အိုင်တီနှင့်ကျွန်မ

manawphyulayJuly 14, 20101min972

လူ့အဖွဲ့အစည်းအပေါ် အိုင်တီရဲ့ရိုက်ခတ်မှုဩဇာအရှိန်အဝါက တာသွားလှတယ်။ အိုင်တီရဲ့ ဩဇာဟာ တစ်ဦးချင်း တစ်ယောက်ချင်းကိုလည်း ရိုက်ခတ်တယ်။ မိသားစုအလိုက်၊ လုပ်ငန်း တွေ၊ အလုပ်သမားစွမ်းအားစုတွေ နောက်ပြီးလူ့အဖွဲ့အစည်းကြီးတစ်ရပ်လုံးကိုလည်း ရိုက်ခံတယ်။ ဒါပေမဲ့ အို်င်တီရဲ့ရိုက်ခတ်မှုဩဇာဟာလူတစ်ဦးနှင့် တစ်ဦး အပေါ်ကျတော့ တူညီမှု မရှိပြန်ဘူး။ အင်းပြောရရင် အိုင်တီရဲ့အကျိုးကျေးဇူးရလဒ်က ပညာဉာဏ်အဆင့်မြင့် သူက ပညာဉာဏ်အဆင့်နိမ့်သူထက် ပိုပြီး ခံစားရနိုင်တယ်လေ။ ဒီလိုဘဲ ပညာကွဲခြား သွားတာနဲ့ လူတစ်ဦးချင်းစီရဲ့ ဝင်ငွေအနည်းအများက ကွဲပြားခြားနားသွားစေတာကို တွေ့ရှိ ရတယ်။ သူများ ပြောလို့သာ အိုင်တီရတယ် အိုင်တီဆိုတာ ဘာလဲ။ ဒါဟာ ပြန်စဉ်းစားရမဲ့ အချက်ပဲနော်။ သတင်းအချက်အလက် ဆက်သွယ်ရေးဆိုင်ရာ အဆင့်မြင့်နည်းပညာ(အိုင်တီ) ဆိုသည်မှာ အင်းအလွယ်ဆုံး ပြောရရင် ကွန်ပျူတာစနစ်ကို အသုံးချခြင်းကို ခေါ်ဆိုတာပဲ။ တစ်နည်းပြောရရင် အိုင်တီပေါ်ပေါက်လာတာနဲ့အမျှ လူတွေရဲ့လုပ်ဆောင်ချက်တွေ လုပ်အား တွေကို သက်သာစေပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ တစ်နေရာနဲ့ တစ်နေရာကိုမြန်ဆန်ပြီးစီးအောင် လုပ်ဆောင်ပေးတဲ့အတွက် အောင်မြင်မှုမြန်ဆန်လာတာကို တွေ့ရှိရတယ်။ ဒီလိုဘဲ အိုင်တီ ပေါ်ပေါက်လာတဲ့အတွက် ကျွန်မတို့လို အမျိုးသမီးများအတွက် အမျိုးသားများနဲ့ တန်းတူ အလုပ်လုပ်ဆောင်လာနိုင်သလို ဝင်ငွေလစာဟာလည်း တန်းတူနည်းပါး ရရှိလာခဲ့ပြီလေ။ တစ်နေ့နဲ့ တစ်နေ့ ပြောင်းလဲလာနေတဲ့ အိုင်တီခေတ်လို့ ဆိုရတော့မှာပေါ့။ ခုခေတ် အမျိုးသမီးများဟာ အမျိုးသားများနဲ့ ရင်ဘောင်တန်းပြီး မျက်စိဖွင့်နားဖွင့် လုပ်ဆောင်လာနိုင် ကြတာကို ကြည့်ခြင်းအားဖြင့် ပြောင်းလဲတိုးတက်နေတဲ့ခေတ်ကြီးကို ကျေးဇူးတင်ရမ လိုတောင် ဖြစ်နေရပြီလေ။ ကျွန်မကရော အိုင်တီဆိုတာ နားလည်ပြီလား။ အိုင်တီပိုင်းကို လေ့လာရင်ကော မတိုးတက်နိုင်ဖူးလား။ ကျွန်မလို နလပိန်းတုံးတစ်ယောက်ရဲ့ခေါင်းထဲ အတွေးတွေ ဝင်လာခဲ့တာ ဘာကြောင့်လဲ ဒါဟာ ရှင်းရှင်းလေးပဲ။ အိုင်တီကြောင့်ပေါ့။ ကျွန်မလည်း ဒီတိုးတက်နေတဲ့ခေတ်ကြီးထဲလူတွေထဲမှာကြိုးစားရင် ပါလာနိုူင်တော့မှာ ပေါ့နော်။ သူများတွေ ရှေ့ရောက်နေတဲ့အချိန်မှာ ကျွန်မက နောက်ချန်နေရစ်ရရမလား။ ငါကော ကြိုးစားရင် မဖြစ်နိုင်ဖူးလား။ ခုမှ စတင်မဲ့လမ်းအတွက် တစ်ခါတလေ အားငယ်မိ တာတော့ အမှန်ပါ။ စမ်းတဝါးဝါးလျှောက်နေတဲ့လမ်းမှာ ငါဟာ လမ်းဆုံးကို လျှောက်နိုင်ပါ့မလား။ ငါ့လို ဘာပညာဘာအစွမ်းအစမှ မရှိတဲ့ လူတစ်ယောက်အတွက် အိုင်တီနဲ့နီးလာမလား။ ဝေးနေသေးလားဆိုတာကို ဆန်းစစ်ရင်း အိုင်တီလောကကြီး အမြဲတည်တံ့တိုးတက်အောင်မြင်နေပါစေလို့ ဆုတောင်းနေမိပါတော့တယ်။

2 comments

  • blacktiger

    July 14, 2010 at 8:23 am

    manawphyulay က အသက်ဘယ်လောက် လောက် ရှိပြီလဲမသိဘူး။ ‘ခုမှ စတင်မဲ့လမ်းအတွက် တစ်ခါတလေ အားငယ်မိ တာတော့ အမှန်ပါ။ စမ်းတဝါးဝါးလျှောက်နေတဲ့လမ်းမှာ ငါဟာ လမ်းဆုံးကို လျှောက်နိုင်ပါ့မလား။ ငါ့လို ဘာပညာဘာအစွမ်းအစမှ မရှိတဲ့ လူတစ်ယောက်အတွက် အိုင်တီနဲ့နီးလာမလား။ ဝေးနေသေးလားဆိုတာကို ဆန်းစစ်ရင်း’ ဆိုတဲ့စကားကြောင့်မေးမိတာပါ။ကျွန်တော်ကတော့အသက်(၃၀)ကျော်ပါပြီ..အခုမှအိုင်တီပညာရပ်နဲ့ပတ်သတ်ပြီးစတင်လေ့လာလိုက်စားမိတာပါ..ကျွန်တော့်အလုပ်နဲ့လည်းပတ်သတ်နေတာကိုး..အားမငယ်စေချင်ဘူးဗျာ..ဦးကျည်ပွေ့တောင်အတက်ပေါက်သေးတာပဲ နော့…ကျွန်တော်တို့လိုလူမျိုးတွေအတွက်နည်းပေးလမ်းပြ (share) လုပ်ပေးမယ့်မိတ်ဆွေတွေ onlineမှာရှိမှာပါ..ကျန်တာကတော့ကိုယ့်ရဲ့ကြိုးစားမှုပေါ့..ကွန်ပျူတာလုပ်ငန်းရှင်များအသင်းဥက္ကဌဒေါ်ဝါဝါထွန်းပြောတာကိုဂျာနယ်တစ်စောင်မှာဖတ်ဖူးတယ်အတိအကျတော့မမှတ်မိဘူးဗျဆိုလိုရင်းကတော့’နည်းပညာကိုကြိုဆိုသည်ဖြစ်စေ မကြိုဆိုသည်ဖြစ်စေ ကိုယ့်အနားရောက်လာမှာပဲ ကိုယ့်ဘက်ကအသုံးချနိုင်ဖို့ ပြင်ဆင်ထားရမယ်တဲ့….ကဲကျွန်တော်တို့ အကောင်းဆုံးပြင်ဆင်ထားရအောင် အိုင်တီခေတ်ကြီးကို ပြုံးပြုံးလေးကြိုဆိုနိုင်ဖို့ ကို…အဲတစ်ခုတော့မေ့နေတယ် connection လေးလဲကောင်းအောင်ဝိုင်းဆုတောင်းပေးကြပါစို့ …..

  • manawphyulay

    July 14, 2010 at 8:28 am

    ခုလို အားပေးတဲ့အတွက် အလွန်ပဲဝမ်းသာမိပါတယ်။ မနောကို မသိတာတွေ မေးမြန်းနိုင်သလို သိတာလေးတွေ ပြန်လည်မျှဝေပေးပါမယ်နော်။ မနောရဲ့အိမ်လေး http://manawphyulay.mmsarpay.org/ ကို အချိန်အားရင် လာလည်ပါနော်။

Leave a Reply