“တစ်ခါက နှင့် ပယောဂဆရာများ”

ေမာင္ရိုးNovember 1, 20121min33938

ကျနော်တို့တွေအများစုက မျက်ရည်ခံထိုးပြီး အသနားခံပြရင် အားနာတတ်ကြတယ် ။ တစ်ခါတစ်ရံ ကိစ္စ

အကြီးကြီးကို “ဆောရီး”ဆိုတာလေးနဲ့ ကျေနပ်နေပြန်ရော …..။ပြီးတော့ ….ရိုးတယ် ၊အတယ် ၊ သဘောလည်း

ကောင်းပုံရပါတယ် ….။ ဒါကိုအခွင် ့အရေးယူူပြီး လုပ်စားကြတဲ့သူတွေ ဒု နဲ့ ဒေး ပေါ ့ ….။

 

ဒီလိုလူတွေထဲမှာ ပယောဂဆရာလိုလို ၊ သိုက်ဆရာလိုလို ၊ နတ်ဆရာလိုလို ဘိုးတော်လိုလိုတွေက ရှေ ့ဆုံးက

ပါသဗျ ။ ဒီနေရာမှာ ပြောချင်တာက ယောင်ခြောက်ဆယ်တွေကိုပြောချင်တာပါ ။ ကိုယ် ့ယုံကြည်ချက်နဲ့ကိုယ်

လောကီပညာတွေကို အပတ်တကုတ်လိုက်စားတဲ့သူတွေကိုမဆိုလိုပါဘူး ။ အခုဖြစ်ရတာတွေက ရိုးရိုးအအ နဲ့

ယုံကြည်မှုလွန်ကဲတာတွေအပေါ် အခွင် ့အရေးယူကြတာနဲ့ ကျနော်တို့တွေ အလွန်အ တာကို ပြောချင်တာပါ ။

နည်းနည်းတော့ကြာပါပြီ….။ တစ်ခါကဆိုပါတော့ ……

 

မြန်မာပြည် အလယ်ပိုင်းလောက်က ခရိုင်အဆင် ့ရှိတဲ့ မြို ့တစ်မြို ့မှာပေါ ့ဗျာ ………။ ကျနော်နဲ့ အလွန်ရင်းနှီးတဲ့

မိသားစု တစ်ခုထဲက မိန်းကလေးတစ်ယောက်ဟာ စိတ်ကစဉ် ့ကလျား ဖြစ်ခဲ့ဖူးပါတယ် …။သွက်သွက်လည်

သွားလောက်အောင် ရူးတာမဟုတ်ပေမဲ့ ပုံမှန်မဟုတ်တဲ့ အပြောအဆို ….အနေအထိုင်နဲ့ဆိုတော့  အများအမြင်

မှာတော့ စိတ်ဖေါက်သွားပြီလို့ ဆိုကြတာပေါ ့ ….။ မိဘဆွေမျိုးတွေက ခတ်အအ ….အထက်တန်းအဆင် ့ နဲ့

တစ်ချို ့ဘွဲ့ရတဲ့အထိ ပညာသင်ဖူးပေမဲ့ အရေးအကြောင်းရှိတော့ ဟိုလူကပဲ ဟိုပညာနဲ့ ပြုစားသလိုလို…..

ဒီလူကပဲ ဒီပညာနဲ့ လုပ်ထားသလိုလို … စုန်းပူး နတ်တိုက် သိုက်ကပဲ လာသလိုလို ….ဒီလိုဒီလို နဲ့ပဲ ….

ပယောဂဆရာကိုပင် ့တော့တာပေါ ့ …။ ဆရာဆိုတဲ့ သူက သိတော်မူတဲ့အတိုင်း ဟန်ကခတ်များများ ….

လေလုံးကကြီးကြီး …။ ဘယ်တုန်းက ဘယ်သူ့ကို ကုပေးလိုက်တာ ဆံပင်ချည်တွေ အထွေးလိုက် ….

တချို ့ဆို ဒေါက်ဖိနပ်ပေါက်စလေးတောင် ပါးစပ်ထဲက ပြန်အန်တယ် ဆိုပဲ …။

 

ဆရာရောက်ရင် အားလုံးပျောက်ရမယ်ဆိုပြီး ကုလိုက်တာ ….ကလေးမလေးမှာလည်း ဒဏ်ရာတွေရ …

အရှိုးရာတွေထင် နဲ ့ ….ဆရာလည်း နှစ်ယောက်ပြောင်းခဲ့ရပါတယ် …။ ရောဂါကတော့ မပျောက်ပါဘူး …။

ဒီလိုနဲ့ဘဲ တစ်လကျော်လောက် ကြာအောင် တောင်စဉ်ရေမရနဲ့ ဘဝမှန်ကိုပြန်မရတဲ့ ကလေးမလေးဟာ

အရပ်ထဲမှာတော့ အရူးလိုင်စင်ရသွားတော့တာပေါ ့ ….။ ခက်တာက သူတို့တွေက အနောက်တိုင်းဆေးပညာ

(အရပ်အခေါ် – အင်္ဂလိပ်ဆေး) နဲ့ကုရမှာ အလွန်ကြောက်ကြပါတယ် …။ သူတို့စိတ်ထဲမှာ ကလေးမလေးကို

အရူးထောင်ကိုပို့မယ်လို့ ထင်နေကြတာပါ …။ ဒါကြောင် ့ ဆရာဝန်နဲ့ ပြဖို့ ဘယ်လိုမှ တိုက်တွန်းလို့ မရပါဘူး ။

ကလေးမလေးမှာလည်း တစ်နေ ့တစ်ခြား ပိုဆိုးလို့လာခဲ့ပါတယ် …..။ စားချိန်မမှန် ၊ ညည ကောင်းကောင်း

မအိပ်တော့ပဲ စိတ်ကူးတည် ့ရာ သွားဖို့ ကြိုးစားလာတာပေါ ့ …။

 

တစ်နေ ့ ကံကောင်းချင်တော့ ……..သူတို့နေတဲ့ရပ်ကွက်ထဲကို တိုင်းရင်းဆေးဆရာ (အမှန်အကန်)

တစ်ယောက် က ဧည် ့သည်အဖြစ်ရောက်လို့လာခဲ့တယ်လေ ……။အဲဒီမှာပဲ …..ဆရာလေးက သတင်းကြားလို့

စုံစမ်းမေးမြန်းပြီး ကလေးမလေးရဲ ့ အခြေအနေကို လေ ့လာပါတယ် ….။ ပြးီတော့မှ  မိဘတွေကို “ဆေးတစ်

ခွက်လောက်တိုက်ခွင် ့ပြုပါ” လို့ ခွင် ့တောင်းတာပေါ ့ …။ မိဘတွေကလည်း  အင်္ဂလိပ်ဆေးသာ ကြောက်တာ

မြန်မာဆေးဆိုတော့ သဘောတူလိုက်တာပေါ ့လေ ….။ မနက်ခင်းက ဆေးတိုက်လိုက်တယ်ဆိုရင်ပဲ နေ့လည်

လောက်မှာ ဓမ္မတာသွေးက ဆင်းပါတော့တယ် ….။ အဲ ….သွေးပေါ်ပြီး မကြာခင်မှာပဲ ….တစ်စတစ်စ တည်ငြိမ်

လာပြီး …ညနေဘက်လောက်မှာ ပုံမှန်ဘဝကိုပြန်ရောက်လာတော့တာပေါ ့ …။ ယခင်က ဖြစ်ခဲ့တာတွေကို

ပြန်ပြောင်းအောက်မေ ့သတိယပြီး ရှက်လို့မဆုံးတော့ပါဘူး….နောက်ပိုင်းမှသိရတာက…………ဒီလိုဗျ …။

 

စိတ်ကစဉ့်ကလျား မဖြစ်ခင် လေးလလောက်ကတည်းက ဓမ္မတာသွေး ထိန်ငုတ် နေခဲ့တာ….တဲ့ ။

ကျနော်ကတော့ ဆေးပညာနဲ့ပတ်သက်ရင် ဘာဆို ဘာတစ်ခုမှ မသိပါဘူး ….ဒါပေမဲ့ …ကြားဖူးတာကတော့

သွေးထိန် သွေးငုတ်တာနဲ့ စိတ်ကစဉ် ့ကလျားဖြစ်ရတာ တစ်နည်းတဖုံပတ်သက်နေတယ်ဆိုတာလေးပါ …။

ရွာထဲက တိုင်းရင်းဆေးပညာရှင် များနဲ့ အနောက်တိုင်းဆေးပညာရှင်များကိုလည်း အားကိုးတကြီးဖိတ်ကြား

ပါရစေ ….။ဒီပို့စ်လေးကိုများ ဖတ်မိရင် ဆွေးနွေးပေးစေလိုပါတယ် …။ဒီဖြစ်စဉ်အရ ….ကလေးမလေးက

ကံကောင်းလွန်းလို့ ဆေးဆရာအမှန်အကန်နဲ့တွေ့ပြီး အရူးသက်တန်းတိုသွားရတာပါ ..။ တကယ်လို့သာ

ဆေးဆရာနဲ့ မတွေ့ဖြစ်ခဲ့ရင်တော့ ပယောဂဆရာလက်ချက်နဲ့ ……….အသက်ပဲသေမလား…?

ဘဝဘဲပျက်မလား……..ဘာတွေများ ဆက်ဖြစ်ဦးမှာလဲ …………….!!!!!!!!!!!

ကျနော်တွေးရင်းနဲ့ ….. သက်ပြင်းသာချနေမိတော့တာပါပဲဗျာ …………………….။

 

 

တစ်ခါက

မောင်ဆာမိ

 

38 comments

  • Abcdefghijklm nozomi

    November 1, 2012 at 12:34 pm

    ဖတ်မိတဲ့ သူတွေအတွက် အကျိုးများစေပါတယ် ကိုဆာမိ ရေ

    အသိဉာဏ်ပညာနည်းရင်
    လောဘကြီးရင်
    အယုံလွယ်ရင်
    အလိမ်ခံရနိုင်တယ်လို့တော့ မှတ်သားဖူးရဲ့

    ဒီလင့်လေးကို သွားကြည့်ရင်လဲ သင်ခန်းစာယူစရာတွေ တွေ့နိုင်မယ်ထင်တယ်
    (http://nookycontent.wordpress.com/2010/09/14/012/)

  • Wow

    November 1, 2012 at 12:49 pm

    မိဘတွေလုပ်ပုံလုပ်ပေါက်နဲ့ ရူးနေတုံး ပရောဂါဆရာတွေကြောင့် ကိုဝင်းကြည်ရမသွားတာပဲ ကံကောင်း..
    တကယ်တော့မြန်မာပြည်မှာလဲ အဲဒီလို စိတ်ရောဂါကု.. စိတ်ပညာအတိုင်ပင်ခံ(Psychologist Physician) အဲလိုမျိုး ကျယ်ကျယ်ပြန့်ပြန့် မရှိသေးဘူးရယ်…

    • မိဂီ

      November 1, 2012 at 12:51 pm

      ဆိုက်ခယားအထွစ် တွေ အင်ပို့လုပ်ကြမယ်လေ…

      :harr:

      • pooch

        November 1, 2012 at 1:21 pm

        ကိုယ့်ကိုယ်ကို အရင်ကုကြည့်လေ အခြေနေကောင်းတယ်ဆိုမှ ဆက်လုပ်ပေါ့ 😆

        အပျိုဖြစ်စ မိန်းကလေး တွေ ဖြစ်ရင် အရပ်ခေါ်တော့ ပင်လယ်ကူးခေါ်ကြတယ် ထင်တာပဲ။ မနက်အစော ကျုံးဘေးမှာ လေလွင့်နေတဲ့ စိတ်မနှံ့သူ အမျိုးသမီးတွေ တွေ့ရင် စိတ်မကောင်းဘူး။
        လမ်းပြန်လျှောက်ဖြစ်နေတာမို့ ၁ ယောက် စ ၂ ယောက်စ အမြဲတွေ့ရတယ်။

        အစမသိ အဆုံးမရှိတဲ့ ဘဝတွေ အတွက် မြင်တိုင်း စိတ်မချမ်းသာရပါဘူး။

        ဒီလို လေလွင့် စိတ်မနှံ့သူများအတွက် အစိုးရက စိတ်ရောဂါကု ဆေးရုံတွေမှာ လက်ခံပြီး ကုသပေးတဲ့ ကျန်းမာရေး စောင့်ရှောက်မှုအစီစဉ်လေး အကောင်ထည်ပေါ်လာရင်ကောင်းမယ်။

        ဒိမှာက ဒီလို မသိနားမလည်မှုတွေ ကြောင့် အကြောင်းအမျိုးမျိုးနဲ့ မသေသင့်ပဲ သေ မရူးသင့်ပဲ ရူးနေရတာတွေ ဒုနဲ့ဒေး။

        • မိဂီ

          November 1, 2012 at 1:42 pm

          ဟုတ်တယ်ဗျ ၁ယောက်တော့ တွေ့ဖူးတယ် …
          ယဉ်ယဉ်လေး
          ကမာ္ဘကျော် အဆိုအမိန့်တွေ ကိုးကား လို ကိုးကား
          နာမည်ကျော် ဇာတ်ကားတွေ ကုတ် လို ကုတ်..
          တူ့ဟာတူတော့ ဟုတ်နေတာပဲ
          အာ..ဟိ…

          :kwi:

          :hee:

        • pooch

          November 1, 2012 at 1:53 pm

          အိုအေ ဒါမျိုးက ဒီလိုပဲ စိတ်ကူးယဉ်ရတာပဲ ။
          သူများတကာတွေလို မင်းသားခေါင်းဆောင်းလိုက် ဘီလူးခေါင်းဆောင်းလိုက် ဖွတ်ကျားဖြစ်လိုက် ဖားဖြစ်လိုက် မြွေဖြစ်လိုက် မျက်ရည်တွေ ပေါက်ပေါက်ကျလိုက်နဲ့ စာရင် တော့ အများကြီး သာပါသေးတယ်။ 😆

    • surmi

      November 2, 2012 at 12:27 am

      ကိုနိုဇိုမိရေ ….
      ကျေးဇူးပဲဗျာ…အစ်ကိုပေးတဲ့ လင် ့ ကိုလူအများလည်းဖတ်စေချင်လိုက်တာ ။
      အဲသလို ဆရာမျိုုးတွ တကယ်ရှိနေတာ လူတွေကသိသိနဲ့ အ နေကြတာတကယ်ခက်တာပဲနော

      ဒေါ်wow
      စိတ်ရောဂါကုဆရာဝန်ထက် … ဘယ်သူ့ဆီမှာကုရမလဲဆိုတာ မဆုံးဖြတ်တတ်တာပဲဗျို ့ …
      ဟုတ်တယ် ….ကံဆိုးရင် ကိုဝင်းကြည်တောင် ရသွားနိုင်တယ်….ဆရာနဲ့မဟုတ်တောင် တစ်ယောက်
      ယောက်နဲ့ပေါ ့ ….တချို ့က အရူးလည်း ချမ်းသာမပေးဘူး …။

      • surmi

        November 2, 2012 at 12:38 am

        ကိုရင်ဂီ
        သတိလည်းထားဦးနော် …. စိုင်တွေတွေ ့တိုင်းလည်းစွတ်မပစ်နဲ့ဦး ။ တော်ကြာ ဆေးပါကုပေး
        နေရဦးမယ် …။

        ဒေါ်ပုချ်ရေ …
        လမ်းဘေး တွေ့နေရတဲ့ စိတ်ပေါ ့သွပ်ရူးနှမ်းသူတွေကို ကြည် ့ရတာ စိတ်မချမ်းသာတာအမှန်ပါ ။
        ပိုဆိုးတာက ကလေးတွ ကိုယ်ဝန်တွေနဲ့ ဖြစ်နေတာပဲ …. အောင်မိုးသူတောင် ဝတ္ထု ရေးဖူးသေးတယ် ။
        ရန်ကုန်မှာ ရှိတဲ့ စိတ်ကျန်းမာရေးဆေးရုံကလည်း လမ်းဘေးကသူတွေကို ခေါ်ပြီး ကုမပေးဘူး။
        သွားပို့ရင်တောင် အာမခံရသေး …။

  • မိုချို

    November 1, 2012 at 1:11 pm

    တောမှ နေတုန်း ကအဖေ့ ဆေး ရုံ ကို ပရောဂ ဆရာ (သူတို့ အခေါ်နတ်ဆရာ) တွေ လက်ချက်ကြောင့်အရှိုးရာ ၊ဒဏ်ရာ ဗလပွ နဲ့ ရောက်လာတတ် တဲ့ ကလေးတွေ၊ မိန်းမတွေ၊ အိုမင်း မစွမ်း အဘိုးကြီး ၊ အဖွား ကြီးတွေတွေ့ တိုင်း ဒေါသထွက် မိတယ်။ သန် စွမ်းတဲ့ ယောက်ျားရင့် မာ ကြီးတွေ က တော့ သူတို့ တွေ ရဲ့လူနာ ဘယ်တော့ မှ မဖြစ်ဘူး။
    ကျေး လက်တော နယ်တွေ မှာ ကျတော့ ဆေးရုံ၊ ဆေးခန်း ဝေးလွန်းတာ၊လမ်း ပန်း ဆက်သွယ်ရေး ခက်ခဲတာ ၊ဆေးရုံ မှာ လဲ ဆရာဝန်မရှိတတ်တာ တွေ ကြောင့် မလာချင် ကြပဲ ဘာလေး ပဲ ဖြစ်ဖြစ် ရမ်းကု( အပ်ပုန်း) တို့၊ နတ်ဆရာ တို့ အားကိုး ကြတယ်။ မရှူ နိုင်၊ မကယ်နိုင် ဖြစ်မှ ဆေးရုံ ရောက် လာကြတယ်။
    အဲဒါတွေ တွေ့ ရပါများ လို့ ကျမရဲ့ ငယ်ဘဝ ရည်မှန်း ချက်က အဖေ့ လိုပဲ ကျေးလတ်ပျော် ဆရာဝန် တစ်ယောက် အရမ်း ဖြစ်ချင် ခဲ့ တယ်။ ဒါပေမယ့် ကံတရား က ဖြစ်ခွင့် မပေးခဲ့ ဘူး။ အဲဒီ အကြောင်း တွေ ကျမ ရေး ဖြစ်အုံး မယ်ထင်တယ်။

  • may flowers

    November 1, 2012 at 1:19 pm

    ကိုဆာမိရေ အဲဒီမိန်းခလေးလဲ ကံကောင်းလို့ပါလားနော်…..အသိပညာမကြွယ်ဝသေးတဲ့ နယ်တွေ

    ဘက်မှာတော့ အဲလိုပရောဂလိုလို၊ ဘာလိုလိုနဲ့ကုလို့ အသက်ဆုံးပါးသွားရတာတွေတောင်ရှိပါတယ်။။

  • ကိုခင်ခ

    November 1, 2012 at 1:47 pm

    ပယောဂ ဆိုတာနဲ့ တုတ်နဲ့ရိုက်တာ ဘယ်ကဘယ်လိုများ ဖြစ်ပေါ်လာသလဲတော့မပြောတတ်ဘူး၊
    ဖတ်ဖူးတဲ့ ကျန်းမာရေးဆိုင်ရာစာအုပ်တွေထဲမှာ တုတ်နဲ့ရိုက်ပြီးကုသလို့ရတဲ့ ရောဂါမျိုးတော့ တစ်ခါမှ
    မဖတ်မိသေးဘူး ကိုဆာမိရေ၊ အပ်စိုက်ကုထုံး နှိပ်နယ်လို့ကုသတာ ဘဲတွေ့ဖူးသေးဗျ။
    ( အရွယ်သုံးပါး မိန်းမသား ဆိုတဲ့ ကျန်းမာရေးဆိုင်ရာစာအုပ်ရှိပါတယ် – အဲဒီထဲမှာ ကိုဆာမိဆွေးနွေးစေချင် တာတွေပါတယ်ဗျ၊ )

  • jullies cezer

    November 1, 2012 at 1:49 pm

    ပရောဂဆရာက ပျောက်အောင်လုပ်ပေးတာပါ အသက် ဟင်းစေတနာကို
    နားမလည်ကြဘူး 😛

    • surmi

      November 2, 2012 at 12:56 am

      @ မမိုချို
      နယ်မှာနေဖူးတယ်ဆိုတော့ ဒီလိုမြင်ကွင်းတွေ မကြာခဏမြင်ရမှာပေါ ့နော် ..
      မျက်စိရှေ ့မှာကိုယ်တိုင်တွေ့ခဲ့ဖူးတာလေးတွေလည်း ရေးစေချင်ပါတယ် …။
      ဒီလူမျိုးတွေက အွန်လိုင်းမှာမရှိပေမယ် ့ တဆင် ့ပြီးတဆင် ့ လက်ဆင့်ကမ်းကြတာပေါ ့ဗျာ …။

      @မေဖလားဝါး
      ကံကောင်းတယ်ဗျ …တောမှာတင် မဟုတ်ဖူးနော် ။ရန်ကုန်မှာလည်း ဒီလိုလူတွေရှိတယ် ….

      @ကိုကြီးခ
      ပယောဂကုတယ်ဆိုကတည်းက မကောင်းဆိုးဝါးလို့ခေါ်တဲ့ ကောင်ကို ဆော်ပလော်တီးတာလေ
      ဒါကြောင် ့ ပူးဝင်နေပါတယ်ဆိုပြီး ရိုက်တာပေါ ့ .။ ရိုုးရိုးဆေးကုတာမှမဟုတ်ပဲ ။
      ဒါကြောင် ့ အသက်ဆုံးကြတဲ့အဖြစ်တွေ ရှိခဲ့တာပေါ ့ .။စိန်ဗိုက်ဗိုက် လည်းရေးခဲ ့ဖူးသေးတယ် ။
      `မဝေဝေရေးခဲ့တာကတော့ ဒေါက်တာရန်းကု အကြောင်းလေ ..။ အစ်ကိုပြောတဲ့စာအုပ်လည်း
      ပြန်ရှာကြည် ့ပါဦးမယ် ။ကျေးကျေး ..။

      @ဂျူးလိယက်
      ဟုတ်ပဗျာ ။ တစ်ခုမဟုတ်တစ်ခု ပျောက်မဲ့ ဟာကို ……

  • myanmarcitizen

    November 1, 2012 at 2:31 pm

    အဖွားခါးနာတုန်းတတော်တော်အခြေအနေဆိုးတယ်။ ထလို့ကိုမရဘူး။ ဒါနဲ့ဆေးခန်းပြတယ် မသက်သာဘူး။ ဖြစ်တာက အရိုးပါးရောဂါ။ ဆေးထိုးရတယ်။ (အသက်ကလဲကြီးတော့ ဘယ်မှာမြန်မြန် ပျောက်လိမ့်မလဲ)။ ဒါကိုပဲဗေဒင်တွေလျောက်မေးကြတာလေ။ နောက်ဆုံး ကျောက်ကုန်းက ဘိုးတော်ယောင်ယောင် ပယောဂဆရာယာင်ယောင် တစ်ယောက်ဆီသွားပြီး မေးကြတယ်။ ကျွန်တော်ပြောတယ် သွားမမေးနဲ့ မရပါဘူး။ မေးတော့ယဒယာချေရမယ်ဆိုပြီး ဖုယောင်းတိုင်တစ်တိုင်ကို ၃၀၀၀ဝ နဲ့ရောင်းစား လိုက်တယ် (မှတ်ရော) အိမ်ပြန်ရောက်တော့ အီးပိတ်တဲ့မျက်နှာနဲ့ နောက်နေ့ထပ်လာခဲ့အုန်း လို့မှာလိုက်သေးတယ်ဆိုပြီးပြောပြလို့ ကျွန်တော့မှာရီလိုက်ရတာ။ (တော်သေးတယ်ပြောရမယ် အိမ်လိုက်လာပြီး ကျွန်တော့အဖွားကို ဒုတ်နဲ့မစော်လိုက်တာ ကျေးဇူးတင်ရမယ်)

  • Hnin Hnin

    November 1, 2012 at 3:12 pm

    မဟုတ်တာတွေ ဖြစ်တော့မလားလို့…တိုင်းရင်းဆေးဆရာ အမြန်ကယ်လိုက်ပေလို့..
    နောက်မဆို သူ့ခမျာ ‘ခုတ်ရာတစ်ခြား၊ရှရာတစ်ခြား’ နဲ့ ဘာဖြစ်သွားမလဲမသိနိုင်ဘူး။
    မိန်းကလေးတွေအတွက် သွေးငုပ်နေရင် ဒီလိုလည်းဖြစ်တတ်တယ်ဆိုတာ သုတတစ်ခု
    တော့ ရသွားပါတယ်….

  • ပန်းစံပါယ်

    November 1, 2012 at 3:45 pm

    ဒီပိုစ့်လေးတွေ့လို့ ကျမတို့ငယ်ငယ်က ဖေဖေပြောဖူးတာလေး သတိရမိတယ်။ ကျွန်မတို့ရွာက မိန်းကလေးတစ်ယောက်ပေါ့။ သူက အစကတည်းကလည်း အနေအေး စကားနည်းတဲ့သူ။ အိမ်မှုကိစ္စမှန်သမျှ သူပဲလုပ်ရတာပေါ့။ မိသားစုထဲမှာ ဦးစားပေးမခံရဘူးပေါ့။ သူ့အသက် ၃ဝ ကျော်လောက်ဖြစ်မယ်ထင်တယ်။ တဖြည်းဖြည်းနဲ့ သူဟာ အရင်ကထက်ပိုပြီး စကားနည်းရုံတင်မဟုတ်တော့ပဲ ဘယ်သူ့ကိုမှ စကားမပြော ဘာမှမလုပ်တဲ့အခြေအနေဖြစ်သွားပါတယ်။ သူ့ကျန်းမာရေးဟာ သာမာန်ရိုးရိုးတော့မဟုတ်ဘူးဆိုတာ မိသားစုကရိပ်မိကြတာပေါ့။ ဒါပေမယ့် ဘာဖြစ်တာမှန်းတော့ မသိကြဘူး။ သူ့အဖေကလည်း ပယောဂဆရာခေါ်ကုရကောင်းနိုးနဲ့ ခေါ်ဖို့စိတ်ကူးရှိပုံပါပဲ။ ရိုက်နှက်မှာမျိုးမို့လည်း မခေါ်ရဲဖြစ်နေပုံပါပဲ။ အဲဒါနဲ့ ဖေဖေ့ကိုပြောပြပြီး ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေကြောင်း စကားစပ်လာတယ်။ ဖေဖေက ကျန်းမာရေးနဲ့ပတ်သက်ပြီး သူလက်လှမ်းမီသလောက်လေ့လာထားတော့ ဖေဖေက အဲဒါမျိုးတွေကို လက်မခံဘူး။ သူ့တို့မိသားစုတွင်းက ဆက်ဆံရေးအခြေအနေတွေ ဖေဖေကမေးတယ်။ ဖေဖေ ကြားသိရသလောက် မိသားစုက သူ့ကိုလစ်လျူရှုတဲ့သဘောသက်ရောက်နေတာကိုလည်းပြောပြတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကာယကံရှင်ရဲ့ စိတ်ခံစားမှုဖြစ်နိုင်ခြေတွေကိုထောက်ပြတယ်။ နောက်ပြီး သူ့ရဲ့ဓမ္မတာ အခြေအနေမသိရပေမယ့် အဲဒါကိုလည်း ထည့်သွင်းစဉ်းစားပြတယ်။ သူ့ရဲ့လက္ခဏာက စိတ်ပိုင်းဆိုင်ရာပြဿနာလည်း ဖြစ်နိုင်သလို ဓမ္မတာပြဿနာလည်းဖြစ်နိုင်တယ်။ သည်းခြေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ထောက်ပြပြီး ဆရာဝန်နဲ့ပဲပြသကုသဖို့ တိုက်တွန်းလိုက်လို့ ဆရာဝန်နဲ့ပြသကုသလို့ သည်းခြေကြောင့်ဖြစ်တယ်ဆိုတာသိရပြီး အထက်ကလို အရိုက်အနှက်ခံရမယ့်ဘေးကနေ လွတ်ကင်းပြီး ကျန်းမာသွားပါတယ်။ ဒီပိုစ့်ထဲက မိန်းကလေးလည်း နားလည်တတ်ကျွမ်းတဲ့ဆေးဆရာနဲ့ အချိန်မီ တွေ့ပြီး ကုသမှုခံယူခွင့်ရလို့ သက်သာပျောက်ကင်းသွားလို့ တော်သေးတယ်လို့ပဲ ပြောရမှာပါပဲ။

    • surmi

      November 2, 2012 at 1:02 am

      @မြန်မာစီတဇင်
      ကျနော် အဲဒီတစ်ယောက်ကိုသိတယ် ။လူလိမ် စစ်စစ် ..
      ရေးပါလားဗျာ …..ဒီလိုပဲလက်တို့ကြတာပေါ ့ …။

      @မနှင်းနှင်း
      ကျေးကျေး .။ ကံကောင်းတာတော့၏အမှန်ပဲဗျ …။

      @ပန်းစံပယ်
      အဲဒီ အတွေ ့အကြုံလေးတွေ ရေးပါလားဗျာ။ ပို ့စ်တစ်ပုဒ်အနေနဲ ့တင်ရင် ပိုပြီးကျယ်ပြန် ့တာပေါ ့ ။
      ကျနော်ပြောတဲ့အကြောင်းထက်တောင်မှ အကြောင်းအရာပိုမိုက်သေးတယ် ..။လုပ်ပါ မျှော်နေပါ ့မယ် .။

      • ပန်းစံပါယ်

        November 2, 2012 at 2:56 pm

        ဦး/ကို Surmi ရေ အခုလို အားပေးဖိတ်ခေါ်တဲ့အတွက် ဝမ်းသာမိပါတယ်။ ပိုစ့်လေးဖတ်မိလိုက်လို့ တိုက်တိုက်ဆိုင်ဆိုင် ငယ်ငယ်တုန်းက ဖေဖေပြောဖူးတာလေးကို သတိရမိသွားလို့ အဲဒီအကြောင်းကို သိသလောက်လေး မျှဝေချင်လို့ Comment အနေနဲ့ပဲဝင်ရေးဖြစ်တာပါ။ ဖတ်ကောင်းတဲ့ပိုစ့်အဖြစ် ရေးတတ် ရေးနိုင်တဲ့ အဆင့်ထိတော့ ကျမမှာမရှိလို့ မရေးတာကို နားလည်ပေးပါရှင်။ ဖိတ်ခေါ်သူကို အခုလိုစိတ်ပျက်စေတဲ့စကားမျိုးပြောမိတဲ့အတွက်လည်း နားလည်ပေးမယ်ထင်ပါတယ်ရှင်။

  • kyeemite

    November 1, 2012 at 4:06 pm

    ကိုရင်ဆာမိခင်ဗျား…အဲဒီလိုအဖြစ်ပျက်တွေ ယနေ့ထိ
    ရှိဆဲပါ..အကြောင်းရင်းမှန်ကိုမရှာဖွေပဲ…
    ထစ်ကနဲဆို ဟိုလူပြုစားတာ..ဒီလူမနာလိုလို့ လုပ်ထားတာ…စသဖြင့်..
    ပြီးတော့ ဘွဲ့ရပညာတတ်တွေနော်..ခက်တယ်ဗျာ..
    ဒီလိုသာဆက်“အ” နေကြအုံးမယ်ဆိုရင်ဖြင့်… :ha:

  • uncle gyi

    November 1, 2012 at 5:01 pm

    အင်း ရွာထဲလိမ်ရင်မြန်မာဆေးဆရာဆိုပြီးလိမ်အုန်းမှ
    မြန်မာဆေးဆရာကိုတရားစွဲတယ်ဆိုတာမကြားဖူးလို့
    အနောက်တိုင်းဆေးဆရာဆိုတရားစွဲခံနေရအုန်းမယ်
    ဟေ့ဟေ့

  • nature

    November 1, 2012 at 5:09 pm

    ဒါလေးဖတ်မိတော့ ငယ်ငယ်တုန်းက ကြည့်ဖူးခဲ့တဲ့ရုပ်ရှင်ကိုသတိရတယ်။ ရုပ်ရှင်ထဲမှာ ကော်လိပ်ဂျင်နေဝင်းကို စိတ်မနှံ့ဘူးဆိုပြီး ပရောဂ ဆရာနဲ့ဆေးကုတော့ ပယောဂ ဆရာက ဂါထာရွတ်လိုက်တာ ကော်လိပ်ဂျင်နေဝင်းက ထထိုးပါလေရော။ ဘေးကဝိုင်းဆွဲကြတဲ့သူတွေက ဘာဖြစ်လို့ဂါထာရွတ်တာ အနှောက်အယှက်ပေးရလဲမေးတော့ ပယောဂဆရာရွတ်တဲ့ဂါထာက-
    ဥုံ အံသူခ ၊ အံသူခ တဲ့
    အဲဒါ အသူခံလို့ပြောတာတဲ့…..။

    • surmi

      November 2, 2012 at 1:09 am

      ဦးမိုက်ရေ …
      အဲလို ” လူအ”တွေအကြောင်း ဆက်လာဦးမယ် ။ စိတ်ချ ..
      အစ်ကိုပြောသလိုပဲ သင်ထားတဲ့ပညာမှအားမနာ …. ရန်ကုန်မှာကိုရှိနေတာ …။

      အန်ကယ်ကြီးရေ
      ကျနော်ပါဘူးနော် ဟဲ ဟဲ …။ မိအေးတို ့ အယုံလွယ်ချက်များနော …. :kwi:

      ဦးနေးချား ရေ ….
      အဲဒီဇတ်ကားကို လွှတ်သဘောကျဗျာ ….။ ခက်တာက လူတွေက ဘယ်လိုပဲပြောပြာ နောက်ဆုံးတော့
      ဒုံရင်း ပါပဲဗျာ …။။

  • ဦး ကျောက်ခဲ

    November 1, 2012 at 6:01 pm

    အကို ဆာမိရေ

    ကျောင်းသား ဘဝက တောပိုင်းကို ကွင်းဆင်း ရင် အဲဒီ “ပရောဂ ဆရာများ” နဲ့ မကြာမကြာ ကြုံပါ့ဗျား…..
    မောင်ကျောက် တို့ကလဲ သူတို့ကို “လှောင်”၊ သူတို့ကလဲ မောင်ကျောက် တို့ကို “မုံး”
    ရိုးသားတဲ့ တောသူတောင်သား များကတော့၊ ကြားက မျက်စေ့သူငယ် နဲ့ပေါ့ဗျာ….

    ဆရာ အဏ္ဏဝါစိုးမိုး ရဲ့ အလားတူ ဝထ္ထုတို တစ်ပုဒ်တောင် သတိရမိသေးတယ်။

  • မောင်ပေ

    November 1, 2012 at 7:45 pm

    ကညာမဒီမှာ
    ရာသီမလာ
    ပြာရီတစ်ခါ
    ဘာမထီအာ
    ဆရာအပီလာ
    တစ်ခါကီတာ
    ကညာမဒီခဗျာ
    လာပြီကွာ

  • San Hla Gyi

    November 1, 2012 at 8:05 pm

    ပယောဂ ဆရာကြီး ဦးဆာမိ ဖြစ်ပါသည်။ အဲဒီလိုလူတွေက လိမ်တာ များပါတယ်။ အမှန်အကန်လည်း ရှိတော့ ရှိပေမပေါ့။ အတတ်မပြောနိုင်ပါ။
    ကိုဆာမိရေ အဲဒီလို ကုတာကတော့ ဒီဘက်ခေတ်မှာ သိပ်ခေါင်တဲ့ နေရာတွေကလွဲရင် မရှိနိုင်တော့ပါဘူး။ ခက်တာက မြန်မာပြည်ကလည်း ခေါင်တဲ့နေရာတွေက အတော်များပါသည်။ ကိုဆာမိရေ တမင် နောက်တာပါဗျာ။ ပယောဂဆရာလို့ ဆိုလိုတာ မဟုတ်ပါ။
    အခု ရွာထဲက မိန်းကလေးတယောက်တောင် အောက်လမ်းပညာနဲ့ ဓတ်စီး နတ်စီးတွေ လေ့လာပြီး ပညာစခန်းတွေ တတ်သွားတာ တော်တော့်ကို အဆင့်မြင့်နေပြီတဲ့။ ဆယ့်နှစ်ကြိုးကို ကျော်ပြီး ဆယ့်သုံးကြိုး ကဝေတောင် ဖြစ်နေပြီကြားတယ်။ ထမိန်ခြုံလိုက်တာနဲ့ ဘာကြီး ဖြစ်သွားတယ်ဆိုလဲ ကြားတယ်။ အဲဒါ ကျုပ်ခင်တဲ့ အဗ္ဗဒူလာ ဟူစိန်ဆိုတဲ့ အယ်ဒီတာကို ပညာလေး ဘာလေးနဲ့ ပြုစားပေးဖို့ သွားပြောမလားလို့။ အာဟိ အာဟိ။

    • surmi

      November 2, 2012 at 1:20 am

      အစ်ကို ဦးကျောက်ရေ
      အဲဒီ တောတွင်းစွန် ့စားခန်းလေးတွေလည်း လုပ်ပါဦးနော် ….။ ပယောဂဆရာဆိုတဲ ့ကောင်တွေက
      ယောက်ကျားခတ်စွာစွာရှိရင်တော့ မလုပ်ရဲဘူးဗျ . …။ သူတို့ တားကက် က မိန်းမတွေကို ရည်ရွယ်တာပဲ ။
      အိမ်တွေမှာလည်း ပြဿဖြစ်ရင် မိန်းမတွေက သည်းသည်းလှုပ်ကိုး …….။

      ကိုပေ ရေ
      ပျောက်နေတယ်လို့ထင်တယ် ….။ ပြန်တွေ ့ရတာမင်္ဂလာပါဗျား …
      ကဗျာစပ်ပြီးမန် ့သွားတာလည်း ကျေးကျေးနော …။ ရှေ ့တစ်ပတ် ကျိုးစားကြတာပေါ ့ ..။

      ကိုစံလှကြီးရေ ….
      လာရောက်အားပေးတာကျေးဇူးပါဗျာ ….။ ကျနော်တို့လူမျိုးတွေက အယူအစွဲနဲ့ပါတ်သက်ရင်
      တောရောမြို ့ရော အတူတူပဲဗျ ။အထက်မှာဆိုခဲ ့သလိုပဲ ရန်ကုန်လိုနေရာမှာတောင်ရှိနေသေး
      ကျနော် နောက်ထပ်ရေးပါဦးမယ် ….ခက်တာက တစ်လကို(၅)ပုဒ်ထက် ပိုမရေးနိုင်တာပဲ ..။

  • အလင်းဆက်

    November 1, 2012 at 9:51 pm

    ဖတ်သွားတယ် ။

    ထပ် ဖတ်ဖို ့လည်း.သိမ်းသွားတယ် ။
    :kwi:

  • အရီးခင်လတ်

    November 1, 2012 at 10:10 pm

    မိန်းမများ မှာ ၅ဝကျော်ပြီး သွေးဆုံး ချိန်နားနီးချိန်မှာလဲ စိတ်ကဆင့်ကလျား ဖြစ်တတ်တယ်လို့ ကြားဖူးပါတယ်။
    အပျိုကြီး များ အနေနဲ့ ပိုပြီး ဖြစ်ဖို့ ရာနှုန်းများတယ်လို့လဲ ကြားဖူးပါတယ်။
    အဒေါ်အပျိုကြီးမှာလဲ အဲဒီ ဝေဒနာ အနည်းအပါး ခံစားရပါတယ်။
    ဒီမှာတော့ အင်းဂလိပ် ဆေးတွေ က ပိုစွမ်းပါတယ်။
    အခုတော့ တရားဓမ္မ နဲ့ မွေ့ပျော် နေပါပြီ။
    စိတ်ထင်တာ ပြောရရင် အလုပ်တစ်ခုခု လုပ်နေသူ တွေ ထက် အလုပ်မရှိ ဘဲ အား နေသူ တွေ မှာများ ပိုဖြစ်တတ်သလားလို့။

    အစ်မပဒုမ္မာ ကတော့ ဆရာဝန်မို့ ပိုပြီး ရှင်းပြနိုင်မလားဘဲ။

    • surmi

      November 2, 2012 at 1:29 am

      အရီး ရေ …
      အဲဒီကိစ္စကလည်းဆိုးသနော် …တစ်ခေါက်ကြားဖူးတာက အိုဂျီမမကိုယ်တိုင် အဲဒီရက်ရောက်ရင်
      ပန်းကန်တွေရိုက်ခွဲတယ်ဆိုပဲ ….။ တော်တော်ထူးတဲ့ ဇီဝဖြစ်စဉ်ပဲနော် …
      အင်္ဂလိပ်ဆေးကတော့ ဘက်ပေါင်းစုံက သုံးလို့ရအောင်လုပ်ထားတော့ ပိုကောင်းမှာပေါ ့ဗျာ….

      ကိုရင်အလင်းဆက်ရေ
      ဖတ်တာလည်း ဖတ်ပေါ ့နော ….ပြီးတော့ ဟဲဟဲ နောင်ကျအသုံးဝင်လိုဝင်ငြား …..
      လူပျိုလေးဆိုတော့ ပြောပါတယ် …..

      မနှင် းနှင်း ရေ
      သိပ်မကြောက်ပါနဲ့ ….ဟဲဟဲ
      ဗျောက်ဖေါက်တာပါ …..
      :harr:

  • Hnin Hnin

    November 1, 2012 at 10:29 pm

    တမီးက ၅ဝကျော်ဖို့ အများကြီးလိုသေးတယ်…အရီးကျိကျိ….
    အလုပ်လည်းချိတယ်..အဲ့လိုမဖစ်ဘူး….လက်ကိုမလည်ဘူး…..
    ဟိ…ဂဇက်တက် မန့်တဲ့အလုပ်… :kwi:

  • Khaing Khaing

    November 2, 2012 at 1:54 pm

    ဒါကြောင့်ရှေးလူကြီးတွေပြောတာပေ့ါ ……. မိန်းမမှာ မီး ယောက်ျားမှာ ဆီး ဆိုတာ

  • etone

    November 2, 2012 at 4:47 pm

    ကိုဆာမိရေ ..

    ပယောဂဆိုတာ .. အရင်က .. မြင်ရ မမြင်ရတဲ့ ဘုံဘဝက အနှောက်ယှက်တွေကို ကူညီဖြေရှင်းပေးတဲ့ ပါရမီရှိသူတွေအဖြစ်ဖတ်ခဲ့ရဖူးတယ် .. ဒါပေမယ့်လည်း .. နောက်ပိုင်း လူတွေ အချောင်လမ်းလိုက်ပြီး တတ်ယောင်ကား အတုယောင် ပယောဂဆရာတွေ ဝင်လုပ် ၊ အနေစားချောင်တော့လည်း ၊ လူအထင်ကြီးဟန်လုပ်ရှိုးထုတ်ပြီး အသိဉာဏ်မပြည့်ဝတဲ့ လူတွေ အပေါ် အမြတ်ထုတ်တော့တာပါပဲ … ။
    ခုလတ်တလောထိ ပယောဂကုဆရာတွေ ရှိနေပါသေးတယ် ။ ပါရမီ ပါသူတွေရော ၊ အတုယောင်တွေရော ရောပြွမ်းလို့ပေါ့လေ … ။ ခက်တာက ပယောဂဆရာတွေ ခုနောက်ပိုင်း ခေတ်မှီလာပြီး သောက်ဆေးရော ၊ ထိုးဆေးပါ ဖော်စပ်ကြပါတယ် ။ လူနာကိုလည်း ခြေဖဝါးလိုနေရာမျိုးကို လှန်ပြီး .. ဆေးထိုးအပ်နဲ့ ထိုးတတ်ကြသလို ၊ ကိုယ်တိုင် မထိုးရဲတဲ့အခါ ထိုးဆေးပုလင်းလေးပေးပြီး ၊ နီးစပ်ရာ ဆေးခန်း ၊ ကျန်းမာရေးမှူ ၊ အပ်ပုံးတွေမှာ အဆင်ပြေသလို ထိုးခိုင်းတာတွေ တွေ့နေရပါတယ် ။ အတော်များများကတော့ ဘာမှန်း မသိတဲ့ ဆေးကို .. ထိုးမပေးကြတာ များတယ် … ။ ဒီတော့လည်း .. လက်ရဲသူကအချင်းချင်း ထိုးပေးပေါ့လေ .. အဲ့လိုပဲ စခန်းသွားနေကြတယ် … ။အဲ့ဒါတွေလုပ်နေတာ မြင်လို့ ဘေးထွက်ဆိုးကျိုးကို ယှဉ်ပြီး ၊ ရှင်းပြတယ် ၊ မလုပ်ဖို့ ၊ အယုံမလွယ်ဖို့ တားကြည့်တယ် .. ဒါပေမယ့် မရဘူးလေ .. ယုံကြည်မှုဆိုတာ တော်ရုံဘေးလူက ရိုက်ချိုးလို့ မှ မလွယ်ပဲ … ပြောတဲ့ လူက ဝင်ညှော်တယ်ဖြစ်တယ် …. ။ ဒီတော့လည်း .. ကိုုယ်ဖြစ်ကိုယ်ခံဆိုတဲ့ စိတ်မျိုးပဲ ထားမိတော့တယ် ။

    ဓမ္မတာ ထိန်ခြင်းနဲ့ ပတ်သတ်လို့ကတော့ ၊ အခုလိုရူးတဲ့ အထိဖြစ်တာ ဖြစ်တောင့်ဖြစ်ခဲလို့တော့ ထင်ပါတယ် ။ တခြားသော အကြောင်းကြောင်းကြောင့်လည်း ပါမယ်ထင်ပါတယ် ။ ဘာလို့လဲ ဆိုတော့ ယနေ့ခေတ်မှာ သားဆက်ခြားဖို့ သုံးလဆေးထိုးနေတဲ့ လူတွေ ဓမ္မတာမမှန်တတ်ကြပါဘူး ။ လက်ရှိသုံးနေတဲ့ မိန်းမတွေ ပိုသိပါလိမ့်မယ် ။ သုံးလလုံးအတွက် ဆေးတလုံးတည်းထိုးထားပေးမယ် ၊ ဓမ္မတာကျတော့ တလနေမှ တစ်ခါပြန်ဖြစ်ချင်ဖြစ်မယ် အဲ့လိုမှ မဟုတ်ပဲ နှစ်လပေါင်းပြီး တခါပဲဖြစ်ဖြစ် ၊ သုံးလစလုံး လုံးဝပျောက်သွားတာမျိုးဖြစ်ဖြစ် ဖြစ်တတ်တယ် ။ ဆေးကို နှစ်နဲ့ချီအောင် အထိုးကြာတဲ့ အချို့သော အမျိုးသမီးတွေမှာတော့ ၊ ဓမ္မတာလုံးဝကို ပျောက်သွားတာမျိုး ရှိတယ် ။ ဆေးထိုးရပ်ပြီး ဓမ္မတာမှန်ဖို့ ပြန်စောင့်မယ်ဆိုလျှင်တောင် တလနှစ်လနဲ့ ပြန်မဖြစ်တတ်သလို ၊ တစ်ချို့ဆို ဆေးအကူညီနဲ့ မှန်အောင်လုပ်မယ်ဆိုတောင် ဆေးထိုး၊ဆေးသောက်လုပ်ပြီး ခြောက်လောက် အနည်းဆုံးစောင့်ရတဲ့ လူတွေလည်း ရှိတတ်ပါတယ် ။ ဓမ္မတာ မမှန်တာနဲ့ ပတ်သတ်လို့တော့ .. အကွက်တွေ ထလာတမျိုး ၊ အရည်ပြားခြောက်သွေ့တာမျိုး ၊ ဆံပင်ကြမ်းလာတာမျိုး ကနေစလို့ …. သားအိမ်အလုံးတည်တာမျိုးထိ ကြားခဲ့ဖူးပါတယ် ။

    ငယ်ငယ်က လူကြီးတွေပြောခဲ့ဖူးတယ် ၊ ဓမ္မတာလာနေစဉ်မှာ ခေါင်းမလျှော်ရဘူး ရူးတတ်ပါတယ်တဲ့ ။ နှစ်ရက်တစ်ခါ ခေါင်းလျှော်တတ်တဲ့ ကျွန်မကို စိုးရိမ်တဲ့ မျက်လုံးတွေနဲ့ .. သူတို့ပြောခဲ့ကြလို့ မှတ်မိနေတဲ့စကားပါ ။ ငယ်ငယ်ကတော့ ဟုတ်နိုးနိုးပေါ့လေ ..ကိုယ့်ထက် အသက်ကြီးသူတွေ ၊အတွေ့ ကြုံရှိသူတွေပြောတာပဲဆိုပြီး ဆင်ခြင်ပါတယ် ။ နောက်ပိုင်းကျတော့ စဉ်းစားရင်း … ဟုတ်ရောဟုတ်ရဲ့လား ဆိုတဲ့ အတွေးမျိုး ဝင်မိတာနဲ့ ….. ။ ရူးချင်လည်း ရူးစမ်းပါလေ ဆိုပြီး ၊ ခေါင်းစမ်းလျှော်တယ် … တစ်လ .. နှစ်လ .. သုံးလေးလလောက်လည်း .. စမ်းပြီးရော .. ဘာမှ မဖြစ်တာတွေ့ရလို့ …. ဒီခေါင်းလျှော်လျှင် ရူးတယ်ဆိုတဲ့ အယူကြီးကို ဖျောက်ပစ်လိုက်တော့တယ် … ။

    အခု ပယောဂလို့ ထင်နေတဲ့ကောင်မလေးကိစ္စမှာလည်း အစားသောက် နဲ့ ဥတုမမှန်လို့ … ထိန်ကောင်းထိန်သွားမယ် … ဒီအထိ ပြသနာမရှိလောက်သေးပါဘူး ။ ဒါပေမယ့် မိန်းမတွေ ဓမ္မတာချိန်မှာ စိတ်တိုလွယ်မယ် ၊ ဒေါသထွက်လွယ်မယ် .. ပြောရလျှင ်စိတ်က sensitive ဖြစ်လွယ်မယ်ပေါ့နော် … ဒီအချိန်အတွေးလွန်ရင်း မအိပ်မစားတွေ ဖြစ်မယ် အိပ်ရေးပျက်မယ် ၊ ရက်ကြာကြာ အအိပ်မမှန်လျှင် လူကောင်းတောင် ဂေါက်နိုင်တာမျိုးလည်းရှိတော့…. ဒါတွေအားလုံးဆုံတာကြောင့်ဖြစ်မယ်လို့ ထင်ပါတယ် ။ တချို့သော အမှုတွေကို စစ်ဆေးတဲ့အခါ ..စိုက်ကိုသုံးပြီး ညလုံးပေါက် အိပ်မရအောင် ခဏခဏနှိုုးပြီး စစ်တာမျိုးတွေလည်းကြားဖူးတော့ … အကျိုးကြောင်းမညီညွတ်လို့ …. စိတ်နောက်သွားရတယ် ထင်ပါတယ်… ဒါကိုမှ .. ပယောဂထင်တော့ … ကြားထဲကလူက .. အတော်ခံလိုက်ရမှာပဲ … ။ 🙄
    လူဖိန်းလိုပဲ နားလည်တဲ့အတွက် … နားလည်သလောက်ရေးလိုက်ပါတယ် ။
    ဆေးပညာအရတော့ ဆက်စပ်မှုရှိမရှိကို ဆရာဝန်တွေဝင်ဆွေးနွေးတာ ပိုကောင်းပါလိမ့်မယ် ။

    • ကိုခင်ခ

      November 2, 2012 at 8:49 pm

      မအိတုံရေ အမျိုးသမီးများ ဓမ္မတာလာစဉ် ခေါင်းလျော်ပါက ချက်ခြင်းအကျိုးအပြစ်ဖြစ်စေတာ
      မဟုတ်ပါဘူး၊ အသက်အရွယ်ကြီးလို့ သွေးဆုံးတဲ့အခါမှာ စိတ်ခံစားချက်မတည်မငြိမ်ဖြစ်ခြင်း
      စိတ်ဓာတ်ကျမောပန်း မအီမသာဖြစ်ခြင်း ဖြစ်စေတတ်တာကို ရူးလိမ့်မယ်လို့ တင်စားပြောခဲ့ ဟန်ဖြစ်မယ်ထင်ပါတယ်။ တိုင်းရင်းဆေးကျန်းမာရေးစာပေတွေမှ အဲလိုတော့ဖတ်ဖူးပါတယ်။

      • etone

        November 3, 2012 at 11:49 am

        သွေးဆုံးကိုင်တယ်ဆိုတာ … ဒါကိုပြောတာများလား ..အန်ကယ် ……
        ဟီး.. အသက်တောင် .. အဲ့လောက်ထိ ရှည်ပါ့မလား မသိဘူး ။ :8:

  • MaMa

    November 2, 2012 at 4:48 pm

    ကားသမားဘဝအတွေ့အကြုံ စီးရီး ၂ ကိုဖတ်အပြီးမှာ….
    ကိုဆာမိကို အရောက်တွန်းပို့လိုက်မယ်။
    မောင်ဘလှိုင်ကို အမှီလိုက်ပါ ဗျို့……..

  • ဦးကြောင်ကြီး

    November 3, 2012 at 11:35 am

    အဲဒီ သွေးထိန် သွေးငုပ်ဖြစ်အောင် ပယောဂ လုပ်ထားတာ ဆိုရင်ကောဗျာ….။

  • မမလေး

    November 8, 2012 at 2:04 am

    လူလိမ်တွေကတော့ ဒီဂွင်ကိုပဲစောင့်ဖမ်းနေတာလေ … တစ်ကယ်တော်ပြီး တစ်ကယ်တတ်တဲ့သူတွေကတော့ နစ်နာတယ် … ကြားဖူးတာကတော့ ရာသီဖြစ်နေတုန်း ချောလဲလို့ အခန့်မသင့်ရင် ပါးစပ်နည်းနည်းရွဲ့သွားတတ်တယ်တဲ့ …. ဟုတ်မဟုတ်တော့မသိဘူး …

  • surmi

    November 28, 2012 at 12:31 am

    ဒီပို ့စ်ကိုတင်ပြီးချိန်မှာ သုံးစွဲနေကျ အင်တာနက်လိုင်းပြတ်တောက်သွားခဲ့ရပါတယ် …..။
    ပြီးတော့ ခရီးလည်းထွက်ခဲ့ ရသေးတာမို့ ကျနော် ့ပို ့စ်ကို ဝင်ရောက်ဖတ်ရှု ဆွေးနွေးပေးသွားကြသော
    သူများကို ပြန်လှန်တုန် ့ပြန်ဆွေးနွေးခြင်းမလုပ်နိုင်ခဲ့ပါဘူး ….။
    အားနာလှသလို ကျေးဇူးလည်းတင်ပါကြောင်း …..
    ကော့်မန် ့ပေးဆွေးနွေးခဲ့ကြတဲ့ ….မခိုင်ခိုင် ၊ မအိတုန် ၊ ကိုခင်ခ ၊အန်တီမမ၊ ဦးကြောင်ကြီး နှင် ့ မမလေး
    တို့အား လည်း ကျေးဇူးတင်ပါကြောင်း …….

    လေးစားလျက်
    မောင်ဆာမိ

Leave a Reply