ဒေါ်အောင်ဆန်းစုကြည်၏ ရဲရဲတောက် ဒိုင်ယာလော့များ

may maylayNovember 1, 20121min936

         ခေါင်းဆိုတာ အမြဲငုံနေဖို့မဟုတ်၊ ကြောက်ရွံ့ထိတ်လန့် နေဖို့မဟုတ်၊ ပန်းတိုင်ကို အားမာန်အပြည့်နဲ့ ခေါင်းမော့ဝင့်ကြွားနေဖို့ပဲ။

         ဤလောက၌ မည်သည့်အရာမှ ကြောက်စရာမရှိ မိမိမှန်နေဖို့လိုသည်၊ ကြောက်စရာအကောင်းဆုံး ကြောက်စိတ်မှာမိမိစိတ်တွင်း၌   ကြောက်စိတ်ဝင်နေခြင်းက   ကြောက်စရာအကောင်းဆုံးပင် ဖြစ်သည်။

      ကျွန်မတို့နိုင်ငံဟာ တိုင်းရင်းသားလူမျိုးစုံ ဖွဲ့ထားတဲ့ နိုင်ငံဖြစ်လို့ တိုင်းရင်းသားအားလုံးတန်းတူညီမျှ

       တိုးတက်နိုင်မှ ဒီနိုင်ငံဟာ တကယ့်ကိုသာယာပြီးတော့ အေးမြတဲ့နိုင်ငံ ဖြစ်နိုင်မှာပါ။

       ပြည်သူတွေရဲ့ တာဝန်ကို ပင်ပင်ပန်းပန်း မထမ်းဆောင်ဘူးဆိုရင် ဒါဟာဒီမိုကရေစီရရှိခြင်းအပေါ် တာဝန်မကျေဘူးလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

      ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ကျွန်မတို့ပြည်သူတွေမူကို သုံးသပ်တာလည်း ခံရဲတယ်၊ ကျွန်မတို့ရဲ့ အစဉ်အလာကို သုံးသပ်တာလည်း ခံရဲတယ်၊ ကျွန်မတို့ရဲ့သမိုင်းကို သုံးသပ်တာလည်းခံရဲတယ်။

       ပြည်သူတွေရဲ့ ထောက်ခံမှုမရှိရင် ကျွန်မတို့ဟာ ရှင်သန်နိုင်မှာ မဟုတ်ပါဘူး၊ဒါကြောင့်လည်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကမ္ဘာက အသိအမှတ်ပြုတယ်ဆိုတာ ပြည်သူတွေကြောင့်ပဲ။

      ကျွန်မတို့မှာ မှန်ကန်တဲ့လမ်းကြောင်းအတိုင်းလျှောက်လှမ်းနိုင်ရင် တိုင်းပြည်ဟာ အခွင့်အလမ်း အများ အပြားရရှိလာလိမ့်မည်။

      အချို့အရာတွေ ဘယ်လောက်ကြာကြာပဲ စောင့်ရ၊ စောင့်ရကြိုးနပ်ပါတယ်။

       ပြည်တွင်းငြိမ်းချမ်းရေးဟာ ကျွန်မတို့နိုင်ငံအတွက် တကယ်ကို လိုအပ်တယ်ဆိုတာကို ကချင်ပြည်နယ်သူ ပြည်နယ်သားအားလုံးနားလည်ကြလိမ့်မယ်လို့ ထင်ပါတယ်။

       လူငယ်တွေကို ငယ်စဉ်ကတည်းက စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓာတ်မွေးမြူပေးရမယ်။

      လူငယ်တာဝန်ယူမယ့်သူတွေဟာ တာဝန်သိသိနဲ့ ဘာတွေလုပ်ရမယ်ဆိုတာကို ယခင်တုန်းက လုပ်သွားတဲ့ သူတွေရဲ့ လုပ်ဆောင်ချက်ကို ကြည့်ပြီးတော့ သင်ယူရမှာဖြစ်ပါတယ်။

      လွှတ်တော်ဆိုတာ တကယ်တော့ ပြည်သူလူထုအတွက်ဖြစ်ရမယ်။

       အရေးကြီးဆုံးကတော့ ပြည်သူအသံကို တစ်ကမ္ဘာလုံးက ကြားနိုင်အောင်လုပ်ဖို့ ကျွန်မတို့ ကြိုးစားသွားရမယ်။

      ကျွန်မတို့ခေတ်မှာ အရင်ခေတ်အဆက်ဆက်က မရခဲ့တဲ့ ငြိမ်းချမ်းရေးကို ရအောင် လုပ်နိုင်ဖို့ အခွင့်အရေးရနိုင်ပြီ။

      ဥပဒေဆိုတာဟာ ပြည်သူကို ကာကွယ်ပေးဖို့ အဓိက ဖြစ်တယ်။

     ကျွန်မတို့နိုင်ငံတိုးတက်ဖို့ဆိုတာဟာ အဓိကရုန်းကန်ရမှာကျွန်မတို့ရဲ့ ပြည်သူလူထုပဲ။အမှားအယွင်းမရှိတဲ့   အဖွဲ့ဆိုတာ မရှိပါဘူး။

       ပြည်သူတွေရဲ့ ထောက်ခံမှုရှိတဲ့ အဖွဲ့အစည်းသာလျှင်ကမ္ဘာကလည်း အသိအမှတ်ပြုမယ်။

      ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင်သွားမယ်ဆိုတဲ့ ဇွဲရှိလို့ ရှိရင် ရောက်တော့မှာပါ။

                                                                                            (ရဲသွေးထက် စာအုပ်မှ ဖော်ပြပေးပါသည်။)

6 comments

  • ဘဲဥ

    November 1, 2012 at 10:53 am

    ပြန်လည်မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်

  • myanmar oscar

    November 1, 2012 at 3:03 pm

    အမျိုးသား ဒီမိးကရေစီအဖွဲ့ချုပ်ကို ကမ္ဘာက အသိအမှတ်ပြုတယ်ဆိုတာ ပြည်သူတွေကြောင့်ပဲ။
    အခုလိုတင်ပေးတဲ့အတွက် ကျေးဇူးကမ္ကာပါ ခင်ဗျာ….
    အပေါ်ကစာကြောင်းမှာ အမျိုးသား ဒီမိးကရေစီကို ပြင်ပေးပါလားဟင်…….

    • may maylay

      November 4, 2012 at 9:48 am

      ဒီမိးကရေစီဟု သတ်ပုံမှားရိုက်မိတာကို ဒီမိုကရေစီဟု ပြင်ပေးပါရန် Admim အဖွဲ့ကိုမေတ္တာရပ်ခံအပ်ပါတယ်

  • ရွာသူ jujuma .

    November 1, 2012 at 3:52 pm

    ရှဲရှဲနော် ..

  • Mobile

    November 8, 2012 at 1:15 am

    ဤလောက၌ မည်သည့်အရာမှ
    ကြောက်စရာမရှိ မိမိမှန်နေဖို့လိုသည်၊
    ကြောက်စရာအကောင်းဆုံး ကြောက်စိတ်မှာ
    မိမိစိတ်တွင်း၌ ကြောက်စိတ်ဝင်နေခြင်းက
    ကြောက်စရာအကောင်းဆုံးပင် ဖြစ်သည်။
    အရမ်းကို သဘောတွေ့မိပါတယ်။

Leave a Reply