ခက်ပါတယ်ကွာ (post level restriction by mod 1)

ပ႑ိတ ဂုရုOctober 31, 20121min541

ရခိုင်နယ်အတွင်း ဖြစ်စဉ်တွေကို ကမ္ဘာက အကြမ်းဖက်မှုများလို့ သတ်မှတ်လိုက်ပါပြီ။ အကြမ်းဖက်မှု တိုင်းမှာ အကြမ်းဖက်ခေါင်းဆောင်ဆိုတာ ရှိနေပါတယ်။

မြန်မာအစိုးရဘက်ကတော့- နောက်ကွယ်က ကြိုးကိုင်လှုံ့ဆော်သူတွေကို ပြည်သူတွေအနေနဲ့ ဖေါ်ပေး ဘို့ လိုအပ်တယ်လို့ အောက်တိုဘာ ၂၆ ရက်နေ့က ပြောဆိုလိုက်ပြီး-။ အောက်တိုဘာ ၂ရ ရက်နေ့ သတင်းမှာ တော့-

ဒုတိ

ယဗိုလ်ခုျပ်ကြီးသိန်းဌေးက နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ပထမအဆင့် လတ်တလောကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ဒုတိယအဆင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိအောင် ဆောင် ရွက်ပေး မည် ဖြစ်ကြောင်း၊ ယခုဖြစ် ပွားလျက်ရှိသည့် ပဋိပက္ခဖြစ်စဉ်များကို အချိန် ယူပြီး ဖြေရှင်းဆောင် ရွက် ပေး သွားရန် လိုအပ်ကြောင်းနှင့် ပြည်သူလူထုကလည်း ဝိုင်းဝန်းပါဝင်ရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြား သည်။- လို့ ပြောဆိုသွားပါတယ်။

“ပဋိပက္ခများကို အချိန်ယူ ဖြေရှင်းရမယ်၊” ဆိုတဲ့ စကားလုံးကို မြန်မာခေါင်းဆောင်တိုင်းက သုံးစွဲ ပြောဆိုနေခဲ့ တာ ဂျွန်လဆန်းပိုင်း တောင်ကုတ်မြို့ ရုပ်ပျက်ဆင်းပျက် အကြမ်းဖက်လူသတ်မှုကြီးကတည်းကပါပဲ။

ဒီလို အချိန်ဆွဲနေမှုဟာ လုံးဝ မရိုးသားတဲ့ စိတ်သဘောကို ဖေါ်ပြနေကြောင်းလည်း ကမ္ဘာက သိနေပါတယ်။ ဘယ်ထိ အချိန်ဆွဲမှာလဲပေါ့။- မွတ်ဆလင်တွေကို မျိုးဖြုတ်သတ်ဖြတ်လိုက် ပြီးမှ နောက်က လိုက်ပြီး ဖြေရှင်း ချင်ဟန်ပြ- ဒုက္ခသည်စခန်းကို ပို့လိုက်၊ ရာဇဝတ်ကောင်တွေ အရေးယူပေးပါမယ် ပြောပြီး အချိန်ဆွဲလိုက်-၊ နည်းနည်းငြိမ်သွားရင် ကျန်နေတဲ့ နေရာများရှိ မွတ်ဆလင်များကို ရှင်းလိုက်-၊ ဒီလိုပဲ ဖြေသိမ့်လိုက်- အကြိမ် ပေါင်းလည်း များခဲ့ပါပြီ။

မြန်မာနိုင်ငံ အစိုးရ တစ်ရပ်အနေနဲ့ ရာဇဝတ်ကောင်များ၊ လှုံ့ဆော်နေသူများကို ဖမ်းချင်ရင် နေ့ချင်းညချင်း ဖမ်းလို့ ရပါတယ်။ အစိုးရမှာ သတင်းပေးတွေ ထောက်လှမ်းရေးတွေအပြည့်ရှိနေကြောင်းလည်း လူတိုင်းသိနေ ပါတယ်။ ရပ်ကွက်တစ်ကွက်ချင်း၊ ရွာတစ်ရွာချင်းစီမှာ- ဘယ်နေ့- လူဘယ်လောက် ရပ်ကွက်က ထွက်သွား တယ်၊ ဘယ်နေ့မှာ ရပ်ကွက်ထဲကို (ရွာထဲကို) လူစိမ်းဘယ်လောက် ရောက်လာတယ် ဆိုတာ မှတ်တမ်းတင်တဲ့ “ထူးခြားဖြစ်စဉ်- မှတ်တမ်း” ပြည်ထဲရေးဌာနကို နေ့စဉ်ပို့နေရတာပဲ။ ရွာတစ်ရွာမှာ လူစိမ်းတစ်ယောက် ရောက် လာတိုင်း၊ အဲ့ဒီလူစိမ်းဟာ အသားအရောင်၊ မျက်နှာအနေအထားက အစ ဘယ်လိုပုံစံဖြစ်သလဲ၊ ဘယ်အိမ်မှာ တည်းခိုသလဲ ဆိုတဲ့ report ရှိနေပါလျှက်- တောင်ကုတ်မြို့ကို ရောက်လာပြီး အကြမ်းဖက်သူတွေ၊ နောက်ဆုံး ဖြစ်ရပ်တွေမှာ သေချာစုစည်းထားတဲ့ (well organized) လူပေါင်း လေးသောင်းက အကြမ်းဖက်လိုက်တာကို မသိလိုက်ဘူး ဆိုတဲ့ စကားက ကမ္ဘာအလယ်မှာ ရယ်စရာ ဖြစ်နေပါတယ်။

သေချာစုစည်းထားတဲ့ well organized အကြမ်းဖက် သောင်းကျန်းသူ လေးသောင်းအစုအဝေးကြီးကို တစ် ကယ် မသိလိုက်ဘူး ဆိုရင်လဲ- လုံခြုံရေးအတွက် အဲ့လောက် ညံ့ဖျင်းတဲ့ အစိုးရမျိုးကို ဘယ်လိုလူထုက အား ကိုးနိုင် မလဲ။ မတော်လို့ အဲ့ဒီ အင်အားစုကြီးက ခွဲထွက်ရေး အင်အားစုကြီး ဖြစ်နေခဲ့မယ် ဆိုရင်- ဘယ်လိုလုပ် မလဲ။- တိုင်းပြည်ကွဲသွားရပြီးမှ- အဲကွာ ငါတို့ အသိနောက်ကျသွားတယ်လို့ ပြောမလား။

နောက်ကွယ်က နံပါတ် (၁) လက်သည်ကို မဖမ်းမိသေးရင်တောင်- အခင်းဖြစ်ပွားရာ ဒေသက မြို့နယ်တာဝန် ရှိသူ၊ ရပ်ကွက်တာဝန်ရှိသူများကို ဖမ်းလိုက်ရင် အမှုက တစ်နေ့ထဲမှာ ပေါ်သွားမှာပါ။ အစိုးရက တစ်ကယ်ပဲ မသိတာလား- မသိဟန်ဆောင်တာလား– ဆိုတာတော့ သမိုင်းမှာ ရှင်းကို ရှင်းရတော့မှာပါ။

မွတ်ဆလင် မုန်းတီးရေးမျိုးစေ့ကို ပေါ်ပေါ်တင်တင် ထုတ်ဖေါ်လှုံ့ဆော်နေတဲ့ အကြမ်းဖက်မျိုးစေ့ချ ခေါင်းဆောင် များကိုလဲ တစ်ကယ်မသိတာပဲလား။ သို့မဟုတ် မွေးထားတာလား ဆိုတာလဲ ဆက်လက် ဖြစ်နေတဲ့ မေးခွန်းများ ပါ။

အစိုးရဘက်က ပြုပြင်ပြောင်းလဲရေးကို အကြောင်းပြပြီး- သွေးအေးအေးနဲ့ ရာဇဝတ်ကောင်များကို ဆက်လက် ကာကွယ်ပေးနေခြင်းဟာ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းစဉ်ကို စေတနာကောင်းကောင်းနဲ့ ချီတက်နေခြင်း မဟုတ် ဘူး ဆိုတာ ကမ္ဘာက မြင်လာပါပြီ။ အကယ်၍ အစိုးက ဒီမိုကရေစီလမ်းစဉ်မှာ စေတနာ မရှိခဲ့ရင်–၊ ငါတို့ဘက်က လည်း မြန်မာအစိုးရများ ပြောနေတဲ့ ဒီမိုကရေစီ ဆိုတာကို ခုံမင်နေမှာ မဟုတ်သလို မျက်နှာထောက်နေမှာ လည်း မဟုတ်တော့ဘူး ဆိုတာတော့ ရှင်းရှင်းလင်းလင်း သိနေစချင်တယ်။

ဒီမိုကရေစီကို တစ်ကယ် ဆောင်ရွက်လိုရင်၊ တိုင်းပြည်ခေါင်းဆောင်များ ကမ္ဘာ့ခုံရုံး တရားခွင်ကို တက်ရမယ့် အထဲမှာ မပါချင်ရင်၊ တိုင်းပြည်စီးပွားရေး တစ်ကယ်ပွင့်ချင်ရင်၊ လူထုအကျိုးကို တစ်ကယ်သယ်ပိုးချင်ရင်- အကြမ်းဖက် မျိုးဖြုတ်မှုများကို ချက်ချင်း ချွင်းချက်မရှိ ရပ်တန့်အောင်လုပ်ပါ။ လူမျိုးချင်းကြား အမုန်းပွားမှု လှုံ့ဆော်သူများကို ချက်ချင်း ဖမ်းဆီး အရေးယူပါ။ ကမ္ဘာ့အကူအညီများကို ချက်ချင်းဝင်ခွင့်ပြုပါ။ အကူအညီ ဝင်ရောက်ခွင့်များအား ဆန့်ကျင်သူများကို ချက်ချင်း အရေးယူပေးပါ။

ငါတို့ကတော့ အချိန်မဆွဲဘူး- လောလောဆယ်- ကမ္ဘာ့ရှေ့နေများ law farm သုံးခုမှာတော့- ဦးအေးမောင်၊ ဝီရသူ၊ ဦးခင်ညွှန့်နဲ့ အစိုးရပိုင်းမှ တစ်ချို့ အတွက် အမှုအပ်ထားပြီ ဆိုတာလောက်ပဲ အသိပေးပါရစေ။ တိုင်းပြည်ကို တစ်ကယ် ပြောင်းလဲပေးမယ် ဆိုတဲ့ ပုဂ္ဂိုလ်များ မပါစေလိုပါ။ ဒါပေမယ့် အဲ့ဒီ ပုဂ္ဂိုလ်များကလည်း သူတို့ရဲ့ စေတနာအမှန်ကို မဆိုင်းမတွ ထုတ်ဖေါ်ဘို့တော့ လိုအပ်ပါတယ်။ အရာတိုင်းမှာ အချိန်သတ်မှတ်ချက် ဆိုတာ ရှိနေပါတယ်။

တရားခံကို ရုံးကိုတင်မယ်၊ တရားခံမှာ တရားခံအခွင့်အရေး အပြည့်အဝရှိပါတယ်။ ရှေ့နေငှားခွင့် ဖြေရှင်းခွင့် အားလုံးပေါ့-။ ကမ္ဘာ့ခုံရုံးက ဆင့်ခေါ်လို့ မထိမဲ့မြင် ပြုရင်–၊ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာလည်း စောင့် ကြည့်ပါ။ ရာဇဝတ်ကောင်များ ပြေးမလွတ်စေရဘူး။

မြန်မာအစိုးရကလည်း- သက်ဆိုင်ရာ ရာဇဝတ်ကောင်များကို ဖမ်းပါ။ အရေးယူပါ- လို့ ထပ်ဆင့်ပြောလိုပါတယ်၊ တရားခံတွေကို စာရင်းထုတ်ပြန်ပါ။ လူသိရှင်ကြား ရုံးထုတ်ပါ။ တရားခံအခွင့်အရေးကို အပြည့်အဝပေးပါ-လို့ ဆက်လက်မေတ္တာရပ်ခံပါတယ်။ လူမသိရှင်မကြား တရားခံဘယ်လောက် ဖမ်းလိုက်ပါပြီ။ ထောင်ချလိုက်ပါပြီ ဆိုတာတော့- လူထုက ယုံကြည်မှာ မဟုတ်သလို- တရားခံမှာ တရားခံအစစ် မဟုတ်ခဲ့ရင်လည်း သူ့ခမြာ တစ်ဘက်သတ်နစ်နာနေပါဦးမယ်။ သူ့ကိုလည်း ရှေ့နေငှားခွင့် ဖြေရှင်းခွင့်ပေးပါ။- ဒါမှ တရားခံအစစ်က ပေါ်လာ ပါမယ်။

ငါတို့ဘက်ကတော့ တရားခံ တစ်ယောက်ချင်းကို အမှုတွဲပြီးတာနဲ့ ထုတ်ပြန်မှာပဲ။ တစ်ကယ် တရားခံအစစ် မဟုတ်ခဲ့ရင် သူတို့မှာလည်း လွတ်လမ်းရှိနေပါတယ်။ မတရားသဖြင့် ဘာကိုမှ မလုပ်ဘူးလို့ ကတိပေးနိုင်တယ်။ ရုံးတင်ထားတဲ့ အထောက်အထားတွေကို မဟုတ်ကြောင်း သေချာအောင်တော့ ဖြေရှင်းနိုင်ရမှာပေါ့။

မြန်မာမွတ်ဆလင်များကို လျှော့မတွက်ပါနဲ့–၊ အထင်လည်း မသေးပါနဲ့- ကမ္ဘာ့ဥပဒေကို ကိုင်ပြီး အမြန်ဆုံး လုပ်နိုင်စွမ်းရှိတယ်၊ ပေါက်မြောက်တယ်၊ ပညာတတ်တယ်- ဆိုတာတော့ အသိပေးပါရစေ။

ဌေးလွင်ဦး
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့

One comment

  • pazflor

    October 31, 2012 at 7:36 pm

    မွတ်စလင်တွေ ဘက်ကလုပ်တာတွေလည်းထည့်ရေးပါဦး။
    😀

Leave a Reply