ခွဲခွာချိန်

ကာရံOctober 30, 20121min572

လေယာဉ်ကြီး ထွက်ခွာအဝေး

ချစ်သူရယ် ထားရစ်ရက်တယ်

အလွမ်းဆိုတဲ့ နေ့ရက်တိုင်းမှာ

မျက်ရည်စက် ထိန်းမရနိုင်

ခြွေမချချင်ပေမယ့် သူတို့လေးတွေ

မြေခရတော့မယ်

ပြန်လာချိန် လက်ချိုးရေရင်း

ကုန်လွယ်လွန်းတဲ့ ဆွေးရက်လေးတွေ

ကုန်ပါစေကြောင်း

ရင်တွင်းဆုတောင်းလေးတစ်ခွန်း

ချစ်သူသာ ကြားနိုင်ရင်

ဖြတ်သန်းသွားတဲ့ တိမ်တိုက်ထက်ဝယ်

ပြိုကျနေတဲ့ မိုးစက်တွေလဲ

လွမ်းရစ်တော့မယ် ချစ်သူရယ်………

ပိတောက်မိုး

2 comments

  • မောင်ပေ

    November 3, 2012 at 9:46 pm

    လေယာဉ်ကြီးထွက်
    ဂွေပြင်ခရီးဆက်
    ရေတင်မီးပျက်
    ကေမြင်ဖီးတက်

  • မမလေး

    November 8, 2012 at 1:12 am

    ပြန်မလာတော့ဘူးပေါ့ … သေချာဆုံးဖြတ်ပြီးခဲ့ရင် … နင်မရှိတဲ့ဘဝမှာ မနေချင်ဘူး …

    လေယာဉ်ပျံတီထွင်ခဲ့တဲ့ လူတွေကိုလည်းမုန်းတယ် … တစ်ချိန်ချိန်မှာ အမေခေါ်ရမယ့် အန်တီကိုလည်းမုန်းတယ် ဆိုလားပေါ့ 🙂

Leave a Reply