မျှော်လင့်မိခြင်း

ရွှေ ကြည်November 1, 20121min47317

ကျွမ်းကျင်သူတွေသာကစားတဲ့ပွဲ

အဖြူအမည်းမသဲကွဲခင်

ဝေဖန်ကြည့်ချင်ပေမယ့်

ငါ့ဉာဏ်တွေချို့တဲ့အခါ

ပွဲကြည့်ရတာတောင်ပျင်းလာသလိုပဲ။

ရှည်လျားတဲ့အမှောင်ညမှာကျင့်သားရနေတဲ့ငါ

လောင်စာသုံးအလင်းတုအောက်မှာများ

ပျော်မွေ့နေဆဲပဲလား။

သဘာဝအလင်းဆိုတာကိုရော

တကယ်မက်မောစွာလိုချင်ပါရဲ့လား

နေသားတကျရှိပါ့မလား

မှန်ကန်စွာအသုံးချနိုင်ပါ့မလား

ကိုယ့်စိတ်ကိုယ်တောင်မသေချာတဲ့အခါ

ယုံကြည်မှုကိုတစုံတယောက်အပေါ်ပုံအပ်မိတဲ့ငါ

သူခြေလှမ်းရာလိုက်ကြည့်နေဆဲ

စိတ်ကူးထဲမှာပန်းဝင်သွားတာအခါခါ။

ဘာတွေဘယ်လိုဖြစ်နေပါစေ

တနေ့နေ့မှာဆိုတာလေးက

ငါ့စိတ်ကူးတွေကိုလှပစေပါရဲ့  ။

ကျေးဇူးအထူးတင်ပါတယ်ရှင်။

17 comments

  • manawphyulay

    November 1, 2012 at 1:18 pm

    မက်မောစွာနဲ့ တောင်းတမိတဲ့
    သဘာဝအလင်းတစ်စုံ
    မကြာခင် ရောက်ရှိလာမယ်လို့
    မျှော်လင့်ခြင်းတွေနဲ့
    စောင့်မျှော်နေတဲ့
    ရွှေကြည့်အတွက်
    ပြောလိုက်ပါရစေ….

    • ရွှေ ကြည်

      November 1, 2012 at 5:11 pm

      မျှော်သူမောရပါတယ် အစ်မရယ်..။ 😆

  • Mon Kit

    November 1, 2012 at 1:21 pm

    ရွှေကြည်လေးရဲ့ ရင်တွင်းဖြစ်… အားပေးသွားတယ်နော်…..
    မှန်ကန်တဲ့ စိတ်ကူးလေး ဆို အစွမ်းကုန် လှပမှာပေါ့ကွယ်…. နော်….
    :hee:

  • မျှော်လင့်ခြင်းရဲ့သစ်သီးတစ်လုံး လို့ အငဲကတော့ ဆိုသွားဘူးပါရဲ့။
    ကျနော်တို့လဲ တစ်ရက်တစ်ရက် မျှော်လင့်ခြင်းတွေနဲ့ဘဲအသက်ရှင်နေရတာဘဲနော်

  • ရွာသူ jujuma .

    November 1, 2012 at 1:41 pm

    စိတ်ကူးမဟုတ်ပဲ လက်တွေ့မှာလဲ လှပပါစေ…

  • kyeemite

    November 1, 2012 at 1:46 pm

    ယုံကြည်မှုကိုတစုံတယောက်အပေါ်ပုံအပ်မိတဲ့ငါ
    သူခြေလှမ်းရာလိုက်ကြည့်နေဆဲ
    စိတ်ကူးထဲမှာပန်းဝင်သွားတာအခါခါ။

    အပြင်လက်တွေ့ ဘဝမှာလည်း လိုရာပန်းတိုင် လှမ်းကိုင်နိုင်ပါစေ… :528:

  • ကိုခင်ခ

    November 1, 2012 at 2:06 pm

    တစ်နေ့တော့ ဖြစ်လာမှာပါ၊ တစ်နေ့တော့ ဖြစ်လာမှာပါ။ ( ခင်ခတို့ငယ်တုန်းက အဆိုတော် ကိုစိုးပိုင် သီချင်းထဲက စာသားလေ။ )
    အားမလျော့ပါနဲ့
    မဝေးကွာတော့ပြီမို့
    မနှေးအမြန်လာတော့မည်ပ
    တေးသံသာလေးနဲ့တာ ကြိုရမှာမို့
    ပိုမိုအလှလေးနဲ့ဘဲ လိုရာလေးတွေ ရပါစေလို့။

  • ရွှေ ကြည်

    November 1, 2012 at 5:18 pm

    မ မွန်ကစ်ရေ ကျေးဇူးပါနော်..။

    လေးပေါက်ရေ ဟုတ်ပ မျှော်လင့်နေရတာမရဲတရဲပါပဲ။ ကိုယ်မှမတတ်နိုင်တော့လည်း..။

    ဂျူဂျူးမလေးရေ ကျေးဇူးပါ..။

    ဦးကျော်နဲ့တူပြီးဦးကျော်ထက်ပိုချောတဲ့ ဦးကြိုက်မီးရေ ဝင်ရောက်ဖတ်ရှုပေးလို့ကျေးကျေး 😆

    လေးခင်ခရေ အားတော့လျော့ချင်ချင်ရယ် မဝေးတော့ဘူးထင်ရတာပါ့..။

    အားလုံးကိုကျေးဇူးအကြီးကြီးတင်ပါတယ်နော်..။

  • မိုး မင်းသား

    November 1, 2012 at 6:31 pm

    ကျွမ်းကျင်သူတွေသာကစားတဲ့ပွဲ

    အဖြူအမည်းမသဲကွဲခင်

    ဝေဖန်ကြည့်ချင်ပေမယ့်

    ငါ့ဉာဏ်တွေချို့တဲ့အခါပွဲကြည့်ရတာတောင်ပျင်းလာသလိုပဲ။

    ကောင်းလိုက်တဲ ့…ကျွန်တော်တို ့ရွှေကြည်လေးရဲ ့ကဗျာ…..

    လေးစားပါတယ်ကွာ…….

    ဒီလိုမျိူးရေးတတ်အောင်….တော်တော်လေး….ကိုလေ ့ကျင် ့ရဦးမယ်ဆိုတာ….

    ဝန်ခံမိပါရဲ ့…..

    • ရွှေ ကြည်

      November 1, 2012 at 6:53 pm

      ကိုမိုးမင်းသားရေ ကျေးဇူးအကြီးကြီးတင်လိုက်မယ် လာလေရော့ နိုင်အောင်သယ်ပေတော့..။
      ကိုမိုးမင်းသားကမရေးလို့ပါ ရွှေကြည့်ထက်အများကြီးတော်ပါတယ်
      ရွှေကြည်ကမတောက်တခေါက်ရယ်ပါ 😆

  • မောင်ပေ

    November 1, 2012 at 7:56 pm

    ပန်ဒိုရာဘောက်စ် ရဲ ့နောက်ဆုံးလက်ဆောင်ဟာ
    လူသားအားလုံးအတွက်ပါပဲကွယ်
    ရွှေကြည်ရယ်
    ဂျစ်တယ်ကွာ
    :kwi:

  • အလင်းဆက်

    November 1, 2012 at 9:12 pm

    ဘာတွေဘယ်လိုဖြစ်နေပါစေ

    တနေ့နေ့မှာဆိုတာလေးက

    ငါ့စိတ်ကူးတွေကိုလှပစေပါရဲ့ ။

    အဲဒီလို….
    ကာ..တာတိ ု့..ဘေတာတို ့…
    မပါလေ…အဲဒီ စာသားရဲ ့လွတ်လပ် လင်းပွင့်မှုကို…. ခံစားမိလေ…
    အဲဒီလို..ကဗျာစာသား…အသွားအလာကို…
    ချစ်မိလေ….ပါပဲ ။

  • Khaing Zar Win

    November 2, 2012 at 10:35 am

    “ယုံကြည်မှုကိုတစုံတယောက်အပေါ်ပုံအပ်မိတဲ့ငါ

    သူခြေလှမ်းရာလိုက်ကြည့်နေဆဲ

    စိတ်ကူးထဲမှာပန်းဝင်သွားတာအခါခါ။”

    အဲဒါလေးဖတ်ပြီး ငိုချင်လာတယ်။

  • ရွှေ ကြည်

    November 2, 2012 at 12:13 pm

    အူးပေရေ လူသားအားလုံးအတွက်ဆိုတော့ ကောင်းတာပေါ့။ မျှမျှတတလေးပေါ့ :harr:

    အလက်ဆင်းရေ အစ်မရွှေကြည်ကအများကြီးနားမလည်ပါဘူး ရေးတတ်သလိုချရေးလိုက်တာ 😆

    မခိုင်ဇာရေ ငိုတော့မငိုပါနဲ့နော်.. 😆

  • Wow

    November 2, 2012 at 12:28 pm

    ကဗျာလေးကချစ်စရာကောင်းပြီး ရင်ထဲထိလိုက်တာ ရွှေကြည်လေးရယ်… :528:

    • ရွှေ ကြည်

      November 2, 2012 at 1:30 pm

      တော်လိုက်တဲ့ Wow အကြီးကြီးတော်တယ် အမှန်မြင်တတ်တယ် :harr:

  • ရွှေ ကြည်

    November 2, 2012 at 2:21 pm

    ပေးချင်တဲ့မက်ဆေ့ချ်နဲ့ အားလုံးနားလည်တာနဲ့တူရဲ့လားတော့မသိ 😆
    ရွှေကြည်ကလေ တိုင်းပြည်အမြန်ပြောင်းလဲလာဖို့မျှော်လင့်နေမိလို့ပါ။
    နိုင်ငံရေးလှည့်ကွက်တွေမကြားချင်မြင်ကိုမမြင်ချင်တော့တာ။
    ပြောင်းလဲမှုနဲ့ပြည်သူားတွေအသားမကျမှာလည်းစိတ်ပူတယ်။
    ကိုယ်ကိုယ်တိုင်လည်း ပြင်ဆင်စရာတွေပြင်ရဦးမယ်.. :mrgreen:
    အားလုံးကို ကျေးဇူးတင်ပါတယ်

Leave a Reply