဖေါ်တဲ့           မသိဘူး

ကျမသရုပ်ဖေါ်နဲ့တောင်   မူးလှတယ်

သိတယ်မှုတ်လား

အနာဂတံကို   ရာဇမာန်ရှသည်ထိ

ဘာသာပြန်ကြတယ်…

`ပူရှကင်´  ကဗျာတွေ                                                              ရုရှားကဗျာဆရာ

`တူယှဉ်ကာ´ တွေ  `ဒူလင်နာ´ တွေ                                       ရုရှားကဗျာဆရာမ

ဒါတွေမသိဘူး

ရူးချင်တယ်မောင်ရယ်..

 

ကျမသိတာ   ရင်ခွင်ဦး

နှင်းဆီဖူးတွေ  အခူးခံချင်တယ်

ဂစ်တာဖြစ်ရင်

တစ်ကြိုး တစ်ချောင်း  ဖြစ်ခွင့်တောင်းမယ်

မောင့်လက်ချောင်းမှာ   ပျောင်းနွဲ့ချင်တယ်

ကျမ  ဒါပဲ သိတော့တယ်..

 

တစ်ခါတုံးက   ကျမဇတ်လိုက်

DR. ရွိုက်ဇာ   DR. ချီ..                        DR. ရွိုက်ဇာ၊လူမဲတို့၏အချစ်တော်ဆရာ၊

  ချီဂွေဗားရား(တော်လှန်ရေးသမား)

DR. ဗက်သွန်း   ကျမ  မလွမ်းတော့ဘူး                နှလုံးလှဆရာဝန်

အေလိန်း ဒီလွန်း ကိုပဲ   လွမ်းတယ်            ကမ္ဘာကျော်မင်းသား

ဂျွန်လင်နွန်း  ကိုပဲ   လွမ်းတယ်                 ကမ္ဘာကျော်ပေါ့ပ်တေးသံရှင်

ကျမ  `မောင်´ နဲ့တူလို့ရယ်

“ကွာရှာကော”တွေ   ဘာညာသဘောတွေ          ကွာရှာကော=အသားဓါတ်မဲ့ရောဂါ

ပြောမနေနဲ့    ပြောမနေနဲ့..

 

 

ကျမဝေဒနာ   အဖြေရှာရင်

သေချာတာက..

ချစ်တစ်မျက်နှာ   `တစ်ကမ္ဘာထင်´ တဲ့

`မစ္စက်မာတင်´ တဲ့ မောင်ရယ်..                    ကြည်အေး “ဇတ်ကောင်”

 

 

အချစ်ဆိုတာ…

`အတူခွဲမသွားခင် အာလျ´ တဲ့

တူဂဲသားဝါဒနဲ့ရယ်

ဘော်ဒါဆောင်မှာ   တစ်ကိုယ်တည်း

အဖေါ်မလာရင်   အပျိုကြီးပေါ့ကွယ်

သူ့မောင်မလာရင်   ဗုဒ္ဒကျမ်းတဲ့

သူ့မောင်လာရင်   ကျုပ်ဘဝဟာ `အနမ်း´ တဲ့

ဆန်းတယ် မောင်ရယ်  တကယ် တကယ်

ကျမနဲ့သူ   တူလွန်းလှတယ်

လက်ထပ်စာချုပ်   ဗလာအလုပ်တဲ့

ဘာလုပ်ဖို့လဲတဲ့   နော့ကွယ်

သည်ဟာတွေဟာ   ရယ်စရာမဟုတ်

သည်မှာတော့   ရီဟာဇယ်တွေပေါ့မောင်ရယ်

 

ကျမနဲ့ရှင်   ရှင်နဲ့ကျမ

သည် မဒမ်ကိုအားကျ

ကျမ  မူလ…

[အကြောင်းမထူးတော့ဘူးလေ]

 

မာဂရက်   တဖြစ်လဲလိုက်တယ်

ဥရောပ မဆန်လား  အချစ်ရယ်

 

ဘုရား..ဘုရား..  ကြားလား

ကမ္ဘာ့အိတ်ဇစ်တွေ   အလှဆုံးမှာနေ

ဗမာ့အိတ်ဇစ်တွေ   ကျဆုံးပါစေတဲ့

မခက်ပေဘူးလားမောင်ရယ်..

 

သိဘူး   သိဘူး…

အိတ်ဇစ်ဆိုဆို   ဟိုဟိုသည်သည်

မိုနိုဂယ်မီ   လဲမသိဘူး

ပိုလီဂယ်မီ   လဲမသိဘူး

ကျမသိတာ   နှင်းဆီဖူး

ခူးဖို့ပွင့်တာပါ   အချစ်ရယ်

ဒါပဲ ဒါပဲ

[မရှက်သာ   ပဒါလူးသည်သို့

တစ်သက်မှာ   တစ်ခါရူးပါသတဲ့]             ခင်နှင်းယု

မစု ပြောဖူးတာ သိလိုက်တယ်….

 

 

 

………….ဝတ္ထုထဲကလို..

ပညောင်ကစိမ်းမှ   ရေရိပ်က  စိမ်းရတာ  မှုတ်လား !

သူကြင်မှ  ကိုယ်ကြင်  ဂျင်းစိမ်းနဲ့ မိတ်သလင်ပေါ့..

 

[သားမြတ်လိုမို့   သားမြတ်လိုနု

ချစ်ဖွယ်စုသည်   သိပ်နူး သိပ်အိ

သိပ်မွှေးဘိတကား   ချစ်သူ့ပါး..တဲ့]                                 မောင်စွမ်းရည်

 

ဘယ့်နှယ်လဲ ဆွေ    (သိတယ်မှုတ်လား)

ဆန်မဟုတ်လို့    လေမှုတ်ရာပါတဲ့`ဖွဲ´

လွမ်းရဲစရာမရှိပြီ…..။

ဇော် (ပျဉ်းမနား)

 

ကိုင်း…ကြည့်ပါအုံးဗျာ..ရှည်လိုက်တဲ့စာ…

 

ကဲ… ကြီးမိုက်ရဲ့ အချစ်ကိုတော့ အစဆွဲထုတ် လှုတ်ပြလိုက်ပြီ…

ရွာက အပျိုဂျီး  လူပျိုဂျီးများ အတုမြင် အတတ်သင်ပြီး လင်ယူသားမွေး လုပ်ကြပါလေ…

တစ်ခုတော့ရှိတယ်..ဒီပုံလေးကိုလည်း မမေ့ကြနဲ့….

ကိုယ်ကြိုက်တာ ကိုယ်လုပ် ၊ ကိုယ်ဖြစ်ကိုယ်ခံ

လူဆိူတာ သေမျိုး

မသေခင် ကိုယ်ကြိုက်တာကိုယ်လုပ်(ခွက်ဒစ်တူ..ဂီ)

အားလုံးကိုခင်မင်လေးစားလျှက်

လမ်းဆက်လျှောက်နေတဲ့…

ကြိုက်မီး။ :harr:  :hee:

42 comments

  • kyeemite

    October 30, 2012 at 4:01 pm

    အရီးခင်လတ်(ကျနော်ခေါ်နေကျကတော့ “ကိုခင်လတ်” ပေါ့) မျှောက်ပေးလို့
    တစ်သက်လုံးသိမ်းဆည်းထားခဲ့တဲ့ ရည်းစားစာဟောင်းတွေပြန်မွှေပြီး
    နောင်လာနောက်သားများအတုယူ ပီး ကြီးမိုက်အသေးစားလေးများ
    ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ရင်ဖွင့်လိုက်ရခြင်းပါဗျို… :hee: :harr: :528:

    ယခုရေးသားတင်ပြခဲ့သောစာများသည် ကျနော်မောင်ကြီးမိုက်၏ မူပိုင်
    အမှန်အကန်များဖြစ်ပါ၍ ကူးယူအသုံးပြုမည်ဆိုပါက ခွင့်ပြုချက်တောင်းခံပါရန်..

  • weiwei

    October 30, 2012 at 4:02 pm

    မီးရဲ့ ရည်းစားစာကို အရမ်း အရမ်း ကြိုက်ပါ၏ …
    အခုအချိ်န်မှာရော အရင်ကနဲ့ ခံစားချက် အတူတူပဲလားလို့ သိချင်ပါ၏ …

  • မိုချို

    October 30, 2012 at 4:02 pm

    ဦး မိုက် ရေ
    ကျောင်းတော် ကြီး က အကိုတော် ပီသ ပါပေတယ်။ ရေလည် လက်ရာ မြောက်တယ်။ ဦး မိုက် ကတော် တကယ် စပ်ခဲ့ တာလား ၊ ဦး မိုက် စပ်ပေး တာလား ။ မိုချို ဆို အဲလို ကဗျာ အရှည်ကြီးတွေ မရေး တတ်ဘူး။
    ဦး မိုက် က အစ ဆွဲ ထုတ် ပြတော့ မိုချို တို့ လည်း အတိတ် ကို ပြန်သတိရ သွား ပါတယ် ။ မိုချို တို့ တုန်း ကလည်း စာရေး၊ ကဒ်ပြားလေးတွေ ပေးတဲ့ ခေတ် ကိုး။ နောက်မှ ရေးပြပါဦး မယ်။

  • စိန်ဗိုက်ဗိုက်

    October 30, 2012 at 4:13 pm

    ရေလည် ခံစားရတယ်ဗျာ.ဟာ..ဟာ..
    ကြီးမိုက်ခြေရာနင်းမဲ့ ကြီးဗိုက်
    မကြာခင်လာမဟေ့.. ရွှက်…ရွှက်..ရွှက်စ်.. ( ရည်းဇားစာရွက်အဟောင်းတွေ ပြန်လှန်သံ )

  • kyeemite

    October 30, 2012 at 4:19 pm

    မဝေ ခင်ဗျား..ပထမဆုံးကွန်မန့်လေးပေးလို့ကျေးဇူးပါ။
    အမှန်အတိုင်းပြောရရင် ငယ်ငယ်ကလို မကလက်တော့ပေမဲ့
    မပူပြင်းတဲ့ အချစ်နဲ့ချစ်နေကြဆဲပါ…မောင်နှမလိုပေါ့..
    နောက် နှစ်ယောက်စလုံးက သားသမီးအရေးကို ဦးစားပေး “တစ်”
    ထားပစ်လိုက်ပါပြီ…
    ခင်တဲ့..
    ကြိုက်မီး။
    ~~~~~~~~~~~~~~~~
    မိုချိုရေ…ကဗျာတော်တော်များများက မှီညမ်း ကိုးကားတွေပေါ့…
    မဒမ်မိုက်ရေးပေးတဲ့ ကဗျာရှည်ကြီးကတော့ ကဗျာအောက်ဆုံးမှာပါသလို
    နာမည်ကြီးကဗျာဆရာ..ဇော် (ပျဉ်းမနား) ရဲ့ကဗျာပါ…
    သူ့ခံစားချက်နဲ့တိုက်ဆိုင်လို့ ရေးပေးလိုက်တာပေါ့..
    မိုချို့ ခံစားချက်စာလေးတွေလဲ စောင့်ဖတ်ပါ့မယ်..
    ခင်တဲ့..

  • ကိုခင်ခ

    October 30, 2012 at 5:34 pm

    ကိစ္စရပ်တစ်ခုဆို ကိုကြီးမိုက်နဲ့ ပြောရင်ပြီးမယ်လို့ထင်ထားတာ အခုပိုစ့်ဖတ်ပြီးမှ သိလာတယ် နှစ်ယောက်ဆုံပြီး ပြောရင် နှစ်ခါမမောရဘူးလို့၊ ဒီပြင်ဆို မဒမ်မိုက်ကို တစ်ခါပြန် ရှင်းပြနေရအုံးမှာလေ။
    နောက်များ အကြောင်းဆုံလို့ တွေ့ကြဖို့ရှိရင် မဒမ်မိုက်ပါခေါ်ခဲ့နော်။

  • Hnin Hnin

    October 30, 2012 at 6:19 pm

    စာက ရေလည်မိုက်တယ်….ကြီးမိုက် ရဲ့ အဓိပ္ပာယ်က ဂလိုကိုး…
    အားပေးဖတ်ရှု့သွားပါသည်…

    အရေးပါသော ဖွင့်ဆိုချက် ‘ကြီးမိုက်’ = ‘ကြိုက်မီး’ ရဲ့ ‘ပဟေဋ္ဌိ’ က
    မှားနေပါတယ်… ‘ပဟေဠိ’ ပါ…

  • kyeemite

    October 30, 2012 at 6:36 pm

    Hnin Hnin ခင်ဗျား… ဖတ်ရှု့ အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
    သတ်ပုံကတော့ သက်ကြီးရွယ်အိုတွေ တို့မှားရင်ပြင်ပေးပေါ့..မျက်စေ့ကမှုံ
    လက်ကတုန်နေပီလေ… :harr:
    သိုင်းကျူးပါဗျာ..

    • Hnin Hnin

      October 30, 2012 at 11:35 pm

      ဟုတ်ကဲ့…ကျေးဇူးပါ….သတ်ပုံကွင်း(queen)ကလည်း အမှားမြင်ရင် အောင့်ထားရပါတယ်..
      တော်ကြာ..အမြဲတစေ ပြောနေရင်လည်း မကြိုက်မှာစိုးရတယ်… 🙂

      ဇရာထောင်းနေသူချင်း အဲ့လိုမပြောပါနဲ့ရှင်…အားငယ်ရတဲ့အထဲ :harr:

  • may flowers

    October 30, 2012 at 6:40 pm

    ကိုကြီးမိုက်ရေ အခုကော အိမ်သူမဒမ်ကြီးမိုက်ကိုု မီး လို့ခေါ်သေးလားဟင်င်င်…..

    💡

  • kyeemite

    October 30, 2012 at 7:15 pm

    may flowers ရေ…
    အခုတော့..မိန်းမရေ…လို့ခေါ်တာ က ပိုပီး အရသာရှိတယ်ထင်မိတယ်…
    :harr:

  • San Hla Gyi

    October 30, 2012 at 7:58 pm

    ကိုကြီးမိုက်ရေ
    အခုတော့ ရည်းစားစာပေးတဲ့ ခေတ်ရှိသေးလား မသိဘူး။ မှေးမှိန်သွားပြီ ထင်တယ်။ ကျနော်လဲ သိပ်တော့ မကျိန်းသေပါဘူး။ ဘာလို့လဲဆိုတော့ ကျနော့် သူငယ်ချင်းတယောက် ပြောတာ မှတ်မိတယ်။ သူကပြောဖူးတယ်။ အမှန်က ကျနော်တို့ သူငယ်ချင်းတယောက်က ကောင်မလေး တယောက်ကို ကြိုက်တာ။ အဲဒါ ဒီကောင်က စာပေးမယ်ပြောတော့ သူက “စာမပေးနဲ့ကွ သူငယ်ချင်း။ စာပေးတာ ခေတ်မရှိတော့ဘူး။ နောက်ပြီး စာဆိုတာက နောက်ပိုင်းမှာ သက်သေအထောက်အထားနဲ့ ငြင်းမရအောင်ကို ပေါ်တာ။ နောက်ပြီး ပေးတုန်းက ယူသွားပြီး နောက်နေ့ကျမှ မဖတ်ဖူးဆိုလဲ ဘာမှမတတ်နိုင်ဘူး။ စကားသာ လိုက်ပြောကွတဲ့။ သရုပ်မပျက်ရင်ပြီးရော။ သူက မကြားပါဘူးဆိုပြီး နားပိတ်ထားလို့လည်း မရဘူး။ နောက်ပြီး စာရွက်စာတမ်းနဲ့ မဟုတ်တော့ မင်းကလည်း နောက်ပိုင်းကျရင် ပြဿနာတတ်ရင် မဟုတ်ပါဘူးဆိုပြီး ငြင်းလို့ရတယ်ကွတဲ့။” မှတ်ချက် ကျနော့်ကိုယ်ပိုင်ရေး မဟုတ်ပါ။ သူများ ပြောတာကို ပြန်ရေးခြင်း ဖြစ်ပါသည်။(မိုးပြာဆရာလေသံဖြင့်)
    အကိုတို့ ခေတ်ကတော့ စာပေးတဲ့ခေတ်ကိုးဗျ။ စာကိုတောင် နဘေကာရန်တွေနဲ့ ရေးကြတယ် ထင်ပါရဲ့။ ဥပမာ “လက်ရေးနုံချာပေမယ့် အသက်သွေးပုံကာ ချစ်သူပါကွယ်တို့” ဘာတို့ပေါ့ဗျာ။ အကို့ ရည်းစားစာကိုလည်း အားပေးသွားပါကြောင်း။

  • TheWinner

    October 30, 2012 at 10:19 pm

    ဦးကြီးမိုက်က အရေးကောင်းလိုက်တာနော်။

  • ဦးဦးပါလေရာ

    October 31, 2012 at 12:00 am

    အော…
    လက်စသပ်တော့ ကဗျာဆရာမောင်နှံပါလား…….
    :hee:
    ဒီလူကြီးနဲ့ ငယ်ငယ်တုန်းက မိတ်ဆွေမဖြစ်လိုက်ရတာ နာလိုက်တာနော်… 😀

  • surmi

    October 31, 2012 at 1:12 am

    အစ်ကိုကြီး ကိုမိုက်
    ဟဲ ဟဲ …….ဖတ်ပြီးသဘောကျလွန်းလို့ ဗျာ ….။ အစ်ကိုက စာရေးအလွန်ကောင်းပါလျက်နဲ့
    ဟိုတုန်းက ခတ်တိုတိုရေးခဲ့တာပေါ ့နော …။ တကယ်ပါဗျာ ….အသက်တောင်ပြန်ငယ်သွားပြီး
    ကြည်နူးမိပါရဲ ့ …။ ခုုခေတ် လူငယ်များကတော့ စာပေးတာပြောပြရင် ရီချင်မှာပဲ …
    ဒါပေမဲ့လည်း ဟိုတုန်းက ဒီလိုပဲ ဆက်သွယ်ခဲ ့ရတာပဲလေ …။
    ကျနော်ကတော့ အစ်ကိုနဲ့ပြောင်းပြန်ဗျ ။ရေးရင်ရှည်လွန်းလို့ ပြဿနာတောင်ဖြစ်ရသေး ..
    တစ်နေ ့ကျရင်တော့ ရီးစားစာ (၁၂)မျက်နှာရေးမိလို့ ပြဿနာဖြစ်ရတဲ့အကြောင်းလေး ရေးဖြစ်မလားပဲ ။
    ခုတော့ ……”တစ်ခါက” ဇတ်လမ်းတွဲတွေကို ဖီလင်လာပြီး အတိတ်မြို ့ဟောင်းကိုပြန်တူးနေတယ်ဗျို ့ …..။

  • သကြားလုုံးကြော်

    October 31, 2012 at 3:18 am

    ခေါင်စဉ်ကိုု အမြန်ဖတ်လိုုက်တာ ”ရည်းစားစာ … အရီးခင်လတ် လင်နောက်လိုုက်ခြင်း” လိုု့ ဖတ်မိလိုု့ အရီးလတ်က ဘယ်လိုုရည်းစားစာကြောင့်များ လင်နောက်လိုုက်သွားပါလိမ့်လိုု့ စိတ်ဝင်စားသွားတာပဲ။ ဟီဟီ
    Catchy Catchy

    • အရီးခင်လတ်

      October 31, 2012 at 5:14 am

      ဟုတ်ပတော်။
      တောက်စ် (စီအာ – ဂဂ)
      😆

  • အရီးခင်လတ်

    October 31, 2012 at 5:24 am

    ကကြီးမိုက်

    မီး နဲ့ ကိုကိုး စာတွေကတော့ ရှယ်ဘဲ။
    အရင်တုန်းက တူးတူး သီချင်း ကိုတောင် သတိရမိသေး။
    “ရင်ခွင်မှာ လာနေပါနော် မီးရယ်” တို့” မီးနှိပ်စက် တာ ရူးတော့ မယ်” တို့ နဲ့ အဲဒီခေတ်က မီးသီချင်းတွေ အများသား။

    စာဖတ်ပြီး အတော်လေး စိတ်ထိခိုက်သွားပါ၏။

    အကြောင်းမူကား
    ငယ်တုန်းက အစ်ကို/မောင် တွေ နဲ့ နပမ်းသတ် တဲ့ ဂျစ်တူး၊
    တက်တော့ မိန်းကလေးကျောင်း၊
    ပြီးတော့ ကျားတစ်ကောင် မှမရှိ တဲ့ အီကို ဆက်ရှင် (၁)၊
    ပေါင်းတော့ မိန်းကလေးကြီး ၉ယောက်။
    ဒီတော့ ကျောင်းသက်တမ်း တစ်လျှောက် ဘယ်သကောင့်သား ဆီကမှ ရည်းစားစာ မရခဲ့တဲ့ ဘဝ။ 😥

    ကျောင်းပြီးချိန်လေး အဖိုး အဖွားချင်း အင်မတန် ရင်းနှီး တဲ့ အဖွားက သူ့မြေး နိုင်ခြံဂါး အသွား ကြင်ယာ ပါ အပါခေါ် စိတ်ချ ချင်လို့ဆိုပြီး အဒေါ်အပျိုကြီး ကတစ်ဆင့် မြေး တောင်းခဲ့။
    အဒေါ် အပျိုကြီး မှာ မျက်စိပျက် မျက်နှာပျက် ပြန်လာပြီး “သူ့တူမ နုနုထွတ်ထွတ် လေး က ဒါမျိုးတွေ မစဉ်းစားသေးဘူး” လို့ ငြင်းခဲ့လိုက်တယ်လို့ ပြော။
    နောက် အဲဒီလူလဲ နိုင်ခြံဂါး ကို ထွက်သွား။ ဘာသံမှ ပြန်မကြားတော့။
    ဒီတော့ ကိုယ့်ကို ရည်းစားစာ တိုက်ရိုက်မပေးဘဲ အဖွားက အောင်သွယ်ခိုင်း ခဲ့တဲ့ အူတူတူ သူကိုဘဲ ဒေါသဖြစ်ရမလို်။

    အလုပ်ထဲ ဝင်တော့ အစမှာ သိပ်ပြီး မျက်နှာထိုး မတည့် တဲ့ စာဘုန်းကြီး နဲ့ ဟိုသွားဒီလာ လုပ်ဖို့ လိုလာတော့ ကိုယ့်ဘက်ကနေ အသာစီး ရအောင် ဆိုပြီး “တွဲသားတွဲလာ လုပ်လို့ နီးစပ် မယ်ထင်ပြီး ရည်းစားစကား ပြောဖို့မကြံ နဲ့” လို့ ကြိမ်းလိုက် မိတာ နဲ့ သူ့ဆီက နုနုရွရွ ဘာစာ၊ ဘာစကားမှ မှမရတော့ဘဲ နောက်ဆုံး ၁ဝနှစ် ၁ဝမိုး နီးပါး နှစ်တွေ အတော် ကြာတော့မှ လက်ထပ်ပါရစေလို့ တုံးတိတိ ထွက်လာ။ 👿

    ဒီလို နဲ့… ကကြီးမိုက် ရဲ့ ကိုခင်လတ်မှာ ကိုယ့်ကိုပေးတဲ့ ရည်းစားစာ မဖတ်ဖူးခဲ့တဲ့ ဘဝနဲ့ဘဲ …..
    ဒီလို သူများ ရည်းစားစာ တွေ ဖတ်ရတော့ ရင်နာတယ် …….
    တောက်စ် (စီအာ – ဂဂ)
    😆

    ဒီလူကြီး တွေ အသက်ကြီးမှ သူငယ်ပြန် တယ် မထင်ကြနဲ့။
    လမ်းလွှဲ နော်၊ လမ်းလွှဲ။
    အကြောင်းပြချက်လေး ကောင်း တုန်း အတိတ်တွေကို ပြန်တူးဖော်ဖို့ ဈာန်ဝင်ထားကြနော်။
    :kwi:

    • Shwe Tike Soe

      October 31, 2012 at 11:59 am

      အော် အရီးလတ် ရယ်.. ဖတ်ရင်းနဲ.တောင် စိတ်မကောင်းလိုက်တာဂျာ…
      တားတားတောင် ရည်စားစာ အပေးခံရဘူးတယ်… အဟိ…
      ကောင်မလေးတစ်ယောက်က တူ.ရည်းစား တားတား တငယ်ဂျင်းကို ပေးတာ ကြားက သယ်ပေးရတာလေ… အဟီးးးးးးးးးးးးးးး 😛

  • ဦး ကျောက်ခဲ

    October 31, 2012 at 5:53 am

    အင်းပေါ့လေ…..

    “ဦးကျော်” တို့ကတော့ ရုပ်ရှိတော့ ပြောအားရှိသပေါ့…
    မောင်ကျောက် အတွက်ကတော့ ရည်းစားစာဆိုတာ သက်သေခံ…
    စကားလိုက်ပြောရင် ပါးရိုက်ခံ….. ရမှာဆိုတော့…
    ရုပ်မမြင် အသံမကြား အွန်လိုင်း ကပဲ ရည်းစားစကား ပြောတော့မယ်…
    :hurr:

    • အရီးခင်လတ်

      October 31, 2012 at 6:13 am

      အွန်လိုင်းမှာလဲ ကျုပ်ကျက်လိ ဦးနော်။
      ကျားလိုလို၊ မလိုလို ကို တကယ် ခွဲတတ်ရဲ့လား။
      အဟိ။ နောက်တာ။ 😆

  • blackchaw

    October 31, 2012 at 9:18 am

    တတိယအရွယ်၏ ဒုတိယဝေဒနာ ပြပွဲကြီးကို
    ဝင်ရောက်ကြည့်ရှုခံစားရင်း
    နားမလည်တာလေးတစ်ခု မေးခဲ့ချင်ပါတယ် ကိုမိုက်ရေ…။
    ဟိုတစ်ခါလည်း သူကြီးက ဒီစာသားကို
    ကွန်းမန့်ထဲ ထည့်ရေးခဲ့သေးသဗျ…။
    (အော်သူလည်း ကြိုက်ခဲ့ရှာတယ်ထင်ပါ့…)
    :mrgreen: :mrgreen: :mrgreen:

    ဒေါင်းဥခန့်မျှ အိမွမွကို
    ခွက်ဝပန်းရည် ဆုပ်နယ်သည်သို့

    အဲဒါလေးဗျာ…။
    ကိုမိုက်ရဲ့ ခံစားမှုလေး သိခွင့်ရရင်
    သိစမ်းပါရစေ…။
    :mrgreen: :mrgreen: :mrgreen:

    • kai

      October 31, 2012 at 10:22 am

      စိတ်ဝင်စားလို့.. အင်တာနက်ထဲ.. လိုက်နှိုက်ကြည့်တာ.. အောက်ကအတိုင်းတွေ့သဗျ…
      ဗဟုသုတ… အတွက်နော…
      ဒေါင်းဥဆိုတာက.. ကြက်ဥ ၃ဆလောက် အရွယ်လို့ဆိုပါတယ်..။ :kwi:

      Peacock eggs are about three times the size of chicken eggs, and smaller than goose eggs, light tan or ivory in color.
      The mother lays usually 4-6 eggs in a short period in spring, though we had one lay on top of a pickup camper and hatch her peacock babies in October!

  • kyeemite

    October 31, 2012 at 9:50 am

    ရဲဘော်ဘလက်ကလည်း
    လာနောက်နေပြန်ပီ..သိသားနဲ့..
    ဒီစာပိုဒ်လေးပဲကွက်ဖတ်လို့ကတော့
    ဘယ်သိပါ့မလဲဗျာ…ပျို့တစ်ပုဒ်လုံးဖတ်မှ နားလည်နိုင်တော့မပေါ့…
    ရော့..ဒီနေရာမှာသွားကြည့်ပါ…
    http://yephyo.wordpress.com/2010/09/07/%E1%80%99%E1%80%84%E1%80%B9%E1%80%B8%E1%80%94%E1%80%94%E1%80%B9%E1%80%95%E1%80%BA%E1%80%AD%E1%80%B3-%E1%80%B7/
    :harr:

    • မိဂီ

      October 31, 2012 at 2:37 pm

      ဆောရီးပါခီညား..တား တားဆီမှာ အဲ့ဆိုက်တေ ဘန်းထားပါတယ်….
      ဝိုင်ဖိုင်ရမှပဲ …သွားဒေါင်းပီး အလတ်ကျွတ်စ် ထားလိုက်ပါ့မယ်..
      ဟီဟီ

      :harr:

  • Abcdefghijklm nozomi

    October 31, 2012 at 9:55 am

    အို
    တိုတိုး ကလဲ ချက်ချရာကြီး
    မီးက မီးကလေ
    ဟင်း ဟင်း ဟင်း
    တိုတိုးတို အထုထိလဲ…………

    ဟင်း လူကြီး ဒါမျိုး ပြောဘို့ မျှော်လင့်နေရင်တော့..

  • ဦးကြောင်ကြီး

    October 31, 2012 at 9:59 am

    ကိုကိုး
    ရိုကျိုး
    မှိုမျိုး
    ယိုထိုး
    အိုဆိုး
    ဂျိုသိုး
    ဟိုတိုး
    ခိုအိုး..။

  • ရွှေ ကြည်

    October 31, 2012 at 10:39 am

    ဟိုက်ရော ကိုးကားချက်တွေကတော့ အံ့ရောဟယ် အံ့ရော..။
    အူးကြိုက်မီး တို့ဇနီးမောင်နှံတို့ ထာဝရပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်။
    ရည်းစားစာ 12 မျက်နှာရေးတဲ့သူလည်းရှိသေးတာကိုး..။
    အံ့ရောဟယ် အံ့ရော အကြီးကြီးအံ့ရောပဲ..။
    တို့အရီးအဖြစ်ကလည်း ရည်းစားစာမဖတ်ဖူးတဲ့အဖြစ်
    အံ့ရောဟယ် နောက်ထပ်အကြီးကြီးအံ့ရောပဲ.. :harr:

  • surmi

    October 31, 2012 at 11:42 am

    ဒီပွဲက လူကြီးတွေ အထုပ်ဖြေနေတာကွဲ ့
    ကလေးတွေ ဘေးထိုင် ….ဘေးထိုင်
    ရှူးးးးးးး တိုးတိုး ဆက်မပြောပဲနေလိမ် ့မယ် …..

  • Shwe Tike Soe

    October 31, 2012 at 11:51 am

    ကိုကိုး ဒီစာကို ဦးနှောက်နဲ မဖတ်ပဲ နှလုံးသားနဲ. ဖတ်ပါ ဆိုဒါလေး…. ဟိဟိ
    အော် လူကြီးသူမ တွေ များ တယ်လဲ လေးစားစရာကောင်းသကိုးဗျ…..
    စာကောင်းပေကောင်းဒွေ ဖတ် တစ်ယောက်နဲ. တစ်ယောက် အပြန်အလှန် စာတွေ ပို.ကျ အခုပြန်စဉ်းစားရင် အခုကို ရင်ခုန်စေတဲ့ စာသားတွေနဲ.ပါလား…. ဒါကြောင့်လဲ သံယောဇဉ် ခိုင်မှာ မြဲကြတာနေမှာပေါ့ဗျာ…

    အခုခေတ်တော့ ဟုတ်ပေါင်ဗျာ… ဟဲ့နင့်ငါကြိုက်တယ် ငါ့နင်ပြန်ကြိုက်မလား.. နင့်ကို ငါက နာနာနာ နာ မင်းစိတ်ဆိုးမှာလား… ဒါပဲ…
    ဒေါင်းဥခန့်မျှ အိမွမွကို ခွက်ဝပန်းရည် ဆုပ်နယ်သည်သို့ သွားလုပ်နေလို.ကတော့ နင်နေခဲ့တော့ပဲ….. ခွိခွိခွိ

    ဒီမယ် ဦးမိုက် အခုမှ လာတားမနေနဲ.တော့ သားသားက တော့ ချောက်ကမ်းပါးရောက်နေပီ ခုန်ချတော့မှာ.. ကျွန်တော်ကို မတားနဲ.တော့ ဦးမိုက်ရေ……………………………….

    ကြော်ငြာ။ ။ ဦးကြီးမိုက် ရဲ. ရည်းစားစာ Original အစစ်အမှန်ကြည့်ချင်ပါက ညနေ ၆နာရီထက်နောက်မကျပဲ ပြည်လမ်း မှာ prom တွင် တန်းစီစောင့်ဆိုင်းရမည်ဖြစ်သည်… ခိခိခိ :kwi:

    • kai

      October 31, 2012 at 1:36 pm

      ကလေးတို့ရေ…
      မင်းနန်ပျို့ရဲ့.. စာတပိုဒ်မြည်းကြည့်လိုက်ပါဦး.. :kwi:

      ”…မယ်တော့့်ဆောင်က၊ ညိုရောင်စမ်းလဲ၊့ ကူးကြွခဲ့မှ၊
      မင်းငဲ့စက်ခွင်၊ သုတ်သုတ်ဝင်၍၊ ရွှေစင်ရတနာ၊ လျှောင်းလှည့်ရာမှာ
      အသာတစောင်း၊ ရွှေလက်မောင်းကို၊ ပျောင်းပျောင်းနွဲ့နွဲ့၊
      မှီခါတွဲ့လျက်၊ ရဲ့ရဲ့နီစင်၊ ခန်းလုံးရွှင်သည်၊ ပန်းရင်ဝတ်တွင်း၊
      လက်တော်သွင်း၍၊ မြဆင်းရှက်ဖြာ၊ ကြောစိမ်းမြွာလျက်၊
      လက်ယာရစ်စု၊ မွေးရှင်နုနှင့်၊ ဒေါင်းဥခန့်မျှ၊ အိမွမွကို၊ ခွက်ဝ
      ပန်းရည်၊ ဆုပ်နယ်နည်သို့၊ လှည့်လည်ထပ်ထပ်၊ သုံးသပ်၍ပြီး၊
      နီလာသီးကို၊ မငြီးဖန်ဖန်၊ ကစားပြန်သော၊ အလွန်ယားလှ၊
      ကြက်သီးထ၍၊ ဟာဖျာ့ထိပ်တင်၊ လျှောက်ပါလျှင်လည်း….”

      • မိဂီ

        October 31, 2012 at 1:45 pm

        ဆက်ဆိုလေ သဂျီးရဲ့
        ဆတ်တငန့်ငန့်ကြီး
        မဆိုချင်လည်း လင့်ခ်ပေးပါဗျို့

        ဝါသနာကြီးသူ

        :kwi:

        • မိဂီ

          October 31, 2012 at 1:52 pm

          နှိုက်လိုက်တာ တွေ့ပါပီကွီ …
          http://onlinepyadaik.com/profiles/blogs/4021190:BlogPost:594078?xg_source=activity

          လူကြီးတွေ လူကြီးတွေ …
          မင်းနန်ပျို့နဲ့ကို ပြောင်ပြောင်မြောက်မြောက် သမနေကြပါလား…
          အလွယ်ဝူးဟ…

          :kwi:

      • Shwe Tike Soe

        October 31, 2012 at 2:42 pm

        အော်ရှေးလူကြီးတွေများ ဉာဏ်အမျှော်အမြင် ကြီး လိုက်ထာ..
        ကြက်သီး ဖလန်းဖလန်းထဒယ်………. ခိခိခိ

        ဖတ်လေဖတ်လေ မျက်စိထဲကို ကွင်းကွင်းကွက်ကွက် မြင်လေပဲ….အကုန်လုံးဖတ်လိုက်တော့..
        အနှစ်ချုပ်က ဟွန်.နော် လူဆိုးးးးးး သူသိပ်ဆိုးတာပဲ ပေါ့နော်……ဟဟဟ

  • kyeemite

    October 31, 2012 at 2:06 pm

    ဟဲ့ မိဂီ..အပေါ်မှာလင့်ပေးထားပီးသားလေ…
    အဲဒီလင့်မှာ အစအဆုံးဖတ်လို့ရပါဂျောင်း….
    ပျို့ထဲက မင်းသား(ညီတော်မင်းနန်) ခမြာ..သနားပါတယ်..
    မင်္ဂလာဆွမ်းကျွေးတဲ့နေ့မှာပဲ
    ဗုဒ်ဓ ဆွမ်းစားပီးအပြန်..သပိတ်ထမ်းခိုင်းပီး
    ခေါ်သွားလိုက်တာ…ရဟန်းဝတ်လိုက်ရပါလေရောဗျာ… :byae:
    https://docs.google.com/file/d/0Bwl_hA7bJaAeNGFjZDIzZmUtYmNkOS00Y2JhLTk3YWEtMmI4MmYyYTFmNGZl/edit?hl=en

  • ကြို်က်မီးရဲ့ ကိုး
    လိုက်ပြီးတော့ show
    ခိုက်ပြီတော့ ဆို
    ကြိုက်ပြီပေါ့ ကိုး
    ဟောအခုတော့မှာ အချိုးတစ်မျိုးချိုး
    ကိုကြီးမိုက် လူဆိုး

  • ရွှေအိမ်စည်

    October 31, 2012 at 4:05 pm

    ((((((((((တောက်))))))))))))…အကျယ်ကြီးအသံထွက်ဖတ်ပါ။

    ပြစရာဘာစာမှ မရှိတာကိုက….
    လာဖတ်မိတာကိုက …..ငါ့……….

  • jullies cezer

    October 31, 2012 at 5:06 pm

    အော် အာကိုကြီးကြီးမိုက် မိုက်တယ်ကွာအရေးအသားက မော်ဒန်အန်းတိတ် ……

  • pooch

    October 31, 2012 at 5:33 pm

    ဒါမျိုးပေါ့ ဂန္တဝင်ရည်းစားစာ ဆိုတာ 😀

    ခုခေတ်က တော့ ဖုန်းပြောကြတယ် ဦးမိုက်ရယ် စကားလုံးတွေ လေထဲ လွင့်ကုန်တာမို့ တခါတခါ လေးနက်မှု မရှိသလိုတောင် ခံစားနေကြရမယ် ထင်တယ်။
    ဘာသက်သေမှလည်း မရှိဘူး ။ 🙁
    အားကျလိုက်တာ :mrgreen:

  • kyeemite

    November 1, 2012 at 10:05 am

    ကျနော့ရဲ့ စိတ်ရူးပေါက်စာစုလေးကို
    ဖတ်ရှု့ပီး ကွန်မန့်တွေနဲ့ အားပေးကြသူအားလုံးကို
    ကျေးဇူးအထူးတင်ပါဂျောင်းဗျာ…
    ~~~~~~~~~~
    ရည်းစားစာမဖတ်ဖူးတဲ့ ကိုခင်လတ်ကြီး ကိုလည်းအားနာပါဂျောင်း(သို့သော် အပျိုဂျီးမဟုတ်တဲ့အတွက်
    ဖြေသာပါဂျောင်းးး)
    ~~~~~~~~~~~~~~
    ကိုပေါက်(မန္တလေး) says: (Edit)

    ကြို်က်မီးရဲ့ ကိုး
    လိုက်ပြီးတော့ show
    ခိုက်ပြီတော့ ဆိုး
    ကြိုက်ပြီပေါ့ ကိုး
    ဟောအခုတော့မှာ အချိုးတစ်မျိုးချိုး
    ကိုကြီးမိုက် လူဆိုး…
    ကဗျာလေးနဲ့ ချီးမြှင့် အားပေးတဲ့ လက်ဆော့တတ်သူ ကိုပေါက်အားလည်း
    လေးစားစွာကျေးဇူးတင်ပါဂျောင်းးးး
    :harr:

  • မမလေး

    November 8, 2012 at 1:01 am

    အပြောနဲ့တင် ကြွေသွားလောက်တာပေါ့ … ဒါပညာတစ်မျိုးပဲ …

    `ချစ်

    သတိရနေတယ်..

    မနေ့က တွေ့ခဲ့ကြတာကို

    တစိမ့် စိမ့်တွေးပြီး

    ကြည်နူးလွမ်းမောနေမိတယ်..

    အမြဲပဲ ဝင်သက် ထွက်သက်တိုင်း

    `ချစ်´လေကိုပဲရှုနေမိပါရဲ့..

    ကိုယ်တို့ အမြန်ဆုံးနီးရအောင်

    ကြိုးစားနေတယ်…

    စိတ်ရှည်စွာနဲ့ချစ်ပါနော်…

    ချစ်နေလွမ်းနေတဲ့..

    မမလေး

    ဟဲဟဲ ကျက်ထားလိုက်တယ် တစ်ခါတည်း … ပညာဆိုတာ လိုအပ်တယ် … လိုအပ်ရင် ထုတ်သုံးရအောင်လို့ 🙂

  • kyeemite

    November 8, 2012 at 8:52 am

    မမလေးက အရောက်နောက်ကျပေမဲ့
    နောက်ဆုံးပိတ် အိတ်နဲ့ လွယ်သွားတာကိုး…
    အဖေါ်ကောင်းလေးရပါစေကြောင်းဆုတောင်းပါ၏။
    :harr: :hee:

Leave a Reply