သင်္ချာနည်းနဲ့  ငါးပေါင်းကြော် .…

1…ရွှေရောင် ငါးပေါင်းကြော်

 

…ဒီငါးကလေးတွေကို မေမေတို့ ငါးပေါင်းကြော်လုပ်စားကြမယ်လေ…

…ငါးပိစိ ကလေးတွေ အရိုးကသေးသေးလေးများ ပေါင်းဘို့မလိုပါဘူးမေမေရယ်၊ ဒီတိုင်းကြော်လိုက်ပါ…

…အမ်..မပေါင်းပါဘူး သမီးရဲ့ မုန့်နှစ်နဲ့ ကြော်မှာကိုပြောတာ…

…ဟိုနေ့က ငါးကြတော့ ပေါင်းတာလေ…ခုရော ပေါင်းပြီးမှ ကြော်မှာလား…

…အော်..အဲ့နေ့က ငါးက ငါးသလောက်ပေါင်းစားတာ..ဟင်းချက်နည်းနဲ့ ပေါင်းတာ၊ ခုငါးလေးတွေက

သင်္ချာနည်းနဲ့ တစ်ကောင်၊နှစ်ကောင် အများကြီးပေါင်းကြော်မှာ သိပြီလား ခလေးလေး…

…ဒီလိုလား..မြန်မြန်ကြော်နော်..

သမီးလေးနဲ့ ကျမ အခေါ်အဝေါ် ကိစ္စရှင်းပြီးမှဘဲ ငါးပေါင်းကြော် စကြော်ရပါတော့တယ်…

ငါးကလေးတွေကို ရွှေလိပ်ပြာ အကြော်မှုန့် နဲ့ နယ်ပြီး ပန်းကန်ပြားလေးနဲ့ အနေတော်ထည့်ထားလိုက်ပါတယ်…

ဆီဆူလာရင် ပန်းကန်ပြား အချပ်လေးအတိုင်း အလိုက်သင့် လောင်းထည့်လိုက်ရုံပါဘဲ…

ရွှေညိုရောင်လေးသမ်းလာရင် အိုးထဲကဆယ်လို့ အလှဆင်ပြီးစားလို့ရပြီပေါ့နော်…

2…ပါဝင်ပစ္စည်းများ…

3…ဒီလိုလေး ကြော်မှာ

ကဲ..အန်တီမအိရဲ့ သင်္ချာနည်းနဲ့ ပေါင်းကြော်ထားတဲ့ ငါးပေါင်းကြော်လေး အမှန်အကန်အားပေးသူ

သမီးလေးမလာခင် ဓါတ်ပုံရိုက်လို့ တင်ပေးလိုက်ပါတယ်ရှင်…သုံးဆောင်ကြပါဦး…

4…သင်္ချာနည်းနဲ့ ငါးပေါင်းကြော်

…(ငါးကလေးများစားခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများကို ကိုခင်ခရေးတဲ့

ငါးများများစားပါနှင့် ကျန်းမာရေးအတွက်ထိရောက်သော ငါးစားနည်း Post ကို ဖတ်ပါရှင့်)…

:hee:

ခင်တဲ့

မအိ

 

Ma Ei

About Ma Ei

Ma Ei has written 53 post in this Website..