ဘဂျီးပုအမျိုး ထန်းရေအမူးကောင်းလို့ drunk

ပင်ဆယ်ဗေးနီးယားက အမျိုးသမီးတဦးခမျာ ရေထဲက ဘဲရိုင်းအုပ်ကို ကယ်ဆယ်ဖို့ ရေစီးသန်လှတဲ့ချောင်းထဲ ခုန်ချခဲ့လို့ ဘေးဥပဒ်အန္တရာယ် ဖြစ်စေမှု အပါအဝင် ပြစ်မှုများနဲ့ စွဲချက်အတင်ခံနေရသည်။ ဂျက်စတင်းနား လန်နီယူးစကီးဟာ တင်္နလာနေ့ ညနေတုန်းက ဂလန်းရော့ခ်ဒေသ ကောဒိုရပ်စ်ချောင်းအတွင်း ဆင်းခဲ့တာဖြစ်ပြီး လေးနှစ်သားအရွယ် ခလေးကပါ အမေနောက်လိုက်ရန် ကြိုးစားခဲ့သည်။ အိမ်နီးခြင်းတဦးက ခလေးငယ်အား တားဆီးခဲ့ရပြီး လန်နီယူးစကီး ၄၁နှစ်ကို လည်ပင်းအနက်ရှိ ရေထဲမှ ကယ်တင်ဖို့ မီးသတ်သမားရှစ်ယောက် အသုံးပြုခဲ့ရသည်။ သူမအား ဆင်ခြင်တုံမဲ့ အန္တရာယ်ပြုမှု၊ ဥပဒေ မလိုက်နာမှု၊ မူးရစ်ရမ်းကားမှုတို့ဖြင့် စွဲချက်တင်ထားသည်။ လန်နီယူစကီးက ရေထဲချော်ကျသွားတာသာ ဖြစ်ကြောင်းဆိုပေမဲ့ ရဲအဖွဲ့၏ အသက်ရှုလေမှုတ် စစ်ဆေးချက်တွင် ကားမောင်းရန် သတ်မှတ်နှုန်းထက် အယ်ကိုဟောလ်ပါဝင်မှု နှစ်ဆမက ပိုထားသည်။ :kwi:

ဘပုကယ်တုန်းက အဲလောက်မဆိုး..

Cops: Drunken woman tried to ‘save’ ducks in storm
GLEN ROCK, Pa. (AP) — A Pennsylvania woman faces charges that include risking a catastrophe after she jumped into a raging creek to “save” a couple dozen wild ducks.
Southern Regional Police in York County says Justina Laniewski went into the Codorus Creek in Glen Rock on Monday evening, and her 4-year-old started to follow her.
A neighbor grabbed the child, but it took eight firefighters from a nearby station to rescue the 41-year-old Laniewski from neck-high waters. She was also charged with reckless endangerment, disorderly conduct and public drunkenness.

Court records say Laniewski told police she slipped and fell into the water.

Southern Regional Sgt. Darryl Smuck says a breath test showed Laniewski’s alcohol level was more than twice the legal limit for driving. A phone listing for her couldn’t be located.

21 comments

  • စိန်ဗိုက်ဗိုက်

    October 31, 2012 at 10:09 am

    တော်သေးတယ်
    ဘဲအဖမ်းကောင်းလို ့ ဘကြီးပု အမျိုးပြုတ်တော့မလို ့

  • kyeemite

    October 31, 2012 at 10:20 am

    ယူအက်စ် ဥပဒေက တမျိုးပဲနော်…
    ရေထဲက ဘဲရိုင်းအုပ်ကို ကယ်ဆယ်ဖို့ ရေစီးသန်လှတဲ့ချောင်းထဲ ခုန်ချခဲ့လို့ ဘေးဥပါဒ်အန္တရာယ် ဖြစ်စေမှု အပါအဝင် ပြစ်မှုများနဲ့ စွဲချက်အတင်ခံနေရသည်။
    သတ္တဝါတွေကိုကယ်တင်ဖို့ ကြိုးစားတာလဲ ဒုက္ခရောက်ရတာပဲ… :bar:

    • ဦးကြောင်ကြီး

      October 31, 2012 at 10:25 am

      တိန်…. အဲလိုနောက်ရဘူးလေ.. ဦးကြီးမိုက်..။ ရေထဲကငါး ဖျားမှာဆိုးလို့ မီးကင်ပေးသလို ဖြစ်နေပြီ..။ :kwi:

    • အရီးခင်လတ်

      October 31, 2012 at 6:35 pm

      ကကြီးမိုက်
      ရေထဲ က ဘဲ တွေ က သူဟာသူ အဲဒီမှာ ပျော်နေတာ ကယ်စရာမှ မလိုဘဲ မဟုတ်လား။
      ကကြောင်ကြီး မှာသာ စန္ဒီ ကြောင့် မူးနေလောက်ပြီ။
      သို့ပေသည့်
      သူ့ကို လဲ ကယ်ဖို့ မကြိုးစားနဲ့။
      ကြေးမုံဂျီး နဲ့ တွေ့သွားမယ်။ 😆

  • ကိုခင်ခ

    October 31, 2012 at 10:33 am

    ဒါဆို ယူအက်စ်မှာ ချောင်း မြစ် ကမ်းဘေးမှာဘဲ ထိုင်ကြရုံပေါ့နော်။ သတိ ရေထဲမဆင်းရ ဥပဒေ ရှိသည်။

    • ဦးကြောင်ကြီး

      October 31, 2012 at 10:45 am

      ကျနော့်အပြစ်ပါဗျာ… ကျနော်ရေးမိ အပြစ်ရှိသည်။ အဖဘုရားသခင် သားတော်ကို လာရောက်ခေါ်ငင်တော်မူပါ၊ နားလည်မှု ခေါင်းပါးသော ဤလောကတွင် အကျွန်မနေလိုတော့ဗျီ။ အာမင်… :byae:

      • pooch

        October 31, 2012 at 4:36 pm

        ဘာအခုမှ ကြောက်ပါပြီလည်း ရေးတုန်းက ရေးပြီး 😆

        ဒီမှာလည်း အရင်ကျောင်းတက်တုန်းက ဆိုင်ကယ်စီး ဦးထုပ်မဆောင်းရင် အမှုကြီးတယ် ။ တပြိုင်ထဲ ၂ မှု မြောက်တယ်။ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်မှုရယ် ၊ စည်းကမ်းမလိုက်နာတာရယ် အနည်းဆုံးတော့ သုံးသောင်းအောက်ထစ် ပေးရတယ် ။ လိုင်စင်မပါရင်တောင် အဲ့လောက်အမှုမကြီးဘူး ။ ခုတော့ ဒဏ်ငွေ လျော့သွားပါပြီ။

  • သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow

    October 31, 2012 at 12:00 pm

    တည်ငြိမ်နေတဲ့ ဂေဇက်ကို မူတွေကွဲအောင် နားလည်ရခက်တဲ့ ပို့စ်တွေတင်တဲ့ ကကြောင်…
    ဂေဇက်ငြိမ်းချမ်းရေးနှောက်ယှက်မှုနဲ့ အပြစ်ပေးဂျဘာာာာာ :kwi:

  • kai

    October 31, 2012 at 2:20 pm

    ကြုံလို့ .ချွန်တွန်းလေးလုပ်သွားရရင်..
    ယူအက်စ်မှာ.. ငါးတွေ့တိုင်းဖမ်းလို့လည်းမရဘူးဗျ..
    ငှက်တွေ့တိုင်းလည်း.. သေနတ်ကိုင်အမဲလိုက်နေရက်နဲ့.. ပစ်ချလို့မရဘူး..
    လိုင်စင်လိုပါသဗျ… :harr:

    အသိတယောက်များ.. တောထဲအလည်သွားရင်.. ငှက်တွေ့လို့.. ရှော့ဂမ်းနဲ့ပစ်ချတာ… ခဏအကြာတောထဲတင်.. .ရိန်းဂျားတွေဘွားကနဲ့ပေါ်လာပြီး.. ဖမ်းပြီး.. ဒဏ်ငွေချပါလေရော..
    ဒေါ်လှပေးရတဲ့အပြင်.. နေတဲ့အယ်လ်အေမြို့ကနေ.. မိုင်၂၀ဝလောက်ဝေးတဲ့နေရာက.. အဲဒီနယ်ရဲ့တရားရုံးကို.. အမှုဆိုင်ဖို့.. မနက်စောစောခေါ်တာမို့.. တော်တော့်ကိုဒုက္ခရောက်သွားဖူးတယ်..။

  • ရွှေ ကြည်

    October 31, 2012 at 3:11 pm

    ဪ ဗဟုသုတရပါ၏။ မှတ်ထားဦးမှ…။

  • ရွှေအိမ်စည်

    October 31, 2012 at 3:23 pm

    ပင်ဆယ်ဗေးနီးယားက အမျိုးသမီးတဦးခမျာ ရေထဲက ဘဲရိုင်းအုပ်ကို ကယ်ဆယ်ဖို့ ရေစီးသန်လှတဲ့ချောင်းထဲ ခုန်ချခဲ့သည်…..

    ——————
    ဘဲ သားဟင်းစားချင်လို ့လားမှ မသိတာ…လေးလေးကြောင်ရာ…..
    သူမ…တု်တစ်ချောင်း( မြန်မာပြည်ထွက်..ဝါးလုံးရှည်နဲ ့ဘဲမောင်းရင်လည်း…ရတာဘဲဟာ…:)

  • Hnin Hnin

    October 31, 2012 at 3:34 pm

    မူးနေတာကြောင့် ကယ်မိတာ အဖတ်မတင်တဲ့အပြင် တရားစွဲတောင်
    ခံရတာနော်…ဪ…မှတ်သားစရာပါပဲ…

  • jullies cezer

    October 31, 2012 at 4:41 pm

    ဘဲကိုကင်ပြီး ဘီယာနဲ့မြည်းမလို့လားမသိ ဘဲမမိလည်း ငါးမိလိုမိငြား 😛

  • အရီးခင်လတ်

    October 31, 2012 at 6:32 pm

    ကကြောင်ကြီး
    စန္ဒီ ရဲ့ အထွေးအပွေ့ အယုအယ အောက်မှာ အတော်လေး အရူးအမူး ခံစားသွားရပုံ ရှိတယ်။
    အခု တော့ ထွက်သွားပြီထင်ရဲ့။
    အားလုံး အဆင်ပြေ ဘေးကင်းပါစေ။

    • kai

      November 1, 2012 at 12:18 am

      အဲဒီနွားရူးရောက်မှာရှိတဲ့.. အလုပ်ရဲ့ရုံးခွဲကဝန်ထမ်းတယောက်တော့.. အိမ်ပျောက်သွားဟန်ရှိပါတယ်..။ အီးမေးလ်ပို့တာမှာ.. အိမ်လိပ်စာအသစ်ရမှပေးမယ်တဲ့..။ .. တော်တော်ဆိုးတဲ့..စန္ဒီ..။
      အစိုးရက.. ရွေးကောက်ပွဲအမှတ်တက်ချင်တာနဲ့..အကုန်လျှော်မယ့်သဘောရှိတယ်..။

      ကိုရင်ကြောင်ကြီး.. ဘေးကင်းမှာပါ..။
      ကြောင်တွေက..အမြင့်မှာတက်နေတာကိုး.. :kwi:
      ဒါပေမယ့်.. စန္ဒီ့အယုအယတွေအကြောင်း.. ရက်စက်တာတွေအကြောင်း..ဗဟုသုတ ရေးပြဖို့ကောင်းတယ်..။
      ရေးပါဗျို့..

  • cobra

    October 31, 2012 at 7:08 pm

    ဘာတွေလဲ ဘာတွေလဲ

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 1, 2012 at 10:04 am

    ဘယ့်နှယ် ငမူးတွေ့တိုင်း ကျုပ်အမျိုးဆိုပြီးဆွဲစိနေရဒါဒုန်း
    အရက်သောက်ထားဒိုင်းငမူးမဟုတ်ပါဘူးဗျ
    မူးနေဒယ်ဆိုပေမယ့် ငါသိဘာဒယ် အမူးပြေရင် သိပ်မမှတ်မိ တော့တာတစ်ခုထဲဘာ

  • MaMa

    November 2, 2012 at 3:02 pm

    မာယာများတဲ့ ကြောင်ကြီးပိုစ့်ဆိုတော့ အတော်သတိထားပြီး ဖတ်ရတယ်။
    မတော် နိုင်တီနိုင်းဆန့် စတိုးဆိုင်ကြီးကလက်ဆောင်ကို ပို့ခကိုယ့်ဖာသာကိုယ်ခံနဲ့ ပို့ပေးနေမှာစိုးလို့။
    ရေထဲက ဘဲရိုင်းအုပ်ကို ကယ်ဆယ်ဖို့ ကြိုးစားတဲ့ အမျိုးသမီးက ဘဂျီးပုအမျိုးမဟုတ်ပဲ ….
    ရေထဲကငါး ဖျားမှာဆိုးလို့ မီးကင်ပေးတဲ့ ကကြောင်ကြီး အမျိုးဖြစ်ရမယ်။ :harr:

  • ဒါကြောင့်ရှေးကလူကြီးတွေပြောတာပေါ့
    အသွားမတော်တစ်လှမ်းတဲ့
    မင်းလှေမျောလဲမဆယ်နဲ့
    ခြေနှစ်ချောင်းလဲ မကယ်နဲ့ တဲ့
    ဒီတစ်ခါတော့ရှေးစကားက မှန်သလိုလိုရှိပြန်ရော။

  • မောင်ပေ

    November 3, 2012 at 9:58 pm

    အဲဒါကတော့ ဒီမှာလဲ အဲ့တိုင်းပါပဲ
    စိတ်မနှံ ့တဲ့ အမျိုးသမီး ငယ်ငယ် ဖြူဖြူသန် ့သန် ့လေး
    မိမွေးအတိုင်း လမ်းလျှောက်လာတာကို
    သွားကူညီပေးမလို ့လုပ်မိပါတယ်
    နှာဗူး တဲ့
    ဟီဟိ

  • မမလေး

    November 8, 2012 at 1:34 am

    တို့ဒီမှာဆိုရင်ရော … အဲ့ဒီဘဲကို ဆင်းကယ်မှာလား …

Leave a Reply