ဧရာဝင်္တီနှင့် ကျွန်တော်…( ခရီးသွား ..ရသ စာတန်း )

alinsettOctober 31, 20121min20324

ကြိုတင် ရှင်းလင်းချက်

ပြည်မြို ့ကို..မနက်ဦးအစ..ရောင်ခြည်တန်းများနဲ ့အတူ…ကျွန်တော်..ရောက်ရှိခဲ့တယ် ။

ဒီစာကိုရေးသားရာမှာ…
ရသ စာတန်း လို ့ကျွန်တော်..သုံးခဲ့ပါတယ် ။ စာတမ်းလို ့ပဲ… အသုံးများတာကိုတွေ ့ရပါတယ် ။

ဒါပေမယ့်..ကျွန်တော်က ရသ စာတန်း လို ့ပဲ… သုံးချင်ပါတယ် ။

ဘာလိ်ု ့လဲ… ဆိုတော့…..

စာတမ်းဆိုတာ..သေချာလေ ့လာပြုစု..ပြီး.မှ…. ကျကျနန စနစ်တကျ သေချာစွာ.ရေးသား..ရတာပါ ။

ကျွန်တော်က… အဲဒီလို..စာတမ်းပြုစုတာမဟုတ်ပါဘူး ။

ရသ…တစ်ခုခု ပါအောင်ရေးလိုက်တဲ ့
စာလုံး..အတန်းလိုက်ကလေးတွေ..မို ့….

ရသ…စာတန်း ..လို ့ပဲ… သုံးလိုက်ပါဂျောင်း.းးးးးး

—————————————————————————————

ဒီပိုစ်ကို…
နဝဒေးတံတားကြိးပေါ်မှာ…ထိုင်ပြီး..ရေးနေတုန်း…
ဖြတ်သန်းသွားတဲ ့ ကားတွေ../ ဆိုင်ကယ်တွေပေါ်က.. အော်ဟစ်နောက်ပြောင်သွားကြတယ် ။
ဂရုမစိုက် အားပါဘူး ။ ကျွန်တော်..စာပဲ..ဆက်ရေးနေခဲ့တယ် ။

———————————————————————-

ပြည် ရွှေဆံတော်ပေါ်ကနေ ဟိုး ဝေးဝေးကို…
လှမ်းမျှော်ကြည့်မိတော့
…အကွေ့ ့အဝိုက်တွေနဲ ့ ရာဇဝင်ထဲက
သတို့သမီးတစ်ပါးဖြစ်တဲ ့ ချစ်သော ဧရာဝတီ ။

ဧရာဝတီရဲ ့ ဟိုဘက်ကမ်းမှာတော့…မှိုင်းညှို့နေတဲ ့ တောင်တန်းကြီးတွေက
ကျွန်တော့်ကို လှမ်းခေါ်နေသလိုလို။

ဟုတ်ပါရဲ ့ ။ အဲဒီတောင်စဉ်အထပ်ထပ်တွေရဲ ့
ဟိုး……အနောက်မှာ….ကျွန်တော် နေထိုင် ခဲ့ဖူးတဲ ့ မြျို့ကလေး ရှိတယ်။

မွေးရပ်မြေ က ကျွန်တော် ့ကို စကားတွေ.အများကြိင်္း..လှမ်းပြောနေသလား..ပဲ..။

စေတီတော်ပေါ်မှာ…. ဆည်းလည်း..သံလေးတွေ…တချွင်ချွင်မြည်နေတယ် ။

ပရိတ်တရားတော်..ရွတ်ဖတ်ပူဇော်နေသံလည်းပျံလွင့်လို ့…သာယာစွာ..ကြားနေရပါတယ် ။

ပြည်မြို့ ရဲ ့ လူနေ အိမ်ခေါင်မိုးတွေကို… အပေါ်စီးကနေ…

စီးမိုး.ကြည့်နေရင်း…ကျွန်တော်..

သဘာဝရဲ ့အလှတရား အောက်မှာ… လွမ်းသလိုလို / မောသလိုလို ဖြစ်လာတယ် ။

ကျွန်တော်…ငှက် ကလေး..တစ်ကောင်လို…….. ဟိုး
းးးးးးးးးးအဝေကြိီးကို…လွင့်ဝဲ..ပြိီး..ပျံသန်းသွားလိုက်ချင်တယ် ။
—————————————————————————


ရွှေဘုံသာ ဘုရားက အပြန်

နဝဒေး တံတားပေါ်..စ တက်ချိန်မှာပဲ….

ကျွန်တော်..ကားပေါ်က ဆင်းလိုက်တယ် ။

တံတားထိပ်က စပြီး..ကျွန်တော်..လမ်းပဲ..လျှောက်တော့မယ် ။

တံတားကြိီးရဲ ့အလယ်ကို ရောက်လာတဲ ့အခါ…..

သံတိုင်ကြိးီးတွေ……ရဲ ့အရိပ်မှာ..ထိုင်ပြီး…..

ဧရာဝတီကို..အပေါ်ကနေ….. ငုံ ့ မိုး..ကြည့်မိတယ် ။

ကြည့်ပါဦး….။ သိပ် ထင်ရှားကျော်ကြားလှပါတယ်..ဆိုတဲ ့…..မြစ်တစ်စင်း…။

ကျွန်တော့်အောက်မှာ…. သိမ်သိမ်မွေ့မွေ ့ စီးဆင်းနေတယ် ။

လေက ဟူးခနဲ ဟူးခနဲ..မြည်အောင်..အော်ဟစ်တိုက်ခတ်နေတယ် ။

အဲဒီ လေထုကြီးက..သိပ် ချစ်စရာကောင်းတယ်ဗျ ။

မနက်ဖြန်ဆိုရင်….. ရန်ကုန်က မီးခိုးနံ ့ တလူလူ ကြားမှာ…အသက်

မရှုမဖြစ် ရှု ရတော့မှာဆိုတော့

အခုလို…ရှားပါးတဲ ့ ……လေကောင်းလေသန် ့ကို… အားရ ပါးရ ရှု ရှိုက်နေမိပါတယ် ။

ကျွန်တော့် ညာဘက်အခြမ်းမှာ….ပြည်မြို ့ ….။

ဟိုမှာ………………….. ရွှေဆံတော်.ဘုရား..။ လှမ်း……

ဖူးမြှော် ရတာ မ ဝ ပါဘူး ။

ကျွန်တော့် ဘယ်ဘက်အခြမ်းမှာတော့….. ပန်းတောင်း….။

ဟိုမှာ…ရွှေဘုံသာ…ဘုရားနဲ ့ ရွှေဘုံသာ..ရွာကလေး ။

ခုဏကလေးကမှ…..အဲဒီ ရွှေဘုံသာ ဘက်ကမ်းက ပြန်လာတာပါ ။

အခုတော့..အဲဒီကို ပြန်သွားချင်နေပြန်ပါပြီ ။

ရွှေဘုံသာဘုရားကို..နောက်ခံပြု ပေးထားတာက…..

စိမ်းမှောင်နေတဲ ့…. တောင်တန်းကြိီးတွေ….။

အဲဒီ တောင်တန်းကြိးီးတွေကို…ကျွန်တော်…ချစ်တယ် ။

ဝေးဝေးက မြင်နေရလို ့သာ..စိမ်းမှောင်….နေတာ ။

အနီးကပ် သွားကြည့်တဲ ့အခါ…. နီကျင်ကျင် တောင်ယာမြေသားနဲ ့……

သစ်ပင်ကျိုးတိုးကျဲတဲကိုပဲ..မြင်ရမှာ… ကျွန်တော်..သိသားပဲ.. ။

( အဲဒီ အနောက် ခပ်ဝေးဝေးက. ရိုးမ တောင်တန်းကြိီးပါ်မှာ……

ကျွန်တော်….. နေထိုင် ရှင်သန်ခဲ့ဖုူူးတယ်လေ ။ အတိတ် တစ်ချိန်တုန်း က ပေါ့ ။)

ဘာပဲဖြစ်ဖြစ်….တောင်တန်းတွေကို… ကျွန်တော် ချစ်တယ် ။

ဟောဒီ ဧရာဝတီ ကိုရော….

ဟောဒီ လေထုကိုရော…

ဟောဟိုက…. ပေါ်နေတဲ ့.သဲ….သောင်ခုံ ဖြူဖွေးဖွေးတွေကိုရော…

ဟောဒီ တံတားကြီးကိုရော….ကျွန်တော်..ချစ်တယ် ။.

အင်း..လေ…… ကျွန်တော့် ……မှာက ချစ်စရာတွေ ..များပြားလှပါတယ် ။

ကျွန်တော့် …မှာ……တစ်ဦးတစ်ယောက်တည်း./
တစ်စုံတစ်ခုတည်းကို..ချစ်တဲ ့အချစ်တွေ/
သေးငယ် မှုန်မွှားတဲ ့အချစ်တွေ…မရှိတော့တာ…. နှစ်.နှစ်တောင်
ကျော်ခဲ့ပါပြီ ။

ကျွန်တော်..အားလုံးကို.ချစ်တယ် ။

တစ်နိုင်ငံလုံးကို..ချစ်တယ် ။

ဒီ့ထက်တစ်ဆင့်
တက်ပြောရရင်...တစ်ကမ္ဘာလုံးကို..ကျွန်တော်..ချစ်တယ် ။
——————————————————————————-


ကျွန်တော့် ထက်….. ပိုပြီး.တော်တဲ ့/ တတ်တဲ ့
လူသားတွေကို..ကျွန်တော်က..

ချစ်တယ် ။
————-

ကျွန်တော့် ထက်… ညံ့တဲ ့../ ကျွန်တော့်ထက် ပိုပြီး..ဆိုးသွမ်းတဲ့ လူသားတွေကိုတော့.

ကျွန်တော်က…သနားမိတယ် ။

( ကျော်ဟိန်းဆိုတဲ ့ ပုဂိ္ဂုလ်က…လူသား အားလုံးကို
ကိုကျော်လေးစားတယ်.လို ့ ပြောသွားပါတယ် ။

ကျွန်တော်..အလက်ဆင်းကတော့... လူသား အားလုံးကို..မလေးစားနိုင်ပါဘူး ။

လူသားတွေ အားလုံးထဲမှာ… ကျွန်တော်…လေးစားတဲ ့သူ….ရယ်လို ့ သိပ်မရှိပဲ..

ကျွန်တော်..ချစ်တဲ ့ သူရယ်…

ကျွန်တော်… သနားမိတဲ ့ သူတွေ..ရယ်…

ဒါပဲ..ရှိတယ် ။

ဒါက အလင်းဆက် ရဲ ့ အယူအဆပါ ။)

————————————————–

ညက……

ရန်ကုန်ကနေ….. ည…( 29 . 10 .2012 ည) / 8 း 30 ကားနဲ ့ ထွက်လာရလို ့

့….ကားပေါ်မှာလည်း..ဟိုငေး ဒီငေးနဲ ့..

မအိပ်ဖြစ်ပါဘူး ။ မအိပ်ချင်ခဲ ့ပါဘူး ။

ပြည်မြို ့ကိူ….. ည နက်နက် ( ည /( သို့မဟုတ် 30 .10 .2012 မနက်ပေါ့ ) / 2 း 15 ) ရောက်တော့လည်း…..

လက်ဖက်ရည်ဆိုင်အိုကလေးတစ်ခုထဲမှာ……………ထိုင်ရင်း…

လက်ဖက်ရည်..တစ်ခွက်ရယ်…. အိမ်က ထည့် ယူလာတဲ ့ဖတ်စရာ စာအုပ်တစ်အုပ်ရယ်….က

တစ်ညလုံး… ကျွန်တော့် အိပ်ချင်စိတ်တွေကို… ဖယ်ရှားပေးခဲ့တယ် ။

ဒီည လည်း………

ကျွန်တော်…အိပ်ဖြစ်မှာ..မဟုတ်ပါဘူး ။

ဟောဒီ…….. မြင်နေရတဲ ့…. သဘာဝတရားကြိီး ရဲ ့အလှအပတွေ..ကို….

သဘာဝတရားကြီးရဲ ့ ချိုမြိန် လတ်ဆတ်မှုတွေကို….ပြန်လည်….တမ်းတ…

သတိရဖြစ်နေမှာ..မို ့….

ဒီည..လည်း….

အိပ်ဖြစ်မှာ…မဟုတ်ပါဘူး ။
———————————————————————————

ဘယ် ညာ နှစ်ဖက်က…….

စေတီတော်တွေ….

ဟော…ဟိုက..စက်လှေကလေးတွေ….

ဟိုးးးးးး…ဝေးး ဝေးးးးးးက…..တောင်တန်းစိမ်းညှို ့မှိုင်းမှောင်ကြိီးတွေ….

သန် ့ရှင်းစင်ကြယ်နေတဲ ့….လေ တဟူးဟူးတွေ….

ကျွန်တော်အောက်မှာ..တလွင်လွင် စီး ဆင်းနေတဲ ့ ဧရာဝတီဖြစ်ကြီး…

အဲဒီလို…… သဘာဝကျကျ….လှပစွာ….ညှို ့ငင်ဖြားယောင်း မှုအောက်မှာ….

ကျွန်တော်…မိန်းမော နေပါပြီ ။

ကျွန်တော်…………သဘာဝရဲ ့အလှကို…ယစ်မူးနေပါပြီ ။

ဟောဒီ….နဝဒေး တံတား ကြိီး……ပေါ်မှာ…./ ဟောဒီ….လေထုထဲမှာ../

ဟောဒီ…ဧရာဝတီရဲ ့အပေါ်……………..

ဟောဒီ…. မြင့်မြင့်မားမားတောင်တန်းကြီးတွေနဲ ့မလှမ်းမကမ်းမှာ……..

ဟောဒီ…….နဝဒေးတံတားကြိီးပေါ်မှာ…….

ဟောဒီ…… နဝဒေး တံတားကြးီး…အပေါ်မှာ…..

ကျွန်တော်………………..

ပက်လက် လှန်….လှဲ အိ်ပ်လိုက်ချင်တယ် ။

ဒါပေမယ့်………………………

…………………………………

——————————————————————————

ဒါပေမယ့်…

အိပ်ပျော်သွားမှာတော့….

စိုးရိမ်တယ် ။

——————————————————————————–

အ်ိပ်ပျော်သွားမှာကို..စိူး ရိမ်မိ တာဟာ………..

ဟောဒီ..လို …..

လှပနေတဲ ့……

သဘာဝတရားကြီး ကို….

မမြင် ရ / မတွေ ့ရတော့မှာကို……….

စို း ရိမ် မိ ခြင်းလည်း….ဖြစ်တယ် ။ ။
————————————————————————

အလင်းဆက်

ပြည်မြို ့ရောက် အမှတ်တရ ။

30 . 10 . 2012 . သီတင်းကျွတ်လပြည့်နေ ့။

================================================

24 comments

  • အလင်းဆက်

    October 31, 2012 at 9:50 pm

    ဒါနဲ ့ ။
    မေးရပါဦးမယ် ။

    တားတား…ချော ရဲ ့လား..ဟင် ။
    :kwi:

  • ကထူးဆန်း

    October 31, 2012 at 10:21 pm

    ချောတယ် ချောတယ် ..
    ချော်လဲမှာ စိုးလို့ သတိပေးတာပါ … :kwi:

    ဒီ သတင်းကျွတ် မှာ ကျွတ်အောင် ကြော်ငြာတာပေါ့လေ….. :harr:

  • အလင်းဆက်

    October 31, 2012 at 10:33 pm

    လေးလေး..ကထူးဆန်း..
    တားတားက…နှစ်တစ်ရာ…ကျိန်စာ..ထင်တယ် ။
    ရည်းစား..ကို ရှာမတွေ ့တာ..လေ ။

    ဒီ ဝါကျွတ်မှာ…
    ကျွတ်ဖို ့ဆိုတာကလည်း….

    အင်း…..ဝေးဘီ…..ဝေးဘီ…..
    အဝေးဆုံး……..

    :kwi:

    ( ကြော်ငြာလက်စနဲ ့…
    တစ်ခါတည်း..ပြည့်စုံးအောင်.ပြောရရင်…
    ရွှာထဲက….
    အောင်သွယ်တော်…ဦးဦးများ..
    အန်တီများ.ကိုကိုမမများ…ခညာာာ…

    တားတား…ကို…

    အပြောချိုချျို အပျို ချောချောလေးများ…ထဲက..
    တစ်ယောက်ယောက်နဲ ့…
    အောင်သွယ်ပေးတော်..မူကြပါကုန်….

    ဒီ ဘဝအတွက်တော့….
    လက်လျှော့မနေချင်တော့လို ့…..

    :kwi:

  • pazflor

    October 31, 2012 at 11:37 pm

    ခြောဒယ်
    အူးလေး

  • အရီးခင်လတ်

    November 1, 2012 at 5:13 am

    ပြည်မြို့ အလွမ်းပြေ ဖတ်သွားပါတယ် အလင်းဆက်ရေ။
    အဖေက ပြည်/ရွှေတောင် ဇာတိ။
    အမေက ပြည်ကနေ ဆက်သွားရတဲ့ ဧရာဝတီကမ်းနဘေးက မြို့လေး ဇာတိ။
    ဒီတော့ ပြည်မှာလဲ ကျင်လည်ဘူးတယ်။
    ပျော်ဖို့ကောင်းပါတယ်။
    ဒါပေမဲ့ အမေ့ရဲ့ တောမြို့လေးကို ပိုချစ်တယ်။
    အလင်းဆက်လိုဘဲ ကမ်းနဘေး မှာထိုင်ပြီး ဧရာဝတီရဲ့ ညှို ့ငင်ဖြားယောင်း မှုအောက်မှာ ယစ်မူးဘူးတယ်။
    စာစုလေးအတွက် ကျေးဇူးနော်။
    ဒါထက်
    ဒါ့ပုံ တွေ နဲ့ ကြော်ငြာ များ ဝင်နေတာလား။
    ချော်ပါတယ်တော်။ မှားလို့ ( ချော)။ 😆

  • thureinmaung

    November 1, 2012 at 8:05 am

    ချောတယ် brother အလင်းဆက်…ဝါလဲကျွတ်ပြီ…
    မန်းလေးဂေဇက်မှာဘဲကြော်ငြာလို့မရတော့ဝူး
    FB, Twitter, Gchat, Social web page ရှိရှိသမျှ နည်းလမ်းတွေ
    သုံးပါ။။။
    သဘာဝအလှတရားကိုတော့စိတ်ကြိုက်ခံစားလို့ရတယ်
    ချစ်ဘို့ကတော့ တစ်ယောက်တည်းကိုဘဲချစ်နိုင်မယ်၊အားလုံးကိုတော့
    မချစ်နိုင်ဘူးထင်တယ်။
    တစ်ယောက်တည်းကိုချစ်တဲ့အချစ်နဲ့အားလုံးကိုချစ်တဲ့အချစ်အမျိုးအစား
    ကတော့ မတူနိုင်ဘူး၊ရောလို့လဲမရဘူးထင်ပါတယ်ဗျာ။

  • Khaing Zar Win

    November 1, 2012 at 8:20 am

    ကျနော် ပေါင်းတည်မှာ နှစ်နှစ်လောက်နေဘူးတယ်ဗျ။ မိုးညအိမ်မက်မြူ အိမ်ကြီးနားမှာပေါ့ဗျာ။
    အဲဒီ ပြည်၊ ပေါင်းတည်၊ ရွှေတောင် တစ်လျှောက်လုံးက ရှုခင်းတွေက စိမ်းစိမ်း စိုစိုနဲ့နော်။ အသီးအနှံတွေ လမ်းဘေးမှာ ဆိုင်တွေနဲ့ ပေါမှပေါ။
    ဒီအချိန်သွားတော့ နာမည်ကြီး ပြည်ဆောင်းကို အမြည်းလေးမြင်ခဲ့ရတာပေါ့။
    ဒါနဲ့ စကားမစပ် ပြည်က အသုပ်စုံဆိုင်ရောက်ခဲ့သေးလားဗျ ဟင်။ :kwi:

    • pooch

      November 1, 2012 at 1:26 pm

      တခါလား မသိစားဖူးတယ် ကောင်းတာပဲ မှတ်မိတော့တယ်။ ၂ ခေါက်လောက်ပဲ ရောက်ဖူးတယ်။

      အမှန်က စာတန်းမဟုတ်ဖူး မှားနေတယ် စာတမ်းလို့ ပြောမယ် ဆိုပြီး ဝင်လာတာ ခုတော့ သူ့အတွေးနဲ့ သူတော့ ဟုတ်နေတာပဲ 😀

  • P chogyi

    November 1, 2012 at 9:09 am

    အောင်မြေရောက်ခဲ့ပြီပဲ အောင်မြင်မှာပါ။

  • kyeemite

    November 1, 2012 at 9:52 am

    အလင်းဆက်ရေ..ပြည်မြို့ သွား ရသ စာတန်းလေးကို
    ဓါတ်ပုံကြည့်ပီး ခံစားသွားပါဂျောင်းးးးး :kwi:

  • ရွှေ ကြည်

    November 1, 2012 at 10:42 am

    အလက်ဆင်းရေ ဆယ်ထပ်ကြီးဘုရားဘက်ကိုဆင်းမဖူးဖြစ်ဘူးလား.။
    တံတားပေါ်မှာလမ်းလျှောက်ဖူးတယ် ဆိုင်ကယ်တွေနဲ့ သူငယ်ချင်းတွေရွှေဘုံသာမုနိသွားတော့ အပြန်မှာ
    ဆိုင်ကယ်မစီးပဲ လမ်းဆင်းလျှောက်ကြတာ အရမ်းပျော်စရာကောင်းတယ်..။
    အလက်ဆင်းတယောက်တော့ အလုပ်မှာ အိပ်ငိုက်နေမယ်ထင်တယ်.. 😆

  • blackchaw

    November 1, 2012 at 1:05 pm

    ညီလေးရေ…
    ညီလေးရဲ့ ရသစာတန်းလေးက
    ပန်းလေးတွေသီထားသလို
    မွှေးမြနေတယ်လို့
    ခံစားလိုက်ရပါတယ်…။
    ရန်ကုန်-ပြည်ကားလမ်းနံဘေးက
    အင်းမသား
    ဘလက်ချော…။

  • မိဂီ

    November 1, 2012 at 1:41 pm

    လှထှာ ကိုဒညင်းဝက်ရယ်….ယဉ်ယဉ်လေးနဲ့ တကယ် . တကယ်

    ဟိ..

    :kwi:

  • manawphyulay

    November 1, 2012 at 2:53 pm

    အလင်းဆက်ရဲ့စာတမ်းလေးကြောင့် ဘလောဂ့်ဂါဒေးတုန်းက သရေခေတ္တရာကို ပြန်ပြီး ရောက်သွားချင်မိတယ်။

  • မိုး မင်းသား

    November 1, 2012 at 6:16 pm

    အလင်းဆက်ရေ….

    လွင်မိုးသောက်ကမြင်းကြောထနေသည်လို ့ပဲ…..သားကသိထားတာလေ…..

    အခု…အလင်းဆက်က………ထနေသည်ဆိုပါလားးးး…..ဟား…ဟား

    ခင်လို ့စတာပါဗျာ…

  • အလင်းဆက်

    November 1, 2012 at 9:07 pm

    Comment များ.. ချီးမြင့် ပေးပြိီး..
    ကျွန်တော့် စာတန် း( စာတမ်း ..မဟုတ်ပါ ) ကို..
    ဖတ်ရှုခံစား…အားပေးကြသော..
    ကျွန်တော်ချစ်သော.. မိတ်ဆွေများ..လည်း.ဖြစ်သော….

    ကထူးဆန်း

    pazflor

    အရီးခင်လတ်

    thureinmaung

    Khaing Zar Win

    pooch

    P chogyi

    kyeemite

    ရွှေ ကြည်

    blackchaw

    မိဂီ

    manawphyulay

    မိုး မင်းသား……………………

    စသော…မိတ်ဆွေ များ.အားလုံးကို..
    ကျေးဇူးတင်..ခင်မင်လေးစားလျက်ပါ..လို ့။

    အခုလို… တားတားရဲ ့..စာအလှအပ / လူ အလှအပ များကို…
    လာရောက် ကြည့်ရှု..ကြသဖြင့် ….
    ကြည့်သောသူမြင်၏ ဆိုသလို….

    အလက်ဆင်း ၏ အချောအလှ စာပဒေသာ နှင့် အချောအလှ လူငယ်လေးကို..
    တင့်တယ်လှပစွာ..မြင်တွေ ့ လိုက်ပြီပေါ့နော် ။

    ဒီ ့ထက် လှတဲ ့ / ချောတဲ ့ ပုံလေးတွေ.. စာသားလေးတွေ….
    တင်ပြချင်ပါသေးတယ် ။

    အဟိ ။

    တားတား..ကြိူးစားဥိးမယ်..ခည ။

    :kwi:

  • မောင်ပေ

    November 1, 2012 at 9:34 pm

    ညီလေးရေ
    ကိုအောင်ပု က ဦးသွားလို ့
    ကိုပေကတော့ မချစ်တော့ပါဘူးကွယ်
    ခင်ပဲခင်မယ်
    တစ်ခါပြန်ခင်ပါကွယ်
    ဟီဟိ

  • အလင်းဆက်

    November 1, 2012 at 9:42 pm

    ဦးပေ…

    အောင်ပုကို…တားတား.မချစ်ဘူး ။
    တားတားက..ခြစ်တုဝေ..လေးကိုပဲ.ချစ်တာ ။ 🙂

    ဦးပေ.ကိုလည်း.တားတားခြစ်တယ်ဂျ ။

    ဦးအောင်ပုကိုလည်း..ခြစ်န်ုိင်အောင် ကြိုးစားရမယ်..။
    :kwi:

  • ပြည်မြို့ကတော့ မရောက်ဘူးသေးဘူး။
    တစ်နှစ်က ပြည်မြို့နဲ့မိုင်လေးဆယ်ဘဲဝေးတော့တဲ့ အောင်လံအထိရောက်ပြီးမှ
    ရောင်းဘို့ တင်လာတဲ့ကုန်တွေက ကုန်သွားတော့ ပြည်ထိဆက်မသွားလိုက်ရတော့ဘူးလေ။
    ပြည်ကိုတော့ ခင်ဝမ်း တို့ သုခမိန်လှိုင်တို့ရဲ့ သီချင်းတွေနဲ့ဘဲ သိခဲ့ရပါတယ်။

    အလင်းဆက်ကို အတင်းဖက်လို့
    အလက်ဆင်းကို တစ်သက်မငြင်းဘူးလို့ ပြောသူလေးနဲ့အမြန်ဆုံဆည်းပါစေ.

  • အလင်းဆက်

    November 1, 2012 at 10:03 pm

    အလင်းဆက်ကို အတင်းဖက်လို့
    အလက်ဆင်းကို တစ်သက်မငြင်းဘူးလို့ ပြောသူလေးနဲ့အမြန်ဆုံဆည်းပါစေ…

    ဆုတဲ ့ပေးနဲ ့ အမြန်ဆုံး.ပြည့်ပါရစေ..ခည ။
    :kwi:

  • MaMa

    November 2, 2012 at 8:48 am

    စာအလှ/လူအလှ ကို ကြည့်ရှု့အားပေးကြကုန်သော ပရိတ်သတ်ကြီးကို ကျေးဇူးတင်ပါတယ်ဆိုပြီး ကြော်ငြာဝင်သွားတဲ့
    အလက်ဇန္ဒြား အလင်းဆက်ရဲ့ ကိုယ်ထင်ပြခြင်းပေ့ါ။
    ရွှာထဲက….
    အောင်သွယ်တော်…ဦးဦးများ..
    အန်တီများ.ကိုကိုမမများ…ခညာာာ… ဆိုလို့
    တာဝန်ကျေအောင် လိုက်ရှာပေးတာ…
    စကားမပီသေးလို့ မူကြိုကျောင်းပဲ အပ်လို့ရမယ်တဲ့ :harr:

  • jullies cezer

    November 2, 2012 at 9:23 am

    ”ဘာကွ မင်းတောင်တလို့ငါကိုယ်ထင်ပြရတာ” မထင်လိုက်ပါနဲ့
    သီတင်းကလည်းကျွတ်ပြီဆိုတော့ အသံအားဖြင့်သော်လည်းကောင်း
    ရုပ်အားဖြင့်သော်လည်းကောင်း အမှန်တော့ ကိုအလင်းဆက်က
    ကြော်ငြာဝင်နေတာ ၂ ခါရှိပြ ဖ post တုန်းက တစ်ခါ အခုတစ်ခါ
    ကဲဘာပြောချင်သေးလဲ ဒီလူကြီးမြန်မြန်ရည်းစားရပါစေဗျာ ………..

  • အလင်းဆက်

    November 3, 2012 at 8:40 pm

    အန်တီ မမရေ..
    မူဂျို ကျောင်းကြီးတော့…

    တက်ချင်ပါဘူးဂျ ာ ။

    တူငယ်တန်းလောက်ချို..တော်တေးဒယ် ။

    : kwi:
    ========================
    jullies cezer ရေ ့…

    ကြော်ငြာ ဝင်မိပါတယ် ။ ဝန်ခံပါတယ် 🙂

    ဒီ ပိုစ် ့မှာ.. ပုံလေး..နှစ်ပုံ တင်ပြ ဖြစ်တာက ဒီလိုဗျ ။

    ပြည်ကိုရောက်တာက…တစ်ရက်ထဲနဲ ့.. ရောက်သွားရတာဆိုတော့…
    ဒီဘက်ကမ်း..ရွှေဆံတော် နဲ ့ ဟိုဘက်ကမ်း… ရျွှေဘုံသာ.စေတီ…. ပဲ.. ရောက်တာလေ ။
    ပြီးတော့ နဝဒေး တံတား ။
    ဒါကြောင့်..ပုံတွေ..အများကြီးထဲက..မှ… ဒီ ဘက်ကမ်း မှာရိုက်တာက တစ်ပုံ..
    ဟိုဘက်ကမ်းမှာ .ရိုူက်တာက တစ်ပုံ..
    အဲဒလိုလေး.တင်ပြလိုက်ထာ….။

    ကိုယ် ့ပုံချောချော လေးကို ကြွားချင်တာလည်း..ပါတာပေါ့ ။

    ==============================
    နဝဒေ တံတားပေါ်မှာ…
    ထိုင်ပြီး.. အပြီအပြင် ခံစားခဲ့ရတာတော့
    ဒီလို သဘာဝ လောက ပတ်ဝန်းကျင်ကြီး.. တစ်နည်းနည်းနဲ ့
    မလှပတော့မှာ/ ပျောက်ပျက်သွားမှာ.. စိုးတဲ ့ စိတ်..ခံစားမှု..
    အဲဒီ..ပတ်ဝန်းကျင် ထိန်းသိမ်းချင်တဲ ့ ခံစားမှု.ကို…ရလိုက်လို ့..
    ရေးလိုက်တာ …။

    ================

    ဒါပေမယ့်…
    တားတားရဲ ့ ပုံလေးတွေက အရမ်းချောနေတော့…
    တားတား ရဲ ့ စာကို..သိပ် ပြောစရာ မရှိတော့ပဲ…
    တားတား ရဲ ့လူ အလှအပ လေးတွေ ကိုပဲ… တစ်ဖွဲ ့တစ်နွဲ ့ ပြောကုန်ဂျတာ…။

    အဟိ ။

    ကြော်ငြာ လက်စ နဲ ့ဆက် ပြောတာပါ ။

    တားတားပုံလေးတွေ.က အရမ်း ချောနေတောေ့လ….
    အဲဒါ…….
    ဝါကလည်း..ကျွတ်ပြီဆိုတော့..လေ…
    ဒီလို ပါပဲ…
    ကြောငြာဝင်ပြီ..ထင်ကြတာပေါ့ ။

    အမှန်က…ဟုတ်နေထာပဲ…လေ ။
    :kwi:

    ===================

    မမရွှေကြည်ရေ….

    ပြည်ရွှေဆံတော်ပေါ်..ရောက်တာနဲ ့
    ဆယ်ထပ်ကြီး ဘုရားရုပ်ပွားတော်ကြီးကို… ထင်းထင်းကြီး.တွေ ့လိုက်ရတာ…
    အဲဒီ လိုတွေ ့တာနဲ ့ကို…
    ပြေးဆင်းသွားမိတယ်ဗျ ။
    အဲဒီ ဆယ်ထပ်ကြီင်္းဘုရား ရုပ်ပွားတော်ကြီးရှေ ့မှာ…ထိုင်စရာ..နေရာလေးရှိတယ် ။
    အရမ်းထိုင်လို ့ကောင်းတာပဲ ။
    အဲဒီ ဘုရား..ရုပ်ပွားတော်အရှေ ့မှာ.. ထိုင်ပြီး..
    ပရိတ်တရား ရွတ်သံ ကို နားထောင်ပြီး..လိုက်ရွတ်နေမိသေးတယ် ။

    ကြည်နူးစရာ..ပါ ။

    🙂

Leave a Reply