သချင်္ာနည်းနဲ့ ငါးပေါင်းကြော် .…

Ma EiNovember 1, 20121min34139

သချင်္ာနည်းနဲ့  ငါးပေါင်းကြော် .…

1…ရွှေရောင် ငါးပေါင်းကြော်

 

…ဒီငါးကလေးတွေကို မေမေတို့ ငါးပေါင်းကြော်လုပ်စားကြမယ်လေ…

…ငါးပိစိ ကလေးတွေ အရိုးကသေးသေးလေးများ ပေါင်းဘို့မလိုပါဘူးမေမေရယ်၊ ဒီတိုင်းကြော်လိုက်ပါ…

…အမ်..မပေါင်းပါဘူး သမီးရဲ့ မုန့်နှစ်နဲ့ ကြော်မှာကိုပြောတာ…

…ဟိုနေ့က ငါးကြတော့ ပေါင်းတာလေ…ခုရော ပေါင်းပြီးမှ ကြော်မှာလား…

…အော်..အဲ့နေ့က ငါးက ငါးသလောက်ပေါင်းစားတာ..ဟင်းချက်နည်းနဲ့ ပေါင်းတာ၊ ခုငါးလေးတွေက

သချင်္ာနည်းနဲ့ တစ်ကောင်၊နှစ်ကောင် အများကြီးပေါင်းကြော်မှာ သိပြီလား ခလေးလေး…

…ဒီလိုလား..မြန်မြန်ကြော်နော်..

သမီးလေးနဲ့ ကျမ အခေါ်အဝေါ် ကိစ္စရှင်းပြီးမှဘဲ ငါးပေါင်းကြော် စကြော်ရပါတော့တယ်…

ငါးကလေးတွေကို ရွှေလိပ်ပြာ အကြော်မှုန့် နဲ့ နယ်ပြီး ပန်းကန်ပြားလေးနဲ့ အနေတော်ထည့်ထားလိုက်ပါတယ်…

ဆီဆူလာရင် ပန်းကန်ပြား အချပ်လေးအတိုင်း အလိုက်သင့် လောင်းထည့်လိုက်ရုံပါဘဲ…

ရွှေညိုရောင်လေးသမ်းလာရင် အိုးထဲကဆယ်လို့ အလှဆင်ပြီးစားလို့ရပြီပေါ့နော်…

2…ပါဝင်ပစ္စည်းများ…
3…ဒီလိုလေး ကြော်မှာ

ကဲ..အန်တီမအိရဲ့ သင်္ချာနည်းနဲ့ ပေါင်းကြော်ထားတဲ့ ငါးပေါင်းကြော်လေး အမှန်အကန်အားပေးသူ

သမီးလေးမလာခင် ဓါတ်ပုံရိုက်လို့ တင်ပေးလိုက်ပါတယ်ရှင်…သုံးဆောင်ကြပါဦး…

4…သချင်္ာနည်းနဲ့ ငါးပေါင်းကြော်

…(ငါးကလေးများစားခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများကို ကိုခင်ခရေးတဲ့

ငါးများများစားပါနှင့် ကျန်းမာရေးအတွက်ထိရောက်သော ငါးစားနည်း Post ကို ဖတ်ပါရှင့်)…

:hee:

ခင်တဲ့

မအိ

 

39 comments

  • may flowers

    November 1, 2012 at 1:58 pm

    စားချင်စရာလေး မအိရယ်…………..ငါးကြီးကြီးတွေတော့ သိပ်မကြိုက်လှပေမဲ့ ခုလိုငါးအသေးလေး

    တွေတော့ တကယ့်ကိုကြိုက်ပါတယ်……..အိုးကပ်ချက်ချက်၊ အကြွတ်ကြော်ကြော် အကုန်ကြိုက်တယ်

    ဒီလို ငါးပေါင်းကြော်လေးတော့ မကြော်စားမိဖူးသေးဘူး……….လုပ်စားကြည့်လိုက်ဦးမယ် ကျေးဇူးပါ။

  • pooch

    November 1, 2012 at 2:06 pm

    ဟုတ်ကဲ့ မအိ မစားရအညှော်ခံသွားပါတယ်။ ခုနောက်ပိုင်း အကြော်ဆို အိမ်က ကြော်တာပဲ စားဖြစ်တော့တယ် ။ သန့်သန့်ရှင်းရှင်းနဲ့ အရသာလည်းကောင်းတယ်။ အမေကတော့ ပုဇွန်စိတ်လေးတွေ ဘူးသီးကြော် ကြက်သွန်ကြော် အကြော်များတယ်။ ဒီတခါတော့ လက်တို့လိုက်ပါအုန်းမယ်။

    • Ma Ei

      November 1, 2012 at 2:14 pm

      ပုဇွန်ဆိတ်လေးကို အဲ့လိုကြော်တာလဲ ကောင်းတာဘဲ…
      အကြော်စုံ ကြော်လဲကြိုက်တာဘဲ…
      ကြော်ထားတာရှိတယ်..
      နောက်မှနော်..

  • Ma Ei

    November 1, 2012 at 2:07 pm

    စားချင်စရာလေး ဆိုလို့ သမီးလေးကလဲ အဲ့လိုပြောတာ မေရယ်…
    စားတော့လဲ သူ့လက်ချည်းဘဲလေ..
    :hee:

  • Hnin Hnin

    November 1, 2012 at 2:10 pm

    စစချင်း ရေးတာဖတ်လိုက်ကတည်းက ချစ်စရာလေး….
    ပြီးတော့ ငါးပေါင်းကြော် ပြင်ထားတာကလည်း လှမှလှ၊ဥနီသစ်သီးပုံဖော်ချက်ကလေးနဲ့..

    အဲ့ဒါ ဘာငါးလဲ မမအိ..အိမ်က ငါးပိစိတွေ(ငါးသလဲထိုးကလွဲလို့) စားလေ့မရှိဘူး….
    အိမ်ကလူတွေအတွက် နည်းတစ်မျိုးတော့ ရပြီ..ကျေးဇူးပါနော်…

    • Ma Ei

      November 1, 2012 at 2:21 pm

      နှင်းနှင်းရေ…
      ငါးနီတူလို ငါးဖြူလေးတွေပါ…
      ဈေးမှာ တစ်ခါတစ်လေမှရပါတယ်…
      ငါးသစ်တုံး၊ ကသပိုး ၊ငါးမြီးတံသွယ် တို့ကို ကြော်ရင်လဲ စားကောင်းတယ်နော်…

      • Hnin Hnin

        November 1, 2012 at 2:32 pm

        ဟုတ်ကဲ့ပါ..မရေ…ခုမှပဲ ငါးပိစိမျိုးစုံအမည် ကြားဖူးတော့တယ်… 🙂
        ဟိ..ခုထိ မကော် ရသေးလို့(ဟိ..မပြီးနိုင်မစီးနိုင် စိတ်ကြီးတယ်)..
        ကြော်ပဲ စားတော့မယ် … 🙂

  • Wow

    November 1, 2012 at 2:11 pm

    အကြော်ထဲကို ဆားလေး အချိုမှုန့်လေး မထဲ့ရဘူးလားဟင်.. အကြော်မှုန့်မှာ အကုန်ပါပြီးသားလား :bar:

    • Ma Ei

      November 1, 2012 at 2:23 pm

      ငါးကလေးတွေ ရေဆေးပြီး ဆား၊ နနွင်း နဲနဲနယ်ထားတာပါ…
      :harr:
      အချိုမှုန့်မထည့်ရပါဘူး..
      ငါးလေးတွေက ချိုပါတယ်…

  • P chogyi

    November 1, 2012 at 2:16 pm

    ငါးကြော်ကအရမ်းကြိုက်တာ
    မစားရညော်ခံ.. အဲလေ မစားရအမြင်ခံမလုပ်နဲ့
    စိတ်ဆိုးတယ်။

    • Ma Ei

      November 1, 2012 at 2:26 pm

      မန်းဂဇက် မှာ အဲ့လိုဘဲလေ…
      စိတ်ဆိုးရဝူး…

  • Mon Kit

    November 1, 2012 at 2:18 pm

    မအိရေ… စားကောင်းပြီး အရသာ အရမ်းရှိမဲ့ ပုံဘဲ….
    ကိုယ့်ဘာသာ မန်ကျည်းမှည့်ချဉ်ရေ ငရုပ်သီးစပ်စပ်လေးနဲ့ ဖြည့်စွက် စားလိုက်တယ်….
    စိတ်ကူးထဲမှာ…….. :hee:

    • Ma Ei

      November 1, 2012 at 2:28 pm

      စိတ်ကူးထဲမှာ ဖြည့်တွေးပေးလို့ ကျေးဇူးပါ မွန်ကစ်ရေ…
      နောက်တစ်ခါ အချဉ်ရည်လေးပါထည့်ပါမယ်နော်…

  • မိဂီ

    November 1, 2012 at 2:19 pm

    သင်ချာ ဆိုလို့ ဝင်လာ ပါတယ်
    ဟုတ်လည်း ဟုတ်ဖူး

    🙁

    • Ma Ei

      November 1, 2012 at 2:30 pm

      ထင်တော့ ထင်သား…
      သင်္ချာတွေ.. ဇယာတွေ ပါရင်
      ပြောတော့မှာဘဲလို့…

  • ကိုခင်ခ

    November 1, 2012 at 2:31 pm

    မအိက သူ့ငါးပေါင်းကြော်လည်းကျွေးသေးတယ်၊ ပြီးတော့ ကျွန်တော်ပိုစ့်လေးလည်း ကြော်ငြာသေးတာမို့
    ကျေးဇူးပါဗျာ။ ( ဖတ်ချင်သူများအတွက်ပါ http://myanmargazette.net/154369/health-fitness/food-drink )

    • Ma Ei

      November 1, 2012 at 2:43 pm

      ငါးကြော်ကို တင်မယ်တင်မယ်နဲ့ ကြာနေရာက
      ကိုခင်ခ Post ဖတ်မိပြီးမှ တင်ဖြစ်သွားတော့တာရယ်…
      အကျိူးကျေးဇူးတွေနဲ့တကွ စားသချင့်ဖွယ် ပုံလေးတွေနဲ့ ဆိုတော့မှ
      စာဖတ်သူတွေ တစ်ကယ်စားဖြစ်မှာပေါ့နော်…
      :hee:

  • ရွာသူ jujuma .

    November 1, 2012 at 3:00 pm

    စားချင်စရာပဲ နော် …

  • Khaing Zar Win

    November 1, 2012 at 3:09 pm

    မွအိတို့ ငါးကြော် လှချက်က မစားရက်စရာ၊ ပန်းကန်ကြီးပါ ဝါးလိုက်ချင်သနော်။ :mrgreen:

    • Ma Ei

      November 1, 2012 at 3:20 pm

      ရွာသူ ဂျူဂျူ နဲ့ ခိုင်ဇာရေ…
      စားချင်စရာလေးလို့ ချီးကျျူးပေးလို့
      ကျေးဇူးတင်ပါတယ်နော်…

  • မိုချို

    November 1, 2012 at 3:42 pm

    ”…ငါးပိစိ ကလေးတွေ အရိုးကသေးသေးလေးများ ပေါင်းဘို့မလိုပါဘူးမေမေရယ်၊ ဒီတိုင်းကြော်လိုက်ပါ…
    …ဟိုနေ့က ငါးကြတော့ ပေါင်းတာလေ…ခုရော ပေါင်းပြီးမှ ကြော်မှာလား…” တဲ့ လား
    ..မအိရေ
    ကလေးတွေရဲ့ အတွေး လေးတွေက ချစ်စရာ ကောင်း တယ်။ မအိ သမီးလေး က အမေ ချက်ပေး တာ တွေ ကို စိတ်ဝင် တစား ရှိ တယ်နော်။
    သား ဆိုလည်း အဲလို ငါးကြော်၊ ပုဇွန်ကြော်၊အရွက်တွေ ကို အကြွပ်ကြော်၊ တန်ပူရာ ပုံစံကြော် ၊ အဲလို အမြဲ လုပ်ပေး ရတယ်။

    • Ma Ei

      November 1, 2012 at 4:06 pm

      သမီးကလဲ အမေတူများဖြစ်မလားမသိ…
      အချက်အပြုတ် စိတ်ဝင်စားတယ်လေ…
      အရွက်တွေခူးလို့ ကစားတာ ဟင်းချက်တမ်းတဲ့…
      စားသောက်ဆိုင်ဖွင့်တယ်တဲ့…မအိတို့က
      သူရောင်းတာ ဝယ်စားရတာရယ်…
      :hee:

  • Khaing Khaing

    November 1, 2012 at 4:45 pm

    မအိ ဘာငါးအမျိုးအစားလဲ ငါးသလဲတိုးလား … အခုတစ်လောကတော့ ပဲပင်ပေါက်ကို ခဏခဏ ကြော်စားဖြစ်တယ် …. မွန်အချဉ်လုပ်ပြီးတော့လေ ….. အခုဒီငါးကြော်လေးကိုလုပ်စားချင်တယ် … ကိုယ့်အတွက် ခံတွင်းလိုက် လူနဲ့လည်းတည့်ဆိုတော့ ကြော်စားဦးမယ် ……..

    • Ma Ei

      November 2, 2012 at 9:14 am

      ခိုင်ခိုင်ရေ…
      ငါးသလဲထိုး ဟုတ်ဖူး..ငါးဖြူလေးတွေပါ…
      ပဲပင်ပေါက် မွန်အချဉ် ဆိုတာလေး စိတ်ဝင်စားမိပြီ…
      လုပ်နည်းလေး ပြောဦးနော်…

      • Khaing Khaing

        November 2, 2012 at 12:04 pm

        ပဲပင်ပေါက်ကို ကြော်နည်းကတော့ မအိကြော်သလိုပါပဲ မုန့်နှစ်လေးနဲ့ အတန်သင့်အရွယ်လေးလုပ် ပြီးကြော်ယုံပေ့ါ …. အချဉ်လုပ်နည်းကတော့ မန်ကျည်းသီးအညိုရာင်လေးကို ရေနွေးဖျော သိပ်ပျစ်ပျစ်မဖျော်နဲ့နော် ခပ်ကျဲကျဲလေးပေ့ါ …. ပြီးလျှင် အဖတ်တွေဖယ်ပြီး အရည်ပဲယူငံပြာရည် အကြည်လေးရော … ကြက်သွန်ဖြူကို အခွံမနွှာပဲ တပြားရိုက်ထည့် …. ရွာမှာတော့ တင်လဲရည်နည်းနည်းထည့်တယ် တစ်ချို့က ထန်းလျှက်ခဲအနည်းငယ်ထည့်ကြတယ် ချိုအောင်လို့ … ညီမကတော့ အချိုမစားချင်လို့ အဲဒါတွေမထည့်ဘူး …. ပဲပင်ပေါက်ကြော်ကို အိုးကချချချင်း စားတာပိုကောင်းတယ် ကြာရင်ပျော့သွားရော … ပဲပင်ပေါက်ကိုလဲ ကြွပ်ကြွပ်မကြော်ဘူး ခပ်စိမ်းစိမ်းပဲကြော်စားတယ် …. စားခါနီးရင် ပန်းကန်လုံးသေးသေးလေးထဲကို ခုနစပ်ထားတဲ့အချဉ်ရည်တွေထည့် ပဲကျက်မှုန့်ထည့် ငရုတ်သီးအကျက်မှုန့်ထည့် ပဲပင်ပေါက်ကြော် (၂)ခုထည့် သုတ်သလိုနှယ်စား အပါးအရမ်းကောင်း …. ပြီးခဲ့တဲ့အပတ်က အိမ်မှာ ပဲပင်ပေါက် (၅၀) သားကိုကြော်စားတာ အိမ်မိသားစုစားဖို့ ၆ ခုလောက်ပဲကျန်တယ် ကျန်တာညီမအကုန်စားပလိုက်တယ် ….. ပြောရင်း သွားရည်ကျလာပီ ……..

        • Ma Ei

          November 2, 2012 at 12:21 pm

          ရန်ကုန်က ပုဇွန်ခွက်ကြော် လိုမျိုးပေါ့နော်…
          ဇွန်းခွက်ခွက်ထဲ ပဲပင်ပေါက်ဖိထည့်၊မုန့်နှစ်ရည်ဆမ်း၊ပုဇွန်တစ်ကောင်တင်ပြီး
          ဇွန်းပါ ဆီအိုးထဲနှစ့်ကြော် ကျက်ရင် ဇွန်းခွက်ပုံ ပုဇွန်ခွက်ကြော်လေးရပြီရယ်…
          အဲ့ဒါ ခိုင်ခိုင်ပြောသလိုအချဉ်ရည်လေးနဲ့ ပြန်သုပ်စားလိုက်မယ်…
          ဒီတစ်ပါတ် အတွက် အစားအစာ Idea ရသွားပြီ..
          တော်လိုက်တဲ့ မခိုင်လေး…
          :528:

  • မောင်ပေ

    November 1, 2012 at 7:39 pm

    ငါးပေါင်းကြော်
    စားကောင်းမျှော်
    ကားမောင်းတော်
    ရှားစောင်းကော်

    • Ma Ei

      November 2, 2012 at 9:20 am

      ငါးပေါင်းကြော်… ကို
      စားကောင်းမျှော်…တယ်ဆို ကျေးဇူးပါနော်…
      ကားမောင်းတော့ မတော် ကြောက်ပါသနော်…
      ရှားစောင်းတော့ ဖျော် သောက်ပါနော်…

  • အရီးခင်လတ်

    November 1, 2012 at 9:14 pm

    မအိရေ
    ငါး ကို အရင်က ကြိုက်မကြိုက် မသိအောင် ကို စားခဲ့ရတော့ တန်ဖိုးမသိဘူး။
    အခုတော့ အဲဒီ ခေါင်းတစ်ရာသား လေးတွေ မပြောနဲ့ တစ်ခြား ရေချိုငါး တွေတောင် မရှိပါဘူး။
    ရေခဲရိုက် ပင်လယ်ငါး တွေ ဘဲရှိတယ်။

    မှန်တာပြောရရင် ငါးပေါင်းကြော် ဆိုတာ အခု မအိပြောမှ သဘောပေါက်တော့တယ်။
    သမီးလေး ကို ရှင်းပြပုံလေး ကို ရော ကြော်ထား တဲ့ ငါးပေါင်းကြော် လေးကိုပါ သဘောကျပါတယ်။
    အတော် အရသာရှိမဲ့ ပုံဘဲ။
    မုံလာဥနီ လေးပုံဖော်ထားတာကလဲ လှတယ်။

    • Ma Ei

      November 2, 2012 at 9:32 am

      မလတ်ရေ…
      ပင်လယ်ငါး အသေးလေးတွေ ငါးမြီးတံသွယ်လေးတွေ…
      အကြီးဖြစ်တဲ့ ငါးပါးနီ၊ ငါးကွန်းရှပ် တို့ကိုလဲ အသားလွှာပြီး
      မုန့်နှစ်လေးနဲ့ ကြော်လိုက်ရင်လဲ စားကောင်းပါတယ်…
      သီးရွက်စုံနဲ့ ချိုချဉ်ကြော် လေးကြော်လဲ စားကောင်းတာဘဲနော်…
      သဘောကျတယ်၊လှတယ်ဆိုလို့ ပီတိဖြစ်ရပါတယ်…
      ကျေးဇူးပါနော်…

  • MaMa

    November 2, 2012 at 8:19 am

    ဆရာဝန်က ကိုလက်စထရောများလို့ အဆီရှောင်ပါပြောထားပေမယ့် ငါးကြော်လောက်တော့ စားလို့ရမယ်ထင်ထားတာ…………
    အနီးကပ်ဆရာဝန်က ပြောမှပဲ ငါးကြော်ဆီများတယ် ရှောင်ရမယ်ဆိုတော့….. :byae:

    • Ma Ei

      November 2, 2012 at 9:36 am

      မမရေ…
      ငါးကြော် ဆီများတယ် ဆိုတာလဲ အမှန်ပါ …
      ဒါပေမဲ့ ကြက်တောင်ပံ ကြက်ရေခွံတွေလောက်မများပါဘူး…
      ဆီစစ်ထားတာဘဲ…နဲနဲလောက်စားတာဘဲ ရလောက်ပါတယ်..ဘာမှမဖြစ်ပါဘူး…
      လို့ ကိုယ့်ဘာသာပြောပြီး စားဖြစ်နေတာနဲ့ ကိုလက်စထရော မကျနိုင်ဖြစ်နေတယ်…
      :harr:

  • ငါးပေါင်းကြော်ကတော့ ကြိုက်သဗျာ။
    တောင်သမန်အင်းရောက်ရင်ဖြစ်ဖြစ် လမ်းဘေးက အကြော်ဆိုင်မှာဘဲဖြစ်ဖြစ်
    တွေ့ရင်တော့ ဝင်စားလိုက်တာဘဲ။
    အိမ်ကလဲ ကျနော်ကြိုက်မှန်းသိတော့ လုပ်ပေးပါတယ်။
    ဒါပေမယ့် လမ်းဘေးက အကြော်ဆိုင်မှာက စားရတာ အရသာတစ်မျိုးရှိသလိုလိုပါဘဲ။
    အချဉ်ရေကောင်းတာကိုးဗျ။
    တစ်ချို့ဆိုင်က ငရုတ်သီးအတောင့်သေးလေးတွေကိုအစိမ်းထောင်း သံပုရည်နဲ့သကြားရယ်ဆားနည်းနည်းရယ်ထဲ့ထားတဲ့အချဉ်နဲ့ ငါးကြော် ပုဇွန်ဆိတ်ပေါက်စနကြော်
    တို့စားရတာ အင်မတန်အရသာရှိကြောင်းပါဗျာ။
    အစားလျော့ စားနေပါတယ်ဆိုမှအေ………………
    ရှလွတ်။။။။။။

    • Ma Ei

      November 2, 2012 at 11:04 am

      ကိုပေါက် အပြောကောင်းတာနဲ့
      တောင်သမန်အင်းက အကြော်ဆိုင်လေးမှာ
      အကြော်လာစားဦးမယ်….

  • etone

    November 2, 2012 at 12:01 pm

    အန်တီအိရေ … ငါးသေးသေးလေးတွေထဲမှာ.. ငါးနီတူခြောက်နဲ့ ၊ ငါးဘဲလေးတွေပဲ စားဖူးတာ… ။ ဒီငါးလေးတွေ တွေ့တော့တွေ့တယ် …. မစားဖူးဘူးပဲ …….. ။
    ခုလို ငါးပေါင်းကြော်လေးက ကရိကထလည်း မများဘူးဆိုတော့ …မနက်ဖြန်ပိတ်ရက်မှာ ကြော်စားကြည့်ပါဦးမယ် …. ဆီကြော်ဖြစ်ပေမယ့်လေ.. ကြော်ပြီး ဆီစစ်တဲ့အခါ တစ်ရှုးလေးတွေခင်းပြီးစစ်လျှင် အတော်လေးဆီတွေစုပ်သွားတာ တွေ့ရတယ် …. ။
    ကျေးဇူးပါ အန်တီ ….. လက်တွေ့တခါတည်း အကောင်ထည်ဖော်ကြည့်တော့မယ် … ဟီး
    :harr:

    • Ma Ei

      November 2, 2012 at 12:31 pm

      ငါးနီတူ ခြောက်လှော်ပြီး ရခိုင်သုပ်၊
      ငါးဘဲဖြူ ၊ ငါးပြက် အကောင်ကြီးကြီးလေး မန်ကျည်းရည်လေး၊
      မဆလာလေးနဲ့ချက် နံနံပင်လေးအုပ်…
      အကြိုက်လေးတွေ ပြောပြတာပါနော်…
      :gee:
      ဒါနဲ့…လက်တွေ့ အကောင်ထည်ဖော်ရမှာတွေ ကျန်သေးတယ်နော်…
      :hee:

  • candle .

    November 2, 2012 at 5:07 pm

    စားချင်စရာ ကောင်းလွန်းလို ့အမရေ..
    အားရ ပါးရ စားသွားတယ်နော်.. ( အချဉ်ရည်လေးနဲ ့ဆို အမိုက် )…. 🙂

  • မမလေး

    November 3, 2012 at 3:45 am

    သချာင်္ငါးပေါင်းကြော်ဆိုမှ … သတိရလို့ … မြို့ထဲမှာ ရောင်းတဲ့ ကော်ပြန့်ဆိုင် …

    သချာင်္ကော်ပြန့်နီ တဲ့ … အဲ့ဒါဘာလဲသိလား … ဂဏန်းအသားအစာသွတ်ထားတဲ့ ကော်ပြန့်ကြော်တဲ့ 😛

    နောက်တစ်ခုက Black Canyon မှာ … မှန်ခေါက်ဆွဲသုတ်တဲ့ နာမည်လေးဆန်းလို့ဝယ်စားလိုက်တယ် … ပဲကြာဇံသုတ်တွေဖြစ်နေတယ် …

    ရွှေမြန်မာတွေက နာမည်ပေးသိပ်တော်တယ်နော့် . . .

Leave a Reply