ချိန်ခွင် ( ဖြောင့်မတ်ခြင်းရဲ့သဘောလား? ဘက်လိုက်ခြင်းရဲ့သဘောလား? )

ဒီပို့လေး ကိုရေးဖြစ် လာခြင်းရဲ့အစ ကိုပြောပါ ဆိုရင် အရီးလတ်ရဲ့ Avatar ချိန်ခွင် လေးကို မြင်မိတဲ့ အချိန်ကစတာပါ။ ချိန်ခွင် ဆိုတဲ့ အမှတ်တံဆိပ်ကို တရားမျှတခြင်း သမာဓိရှိခြင်း နဲ့ ဘက်မလိုက်ခြင်း ဆိုတဲ့ အမှတ်အသား အသားအဖြစ် နေရာတော်တော်များများမှာ အသုံးပြုကြတာ တွေ့ရပါတယ်။ အထူးသဖြင့် တရားစီရင်ရေး နဲ့ ပတ်သက်တဲ့ ရုံးတွေမှာ ဒီ ချိန်ခွင်တံဆိပ် ကိုအမှတ်အသား အဖြစ်အသုံးပြုကြပါတယ်။ ကျွန်တော် ဒါနဲ့ ပတ်သက်ပြီး နှစ်တော်တော်ကြာ ကတည်းကကို အများနဲ့ မတူတဲ့ အမြင်ရှိခဲ့ ပေမယ့် ဘယ်သူနဲ့မှ အငြင်းအခုံ မလုပ်ဖြစ်ခဲ့ပါဘူး။ ဒီရွာက တော့ ဒီမိုရွာ ဖြစ်တာက တကြောင်း သဂျီး ကိုယ်တိုင်က မတူတဲ့ အမြင်ကို လွတ်လတ်စွာ တင်ပြခွင့် ပေးထားတာ ကြောင့် ဒီမတူတဲ့ အမြင်ကို ရေးကြည့်တာ ဖြစ်ပါတယ်။ ချိန်ခွင်ဆိုတာ များတဲ့ဘက် ကိုသာတဲ့ သဘောရှိတာ ကြောင့် ပိုက်စံများများရှိတဲ့သူ အင်းအားများတဲ့သူ ဘက်ကို ဘက်လိုက်တယ် ဆိုတဲ့ သဘောကြီးဖြစ်နေ သလားလို့ပါ။ အဲဒီ အတွက် ပိုပိုသာသာ ပေးတဲ့ ဘက်ကို လိုက်မယ်လို့ အဓိပ္ပါယ်ကြီး ထွက်နေပါတယ်။။ တဖက်ကကြည့်ရင် မှန်ကန်မှူ့များတဲ့ ဘက်ကို လိုက်မယ်လို့ ပြောလို့ ရပေမယ့် လုံးဝ တသမတ်တည်း ရှိနေအောင် ယူစလို့ရတဲ့ သဘောတရား မဟုတ်တဲ့ အတွက် ဒီတံဆိပ် အသုံးပြုမှူ့ဟာ မှန်ကန်တယ် လို့မဆိုနှိုင်ပါဘူး။ ဒါဆို ဘာကြောင့် တရားမျှတခြင်း သမာဓိရှိခြင်း နဲ့ ဘက်မလိုက်ခြင်း တို့ကို လုံးဝ ကိုယ်စားပြုတဲ့ အခြား အမှတ်တံဆိပ် တခုခုကို ရွေးချယ် အသုံးမပြုကြ တာလဲ။ ရွာသူ ရွာသား တွေကရော ဘယ် အမှတ်တံဆိပ်ဟာ ပိုပြီး တရားမျှတခြင်း သမာဓိရှိခြင်း နဲ့ ဘက်မလိုက်ခြင်း တို့ကို ပိုပြီး ကိုယ်စားပြုမယ် လို့ထင်ပါ သလဲ။

15 comments

  • P chogyi

    October 31, 2012 at 12:09 pm

    ချိန်ခွင်ဆိုတာ အလေးပိုတဲ့ဘက်ကို
    လိုက်သွားတာပဲလေ။
    တရားမျှတခြင်း သမာဓိရှိခြင်း နဲ့ ဘက်မလိုက်ခြင်းက ညီမျှခြင်း(=)ပါ။

  • အရီးခင်လတ်

    October 31, 2012 at 5:42 pm

    အိမ်လွမ်းသူရေ

    ချိန်ခွင် ရဲ့ symbol သဘောက ” ဖြောင့်မတ်ခြင်းရဲ့သဘော” လဲမဟုတ်၊”ဘက်လိုက်ခြင်းရဲ့သဘော” လဲ မဟုတ်ပါဘူး လို့ ထင်တာပါဘဲ။
    ညီမျှခြင်း သဘောလဲ မဟုတ်ပါဘူး။

    နှစ်ဖက် “Balance” ဖြစ်နိုင်ဖို့ ကို မြင်သာအောင် အတွက် ညွန်းပြထားတာ လို့ ပြောရင်ရမလားဘဲ။
    အလယ်မှာ နေပြီး မျှတဖို့ အတွက် ပိုစွန်း နေတဲ့ ဘက်ကို မြင်သာနိုင်မှ ပြန်ညှိ လို့ ရမှာမဟုတ်လား။
    ဒါကြောင့် မြင်သာ ထင်သာအောင် လျှာလေးတောင် ထည့် ပေးထားသေးတယ်။ 😉
    ဒီတော့ ဘယ်ဘက်ကို ဘက်လိုက်နေတယ် ဆိုတာကို ပွင့်လင်းမြင်သာတွေ့ နိုင်ပါတယ်။
    တစ်ခုတော့ ရှိတဲ့ လျှာထုတ်ပြလို့ မရအောင် အတင်းချုပ်ထားရင်တော့ လဲ အမှန်ကို မြင်နိုင်မှာမဟုတ်ဘူး။

    ဒါထက်
    အရီး ရဲ့ avatar ရည်ရွယ်ချက်က
    ပြီးခဲ့တဲ့ September 24 ကနေ October 23 နေ့ အထိ မွေးနေ့ရှင် Libra များအတွက်
    ဂုဏ်ပြု zodiac sign လေးပါ။

    ဘာဘဲဖြစ်ဖြစ် ဒီလို ပွင့်ပွင့်လင်းလင်း ရေးတော့ ဆွေးနွေးစရာလေးရလိုက်တာပေါ့။
    ကျေးဇူးနော်။ :hee:

    • pooch

      October 31, 2012 at 6:10 pm

      အရီးရဲ့ ဂုဏ်ပြုမှုလေးအတွက် သိုင်းကျူး ။ ချိန်ခွင် ဆိုတာ တူရာသီများအတွက် မျှတမှု ကို ကိုယ်စားပြုတယ်လို့ပဲ ဖွင့်ချင်တယ်။

  • uncle gyi

    November 1, 2012 at 10:12 am

    အိမ်လွမ်းသူရေ
    ဦးကတော့ချိန်ခွင်ကပဲအဓိပ္ပါယ်ပြည်တယ်မှတ်ပါတယ်
    ကိုင်ထားတာအမှန်
    မတရားတာတခုခုလုပ်ရင်ချိန်ခွင်ကစောင်းသွားမယ်
    မတရားမှုကတခါတည်းပေါ်သွားပြီ
    အဲဒီအခါကျန်တဲ့ဖက်ကအမှန်တရားကိုထည့်ပြီးပြန်တည့်အောင်လုပ်မယ်ဆိုတဲ့
    အဓိပ္ပါယ်လို့ယူပါမယ်
    အဲလိုဆိုရင်ကောဘယ်လိုနေမလဲ

  • kyeemite

    November 1, 2012 at 11:47 am

    ချိန်ခွင်လျှာ တစ်ဘက်စောင်းမနေတဲ့ ချိန်ခွင်ပုံ ဟာ
    တရားခံ နဲ့ တရားလို ဘယ်ဘက်ကိုမှ ဘက်မလိုက်ပဲ
    မျှမျှတတ တရားစီရင်တယ်လို့ အဓိပ်ပါယ်ဆောင်ပါတယ်။
    တကယ့် အပြင်လောက မှာတော့ ငွေကြောင့်ဘက်လိုက်ကောင်းလိုက်ကြမှာပေါ့လေ..
    တရားစီရင်ရေးဟာ မျှမျှတတ မရှိပဲ ဘက်လိုက်နေတာသေချာရင်
    အဲလိုတရားရုံးမှာ ချိန်ခွင်တစ်ဘက်စောင်းနေတဲ့ ပုံချိတ်ထားသင့်တာပေါ့(ချိတ်ရဲရင်ပြောပါတယ်)…
    အလေးသာနေတဲ့ ချိန်ခွင်ဘက်အခြမ်းမှာ ငွေစက္ကူပုံ ထည့်ပြထားပေါ့… :ha:

  • nature

    November 2, 2012 at 5:56 pm

    ချိန်ခွင်ကတရားမျှတမှုဆိုတဲ့ ၂ဖက်ကို အတိအကျ ညီမျှအောင် ထိမ်းညှိပေးနိုင်တဲ့ကရိယာတမျိုးဖြစ်ပါတယ်။ ချိန်ခွင်ကိုတရားမျှတမှုသင်္ကေတအဖြစ် ကမာ္ဘနိုင်ငံတော်တော်များများကလက်ခံကြပါတယ်။ အမေရိကန်က လေဘာတီရုပ်ထု မှာ ချိန်ခွင်တဖက် ဓါးတဖက်ကိုင်ထားခြင်းက ချိန်ခွင်ဆိုတဲ့ တရားမျှတမှုအတွက်တရားဥပဒေကိုအသုံးပြု၍ ဓါး ဆိုတဲ့ အာဏာစက်ဖြင့်စောင့်ရှောက်မယ်လို့ကြီးမားတဲ့ရည်ရွယ်ချက်နဲ့ထုလုပ်ခဲ့ပုံရပါတယ်။ လေဘာတီရုပ်ထုကလည်း တော်တော်လေးကိုကြီးတယ်လို့ ပြောသံကြားရဖူးပါတယ်။

    ဒါပေမဲ့ တရားဥပဒေရဲ့ အရေးယူဆောင်ရွက်ချက်တွေမှာ အားနည်းချက်တွေရှိခဲ့လို့် တရားမျှတမှုဆိုတဲ့ ချိန်ခွင်သင်္ကေတဟာလည်း တံတွေးခွက်မှာ ပက်လက်မျှောကိန်းဆိုက်နေပါတယ်။

  • ချိန်ခွင်ပုံနဲ့မျှတမူ့ကြည့်ရမှာက ချိန်တဲ့ခွက်မဟုတ်ဘူး။
    ချိန်ခွင်လျှာက အဓိက ဇာတ်ကောင်ပါ။
    ခွက်နှစ်ခုက ဇာတ်ရံလေ.။
    မျှတမူ့ရှိတယ် မရှိဘူးဆုံးဖြတ်ပေးတာက ချိန်ခွင်လျာ။
    သူကို့ကြည်တာနဲ့ ဘက်ညီတယ် မညီဘူးဆိုတဲ့ သာတူညီမျှ ရှိကြောင်းသိနို်င်ပါတယ်။
    ဒါကြောင့် ပုံပြောင်းဘို့ မလိုဘူးလို့ ခံယူပါကြောင်း။

  • မောင်ပေ

    November 4, 2012 at 7:37 pm

    ချိန်ခွင်
    ိအိမ်ရှင်
    နွားပိန်ကင်
    မြိန်ပင်
    ငြိမ်ဘဝင်

  • မမလေး

    November 8, 2012 at 1:33 am

    ချိန်ခွင်ကဒီအတိုင်းထားရင်တောင် လေတိုက်ရင် လှုပ်ခတ်သေးတာပဲ … အလေးထည့်ရင်လည်း အလေးသာတဲ့ဘက်ပဲ ပါသွားတာပါပဲ … ဒီလောကကြီးက စစ်မှန်မှုအလွန်ရှားပါးလှပါတယ်

  • nature

    November 8, 2012 at 8:07 am

    … အလေးထည့်ရင်လည်း အလေးသာတဲ့ဘက်ပဲ ပါသွားတာပါပဲ …
    အဲဒါက အလုပ်မလုပ်တဲ့ချိန်ခွင်သဘောပါ။ အလုပ်လုပ်တဲ့ချိန်ခွင်က တဘက်က ၁ဝကျပ်သားထည့်ရင် နောက်တဘက်က ၁ဝ ကျပ်သားထည့်ပေးရပါတယ်။ တဘက်က ၁ပိဿာထည့်ရင် ကျန်တဲ့တဘက်က ၁ပိဿာလိုက်ထည့်ပေးဖို့က ချိန်ခွင် တောင်းဆိုနေသလိုပါပဲ။ မထည့်ပေးပဲ တခြမ်းစောင်းနေတဲ့ ချိန်ခွင်ကို တွေ့ရင်စိတ်ထဲ တမျိုးပဲ ။တခုခု လိုနေသလိုခံစားရတယ်။

  • nature

    November 8, 2012 at 8:37 am

    အာဏာစက်က မတရားဘူးဆိုတဲ့မိုးပြာတွေလက်ချက်နဲ့လေဘာတီလက်ထဲက ဓါးလဲပျောက်တော့မယ်ထင်ပါရဲ့။
    (အဟိ …ကြုံတုန်းသမလိုက်ဦးမယ်.. 🙂 )

  • Francis lal

    November 8, 2012 at 10:53 am

    အိမ်လွမ်းသူ
    ခင်ဗျားသဘောပေါက်တာ မှားလို ့ပါ။
    ချိန်ခွင်ရဲ့ တရားမျှတမှ ုသက်ရောက်စေတဲ့အချက်က ချိန်ခွင်ခွက်မှာ မဟုတ်ဘူး။ ချိန်ခွင်ရှာ မှာ။

  • Francis lal

    November 8, 2012 at 10:53 am

    အိမ်လွမ်းသူ
    ခင်ဗျားသဘောပေါက်တာ မှားလို ့ပါ။
    ချိန်ခွင်ရဲ့ တရားမျှတမှ ုသက်ရောက်စေတဲ့အချက်က ချိန်ခွင်ခွက်မှာ မဟုတ်ဘူး။ ချိန်ခွင်ရှာ မှာ။

  • MaMa

    November 8, 2012 at 1:47 pm

    ရှာ= ရှာဖွေ၊ တွေ့အောင်ရှာ၊ ရှာကြံ၊
    လျှာ=လျှာခင်၊ လျှာလည်၊ လျှာထိုးပျဉ် လို့ သုံးကြပါတယ်။
    ချိန်ခွင်လျှာဆိုတာလည်း ချိန်ခွင်ရဲ့ လျှာခင်လို့ သဘောထားပြီး ရေးတာလို့ ထင်ပါတယ်။
    အဲဒါကြောင့် ချိန်ခွင်လျှာ လို့ ရေးရမယ် ထင်ပါတယ်။ :hee:

  • တညင်သား

    November 8, 2012 at 4:24 pm

    အရေးအသားအတွေးလေးကို ကြိုက်တယ်ဗျာ ကွန်မန်းစိမ်း လေးကိုရောပဲ…
    ချိန်ခွင်က တနေရာနဲ့တနေရာ အဓိပ္ပါယ် ဖွင့်ဆိုခြင်း မတူညီဘူးလို့ပဲပြောရတော့မှာပေါ့ အပေါ်ကကွန်မန်းတွေ ဖတ်ပြီး ပြောတာပါ…
    ကြုံတုန်းလေးမို့ ပြောရအုံးမယ် .. တားတား တို့တညင်ဈေးထဲမှာ မိန်းမကြီး နှစ်ယောက် ရန်ဖြစ်နေတာမြင်မကောင်းဘူး စပ်စုလိုက်တော့ အဲဒီအမျိုးသမီးတယောက်က ငါး ဝယ်တာ အလေးမပြည့်လို့တဲ့ ဒါနဲ့ရောင်းသူ ဝယ်သူ နှစ်ယောက် ဈေးခေါင်းရုံး ကိုလာပြီး သမာဓိ ချိန်ခွင်နဲ့ စစ်ကြည့်လိုက်တော့ အလေးမပြည့်တာ ပေါ်သွားပါတယ် မဆိုစလောက်လေးပါ..
    ဆိုတော့…စာရေးသူ အကိုကြီး ပြောတဲ့ အထူးသဖြင့် တရားရုံး တွေမှာ တွေ့ရတယ် ဆိုတဲ့ ချိန်ခွင် အမှတ်အသားဟာ တရားမျှတအောင် ဆုံးဖြတ်မယ့် သမာဓိ ချိန်ခွင် အမှတ်အသားလို့ ယူဆလို့ရပါတယ် …

    တူရာသီဖွား
    တညင်သား………..

Leave a Reply