“စည်းမဲ့ ကမ်းမဲ့ ……..တန်ဘိုးမဲ့”

“စည်းမဲ့ ကမ်းမဲ့ ……..တန်ဘိုးမဲ့”

ပြီးခဲ့တဲ့ ဥပုဒ်နေ့က ကျောက်တော်ကြီးဘုရားကနေအပြန် ၂၆ ဘီလမ်းအတိုင်း အနောက်ဘက်ကိုဆင်းလာခဲ့ပါတယ်။
ဈေးချို၈၄လမ်းမီးပွိုင့်ရောက်တော့ မီးနီ နေတာနဲ့ “မျဉ်းသေ”နားမှာ ကပ်ပြီးဆိုင်ကယ်ကိုရပ်ထားပါတယ်။
ကျနော်က တောင်ဘက်ကိုကွေ့မှာကိုးဗျ။
(မျဥ်းသေဆိုတာ မသိသေးသူများသိအောင်ပြောရ ရင် ဟိုဘက်ယာဉ်ကြောနဲ့ ဒီဘက်ယာဉ်ကြောကို
ပိုင်းခြားထားတဲ့ မျဉ်းပါ။
မျဉ်းသေ မှာ အဖြတ်အတောက်မပါဘူးဆိုရင် ဒီမျဉ်းကိုကျော်ဘို့မပြောနဲ့ ကားဘီးဆိုင်ကယ်ဘီးတောင်မှ
တင်ထားလို့မရ နင်းထားလို့မရပါဘူး)
အဲလိုကပ်ရပ်ထားတာကို နောက်က ဆိုင်ကယ်တစ်စီးက ကပ်ကပ်သပ်သပ်ကျော်တက်ပြီး မျဥ်းကြားထဲဝင်ရပ်နေပါတယ်။
သိပ်မကြာခင် ဆိုင်ကယ်အပိုပစ္စည်းတွေကို မဆန့်မပြဲတင်ထားတဲ့ ဆိုင်ကယ်ကလည်း
ကျနော်နားက ပွတ်ကပ်ပြီးဖြတ်သွားပြန်ပါတယ်။
အဲဒီဆိုင်ကယ်က ဟိုဘက်ယာဉ်ကြော ရဲ့အလည်ခေါင်မှာဝင်ရပ်နေပါတယ်။
ယာဉ်ကြောပြောင်းပြန်ဝင်ပြီး သူများလာမယ့် လမ်းအလည်ခေါင်သာရပ်နေတယ်သူကတော့ခပ်တည်တည်။
သူနဲ့မလှမ်းမကမ်းမှာ ယာဉ်ထိန်းခပ်ငယ်ငယ်လေး တစ်ယောက်ရပ်နေပါတယ်။
အဲဒီယာဉ်ထိန်းလေး ကလည်းလမ်းမှားနေတဲ့ ဆိုင်ကယ်ကို တစ်ချက်လှမ်းကြည့်ပြီး မှဟိုဘက်ကိုငေးနေပါတယ်။
အဲဒီအချိန် လိုက်ထရပ်ကားတစ်စီး မြောက်ဘက်က နေပြီး အရှေ့ဘက်ကို လမ်းမှန်အတိုင်းကွေ့ဝင်လာပါတယ်။
ကုန်အပြည့်နဲ့ ဆိုင်ကယ်ကလမ်းလည်ခေါင်မှာပိတ်ရပ်နေတော့ ဝင်လာတဲ့ ကားကလဲ ဆက်မောင်းလို့မရ။
ဒါနဲ့ဘဲ ဆိုင်ကယ်နဲ့ခေါင်းခြင်းဆိုင်ပြီးလမ်းလည်ခေါင်မှာရပ်နေပါတော့တယ်။
အဲလိုလမ်းတွေပိတ်နေတော့မှ မြောက်ဘက်ဒေါင့် ယာဉ်ထိန်းအိမ်လေးထဲက တစ်ယောက်ထွက်လာပြီး
တတွီတွီနဲ့ ခရာလှမ်းမှုတ်ပါတော့တယ်။
ဒီအသံကြားမှဘဲ လမ်းဘေးမှာ ရပ်နေတဲ့ ယာဉ်ထိန်းလေးက ဆိုင်ကယ်သမားကို လမ်းဘေးကိုကပ်ခိုင်းပြီးလိုင်စင်တောင်းပါတော့တယ်။
မီးစိမ်းတော့ ကျနော်လဲထွက်လာတော့ ဘာတွေဖြစ်ကျန်ခဲ့တယ်မသိဘူး။
အကြည့်ရတော့ အတော်ဆိုးတဲ့မြင်ကွင်းပါဘဲ။

လွန်ခဲ့တဲ့ ၂ရက်လောက်ကလဲ ၂၆ဘီလမ်းအနောက်ဘက်ကနေ အရှေ့ဘက်ကို တက်လာရင်း လမ်း ၈ဝဘက်ကိုကွေ့မလို့လုပ်ပြန်တော့ တည့်တည့်သွားမယ်ဆိုင်ကယ်တွေက Give Way(ကွေ့လမ်း)ထဲမှာ
ဝင်ရပ်နေပြန်ပါတယ်။
သိပ်မကြာခင်မီးစိမ်းတော့ မှရပ်နေတဲ့ဆိုင်ကယ်တွေထွက် သွားကြပါတယ် ။
လမ်း ၈ဝ အတိုင်းဆက်သွားပြန်တော့ ၃၅လမ်းက Give Way(ကွေ့လမ်း)ထဲမှာလည်းအစောက
အတိုင်း ကားရောဆိုင်ကယ်ပါဝင်ရပ်နေပြန်ပါတယ်။
ဒါကိုမြင်နေတဲ့ တာဝန်ကျယာဉ်ထိန်းတွေက လှမ်းကြည့်နေပေမယ့် ဘာမှ မပြောပါဘူး။
၃၅လမ်းမှာရော ၂၆ဘီလမ်းမှာပါ ယာဉ်ထိန်းတွေရှိပါတယ်။
ဒါပေမယ့် သူတို့အတွက်ပေးထားတဲ့ နားနေဆောင်ထဲမှာဘဲ ထိုင်နေတာကများပါတယ်။
ကျနော်တို့ငယ်ငယ်ကဆိုရင် ဆိုင်ကယ်ဆိုတာမရှိသလောက်။
ကားဆိုတာလည်းက ခပ်နည်းနည်း စက်ဘီးဘဲများပါတယ်။
ဒါတောင်မှ မနက်ခင်းအလုပ်သွားကျောင်းသွားတဲ့အချိန် ၊
မစိုးရိမ်ရုပ်ရှင်ရုံက ရုပ်ရှင်ပြီးတဲ့အချိန်၊
ညနေကျောင်းဆင်းချိန် ဈေးချိုက ဈေးသိမ်းတဲ့အချိန်များမှာဆိုရင် ခရာတတွီတွီမှုတ်လို့လမ်းမပိတ်အောင်
လမ်းလည်ခေါင်မှာရပ်ပြီး လက်ပြပါတော့တယ်။
လက်ပြတာက လည်းတကယ့်ကိုအချိုးကျကျ သေသေသပ်သပ် ကြည့်လို့ တကယ်ကောင်းပါတယ်။
ကျနော်တို့က ၂၆ဘီလမ်းမှာကြီးပြင်းတဲ့သူတွေဆိုတော့ အနောက်ကျုံးဒေါင့်မီးပွိုင့်မှာမြင်နေကျမြင်ကွင်းပါဘဲ။
ဟိုးရှေးရှေးကပေ့ါဗျာ။

လက်ရှိအနေအထားမှာတော့ သူတို့လမ်းပေါ်မှာလက်ပြနေတယ်ဆိုရင် VIP တစ်ယောက်ယောက်လာမှ အသေအချာပါဘဲ။
ပြပြန်ရင်လဲ တစ်ခါတစ်လေမှ ပြလို့လားတော့ မသိ လက်ကားခြေယားနဲ့အချိုးမကျ။
ယာဉ်ထိန်းလို့အမည်တပ်ပေမယ့် လမ်းပေါ်မှာတက်လို့လက်ပြပြီးလမ်းရှင်းတယ်ဆိုတာမတွေ့ရသလောက်။
လမ်းပေါ်မှာ ကားတွေနဲ့ ဆိုင်ကယ်တွေ ထုတ်ဆီးတိုးသလို တိုးနေရင်လဲခပ်အေးအေးဘဲ ကြည့်နေတတ်ပါတယ်။
သူတို့အတွက်ပေးထားတဲ့ အိမ်လေးထဲမှာ အနေများတော့ အပြင်မှာ ဘာဖြစ်လို့တောင်ဖြစ်မှန်းမသိတာကခပ်များများ။
တစ်ခါတစ်လေမှာသာ လမ်းဒေါင့်မှာစောင့်ပြီး မီးနီဖြတ်တဲ့သူကိုဖမ်း၊
စိတ်မထင်မှ ဦးထုပ်မဆောင်းတဲ့သူကို ဖမ်းတာမြင်ရပါတယ်။
အများအားဖြင့်ကတော့ သာယာပါသည်ဆိုသလိုအေးဆေးပါဘဲ။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ပြောလို့သာပြောရတယ် လူတွေကလည်း ယာဉ်စည်းကမ်းကို နားမလည်တာလား
နားလည်ပါရဲ့နဲ့ ဖောက်ဖျက်တာလားတော့ မသိနိုင်လောက်အောင်ကို ဆုးိဆုးိဝါးဝါးစည်းကမ်းမဲ့ကြပါတယ်။
လမ်းမပေါ်မှာဆိုင်ကယ်စီးလာသူ ၇၅%လောက်ကဆိုင်ကယ်ဦးထုပ်မဆောင်းပါဘူး။
အများအားဖြင့်က ဦးထုပ်ကို မပါတာပါ။
တစ်ချို့ကတော့ ဆိုင်ကယ်မှာချိတ်ထားပေမယ့်မဆောင်း။
အသက်ငယ်တဲ့ ကျောင်းသားအရွယ် မိုက်ရူးရဲအရွယ် တင် မဆောင်းတာမဟုတ်ပါဘူး။
ဝန်ထမ်းလုပ်နေတဲ့အရွယ် ရော၊ကလေးတွေကိုပညာသင်ပေးနေတဲ့ဆရာဆရာမရော၊
မသိနားမလည်တဲ့လူငယ်တွေကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် အသက်ကြီးကြီးအရွယ်တွေပါ
ကျားမ မရွေးဆိုင်ကယ်ဦးထုပ်မဆောင်းကြတာပါ။
ဒါကြောင့်လဲ လမ်းဒေါင့်တစ်နေရာမှာ ပါတ်ကားက ရပ်ပြီးဖမ်းတယ်ဆိုရင် တစ်သီတစ်တန်းကြီး
အဖမ်းခံရတာပါ။
ပိုုဆိုးတာက တော့ စည်းကမ်းဖောက်ဖျက်သူကို တားဆီးရမယ့်သူများကပါ ဆိုင်ကယ်ဦးထုပ်မဆောင်းတာ
မြင်နေရပြန်တော့ “ အင်း ဘယ်လိုပြောရမလဲ “လို့သာ မေးလိုက်ချင်ပါတော့တယ်။

အခုခေတ်မှာဆိုင်ကယ်တွေကလဲပေါလာသလို အင်ဂျင်ပါဝါကောင်းတဲ့
ဆိုင်ကယ်တွေကလဲများသထက်များလာပါတယ်။
နောက်တစ်ချက် မစီးတတ်စီးတတ်နဲ့စီးတဲ့လူရော သေမှာမကြောက်လို့ မိုင်ကုန်မောင်းတဲ့လူလဲပေါလာပြန်ပါတယ်။
အရင်ထက်စာရင်လမ်းတွေကလဲကောင်းလာတော့ အရှိန်မြင့်မြင့်နဲ့မောင်းကောင်းတိုင်းမောင်းကြပါတော့တယ်။
အတည့်လာလို့များလမ်းမှန်တယ်ဆိုရင် ကွေ့မယ့်ဆို်င်ကယ် ကား ဘယ်လောက်များများခဏရပ်ပေးတယ်ဆိုတာ
မရှိသလောက်ပါဘဲ။
ဟိုးအဝေးကြီးကတည်းက ဟွန်းတတီတီပေးလို့ လီဗာကိုဟဲမောင်းလာပါတယ်။
မဖယ်ရင် တကယ်ဘဲတိုက်လိုက်မယ့်ပုံစံမျိုးနဲ့ပါ။
ဟိုဘက်ဒီကဘက်လမ်းဖြတ်ကူးမယ့်ဆိုင်ကယ်များကလဲ လမ်းကြောမရှင်းသေးရင် လမ်းတစ်ဘက်တစ်ချက်မှာ
စောင့်တယ်ဆိုတာမရှိပါဘူး။
လမ်းတစ်ဝက်လောက်ထိနင်းထားပြီး တစ်ရွေ့ရွေ့နဲ့ ရှေးတိုးလာပြီး တစ်ဖက်ကလာနေတဲ့ဆိုင်ကယ်ကား
သွားမရအောင်လမ်းကို ပိတ်လို့ရပ်ပါတယ်။
ဟိုဘက်က ကားတွေဆိုင်ကယ်တွေကလဲဇွတ်လာ ဖြတ်ကူးမယ့် ယာဉ်တွေကလဲတစ်ရွှေ့ရွှေ့တိုးလို့လမ်း
ကိုကျဉ်းသထက်ကျဉ်းအောင်ပိတ်နဲ့ ထုပ်ဆီးတိုးနေသလိုပါဘဲ။
တကယ်ပြောရင် တစ်ယောက်နဲ့တစ်ယောက်မစောင့်ကြတော့တာပါ။
တစ်ဖက်ဖက်က သာ စောင့်လိုက်မယ်ဆိုရင် လွတ်လွတ်ကျွတ်ကျွတ်အေးအေးဆေးဆေးဖြတ်လို့ရနိုင်သလို
လမ်းလဲမပိတ်နို်င်တော့ပါဘူး။
အခုတော့ မစောင့်ကြတော့ ပိုပြီးကြာကုန်ပါတယ်။
&&&&&&&&&&&&&&& &&&&&&&&&&&&&&&&&&& &&&&&&&&&&&&&&&&&&
ကမ္ဘာပေါ်မှာလမ်းကျဉ်းလေးတစ်ခုထည်းကို လေးလမ်းသွား လုပ်ထားတာမယုံဘူးဆိုရင် မန်းလေးကို
လာကြည့်စေချင်ပါတယ်။
လမ်းမကြီးတစ်ခုထဲမှာ ဘယ်ဘက်ညာဘက်သွားတဲ့ လမ်းတစ်စုံစီ ရှိနေတော့
ပေါင်းလိုက်ရင်လေးလမ်းသွားဖြစ်သွားပါတယ်။
အခုနောက်ပိုင်းမှာ လမ်းမကြီးရဲ့ဘယ်ညာအစွန်နှစ်ဖက်က ယာဉ်ကြောပြောင်းပြန်စီးကြတော့
လေးလမ်းသွားဖြစ်ကုန်ပါတော့တယ်။
ဟိုဘက်ဒီဘက်လမ်းကူးရမှာခက်တာကိုအကြောင်းပြပြီးလမ်းပြောင်းပြန်စီးကြတာပါ။
ဟိုအရင်ကဆိုရင်လမ်းစည်းကမ်းဖောက်ပြီး ဒီလိုလမ်းပြောင်းပြန်စီးတဲ့သူက လမ်းမှန်ကလာတဲ့
လူကိုတောင်းပန်တဲ့အကြည့်နဲ့ကြည့်ရင်း ခပ်ဖြည်းဖြည်းလေးဘေးနားကပ်စီးတတ်မောင်းတတ်ကြပါတယ်။
အခုအချိန်မှာတော့ “မိုက်ရင်ဝင်တိုက် -မသေချင်ရင်ဖယ်ထား”ဆိုတဲ့မျက်နှာထားနဲ့လမ်းပြောင်းပြန်ကို
ခပ်ကြမ်းကြမ်းလေးမောင်းကြပါတယ်။
နောက်လမ်းအကွေ့ဆို်ရင်လဲ အရှိန်မရှော့ဘဲတောက်လျောက်ကွေ့လို့ကွေ့၊
လမ်းမကြီးရဲ့တစ်ဖက်အစွန်ကနေ နောက်တစ်ဖက်ကို ဆိုင်ကယ်ကွေ့မယ်ဆိုတဲ့ မီးအချက်ပြပြီး ကန့်လန့်ဖြတ်ပြီးကူးလို့ ကူး။
ပြောလိုက်ရင် “ကွေ့မယ်လို့အချက် ပြထားတာ မမြင်ဘူးလား”လို့တောင်အငေါ်တူးသွားပါသေးတယ်။
စည်းကမ်းကိုမသိလဲမသိကြတော့ပါဘူး။
ပိုးဆိုတာက တော့ တစ်လမ်းမောင်းလို့ သိသိသာသာအမှတ်အသားပြထားတဲ့လမ်းတွေမှာပြောင်းပြန်
မောင်းကြတာပါ။
အခုနောက်ပိုင်းမှာ တစ်လမ်းမောင်းဆိုရင် ကျနော်တတ်နို်င်သမျှရှောင်ပါတော့တယ်။
အထူးသဖြင့် ၃၆လမ်း ၃ရလမ်း ၃၉လမ်း လမ်း ၄ဝတစ်လမ်းမောင်းဘက်တွေမှာပိုဆိုးဝါးပါတယ်။
တစ်လမ်းမောင်းမှန်းသိရက်နဲ့ တမင်ပြောင်းပြန်မောင်းကြတာပါ။
စည်းကမ်းပျက်တာကတော့ အတော်များများ ပါဘဲ။
တစ်ခါတစ်လေဆိုင်ကယ်ကိုဝေါကနဲ့ဇွတ်ကျော်တက် ပြီးရင်ရှေ့ကပိတ်ပြီး ရုတ်တရက်ထိုးရပ်လိုရပ်။
ဘာမှအရေးတကြီးကိစ္စရှိတာလဲမဟုတ်။
ဒါက ဆိုင်ကယ်တွေ။

လိုင်းကားတွေက တစ်မျိုး။
အခုနောက်ပိုင်း ကားသေးလေးတွေကိုလိုင်းကားဆွဲခွင့်ပေးလိုက်တော့ ပိုရှုပ်လာပါတယ်။
ရပ်ချင်သလိုရပ်တင်ချင်သလိုတင်။
အထူးသဖြင့် ၂၉လမ်းနဲ့၈၄လမ်းဒေါင့် ရယ် ဘုရားကြီးကျောက်ဆစ်တန်းကွေ့ရယ်၊ဘုရားကြီးကျောက်ထိုးရုံကွေ့ရယ်ကအဆိုးဆုံးထင်တာပါဘဲ။
ကားကြီးပေါ်က စပယ်ယာတွေကလဲ ကားထဲကနေကို်ယ်တစ်ပိုင်းအပြင်ထုတ် လက်တရမ်းရမ်းနဲ့
လမ်းပေါ်မှာပြေးလွှားနေတဲ့ယာဉ်တွေကို “ ဘေးကို ဘေးကို “အော်လို့မောင်းထုတ်။
လမ်းဘေးမှာအရိပ်မြင်တာနဲ့ ထိုးရပ်။
နောက်က ကပ်လိုက်လာတဲ့ကောင်ကတော့ သူု့ထိုက်နဲ့သူကံပါဘဲ။
ခရီးသည် တစ်ယောက် ကားမပေါ်မရောက်သေးရင် သူ့အထုပ်အပိုးတွေကို ဇွတ်ဆွဲတင်ပေးပေမယ့်
ကားပေါ်က ဆင်းတယ်ဆိုရင်တော့ ပါလာတဲ့ အထုပ်အပိုးတွေကို လမ်းမအလည်မှာ ချထားတတ်ပါတယ်။

ပိုဆိုးတာကတော့ လက်ယာကပ်မောင်းကျင့်သုံးတဲ့နိုင်ငံထဲကိုလက်ဝဲကပ်မောင်းနို်င်ငံက
ကားတွေသွင်းလာတော့ ကားတဝီဝီမောင်းနေတဲ့လမ်းဘက်မှာတံခါးပေါက်တွေရှိနေတာပါဘဲ။
ကားပေါ်ကဆင်းတဲ့လူအတွက်အန္တရာယ်များလှပါတယ်။
ဒီနှစ်ထဲမှာ နို်င်ငံခြားက တစ်ပါတ်ရစ်ခပ်သစ်သစ်ကားတွေသွင်းလာပါတယ်။
ဟိုအရင်က သူများနိုင်ငံမှာဆယ်နှစ်ကျော်ကျော်လောက်သုံးထားတဲ့ကားတစ်ပါတ်ရစ်ကိုဘဲအဝင်ခံတာကနေ
အခုအချိန်မှာ သုံးလေးနှစ်ဘဲသုံးထားတဲ့ကားတွေကိုသွင်းလာပါတယ်။
စိတ်ညစ်စရာကောင်းတာကအဲဒီလို ကားအဟောင်းကောင်းကောင်းကြီးတွေက လမ်းမပေါ်မှာတစ်လိမ့်ခြင်းခပ်ဖြေးဖြေးလေးမောင်းပြနေတာပါဘဲ။
တစ်ခါတစ်ရံများမှာ ဟန်ပါပါနဲ့ ဖုန်းပြောရင်း ကားဘီးကို လိမ့်တယ်ဆိုရုံလေးလှိမ့် နဲ့စိတ်ပျက်ဘို့ကောင်းလှပါတယ်။
ကျနော်ရောက်ခဲ့ဘူးသမျှ မြို့တွေနဲ့ယှဉ်ကြည့်ရင် ယာဉ်စည်းကမ်းနဲ့ပါတ်သက်ရင်မန်းလေးမြို့က
အတော်လေးစည်းကမ်းမဲ့တယ်ပြောနိုင်ပါတယ်။
ယာဉ်တင်စည်းကမ်းမဲ့တာမဟုတ်ပါဘူး လမ်းဖြတ်ကူးတဲ့လူတွေကလဲ
လမ်းပေါ်မှာ ကူးချင်သလိုကူးပါဘဲ။
ကူးလိုက်ပြန်ရင်လဲ ကဏန်းကောင်လမ်းသွားသလို တစောင်းကြီးကူးတာပါ။
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
ကျနော်ပြီးခဲ့တဲ့လက တောင်ကြီးမြို့ကိုရောက်သွားခဲ့ပါတယ်။
ကျနော်တွေ့သမျှဆိုင်ကယ်တိုင်းလောက်က ဆိုင်ကယ်ဦးထုပ်ဆောင်းထားပါတယ်။
မော်တော်ကားက မန်းလေးလောက်မများပေမယ့်စည်ကားပါတယ်။
ဒါပေမယ့် သူ့စည်းသူ့ကမ်းနဲ့မောင်းကြပါတယ်။
ဈေးလိုလူစည်ကားတဲ့နေရာမှာ လူကူးမျဉ်းကြားတွေက ထင်ထင်ရှားရှား။
ကူးမယ့်လူများလာရင် ဘေးနားမှာရပ်နေတဲ့ယာဉ်ထိန်းက ကားတွေဆိုင်ကယ်တွေကိုရပ်ခိုင်းပါတယ်။
ရပ်ပေးရတဲ့ယာဉ်တွေကလဲ ယာဉ်ထိန်းကိုအပြစ်မြင်တဲ့ မျက်လုံးနဲ့မကြည့်။
တစ်ခါမှာတော့ မီးနီဖြတ်မိလို့ ဖမ်းတာကိုမြင်ဘူးပါတယ်။
သွားတဲ့သူတွေကလဲ သူ့စည်းကမ်းနဲ့သူ။
ယာဉ်ထိန်းကလဲ သူ့အလုပ်သူလုပ်ဆိုတော့ ပြဿနာမရှိ။
ကျနော်ရောက်နေတဲ့ရက်မှာတော့ ဆပ်ပရိုက်ချက်တွေဘာတွေ လုပ်တာတော့မမြင်ခဲ့ရပါဘူး။

မန်းလေးမှာတော့ရှောင်တခင်စစ်ဆေးတာတွေအမြဲနီးပါးရှိပါတယ်။
လမ်းဒေါင့်တွေမှာ ပိတ်ပြီးဖမ်းပါတယ်။
ဖမ်းတို်င်းလဲအများကြီး မိတာပါဘဲ။
ဒီလိုရှောင်တခင်စစ်တာမရှိဘူးဆိုပြန်တော့လဲအရင်လိုစည်းမဲ့ကမ်းမဲ့ပြန်ဖြစ်သွားတာပါဘဲ.။
မဲ့ဆို သူတို့က အဲလိုရှောင်တခင်စစ်တုံးလေးသာဖမ်းတာ ကျန်တဲ့အချိန်မဖမ်းပါဘူး။
မီးပွိုင့်ရှေ့မှာ ဦးထုပ်မပါဘဲသွားလဲ မဖမ်းပါဘူး။
ယာဉ်ကြောတွေမှားဝင်နေရင်လဲမဖမ်း။
ယာဉ်ကြောပြောင်းပြန်ကြီးမောင်းလာတယ်ဆိုရင်လဲမဖမ်း။
အဲတော့ ယာဉ်ထိန်း ဆိုတာဆပ်ပရိုက်ချက်မဟုတ်ရင်အလေးထားစရာမလိုသလိုဖြစ်နေပါတယ်။
ယာဉ်ထိန်းတွေကလဲ လမ်းစည်းကမ်းဖောက်တဲ့သူကို ဖမ်းရင်း ပြဿနာတက်မှာကိုလဲ စိုးရိမ်ပုံရပါတယ်။
စည်းးမဲ့သူကို ဖမ်းရဲ ယာဉ်ထိန်းနဲ့ အဖမ်းခံရသူကြားမှာ ပဋိပက္ခအသွင်ဆောင်သွားတဲ့ အဖြစ်အပျက်မျိုးက
လဲရှိနေတော့ သူတို့ဖက်က လဲရှောင်တာကို အပြစ်တော့ပြောလို့မရပြန်ပါဘူး။
အမှန်ကတော့ ဖမ်းသည်ဖြစ်စေ မဖမ်းသည်ဖြစ်စေ စည်းကမ်းရှိစွာနေရမှာကတော့ လူတိုင်းတာဝန်ပါဘဲ။
စည်းကမ်းဖောက်ဖျက်တဲ့သူကို ဖမ်းပြန်ရင်လဲ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းဥပဒေအတိုင်း
အရေးယူရမှာလဲအမှန်ပါဘဲ။
ဒါပေမယ့် လိုင်းကားတွေ ခရီးသည်တင်ယာဉ်တွေ အဝေးပြေးကားတွေ ကုန်ကားတွေ စည်းကမ်းဖောက်ဖျက်ပြီး
တင်ချင်သလိုတင် ရပ်ခြင်သလိုရပ် လုပ်နေတာကို မြင်နေရပေမယ့် မဖမ်းပါဘူး။
ဆိုင်ကယ်တွေ နေချင်သလို နေမောင်းချင်သလိုမောင်းပေမယ်လည်း မဖမ်းပါဘူး.။
အဲဖမ်းပြီဆိုတဲ့အခါကြပြန်တော့ လဲညှိနိုင်းကြေးနဲ့ ပြီးလို့ရနေတော့ စည်းကမ်းကိုဂရုမစိုက်ကြတာလဲအမှန်။
လိုင်းကားတွေကလဲ လမ်းဒေါင့်မှာ လက်ပြနေတဲ့သူလက်ထဲ ကို ပိုက်ပိုက်ကလေးထည့်ပေးလိုက်ရင်
ကြိုက်သလို လုပ်ခွင့်ရနေပြန်ပါတယ်။
ဘယ်လိုဘဲပြောပြော အခုလောက်ကြီး စည်းမဲ့ကမ်းမဲ့ နေကြထိုင်ကြတာကို မြင်ရတိုင်း တွေးမိတာလေးက
လူတွေကဘဲတန်ဖိုးမဲ့နေသလား ?
ထိန်းသိ်မ်းစောင့်ရှောက်ဘို့အတွက် တာဝန်ယူထားတဲ့သူတွေက ဘဲအရေးစိုက်စရာမလိုအောင် တန်ဖိုးမဲ့နေသလား ?
ဆိုတာကို မတွေးတတ်နိုင်အောင်ပါဘဲ။

ကိုပေါက်(မန္တလေး)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(30-10-2012)

15 comments

  • kyeemite

    November 1, 2012 at 1:10 pm

    လမ်းမပေါ်မှာဆိုင်ကယ်စီးလာသူ ၇၅%လောက်ကဆိုင်ကယ်ဦးထုပ်မဆောင်းပါဘူး။

    အဲဒီကိစ္စကတော့ အလွန်အန္တရာယ်များသဗျာ…အက်ဆီးဒင့်ဖြစ်ရင်
    သေကြတာ ဦးထုပ်မပါလို့ချည်းပဲ…ပြောသာပြောတာ..ရန်ကုန်မလဲ ဆိုင်ကယ်တွေများနေပါပြီ..
    မြို့ထဲတော့မဟုတ်…ဆင်ခြေဖုန်းဘက်မှာပေါ့..ဒီမှာလည်းထိုနည်း၎င်းပါ ကိုပေါက်ရေ…
    :buu:

  • ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့က မုံရွာဘက်ရောက်သွားပါတယ်
    ထိုနည်း၎င်းပါဘဲ ကိုကြီးမိုက်ရေ

  • မိုချို

    November 1, 2012 at 1:35 pm

    ခုတလော အင်တာနက် ဖွင့် လိုက် တိုင်း ယာဉ်တိုင်မှု အက်စိဒင့် သတင်း မပါတဲ့ နေ့ မရှ ိသလာက်ပဲ ၊ ဒါတောင် အင်တာနက်ထဲ မပါတာ ဘယ်လောက်တောင် ရှိ အုံး မလဲ မသိဘူး။
    ယာဉ်စည်း ကမ်းနဲ့ ပတ်သပ်ရင် စလုံး လို ထိရောက်တဲ့ ဒဏ်ကြေး နဲ့ အပြစ် ပေးသင့် တယ်။ အဲဒီ ဒဏ်ကြေး တွေ ကို လည်း ဘဲဥတွေ၊ စည်းကမ်း ထိန်းသိမ်းရေး တွေ ၊ ဘာညာတွေ ရဲ့ အိတ်ထဲ မရောက်စေ ပဲပြည်သူတွေ အတွက် လိုအပ်တဲ့ နေရာတွေ မှာ ပြန်သုံးပေး သင့် တယ်။
    စည်း ကမ်း ဖောက် မိရင် တနင့် တပိုး ပေး ဆောင် ရ တဲ့ အတွက် တော် ရုံ ဖောက် ဖြစ်မှာ မဟုတ်တော့ ဘူ။ ငွေ ကို ရေ လို သုံး နိုင်ပြီး၊ အရှက်မရှိ တဲ့ သူတွေကတော့ ဖေါက်နေ အုန်း မှာ ပဲ။ ဘာပဲ ဖြစ်ဖြစ် မတော် တဆ ဖြစ်မှုတွေ လျော့ သွား နိုင် တာပေါ့ ။
    ပြောသာ ပြော ရ သာ မြန်မာ ပြည် ဝန်ထမ်းတွေ စိတ်ဓါတ် နဲ့ က အဲလို ရ လာတဲ့ ငွေ လည်း ပြည်သူ့ အတွက် ဖြစ် မှာ မဟုတ် ပါဘူး ။

  • Hnin Hnin

    November 1, 2012 at 1:46 pm

    လေးပေါက်ရေးတာ..ဖတ်ရတော့..ကုလားပြည်ကို ပြေးမြင်မိတယ်..သူတို့လည်း
    အတော်ဆိုးတယ်..ကားကို မောင်းချင်သလိုမောင်း၊နွားလှည်းလည်း(တိရစ္ဆာန်တွေပါ
    လမ်းပေါ်မှာ)ကတ္တရာလမ်းပေါ် ကားနဲ့အပြိုင်၊လူတွေလည်း လမ်းပေါ်သွားချင်သလို
    သွားနေကြတာလေ…
    လေးပေါက်…အပေါ်က ဓာတ်ပုံပို့စ် မန့်ပိတ်နေပြန်ပြီရှင့်…

  • myanmar oscar

    November 1, 2012 at 3:59 pm

    မပြောတော့ဘူးလို့နေပေမဲ့ မနေနိုင်လို့ ပြောရေးလေး ပြောလိုက်ပါဦးမယ် နော်……..
    စည်းကမ်းမဲ့တာတော့ မပြောပါနဲ့တော့ ဆိုင်ကယ်တွေရော ကားတွေရော အကုန်လုံးပါ။
    ရွာသူရွာသားတွေ လက်တွေ့မြင်ချင်ရင်တော့ ၈၅လမ်း၊၃၁x၃၂ ကြားမှာ လိုင်းကားပေါင်းစုံရော
    ပွဲရုံ မျိုးစုံပိုင်ကားတွေရော လမ်းပြောင်းပြန်ရပ်တာ၊ ကားနှစ်ထပ်ရပ်ထားတာတွေရောစုံနေ
    အောင်မြင်ရတယ်။ အဲ…. ဒါပေမဲ့ အဖြူရောင်ကောင်တွေလာလို့ ရှိရင်တော့ လမ်းကိုရှင်းနေတာပဲ
    တစ်ခုလောက် ပြောပါ့ရစေဦး ရရစ် ရဲ့ အပေါ်မှာ (သေးသေးတင်၊ လုံးကြီးတင် စသည့်တို့)
    စာလုံးတစ်လုံးရှိနေရင် ရရစ်ကို ြ ဒီရရစ် မဟုတ်ပဲနဲ့ ြ ဒါလေးနဲ့ဆို ဖတ်ကောင်း၊ ကြည့်ကောင်း
    မလားလို့ပါ။

  • myanmar oscar

    November 1, 2012 at 4:08 pm

    အမှားပြင်ဆင်ချက်…..
    ြ ဒီရရစ် မဟုတ်ပဲနဲ့ ြ ဒါလေးနဲ့ဆို ဖတ်ကောင်း၊ ကြည့်ကောင်းမလားလို့ပါ။
    ြ – ရရစ် မဟုတ်ပဲနဲ့ ြ – ဒါလေးနဲ့ဆို ဖတ်ကောင်း၊ ကြည့်ကောင်းမလားလို့ပါ။

  • ကိုခင်ခ

    November 1, 2012 at 4:36 pm

    ကိုပေါက်ရေ မန်းမှာ စီလုပ်လူမျိုးများပြီး ရှောင်မျိုးနွယ်တွေပေါ့လေ။
    ကြည့်ရှောင် တို့၊
    ဟိုကွေ့ရှောင် တို့၊
    ဟို လိုရှောင် တို့၊
    ပွတ်ခါရှောင် တို့ ၊
    အဲလိုလေဗျာ။

  • လမ်းကို လုလု စီးတဲ့ သူလဲရှိပါ့ ကိုခရေ
    တကယ်ပြောရင်တော့ စိတ်ပျက်စရာ အသက်ကို ဖက်နဲ့ထုတ်ထားရတာလေ

  • အရီးခင်လတ်

    November 1, 2012 at 10:24 pm

    ဥပဒေ ကောင်း မရှိသ၍၊
    ရှိလဲ ထင်သာမြင်သာ မပြသ၍၊
    ထင်သာ မြင်သာအောင် ပြလဲ ထိရောက်တဲ့ ဒါဏ် မရှိသ၍ …
    စည်းမဲ့၊ကမ်းမဲ့ ,၊တန်ဖိုး မဲ့ တွေ ဖြစ်နေမှာပါဘဲ ကပေါက် ရယ်။

    ကိုပေါက် ရဲ့ Post လေးတွေ လို reminder ရှိနေတာ ဟာလဲ လူတွေ စည်းကမ်းရှိဖို့ တနည်း ကူညီနေတာပါ။
    ဘာမှ အလုပ်မလုပ်တဲ့ အစိုးရ ကိုယ်စား ကျေးဇူးပါ။ 😉

  • uncle gyi

    November 2, 2012 at 8:25 am

    ကာတွန်းကံချွန်ရေးတဲ့ဖိနပ်နဲ့ခြေထောက်ဖြစ်နေပါပြီ
    ဒီမိုကရေစီအရဘာရပိုင်ခွင့်ညာရပိုင်ခွင့်အပြည့်လိုချင်ကြ
    ကိုယ်ကလိုက်နာရမယ့်စည်းတွေကမ်းတွေတော့တခုမှနို်းနိုး
    အဲတော့ဆိုင်ကယ်တွေကိုဒီလိုလုပ်ကြည့်ရအောင်
    တိုက်ခိုက်မှုဖြစ်ရင်ဆိုင်ကယ်မှားရင်ဆိုင်ကယ်ကိုပဲရုံးတင်
    ပျက်စီးသမျှလျော်စေ
    ဦးထုပ်ဆောင်း
    မဆောင်းလို့သေလည်းကားကိုလူသေမှုနဲ့အရေမယူရ
    ရိုးရိုးယာဉ်တိုက်မှုသာဖြစ်စေ

  • Fall Guy

    November 2, 2012 at 10:47 am

    ကိုပေါက်ရေ
    အခုလိုပို့စ်မျိုးရေးပေးတဲ့အတွက်ကျေးဇူးတင်ရမှာပါ…။တကယ်တော့မန်းလေးမှာစည်းကမ်း
    တကျသွားလာမယ်ဆိုရင်တောင်စည်းကမ်းနားမလည်၊စည်းကမ်းပျက်သူများလွန်းလို့ခက်ခဲနေပါပြီ…။
    ယာဉ်ထိန်းရဲ့တာဝန်ကလဲ ပြည်သူတွေအဆင်ပြေဖို့အတွက်ဆိုရင် VIP ယဉ်ဆိုတာမရှိသင့်တော့ပါ..။
    အားလုံးတပြေးညီဖြစ်မှVIPဆိုသူများလိုအပ်ချက်ကိုသိရှိဆောင်ရွက်ရမှာပါ..။ယာဉ်ထိန်းရဲ ကို ကားသမားတွေ
    လေးစားအောင် ဒဏ်ငွေထဲက % နဲ့တရားဝင်ပေးပြီးလဒ်ယူမှု့ပပျောက်စေချင်ပါတယ်..။ဒါမှစည်းကမ်းဖောက်သူတွေကိုထိထိရောက်ရောက်
    အရေးယူနိုင်မယ်ထင်ပါတယ်…။ယာဉ်ထိန်းရဲတွေလဲလမ်းအသုံးပြုသူတွေအဆင်ပြေဖို့အလေးထားပြီး
    ဆောင်ရွက်စေလိုပါတယ်..။တကယ်လိုအပ်ပြီးတကယ်အလုပ်လုပ်ရမယ့်နေရာတွေမှာရှောင်နေတတ်လို့ပါ..။စည်ပင်ကလည်းလမ်းရဲ့တည်ဆောက်ပုံလိုအပ်ချက် ၊ အချက်ပြမီးပှိုွင့်စနစ် များ ပြင်ဆင်စေလိုပါတယ်..။မီးနီမနီကိုလဲ အခြေနေကြည့်ပြီးမောင်းနေရပါတယ်(ဥပမာ-73×26 မင်္ဂလာတံတား) ..။အဆင်မပြေတာတွေများလွန်းလို့ဝင်ပြီးလျှာရှည်မိပါတယ်ခင်ဗျာ….။

  • သူများပျက်တာတွေကြည့်ပြီး ကြာတော့ ကိုယ်တိုင်လဲ မထူးဇာတ်မခင်းမိအောင်
    မနည်းကျိုးစားပြီး နေရာတာပါဗျာ

  • ရွှေ ကြည်

    November 2, 2012 at 1:23 pm

    အဲဒါတွေကိုဘယ်လိုလုပ်ကြမလဲဟင် လေးပေါက်ရေ
    ပြောပြန်တော့လည်းအကြောင်းပြချက်တွေကစုံလို့ပါပဲဂျာအေးသူ့အမေရိုက်နေတယ်..။
    ရွှေကြည်တို့ဘူတာရုံလမ်းမှာဆို
    ဆိုက္ကားတွေကပိုကြောက်နေရတယ် လမ်းပေါ်မှာနင်းချင်သလိုနင်းနေကြတာပါပဲ..။

  • မောင်ပေ

    November 2, 2012 at 9:15 pm

    ဒီပို ့စ်ဖတ်ရင်း မျက်ရည်လည်လာမိတယ်
    တစ်ကယ်ပါ
    1.11.2012 နေ ့လည် ၁နာရီခွဲကျော်လောက်ပေါ့
    ၂ရလမ်း ၊ ၇၈နဲ ့၇၉ကြား ထဲကို မော်တော်ပီကယ်မရှိလောက်ပါဘူးဆိုပြီး ဦးထုပ်မပါပဲ ဆိုင်ကယ်ဖြတ်မောင်းတာလေ
    ကွမ်းယာဆိုင်ထဲပုန်းနေတဲ့ မော်တော်ပီကယ်က ထွက်ဖမ်းလို ့
    တစ်သောင်းဒဏ်ငွေဆောင်ခိုင်းတာကို ၊ ငါးထောင်ပေးပြီးတောင်းပန်ခဲ့လိုက်တာပေါ့
    ဟင့်

Leave a Reply