ကဲဖြေနိုင်လား ။

etoneJuly 14, 20101min965

မေးခွန်းလေးကို တစ်ကြိမ်တည်းပြောပြမှာဆိုတော့ သေချာ ဂရုစိုက်နားထောင်နော်
မေးခွန်းကို ထပ်ခါ ထပ်ခါ မဖတ်ကြေးနော်

ကဲ……………. Ready ? စပြီ

စတိုးဆိုင်တစ်ဆိုင်ထဲကို ဆွံ့အနားမကြားတဲ့လူတစ်ယောက်ဝင်သွားပီး ဆိုင်ရှင်ကို
လက်ဟန်ခြေဟန်နဲ့ ( လက်ကိုရေသောက်တဲ့ပုံလုပ်ပြပီး ) ရေသန့်ဘူး ဝယ်သွားသတဲ့

အဲဒီစတိုးဆိုင်ထဲကိုပဲ မျက်မမြင်တစ်ယောက်က ဝင်သွားပီး မျက်မှန်လိုချင်တယ်ဆိုရင်
သူဘယ်လိုလုပ်ပြလိမ့်မယ်လို့ ထင်ပါသလဲ……………….???

………..3

……………..2

……………………..1

!!!!!!!!!!!! Go !!!!!!!!!!!!!!!!!

ဖြေပါ 🙂

5 comments

  • zawana

    July 14, 2010 at 3:10 am

    ဒါလေးများ —- မျက်မှန်ရှိလားလို့ မေးမှာပေါ့။ ဒါမှမဟုတ် သူကစကားမတတ်လို့၊ ဘာသာစကားမတူလို့ ဆိုရင်တော့ လက်ညိုးနဲ့ လက်မကိုဝိုင်းပြီး မျက်စိနားကပ်ပြပါလိမ့်မယ်။

  • marnat

    July 14, 2010 at 4:12 am

    အဝိုင်းနှစ်ခုလုပ်ပြပေါ့
    သေချာမလုပ်ရင်တော့
    နီးရာရဲစခန်းသွားပေါ့

  • MyoThanHtike

    July 14, 2010 at 7:36 am

    မျက်မှန်ကိုလက်ညိုးနဲ့ထိုးပြီးပြပေါ့

  • MyoThanHtike

    July 14, 2010 at 7:47 am

    ပါးစပ်ကမျက်မှန်လိုချင်တယ်ပြောမှာပေါ့
    မှားရေးမိတာဆောရီးပါ
    😀

Leave a Reply