ကျိုက်ထီးရိုး ဘုရားဖူး (MP’sV)

မောင် ပေNovember 5, 20128min13042

မင်္ဂလာပါ ခင်ဗျာ
မောင်ပေ တစ်ယောက် ကျိုက်ထီးရိုးဘုရားဖူးထွက်ခဲ့ပါတယ်
ရွာထဲမှာ ကျိုက်ထီးရိုးဘုရားဖူးသွားတဲ့ ပို ့စ်တွေ ရှိပြီးသားဆိုပေမယ့် ၊ ဒီပို ့စ်ကိုတော့ မောင်ပေ့ ဗားရှင်း ဆိုပြီး အားပေးကြပါခင်ဗျား ။ (MP’sV) ဆိုတာ မောင်ပေ့ ဗားရှင်းပေါ့ဗျာ ။
၂၈.၁၀.၂၀၁၂ တနင်္ဂနွေညမှာ မန်းတလေးကနေ မြတ်မန္တလာထွန်း အိပ်ပက်လက်ကားကြီးစီးပြီး ရန်ကုန်အောင်မင်္ဂလာ ကားကွင်းကို ရောက်ပါတယ် ။ ကားခကတော့တစ်ယောက်ကို ၁၀၅၀ဝ ကျပ် ကျပါတယ် ။ တစ်ကယ်လို ့၊ ရန်ကုန်-မန်းတလေး တစ်လတစ်ကြိမ်လောက် အမြဲသွားလာနေတဲ့ လူတွေ ဆိုရင်တော့ ၊ ဒီဂိတ်ကိုပဲ အမြဲစီးမယ်ဆိုရင် မန်ဘာအဖြစ်သတ်မှတ်ပြီး မန်ဘာကတ်လုပ်ပေးပါတယ်တဲ့ ။ မန်ဘာကတ် နဲ ့ဝယ်ရင်တော့ လက်မှတ်တစ်စောင်ကို ၉၅၀ဝ ကျပ်ပဲ ကျသင့်ပါမယ်။
ရန်ကုန်ရောက်တော့ အချိန်ခဏရတာနဲ ့ ၊ ရွာထဲက ကျုပ်မွေးနေ ့အတွက် ဆုတောင်းရေးပေးတဲ့ ညီမငယ် ပန်ပန်နဲ ့တွေ ့ဖြစ်ပါတယ် ။ တခြားရွာသူားများနဲ ့တွေ ့ချင်ပေမယ့် ၊ အချိန်မလောက်မှုကြောင့် မတွေ ့နိုင်ခဲ့ပါ ။
ညီမငယ်ပန်ပန်နဲ ့လဘက်ရည်ဆိုင်မှာတွေ ့အပြီး ၊ ရေချိုး ခဏနားပေါ့ဗျာ… ။ ပြီးတော့ ထမင်းစားပြီး ကျိုက်ထီးရိုးသွားဖို ့၊ ကားလက်မှတ်ဝယ်ထားတဲ့ ရိုးရိုးလေး ကားဂိတ်ရှိရာကို သွားရပါတယ် ။ ရိုးရိုးလေး ကားထွက်ရာဂိတ်ကတော့ အောင်မင်္ဂလာကွင်းထဲမှာပါ။
ကားဂိတ်ရောက်တော့ အောင်မင်္ဂလာထဲက ဂိတ်ကို သူရို ့က ဖယ်ရီနဲ ့ပို ့ပေးမှာဆိုတော့ ၊ ဖယ်ရီကားမရှိသေးတာနဲ ့၊ ကားဂိတ်မှာ နာရီဝက်လောက် ထိုင်စောင့်ရသေးတယ် ။
နာရီဝက်လောက်နေတော့ ဖယ်ရီရောက်မလာသေးတာနဲ ့၊ ဂိတ်ကလူက တက်ကစီ စီစဉ်ပေးလို ့၊ တက်ကစီ တစ်စီးကို လူ၆ယောက် စီးပြီး အောင်မင်္ဂလာကို သွားခဲ့ရပါတယ် ။
အောင်မင်္ဂလာကားကွင်းက ဂိတ်ကိုရောက်တော့ ၊ ကျိုက်ထီးရိုးကို သွားဖို ့ကားက ရောက်မလာသေးတာနဲ ့၊ ကားဂိတ်အခန်းကျဉ်းကျဉ်းလေးထဲမှာ ကိုယ်လို ခရီးသွားများနဲ ့အတူ ဖြစ်သလို စောင့်ရပြန်ပါတယ်။
ရိုးရိုးလေး ကားဂိတ်က ရန်ကုန်ကနေ ကျိုက်ထီးရိုးသွားမယ်ဆိုရင် တစ်ယောက်ကို သုံးထောင်ငါးရာကျပ်ပါ ။ ကားအနေအထားနဲ ့ကတော့ ၊ ကံကောင်းရင် အဲကွန်းကောင်းတဲ့ ကားစီးရပါမယ် ။ ကံမကောင်းရင်တော့ ပြတင်းပေါက်ဖွင့်စီးရတဲ့ ကားစီးရပါမယ် ။
နေ ့လည် တစ်နာရီကျော်လောက်မှ ၊ ကျုပ်တို ့စီးရမယ့် ကားရောက်လာပြီး ၊ ၁နာရီခွဲလောက်မှာ အောင်မင်္ဂလာကားကွင်းကနေ ထွက်လာခဲ့ပါတယ် ။
မောင်ပေတို ့အဖွဲ ့က ကံကောင်းပါတယ် ။ အဲကွန်းအေးတဲ့ ကားနဲ ့ပေါ့ ။
ရန်ကုန်ကနေ ကျိုက်ထိုကို တိုက်ရိုက်မောင်းပါတော့တယ် ။ ကျိုက်ထိုရောက်တော့ သူရို ့ဂိတ်မှာ ခဏရပ်ပြီးတာနဲ ့၊ ကင်ပွန်းစခန်းကို တန်းထွက်ပါတော့တယ် ။
ကင်ပွန်းစခန်း ကို ညနေ ၅နာရီ ၁၅လောက်မှာ ရောက်ပါတယ် ။
စောရောက်ရင်တော့ ကင်ပွန်းစခန်းမှာ ခဏအနားယူလို ့ကောင်းပေမယ့် ၊ မောင်ပေ တို ့က အချိန်သိပ်မရှိတော့တာနဲ ့၊ ကင်ပွန်းစခန်းကနေ ကျိုက်ထီးရိုးရင်ပြင် ကားဂိတ်ဆုံးက ညနေ ၆နာရီနောက်ဆုံး ဆိုတော့ ၊ ကင်ပွန်းစခန်းမှာ ကားရပ်ရပ်ချင်း ၊ ရန်ကုန်ပြန်ဖို ့အတွက် ကားလက်မှတ် တင်ကြိုဖြတ် ၊ ပြီးတာနဲ ့ ၊ တောင်ပေါ်တက်ဖို ့.. ကားစောင့်ရပါတယ် ။
သီတင်းကျွတ် လပြည့်မတိုင်ခင် အဖိတ်နေ ့ဆိုတော့ ၊ အနယ်နယ်အရပ်ရပ်ကလာကြတဲ့ ဘုရားဖူးတွေ အများကြီးပေါ့ ။
တောင်ပေါ်ပို ့ပေးမယ့် ကားတွေကတော့ ရှေ ့၂ဘီး ၊ နောက် ၄ဘီး ပါတဲ့ ဟီးနိုးကားကြီးတွေပါ ။
တစ်စီးကို ၄၅ယောက်ပဲ တင်ပါတယ် ။
တစ်ခါတက်ရင် ၆စီး ရစီးခန် ့ရှိမယ်ထင်ပါတယ် ။
တောင်ပေါ်တက်မယ့် ကားကြီးတွေ ရောက်လာပြီဆိုတာနဲ ့၊ ဘုရားဖူးလူအုပ်ကြီးနဲ ့အပြိုင် ၊ ကိုယ့်နားရပ်လာတဲ့ ကားပေါ်ကို လုတက်ကြရပါတယ် ။
တောင်ပေါ်အတက် ကားခ တစ်ယောက်ကို ၂၅၀ဝ ကျပ် ပေးရပါတယ် ။ ကလေးတွေကိုတော့ လျှော့ယူတယ်လို ့ပြောပါတယ် ။ အဆင်းကားခကလဲ လူကြီး တစ်ယောက် ၂၅၀ဝ ကျပ်ပါပဲ ။
မောင်ပေတို ့အဖွဲ ့လဲ ၊ တောင်ပေါ်တက်ဖို ့စီးရမယ့် ကားဆိုက်လာတာနဲ ့ အပြိုင်အဆိုင် လုတက်ကြတာ ကံကောင်းစွာနဲ ့၊ တစ်ဖွဲ ့လုံး အတူတူစီးကြရပါတယ် ။
ရသေ့တောင်ကားရပ်စခန်းက ဂိတ်ဆုံးလို ့ထင်ပါတယ် ။ အဲဒီရောက်တော့ အားလုံးဆင်းပြီး ၊ ရင်ပြင်တော်ဆီသို ့ လမ်းဆက်လျှောက်ကြရပါတယ် ။
ရင်ပြင်တော်တက်ရာလမ်း ၊ မုခ်ဦးကိုရောက်ပြီ ဆိုတာနဲ ့၊ အမျိုးသမီးများကို ထဘီနဲ ့ပဲ သွားခွင့်ပေးပါတော့တယ် ။ ဘောင်းဘီ အရှည် / အတို ၊ စကတ် ဝတ်ပြီး သွားခွင့်မပြုပါဘူး ။
မောင်ပေတို ့အဖွဲ ့က အမျိုးသမီးတွေလဲ ထဘီတွေ ကောက်စွပ်ကြပါတော့တယ် ။
ရင်ပြင်တော်မရောက်ခင် ၊ ဟုန်းဘိုးဘိုးကြီး နတ်နန်းအနီးနားက ၊ ရိုးရိုးလေး တည်းခိုခန်းမှာ တည်းကြပါတယ် ။
မလာခင် တင်ကြို ဘိုကင်လုပ်ထားတယ် ဆိုပေမယ့် အခန်းခကတော့ ငါးယောက်အိပ် တစ်ခန်းကို ၅သောင်းကျပ်ပေးရပါတယ် ။ ရန်ကုန်က ကားဂိတ်မှာ ရေးထားတာကတော့ တစ်ခန်း ၂သောင်းကျပ် ဆိုပေမယ့် ၊ ပွဲတော်ရက် လူစည်ကားချိန်မို ့၊ တည်းခိုခန်းတိုင်းလိုလို ပိုယူကြပါသတဲ့ ။
မောင်ပေ တို ့လို ဘိုကင်မလုပ်ထားပဲ ၊ ခရီးဆိုက်မှ အခန်းငှားတဲ့ လူတွေခဗျာ တစ်ခန်းကို တစ်သိန်းကျပ် အထိ ပေးတည်းနေရတာကိုလဲ သတိထားမိပါတယ်။
တည်းခိုဖို ့အခန်းရတာနဲ ့၊ အခန်းထဲသွားပြီး အဝတ်ထုတ်တွေထား ၊ ခဏနား ၊ ရေချိုးပြီးတာနဲ ့၊ ကျိုက်ထီးရိုး ရင်ပြင်ပေါ်ကို တက်ပြီး ဘုရားကန်တော့ကြပါတယ် ။
ဘုရားရင်ပြင်ပေါ်လဲရောက်ရော ၊ ရင်ပြင်တော်ပေါ်မှာ တိုက်တဲ့ လေပြေအေးလေးကို ရှူရှိုက်လိုက်ရတာနဲ ့၊ လမ်းခရီးတစ်လျှောက် ပင်ပန်းလာသမျှ ၊ အားလုံးလန်းသွားပါတော့တယ် ။
အောက်က ပုံတွေကတော့ ကျိုက်ထီးရိုးအသွား လမ်းမှာ သွားရင်းလာရင်း ရိုက်ခဲ့တဲ့ ဓါတ်ပုံလေးတွေကို ပြန်ရှဲလိုက်ပါတယ်ခင်ဗျာ (အမှန်ကတော့ စာရေးစရာရှိပေမယ့် စာရိုက်ရမှာ ပျင်းနေလို ့ပါ)
ပုံတွေကို ကြိုက်တယ်ဆိုရင် လိုသလို ယူသုံးကြပါ
ပုံတွေကတော့ ဆိုနီကင်မရာ W550 ရယ် ကျုပ်ရဲ ့ နိုကီရာ အိတ်6 ဖုန်းကင်မရာလေးရယ် နဲ ့ရိုက်ထားတာပါ ။
ဒီပုံကတော့ ၊ စစ်တောင်းတံတားပေါ်ကနေဖြတ်တုန်း ရိုက်ဖြစ်တဲ့ပုံပါ ၊ တိမ်ပုံပါတာနဲ ့၊ ကိုပေါက်ကို အားကျပြီး တင်လိုက်ပါတယ်

စစ်တောင်းတံတားပေါ်က မြင်ရတဲ့ တိမ်
စစ်တောင်းတံတားပေါ်က မြင်ရတဲ့ တိမ်

ရာဘာပင်များ
ရာဘာပင်များ

အဖိတ်နေ ့ည
အဖိတ်နေ ့ည

အဖိတ်နေ ့ည
အဖိတ်နေ ့ည

ဒါကတော့ ကျုပ် တည်းတဲ့ “ ရိုးရိုးလေး ” ကနေ ၊ မနက်၆နာရီ နေအထွက် ကို လှမ်းရိုက်မိခဲ့တာပါ


ကျီးပါးစပ်
ကျီးပါးစပ်

ကျီးပါးစပ် မှ မြင်ရသော တောတောင်မြင်ကွင်း
ကျီးပါးစပ် မှ မြင်ရသော တောတောင်မြင်ကွင်း
ကျိုက်ထီးရိုးတွင် စားခဲ့သော ရေခဲသုပ်
ကျိုက်ထီးရိုးတွင် စားခဲ့သော ရေခဲသုပ်
လပြည့်ည ဆီမီးပူဇော်ပွဲအတွက် ပြင်နေကြစဉ်
လပြည့်ည ဆီမီးပူဇော်ပွဲအတွက် ပြင်နေကြစဉ်

လပြည့်နေ ့နေ ့လယ်
လပြည့်နေ ့နေ ့လယ်

လပြည့်နေ ့အတွက် ကပ်လှူထားသော သစ်သီးများနှင့် ပန်းစေတီ
လပြည့်နေ ့အတွက် ကပ်လှူထားသော သစ်သီးများနှင့် ပန်းစေတီ

ပန်းစေတီ
ပန်းစေတီ

လပြည့်ညမှာ ဆီမီးပူဇော်တာ သိမ်ကြီးဈေး အေရုံ နဲ ့ဘီရုံ က ဈေးသူဈေးသားများ တဲ့ ၊ သီတင်းကျွတ်လပြည့်နေ ့တိုင်း ပူဇော်ကြတယ်လို ့ထင်ပါတယ် ။

ကျိုက်ထီးရိုးတွင် ရွှေသင်္ကန်းကပ်လှူနေကြသည့် အမျိုးကောင်းသားများ
ကျိုက်ထီးရိုးတွင် ရွှေသင်္ကန်းကပ်လှူနေကြသည့် အမျိုးကောင်းသားများ
ပြင်လို ့မရလို ့ဒီအတိုင်းတင်လိုက်ပါတယ်
ပြင်လို ့မရလို ့ဒီအတိုင်းတင်လိုက်ပါတယ်
၃၁ရက်နေ ့မနက်ရှူခင်း
၃၁ရက်နေ ့မနက်ရှူခင်း
၃၁ရက်နေ ့မနက် အဝေးမှ ဖူးမျှော်ရစဉ်
၃၁ရက်နေ ့မနက် အဝေးမှ ဖူးမျှော်ရစဉ်


42 comments

  • ကိုခင်ခ

    November 5, 2012 at 10:29 am

    ခရီးလမ်းသွားရပုံနဲ့ ကျိုက်ထီးရိုးအမှတ်တရ ဓာတ်ပုံတွေအတွက် ကျေးဇူးပါ ဆရာပေရေ။
    ခင်ခ တို့သွားရင် မန်းကည ရ နာရီ ကားစီး၊ ရန်ကုန်-မန်း အမြန်လမ်းနဲ့ ပဲခူးသွား လမ်းဆုံဆင်း၊ ပြီးရင် ကားပြောင်းစီး ကျိုက်ထီးရိုးလစ် တောင်ပေါ်ကို ၁ဝ နာရီလောက်ဆိုရောက် ဘုရားရှစ်ခိုး၊ ရွှေသင်္ကန်းကပ်၊ ပုတီးစိပ် နေ့လည် ၂ နာရီလောက်တောင်ပေါ်ကနေ ကားနဲ့ပြန်ဆင်း၊ ရန်ကုန်ကို တောင်ခြေကနေ ကားပြန်စီး ည ရ နာရီကျော်လောက် ရန်ကုန်ရောက်၊ မန်းကို ည ၉ ခွဲကားနဲ့ပြန်။ အဲလို sunday တစ်ရက်ခရီး တစ်နှစ် တစ်ခါတော့ ဖူးနေဖြစ်တာလေ။ အခုလို ညရှုခင်းကြည်ညိုဖွယ်ကိုတော့ လူငယ်ရွယ်ကဘဲ ကြုံခဲ့ရတာပါဗျာ။

  •    

    November 5, 2012 at 10:29 am

    ဂလန်ဂလားနဲ ့ ရွှေသင်္ကန်းကပ်နေတဲ့လူက
    ကျုပ်ကို ဘီအီးဘိုး ဆယ့်ခုနစ်ရှစ်ရာ မပေးပဲ မန်းလေးမှာ ထွက်ပြေးတိမ်းရှောင် ပုးန်ကွယ်နေတဲ့ အေပူး ဆိုတဲ့လူပဲ
    အနှီပုတ်ဂိုအား လက်ပူးလက်ကြပ် ဖမ်းဆီသယ်ဆောင်ခေါ်လာပါက ခေါ်လာသူအား ထိုက်ထိုက်တန်တန် ကျေးဇူးဆပ်ပါမည်။
    ပုံ
    အူးဗိုက်
    ကြွေးရှင်

    သာဓု..သာဓု

    • ဘဲဥ

      November 5, 2012 at 2:34 pm

      ညီလေး မေးစရာလေးတွေရှိလို့ ကိုယ်တို့နဲ့ ခဏလိုက်ခဲ့ပါကွာ
      ခိခိ 😆

  • Khaing Zar Win

    November 5, 2012 at 10:48 am

    ပြောရမှာ ရှက်လည်းရှက်ပါတယ်။ ကျိုက်ထီးရိုးဘုရားကို အပြင်မှာ တစ်ခါမှ မဖူးဘူးဘူးပါ။
    အရင်က အလုပ်များတဲ့ အဖေကို စောင့်ရင်းမရောက်ဖြစ်။ ခု အဖေ ပင်စင်ယူပြီဆိုတော့ မိသားစုက တစ်နေရာစီ။
    နောက်တစ်ခေါက် သွားဖြစ်အောင်သွားမှ။
    ခုလို မောင်ပေ့ ဓာတ်ပုံထဲက တဆင့် ဘုရား ဖူးလိုက်ရတဲ့ အတွက် ကျေးဇူးပါဗျ။ 🙂

    • ဦးကြောင်ကြီး

      November 5, 2012 at 11:23 am

      ဦးကြောင်နဲ့ နှစ်ယောက်အတူတူ သွားဖူးကြတာပေါ့ကွယ်…။ ကပေ့ကို စီစဉ်ခိုင်းလိုက်မယ်။

  • Ma Ei

    November 5, 2012 at 11:08 am

    ရေတံခွန်တို့ ၊ ကျောက်ထပ်ကြီးတို့ ရောက်ခဲ့သေးလား မောင်ပေရေ…
    ရောက်ခဲ့ရင် ဓါတ်ပုံမျှပါနော်…
    သိမ်ကြီးဈေး အေ ဘီ ရဲ့ နံ့သာဆီမီးခွက်တွေကို
    ထိုင်ဝမ်ကနေမှာတာဖြစ်ပြီး သိန်း ၅ဝ လောက်တန်ဘိုးရှိကြောင်း
    ပြောသံကြားမိပါတယ်…
    စာလုံးဖော်ပြင်ဆင်ထားပုံလေးလှတယ်နော်…
    မြင်ရတာနဲ့တင် ဝမ်းသာ ကြည်နူးရပါတယ်…

  • Wow

    November 5, 2012 at 11:28 am

    ကျိုက်ထီးရိုးပုံမြင်တော့ထပ်သွားချင်လာပြီ… ဒီနှစ်သွားဦးမယ်

  • မိုချို

    November 5, 2012 at 1:20 pm

    ပွင့် လင်း ရာသီ ရောက်တာနဲ့ အခန်း ခတွေ က ဈေး တန်းတက် သွားတာပါပဲလား ။ နောက်ပြီး မြန်မာတွေ စနစ်တကျ တန်းစီ တတ် တဲ့ အကျင့် ဘယ်တော့ မှ ရ မလဲ မသိဘူး။ လူစည်တဲ့ အချိန် မပြောနဲ့ မိုချို တို့ သွားတဲ့ အချိန်လူ က ကား တစ်စီး စာတောင် မရှိ တာ ကို ကား လာတာနဲ့ လုတတ် ကြတယ်။ လူများ တဲ့ အချိန် ဆို အန္တရယ် များ တယ်။ တနိုင်ငံ လုံး Q စနစ်နဲ့ အကျွမ်း ဝင်အောင် ပညာပေး ကမ်း ပိန်တွေ လုပ်ဖို့ လိုနေပြီ။
    ကျီးကန်း ပါးစပ် က ရိုက် လာတဲ့ ပုံ လေး က မိုခိ်ျု တို့ ရိုက်လာတဲ့ ပုံလေး တွေ နဲ့ ဆင်ဆင် ပဲ ။ ခု ပုံလေး က လင်း တယ်။ မိုချို တို့ ရိုက် တဲ့ ပုံတွေ မှာ မြူတွေ ဆိုင်း နေတယ်။
    ဲပြောက်ကျား အကျင်္ီ နဲ့ အရပ်ရှည်ရှည် နဲ့ က ကိုပေ ဆိုရင် ထင် သလောက် အသက် မကြီး သေး ဘူး ပဲ။

    • pooch

      November 6, 2012 at 1:15 pm

      ဟုတ်တယ် မမိုချို ကပေက ခုမှ ၁၈ နှစ်ပြည့်ခါစလေးပဲ ရှိသေးတာ :mrgreen:

      ဒါနဲ့ နံ့သာဆီမီးပူဇော်တာက သိန်း ၅ဝ ပေးရတယ် ဆိုတော့ အနံ့က သင်းနေမှာပေါ့။ ဘယ်လိုအနံ့မျိုးသင်းတာပါလိမ့်။ ပြီးရင် ဆီမီးခွက်တွေက တခါသုံးတွေပဲလား ဘယ်လို ပုံစံမျိုးလဲ မသိဘူး။

  • may flowers

    November 5, 2012 at 1:22 pm

    ကျိုက်ထီးရိုးကို ခဏခဏရောက်ပေမဲ့ အမြဲမရိုးနိုင်ပဲ နှစ်တိုင်းရောက်ချင်၊ သွားချင်နေမိတဲ့ နေရာလေးပါပဲ။

    ကျွန်မတို့ကတော့ ကျိုက်ထီးရိုးသွားရင် အခြားခရီးစဉ်တွေနဲ့မတူပဲ လူကြီးသူမတွေနဲ့တူတူသွားဖြစ်တာ

    များပါ

    တယ်။ ဒါကလည်း အကြောင်းရှိတယ်လေ… ဘုရားပေါ်ရောက်ရင် ကျွန်မတို့တွေက တည်းခိုခန်းမှာတည်း

    ရတာထက် ဘုရားရင်ပြင်တော်ပေါ်အားလုံးစုပြီး ဟာလာဟင်းလင်းကြီးစီတန်းအိပ်ရတာက free တစ်မျိုး

    နဲ့ ပျော်ဖို့ပိုကောင်းပါတယ်။ ဒါကြောင့် အသက်အရွယ်ကြီးတဲ့ အမေတို့၊ အဒေါ်တို့နဲ့ လာရင်သူတို့က ရင်ပြင်

    ကနေ နေ့လည် နေ့ခင်းဘယ်မှမထွက်ပဲ ဘုရားဝတ်ပြုကာ ပစ္စည်းတွေစောင့်ကြ၊ ကျွန်မတို့ကတော့

    ပါတ်ဝင်းကျင်က ကျောက်ထပ်ကြီးစတဲ့ ဘုရားတွေကို လွတ်လွတ်လပ်လပ်လျောက်ဖူးကြ၊ သွားကြ

    ရတာ ပျော်စရာကောင်းမှကောင်း။ ပြောရင်း………ဒီနှစ်လည်းသွားချင်လာပြန်ပြီ။

    နေထွက်တဲ့ပုံလေးနဲ့ ၃၁ ရက်နေ့မနက်အဝေးက ဖူးမြင်ရတဲ့ပုံလေး အရမ်းကြိုက်တယ်။ ကူးယူထားလိုက်

    ပါတယ် ကိုပေရေ။ ခုလို ဘုရားပုံလေးတွေ ဖူးခွင့်ရတာ ကျေးဇူးပါ။

  • ဘဲဥ

    November 5, 2012 at 2:15 pm

    ဘဘပေရဲ့ ကျေးဇူးနဲ့ ကျိုက်ထီးရိုးဘုရားကို အားပါးတရ ဖူးမျှော်ကြည်ညိုသွားပါတယ်နော
    လူဇိုး တစ်ယောက်တည်းသွားရသလား

  • ဘဲဥ

    November 5, 2012 at 2:20 pm

    သစ်သီးကိုပုံဖော်ထားတာတွေတွေ့တော့မှ
    ရွာထဲက ဖြဲဒီးကို တတိရတွားဒယ်
    အဲ့ကောင်မ ဘယ်များသွား ဥ နေပါလိမ့်

  • ရောက်ချင်ပါသော်လည်း တစ်ကြိမ်မျှမရောက်
    သူများတင်တဲ့ဓါတ်ပုံတွေနဲ့ဘဲကျေနပ်ခဲ့ရတာပါ။
    နောက်နှစ်ဆန်းရောက်အောင်သွားမည်စိတ်ကူးထားပါသည်။
    ကျနော်ကတော့ ညအိပ်ချင်ပါသည်ရင်ပြင်တော်ပေါ်မှာပေါ့။
    “အားမလျော့နဲ့ရောက်လုပြီ
    ကြိုးစားတက်ပါမည်………………………”
    ဆိုတဲ့သီချင်းဆိုပြီးတက်စရာမလိုတော့ဘူးပေါ့နော်

  • Thu Wai

    November 5, 2012 at 2:39 pm

    ကိုပေ ရေ ကျွန်တော်က မနေ့ကမှ ပြန်လာတာပါ ကျွန်တော်လဲ တင်မလို့လုပ်နေတုန်း ကွန်ပြတ်တောက် နေတာနဲ့ မတင်တော့ပါဘူး ကိုပေ ကိုပဲဝင်မန့်တော့မယ် ကျွန်တော်တို့ ကိုအတက်မှာကလေးခ မတောင်းဘူး အဆင်းမှာတောင်းတော့ ကျွန်တော်က အတက်တောင်မပေးရတာမင်းကဘာလို့ကောက်တာလဲမေးတော့ ရင်ပြင်ကနေကလေးဘယ်အရွယ်မဆို တစ်ယောက်တစ်ထောင်ပါတဲ့ အဲဒါနဲ့ တောင်ခြေကိုရောက်တော့ကျွန်တော်လဲ သမီးကိုခေါ်ပြီး ကားဂိတ်မှာဒီအရွယ် ကားခပေးရလားလို့မေးတော့ ငါးနှစ်အောက်ဆိုမပေးရပါဘူးဆိုပြီး ဒရိုင်ဘာနဲ့စပယ်ယာကိုလှမ်းခေါ်ပြီးကားခပြန်ပေးခိုင်းတယ်။ နောက်တစ်ခုက ဘုရားဖူးပြီးသရဏံဂုံတည်လာတုန်းရှိသေးတယ် ကျီးပါးစပ်မှာ ဘိုးဘိုးကြီးကိုဝင်ကန်တော့ခိုင်းတယ် ကျွန်တော်က နတ်မကန်တော့ဘူးလေ အဲဒါကို ဘုရားဖူးလာနေသေးတယ် ချောင်းသာသွားတာမဟုတ်ဘူး ဆိုပြီး ကန်ထရိုက်တွေက ရိသဲ့သဲ့လုပ်တယ် ကျီးပါးစပ်လှိုင်ဂူထဲက အလှူငွေကောက်တဲ့ကန်ထရိုက်လဲအဲသလိုပါပဲ ဟိုတစ်နှစ်လူပါးတုန်းက ကျွန်တော်တို့အဖွဲ့ ထဲက တစ်ယောက်က အလှူငွေ ၃၀၀ဝ ထည့်ခဲ့တာ ကျွန်တော်တို့လဲ ထွက်လာရော လက်ဖက်ရည်ဖိုးတော့ရပြီလို့ ပြောလိုက်တာ ကြားလိုက်ရတယ် လူကိုအတင်းချောင်ပိတ်ပြီး အလှူခံတဲ့ကန်ထရိုက်တွေသာမရှိရင်လမ်းဘုရားတွေလဲဖူးလဲဖူး နားလဲနားလို့ရတယ် အခုက ကျောက်ထပ်ကြီးသွားတဲ့လမ်းမှာဆိုလဲ ဘုရားတွေ့ရင်မဝင်ရဲလောက်အောင်ကိုဆိုးနေတယ်။

    • ရာဇဝင်လူဆိုး

      November 5, 2012 at 5:24 pm

      နှဖူးပြောင်ရင် ကျနော်ကတော့ ကိုပေ ပဲလို့ မှတ်လိုက်ပြီ။ :mrgreen:
      ကျိုက်ထီးရိုးမှာ အလှူငွေကောက်တဲ့ အဖွဲ့တွေကတော့ ကိုသုဝေ ပြောသလိုပဲ တော်တော်ဆိုးတယ်။ စေတနာကြေးဆိုတာထက် ကန်ထရိုက်ယူထားတော့ အတင်းကြီးကို သတ်မှတ်ပြီး လှူခိုင်းနေတော့တာပဲ။ ဒါကိုတော့ တော်တော်လေးကို ရှုံ့ချတယ်။
      သာဓု ကိုပေ ရေ။ ဘောပွဲတွေ နိုင်ပါစေ။ 😛

      • မောင်ပေ

        November 5, 2012 at 7:34 pm

        ကိုသုဝေရေ… ဓါတ်ပုံတွေက ကျန်သေးတယ်ဗျို ့
        အမှန်က သည်ပို ့စ်ကို သောကြာနေ ့ကတဲက မှတ်တာပဲ ၊ တင်ထားတာ ၊ ကွန်နက်ရှင် က မမြန်လို ့၊ ဓါတ်ပုံတွေကို တစ်ရက် ၄-၅ ပုံ မနဲ စိတ်ရှည်ရှည် နဲ ့တင်ခဲ့ရတာကလား
        ကျိုက်ထီးရိုးအခြေ နဲ ့၊ တစ်ခြားတောင်တွေက နတ်နန်းတွေ ၊ နောက်ပြီး ခြေလျင်လမ်းမှာ လဲ ရှိဦးမယ် ထင်တယ်
        အဲဒီတွေရှေ ့က ဖြတ်ရင် ၊ ကိုသုဝေပြောသလိုပဲ … ဇွတ်အတင်းဝင်ကန်တော့ခိုင်းတာ
        မောင်ပေ တို ့အဖွဲ ့ထဲမှာ တစ်နှစ်ကို ၂ခေါက်လောက် သွားနေကြ တစ်ယောက်ပါတော့ ၊ သူက ကြို ရှင်းပြထားလို ့
        နတ်နန်းတွေရှေ ့က ဖြတ်ရင် ခပ်တည်တည်နဲ ့ဂရုမစိုက်ဖြစ်ခဲ့ဘူးဗျို ့

  • aye.kk

    November 5, 2012 at 4:15 pm

    ွဘုရားဖူးရတာကျေးဇူးနော်။

  • ယခုလို ..
    ဘုရားဖူးခွင့် ရစေတဲ့ အတွက် ..
    ရောင်းရင်းကြီးအား သာဓု .. သာဓု .. သာဓု ပါဗျား …
    ” ၃၁ရက်နေ ့မနက် အဝေးမှ ဖူးမျှော်ရစဉ် ” ဆိုတဲ့ ပုံလေးကတော့ ..
    တကယ်ကို ရိုက်ချက် ကောင်းလှပါသဗျား ..

  • myanmarcitizen

    November 5, 2012 at 4:32 pm

    မရောက်ဖြစ်တာ ၃ နှစ်ရှိပြီဖြစ်တဲ့ ဘုရားကိုဘူးမျော်ခွင့်ရလို့ကျေးဇူးပါဗျာ

  • uncle gyi

    November 5, 2012 at 4:57 pm

    အတက်အဆင်းကားများလူတင်ကြတာ
    ငါးသေတ္တာထဲငါးစီထားသလိုမနေဖူးလားကိုပေ
    နောက်ကားစီးရတာကောလိုလာကိုစတာစီးရတာနဲ့ဘယ့်နယ့်နေသတုန်း

  • Hnin Hnin

    November 5, 2012 at 5:10 pm

    အရပ်အရှည်ဆုံး၊အကျႌကျပ်ကျပ်လေး(ဘူ့အကျႌယူဝတ်ထားလည်းမသိ :mrgreen:)
    ဝတ်ထားတာ ကိုပေပဲဖြစ်မယ်လို့ အစ်ကိုပိန်ရှည်နဲ့တစ်ပုံစံထဲတူလို့လေ…
    မီးဆလိုက်တွေမြင်တော့ မေမေ့တောင် အောက်မေ့သွားတယ်…
    ကျိုက်ထီးရိုး မဖူးရတာ ၅နှစ်ရှိပြီ..ကိုယ်တိုင်ကိုယ်ကျဖူးလိုက်ရသလိုပဲမို့ ကျေးဇူးပါ…

    ကျီးကန်းပါးစပ်နားက နတ်နန်းက သွားတိုင်း ဝင်ကန်တော့ခိုင်းတယ်..
    မကန်တော့ဘူး..အမျိုးတွေတော့ အားနာလို့ဝင်ကန်တော့ကြတယ်..

    အတွင်းကျီးကန်းပါးစပ်လိုဏ်ဂူတော်ထဲလည်း သဒ္ဓါသလောက်မဟုတ်ဘဲ လှူမယ်
    သိတာနဲ့သတ်မှတ်ချက်ကြီးနဲ့လှူဖို့ဆွယ်တော့တာ….၁၀၀၀၊၂၀၀ဝ လှူမယ်ဆို…
    ၃၀၀ဝ လှူခိုင်းတာမျိုးပေါ့…၃၀၀ဝလှူရင် ဒီထက့်တိုးပြီး ဆက်လှူအောင်ပြောပြန်
    ရော…တစ်ခါ၊နှစ်ခါ မကဘူး…ရောက်ဖူးတဲ့သူ သိမှာပါ…..
    ကျီးကန်းပါးစပ်ဂူထဲကဘုရားတွေက သပ္ပာယ်ဖို့ကောင်းပေမယ့် ဂူပေါက်ကဝင်ရတာ
    ကျဉ်းကျဉ်းကျပ်ကျပ်၊ တစ်ခြမ်းစောင်းလျှောဝင်ရပြီး ဂူထဲ အသက်ရှုမဝ၊မွန်းတဲ့လူလည်း
    ရှိတာမို့….အမြန်ဆုံးလှူပြီး မြန်မြန် ပြန်ထွက်သင့်တယ်…သိပ်ဝတဲ့လူတွေတော့၊
    ဝင်ဖူးပြီးရင်တော့ (ထပ်)မဝင်သင့်ဘူးထင်တယ်…အချို့လည်းဂူပေါက်ကျဉ်းကျဉ်းကို ကုသိုလ်စိတ်ကြောင့်ထင်ရဲ့..၀ဝနဲ့မရမက ဝင်ကြပါတယ်..

    ရင်ပြင်တော်ပေါ် နတ်နန်းမှာလည်း ၂၀၀ရ တုန်းက အဲ့လိုပဲ နတ်နန်းထဲ အတင်း
    ဝင်ဖူးခိုင်းပြီး ဘုရားကြီးပြုပြင်ရေးအတွက်ဆိုပြီး ၄သောင်းကနေ အစချီပြီး လှူရမယ်
    ဆိုတဲ့လေသံနဲ့အလှူခံတာ….၁၀၀ဝပဲ ဦးကြီးက အားနာလို့ထည့်ခဲ့တာ….
    ၂၀၀၆တုန်းက တစ်နေရာဂူထဲမှာ သူတို့ဆွယ်လို့ မိသားစုနာမည်ထိုး အုတ်ရေချမ်းစင်
    လှူခဲ့တာ..(၂သောင်းထင်) လှူပြီးထွက်လာတော့မှ အမျိုးက တစ်ခါတုန်းက သူလည်း
    သူတို့ပြောလို့ စိတ်ယိုင်သွားပြီး နောက်တစ်ခေါက်လာရင် ဒီနားမှာ ကိုယ့်မိသားစု
    နာမည်နဲ့ရေချမ်းစင်ရှိမယ်ပြောလို့ လှူလိုက်တာ နောက်တစ်ခေါက်ရောက်တော့
    မရှိပါဘူးတဲ့…အဟုတ်ကြီးမှတ်ခဲ့တော့ လှူပြီးမှ ကသိကအောင့်ဖြစ်ရတာ…
    တစ်ကယ်လည်း နောက်အခေါက် ၂၀၀ရသွားတော့ ရှာကြည့်တာ မရှိပါဘူး…

    ၂၀၀၆မှာ ဘုရားကြီးနဲ့နီးနီးကပ်ကပ်ဖူးလို့ရအောင် ရင်ပြင်တော် မြေတိုက်ခန်းမှာပဲ တည်းကြတယ်… ရေချိုးခန်း၊ကမုတ်အိမ်သာပါ၊ရေအေးပဲရ တစ်ည ၃၀၀၀….
    ခြင်တွေကလည်း တံခါးပိတ်အိပ်လည်း တစ်ဝီဝီနဲ့ ခေါင်းမြီးခြုံအိပ်တာတောင်
    ကိုက်လွန်းလို့ တစ်ညလုံးမအိပ်ခဲ့ရဘူး…
    အဲ့အခေါက်ပြီးတော့..ကျိုက်ထိုဟိုတယ်မှာပဲ ပြန်တည်းဖြစ်တော့တယ်…
    ၂၀၀ရ တုန်းကတော့ နှစ်ယောက်ခန်း တစ်ည ၃၅၀၀ဝ ပဲ….သူကတော့ ရေပူစနစ်
    လည်းရှိ နှစ်ယောက်ထဲဆိုတော့ သန့်သန့်ရှင်းရှင်း၊သက်တောင့်သက်သာ၊ဇိမ်ရှိရှိ၊
    ကျယ်ကျယ်ဝန်းဝန်းနဲ့ပတ်ဝန်းကျင်တောတောင်သဘာဝအလှတရားတွေကိုလည်း
    ခံစားလို့ရတယ်..

  • မောင်ပေ

    November 5, 2012 at 7:42 pm

    ကျုပ်ရဲ ့ပို ့စ်မှာ ဝင်ရောက် ဘုရားဖူးပြီး ကွန်မင့်များ စွန် ့ကျဲပေးတော်မူကြသော
    လေးခင်ခ
    မူတူးပေါက်ဖော်
    ဇာဇာလေး (ဟီဟိ ဂျစ်လို ့ပါကွယ်)
    မအိ (မအိကိုလဲ ဂျစ်ပါတယ်)
    ဆရာကြောင် ( တဏှာပြောင် အသာဆောင် ဂါဂါလောင် ) :kwi:
    မအိ
    ဒဗ်ဗလျူအိုဒဗ်ဗလျူ
    မမိုချို ( မှန်လိုက်တာနော်… သားက အခုမှ ၂ဝကျော်ကျော်လေးရှိသေးတာ )
    မေလေး ( နောက်တစ်ခေါက်သွားရင် မေလေးနဲ ့ပါကွယ် ဟီဟိ )
    ဘဲဥ
    ကိုပေါက်
    ကိုသုဝေ
    ကိုရာဇဝင်လူဆိုး
    အန်တီအေး
    မဟာအံစာ
    မြန်မာစီတီဇင်
    အန်ကယ်ကြီး
    နှင်းနှင်း ( နောက်ဆို နှင်း လို ့ပဲ ခေါ်မယ်ကွာ ဟီဟိ )
    ……
    တို ့နှင့်
    ဝင်ရောက် ဖတ်ရှုသွားသူအားလုံး အား ကျေးဇူးတင်ရှိပါတယ် ခင်ဗျား

      • မောင်ပေ

        November 5, 2012 at 8:24 pm

        မှန်ပါတယ်ကွယ်
        အိုင် အမ် နှာဘူး
        ယူ အာ ဂန်ဒူး

        • အိမ်း ..
          နာ ဘာဖစ်ဖစ် ..
          နင်က နာဘူးလို့ ဝန်ခံပြီးဒေါ့ ..
          နောက်ထပ် မေးရအုံးမယ် ..
          အရူးဂေါ ဟုတ်ဒလားဂွယ့် …
          :kwi:

  • candle .

    November 5, 2012 at 9:01 pm

    မဖူးရတာ ဆယ်နှစ် ကြာပြီဖြစ်လို ့သွားဖူးချင်ခဲ့ပေမဲ့ လက်တွေ ့မှာ အထမမြောက်သေးဘူး
    အဖိတ်နေ ့နဲ ့လပြည့်နေ ့ပုံတွေက အနီးကပ်မို ့ပိုပြီးကြည်ညိုမိတာကြောင့်
    အားရပါးရ လက်အုပ်ချီ ဖူးရင်း ပိုစ့်ပိုင်ရှင် ပေပေ့ ကိုကျေးဇူးတင်စွာ သာဓု ခေါ်ပါကြောင်း….

    • မောင်ပေ

      November 5, 2012 at 9:54 pm

      ကန်ဒယ်လေးကိုလဲ ပေပေ က ဂျစ်ပါမယ်ကွယ်
      ဟိုအပေါ်က ဂန်စာတုံး ကို သတိထားပါကွဲ ့
      ဟီဟိ

      • ဒီလူဂျီးဂို ယုံဘာနဲ့ ..
        ဒီလူဂျီးဂ သိဒဲ့အတိုင်းပဲ .. :mrgreen:

        အနော်ဂဒေါ့ဖြင့် အပီအပြင်ကို ဂျစ်တတ်တာဘာ ..
        အဲ .. အပီအပြင်ဆိုလို့ ဟိုလို ဟုတ်ဘူးနော် ..
        အသဲနှလုံးဂျီးနဲ့ ပြောဒါ ..
        :kwi:

        • candle .

          November 6, 2012 at 9:13 pm

          ူူုုွ:)

  • Shwe Tike Soe

    November 6, 2012 at 10:40 am

    ကိုပေလူဆိုး ရန်ကုန်ရောက်တာတောင် ဖုန်းလေး ဘာလေး မဆက်ဘူးတော့… မုန်းထာအေ……..
    ဒီက ရန်ကုန်ရောက်ရင် အသံစစ်မလို.စောင့်နေဒါ…………အဟီးးးးးးးးး

  • လင်းဝေ

    November 6, 2012 at 10:52 am

    ရွှေသင်္ဃန်းကပ်နေတဲ့ စစ်ဂျာကင်ဝတ်နဲ့ တစ်ယောက်ကို မြင်ဖူးသလိုလိုပဲ။
    ကောင်မလေးတွေ မပါတုံး ရိုက်ထားတဲ့ ပုံကို ရွေးတင်ထားတာကိုး။

    • မောင်ပေ

      November 6, 2012 at 12:57 pm

      ကိုလင်းဝေရေ
      အခုလို ကျွန်တော့်ပို ့စ်လေးကို ဝင်ကြည့်
      ကွန်မင့်ပေးခဲ့တဲ့ အတွက်
      ဝမ်းသာပီတိဖြစ်ရတယ်ဗျို ့
      ကျွန်တော် ကိုလင်းဝေကို မေ့နေခဲ့တာဗျာ
      ထပ်လာမှပဲ ဆက်သွယ်တော့မယ်ဗျား

      • အိုက်လူဂျီးက မောင်ပေ လား …
        ဒီလူက ထောင်ကောင်းကောင်း ထောင်ထောင်မောင်းမောင်းပဲ …
        ခန့်ညားတဲ့ ယောက်ျားတစ်ယောက်လို့ပြောရင်
        မမှားလောက်ဘူး ထင်ပါတယ် …

        ကိုင်း .. ကိုင်း ..
        ဒီလောက် မြှောက်ပေးပြီးရင် အလိုက်သိပေါ့ ..
        ဒါပဲ ..

  • Khaing Khaing

    November 6, 2012 at 11:40 am

    ကိုပေ … ရန်ကုန်ရောက်ပီး သတင်းလေးတောင်မပေးဘူး … သူ့ညီမနဲ့ကျတော့ ရွေးတွေ့သွားတယ် … ရိုးရိုးလေးကားဂိတ်က ပန်ပန်တို့လမ်းထိပ်မှာလည်းရှိတယ် အဲသည်မှာသာ ကားလာစီးရင် သများတို့နဲ့လည်း နီးတယ် လာတွေ့လို့ရတာပေ့ါ … ကျိုက္ကထီးရိုးသေနတ်ဝယ်ပေးရမှာစိုးလို့ သတင်းမပို့တာမှတ်လား …. ရွှေသင်္ကန်းကပ်နေတဲ့ အမျိုးကောင်းသားတွေဆိုပါလား …. အမျိုးကောင်းသမီးတွေကမွေးပေးထားလို့ အမျိုးကောင်းသားဖြစ်နေတာပေ့ါ ………. ကျိုက္ကထီးရိုးဘုရားကို သွားဖူးရတာကြောက်လို့ သူများဖူးတာကိုပဲ ကပ်ပြီး ဖူးမျှော်လိုက်ပါတယ် …….

  • မောင်ပေ

    November 6, 2012 at 1:22 pm

    ဟုတ်ကဲ့ ဝင်ရောက်ဖူးမျှော်ပြီး ၊ ကွန်မင့်များ ချီးမြှင့်ကြပါသော
    ကိုရွှေတိုက်စိုး
    ကိုလင်းဝေ
    မခိုင်
    နဲ ့
    မပု တို ့အား
    ကျေးဇူးတင်ရှိပါတယ် ခင်ဗျား

  • နှင်းဆီ ငုံ

    November 6, 2012 at 1:36 pm

    ကျိုက္ထီးရိုးကို 1999 တုန်းကပဲရောက်ဖူးတာ
    ကလေးဆိုတော့ သူများသွားဆိုသွား အိပ်ဆိုအိပ်လိုက်တာပဲ
    သေချာတောင်မမှတ်မိတော့ပါဘူး
    ခု ရန်ကုန်မှာ ရောက်နေတာ 6 နှစ်လောက်ရှိပေမယ့် တစ်ခါမှ မသွားဖြစ်ဘူး
    သူငယ်ချင်းတစ်ယောက်ကပြောတာကတော့ ကျိုက္ထီးရိုးသွားလို့ တောင်တက်ရင်း ” မောလိုက်တာ နောက်ဘယ်တော့မှ မလာတော့ဘူး” လို့ပြောမိရင် တကယ်ဘယ်တော့မှ မလာဖြစ်ဘူးလို့ ပြောတာပဲ
    သွားဖို့ ခဏ ခဏ စီစဉ်ပေမယ့် မသွားဖြစ်တာဟာ ကလေးဘဝသွားတုန်းက အဲ့လိုများပြောခဲ့မိသလားလို့ သံသယဖြစ်မိတယ်
    လောလောဆယ်တော့ ဓာတ်ပုံထဲမှာပဲ တဝကြီးဖူးလိုက်ပါတယ်
    ကျေးဇူး အများကြီးတင်ပါတယ် ကိုပေရေ..

  • candle .

    November 6, 2012 at 9:15 pm

    ဟုတ်တယ် တင်တာတစ်ခု ပေါ်တာတစ်ခု 🙁

  • အရီးခင်လတ်

    November 7, 2012 at 4:27 am

    မောင်ပေ
    ဒီလို အတည် စာရေးလဲ ဖြစ်တာဘဲ ကလား။
    ဘုရားပေါ်က အတွေ့အကြုံ၊ အပြန်ခရီး အသေးစိတ်များလဲထပ်ရေးပါဦး။
    ပုံထဲမှာမို့လား။ စိတ်ဘဲထင်လို့လား၊ ဘုရားကျောက်တုံးကြီး က အရင်ကလောက် မကွာတော့ သလိုဘဲ။
    အရင်ကဆို ဝါးချမ်းပြား လေးတောင် ထည့်ထောင်ပြထားတာ။
    ကျောက်တုံးကြီးလှုပ်အာင် တွန်းကြည့်လို့လဲ ရတယ်။
    ကျောက်တုံးကြီးလှုပ်တော့ ဝါးချမ်းပြားလေးပါ လှုပ်တာ မြင်ရတာ။
    ဘုရားဖူး ရလို့ ကျေးဇူးပါ။

    အများအပြောအရ ဆိုရင် မင်းကြည့်ရတာလဲ ဝါးချမ်းပြား လေးလိုဘဲ။
    Oppssss.
    – Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် လုံးဝ(လုံးဝ)အခွင့်မရှိ….
    😆

  • ကထူးဆန်း

    November 7, 2012 at 7:01 am

    ကိုပေတို့ ရေးထားတဲ့ ကွန်မန့်တွေ ဖတ်ကြည့်ပြီးရီနေတာနဲ့ မရေးဖြစ်ဘဲ ပြန်ထွက်ထွက်သွားမိတယ် ။
    သုံးခေါက်ရောက်ရင် သူထေး ဖြစ်တယ် ပြောလို့ ။ တစ်ခေါက်ကျန်နေတာ ကိုပေ့ ပုံတွေ ဖူးရင်ကော ဖြစ်မလား မသိဘူး ….. :hee:

  • MaMa

    November 7, 2012 at 7:30 am

    မောင်ပေ ဘယ်ကများတင်နေလို့ အဲလောက်ဓာတ်ပုံတွေ တင်နေနိုင်တာလဲ မသိ။
    ရန်ကုန်ရောက်တာတောင် အသိပေးဖော်မရဘူး။
    မန်းလေးသွားရင် ဧည့်ခံနေရမှာစိုးလို့ ကြိုပိတ်ထားတာဖြစ်မယ်။ :buu:

Leave a Reply