ကွာလာလမ်ပူရောက် ဗီယက်နမ် မိန်းမခါးပိုက်နှိုက်များ (မလေးရှားသတင်း)

ရွှေအိမ်စည်October 31, 20121min3144
ကွာလာလမ်ပူရောက် ဗီယက်နမ် မိန်းမခါးပိုက်နှိုက်များ (မလေးရှားသတင်း)

ကွာလာလမ်ပူမြို့ရဲ့ နောက်ဆုံးပေါ် အနုကြမ်းနည်တစ်ခုအနေနဲ့ မိမိကိုယ်ကိုယ် ရင်ဘတ်ဖော်ပြီး အမျိုးသားများ အား အငိုက်ဖမ်းငွေလုသည့် ဗီယက်နမ်အမျိုးသမီးအဖွဲ့တစ်ဖွဲ့ ကွာလာလမ်ပူ SS2 မှာလှုပ်ရှားနေကြောင်း ယနေ့ မလေးရှားသတင်းဌာနများမှာ ခေါင်းကြီးသတင်းအနေနဲ့ ဖော်ပြသွားခဲ့ပါတယ် ။

ထိုဗီယက်နမ် အမျိုးသမီးများရဲ့ အငိုက်ဖမ်းငွေလုပုံမှာ သူတို့ လုမည့်သူရှေ့တွင် အဖွဲ့ဝင်တစ်ဦးက ဝတ်ဆင်ထားသော အဝတ်အစားနှင့် ဘယာစီယာကို ရုတ်တရက် ချွတ်ပစ်ကာ အမျိုးသားများ ကအံဩနေစဉ်တွင် အငိုက်ဖမ်း၍ အခြားအဖွဲ့ဝင် အမျိုးသမီးများက ပိုက်ဆံအိတ်ဝိုင်းလုသောနည်းဖြစ်ကြောင်း မလေးရှားသတင်းဌာနများက နိုင်ငံသားများသတိထားနိုင်ရန် ယနေ့ အသိပေး ကြော်ငြာသွားခဲ့ပါသည်။

 

အသက် 41 နှစ်အရွယ်ရှိ ပျံကျဈေးသည် ချောင်ကွီချတ် ပြောပြချက်တွင်

“ ကနဦးကတော့ အဝတ်တွေချွတ်ပစ်တာပါ နောက်တော့ ဘယာစီယာကိုပါ ရုတ်တရက်ချွတ်ပစ်လိုက်ပြီး ကျွန်မဈေးဝယ်သူကို အငိုက်ဖမ်းပါတယ် ၊ ဈေးဝယ်သူ အံဩနေတဲ့အချိန်မှာပဲပိုက်ဆံအိတ်ကိုရအောင် လုသွားကြတာပါ ၊ ကျွန်မယောက်ကျားက အဲ့အမျိုးသမီးကို မိဖို့ လိုက်ဖမ်းပါသေးတယ် အနောက်က လိုက်တာသိတော့ အကျယ်ကြီး အရှက်ရအောင် အော်ဟစ်ပြီးလွတ်အောင် ထွက်ပြေးသွားကြတာပါ ၊ အဲဗီယက်နမ်အမျိုးသမီးက အသက် 30 လောက်ရှိပြီး သနားကမားရုပ်တွေနဲ့ပါ ၊ သူတို့က ကြယ်သီးတွေကိုပါ ဆွဲဖြုတ်ပစ်လိုက်တာပါ “ လို့သူမရဲ့ မျက်မြင်အဖြစ်ကို ပြောပြသွားပါသည်။

 

“နောက်တစ်ခုအနေနဲ့ အမျိုးသမီး ပျံကျဈေးသည်တစ်ယောက်က မိလို့ပါးရိုက်ပြီး ဆူပူလွတ်လိုက်တာရှိပါသေးတယ် လို့” ပြည်သူ့ဝန်ဆောင်မှု့ နှင့် တိုင်းတန်းရန် ဌာန အကြီးအကဲ Datuk Seri Michael Chong ကြီးမှုးကျင်းပတဲ့ ပြည်သူအသိပေး သတင်းစာရှင်းလင်းပွဲမှာ ပြောပြသွားခဲ့ပါသည်။

ပတ်တလင်းဂျာရာ SS2 မှ နောက်ထပ် အသက် 46 နှစ်ရှိတဲ့ ပျံကျဈေးသည် လန်ချင်ဟတ် ပြောပြချက်တွင်တော့

“ အမျိုးသမီး တစ်ယောက်က အခြားအမျိုးသမီး သုံးလေး ယောက်ကို ခိုင်းနေတာပါ ၊ သူတို့ အမြဲတမ်း အတူတူလာကြတာ တွေ့ပါတယ် ၊အဲ့ခေါင်းဆောင် မိန်းမက စီစဉ်ပြီးခိုးရာပါ ပစ္စည်းကို ဖွက်ပေးနိုင်တာလဲ သူပါပဲ ၊ သူတို့ကို စစ်တော့ သက်သေမတွေ့လို့ နောက်ဆုံးရဲက လွတ်ပေးလိုက်ရတာပါပဲ ၊ သူတို့ လုပ်စားနေတာ အတော် လက်ယဉ်နေပုံရတယ်လို့ “ သတင်းပေးတိုင်ကြားသွားခဲ့ပါတယ် ။

 

မနက်ဈေးသည်များ အသင်းဥက္ကဌ ခေါ်ချွန်ရှန်း ပြောကြားချက်တွင်လည်း

“ အဲ့မိန်းမတွေက ငွေသားကိုပဲ စိတ်ဝင်စားတာပါ၊ သူတို့လွတ်ပစ်သွားတဲ့ ပိုက်ဆံအိတ်တွေမှာ Credit ကဒ်နဲ့ တစ်ခြားကဒ်တွေ ပြန်ပါလာတာတွေ့ရပါတယ် ၊ သူတို့လိုချင်တာရပြီးလို့ ဝယ်ချမ်းပြီးကြတာနဲ့ ပိုက်ဆံအိတ်တွေနဲ့ လက်ကိုင်အိတ်တွေကို လွင့်ပစ်သွားကြမှာပါ “ လို့ ဆက်လက်ရှင်းပြသွားခဲ့ပါသည် ။

 

ဆက်လက်ပြီး ပြည်သူ့ဝန်ဆောင်မှု့ နဲ့ တိုင်ကြားရေး အကြီးအကဲ ချောင်မှ

“ ဒီလို အဖြစ်အပျက်မျိုး အများသောအားဖြင့် စနေ ၊ တနင်္ဂနွေလိုနေ့တွေမှာ ပိုဖြစ်တတ်ပါတယ် ၊ ပြည်သူတွေအနေနဲ့ ငွေသားများများ အိတ်ထဲ မဆောင်မိကြဖို့အရေးကြီးပါတယ် ။ နောက်တစ်ခုအနေနဲ့ တစ်ခါတစ်လေ အိမ်တွေကို လိုက်ဝေတဲ့ လက်ကမ်းစာစောင်တွေဖြစ်တဲ့ လေးလုံးထီအတွက် အတိတ်ပေးသော ၊ နံပတ်ပေးသော ထိုင်းဘုန်းကြီးဆိုတဲ့ လက်ကမ်းစာဆောင်တွေကို လုံးဝမယုံကြပါနဲ့” လို့ မလေရှားနိုင်ငံသားတွေကို အသိပေးသွားခဲ့ပါတယ် ။

 

“ ဒီလိုစာဆောင်တွေပေါ်မှာ ဘုန်းကြီးနာမည်တွေပါလာတတ်ပြီး ငွေဘယ်လောက်ရင်းပါ ၊ ဘယ်နှစ်ပတ်အတွင်း ဘယ်လောက်ရရမယ် ဆိုပြီး သန်းချီတဲ့ငွေပမာဏတွေ ကြော်ငြာတာတွေတွေ့ရမှာပါ ၊ အဲ့တာတွေကို ယုံမိလို့ ဘဝပျက်တဲ့ အဖြစ်အပျက် 8 ခုလောက်ပြီးခဲ့တဲ့ နှစ်က ဖြစ်ခဲ့ပါတယ်၊ သူတို့အားလုံး ရင်းဂစ် တစ်သန်းခွဲ ကျော်ရှုံးခဲ့ပြီးပြီ “ လို့ ချောင်က ပြည်သူ့ကဏ္ဍမှာ ဆက်လက်ဖော်ပြသွားခဲ့ကြောင်း

မလေးရှားရောက် ဧဒင်ဥယျာဉ်အဖွဲ့သားများ ဖတ်နိုင်စေရန် ဘာသာပြန်တင်ပြလိုက်ရပါတယ် ခင်ဗျာ။

 

Editor group

www.edinooyin.co

 

4 comments

  • P chogyi

    November 1, 2012 at 8:44 am

    ဘုရား၊ ဘုရား ရွာထဲရောက်လာရင် ဒုက်ခပါပဲ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 1, 2012 at 8:27 pm

    နှိုက်တာနဲ့ လုတာနဲ့မှာ သဘောတော့ကွာတယ်ဗျ
    နှိုက်တာက မသိအောင်လုပ်တာ လုတာက အလစ်မှာဗျောင်လုပ်တာပေါ့နော
    နှိုက်တာဘဲဖြစ်ဖြစ် လုတာဘဲဖြစ်ဖြစ် အနှိုက်ခံရတဲ့သူ အလုခံရတဲ့သူဟာ
    သတိနည်းသူလို့ ပြောရမှာဘဲနော
    လုပ်တဲ့သူဟာ မိမိလုပ်မယ့်သူရဲ့ သတိမဲ့မှု့ကို အခွင့်ယူပြီးလုပ်ကြတာကလား
    တွေ့ဘူးတယ် အာဖရိကန်အမျိုးသမီးတစ်ဦး
    ဘယ်လောက်တောင်ပါသွားလည်းမသိဘူး မြေကြီးမှာလှိမ့်ပြီး ငိုနေတာ
    ဈေးဝယ်ရင်းဖြစ်ပုူံရတယ်
    ဆိုလိုတာက အချို့က ကုန်သည်သဘောမျိုးနဲ့ ဈေးဝယ်ကြတဲ့အခါ ပစ္စည်းဖိုးကို
    ကက်ရှ်ပေးပြီးဝယ်တဲ့အတွက် ငွေကို အထုတ်လိုက် ပိုက်သွားရတယ်
    အချို့ကတော့ ကျသင့်ငွေကို ဒစ်ပိုစစ်ပေးတယ် စရံငွေပေါ့
    ပြီးရင် ပစ္စည်းလက္ခံတဲ့နေရာမှာငွေချေတယ်
    ဘာဘဲဖြစ်ဖြစ်ပါ မိမိတို့မှာ စီးပွားဖြစ် ငွေကြေးတစ်စုံတစ်ရာ ပါရင်တော့
    ဥစ္စာရူးတယ်ပြောပြော ကိုယ့်အထုပ် ကိုယ်ပိုက်ထားတာ အကောင်းဆုံးပါဘဲ
    ကျုပ်ကိုယ်တွေ့တစ်ခုရှိခဲ့ဘူးသေးတယ်
    ထိုင်း မှာပါ
    ပတိုနာမ်း လို့ခေါ်တဲ့ ဘိုင်းရော့စကိုင်းအောက်က ဈေးတစ်ခုမှာပါ
    လူတွေတော်တော်တိုးတဲ့ လမ်းကြားလေးတစ်ခုရှိတယ်
    လူတွေ တိုးနေကြတာပေါ့နော
    ကောင်မလေးက ကျွတ်ကျွတ်အိပ် တစ်လုံးကို သူ့ဖာသာ ကိုင်ပြီး ကာထားတာ
    နှိုက်တယ် လူမိတယ်
    ဆိုခြင်တာက
    အဲ့သည်ကောင်မလေး တော်တော်ချောဒယ် :mrgreen:

  • Khaing Khaing

    November 2, 2012 at 3:06 pm

    ဒီသတင်းလေးမှတ်ထားမှ သတိပေးသင့်သူတွေကို ပေးမှပဲ …. မလေးရှားနိုင်ငံမှာက အလစ်သုတ်သမားတွေ များပြားနေတာကြာပါပီ ………. မြန်မာတစ်ယောက်တည်းသွားလာဖို့ မကောင်းပါဘူး … အဖွဲ့အသင်းနဲ့သွား မှပါ … ငွေတွေအများကြီး ကိုင်သွားလို့လည်းမကောင်းတဲ့နိုင်ငံပါ ….

  • ဦးကြောင်ကြီး

    November 4, 2012 at 10:13 pm

    ဗလချိုက်အမနှိုက်တာတော့ ခံသင့်တယ်ထင်တာပဲ…။ သူတလှည့် ကိုယ်တလှည့်ပေါဗျာ၊ လောကဂျီးမှာ ကိုယ်ကချည်း နှိုက်နေလို့ သင့်တော်ပါ့မလား…။

Leave a Reply