မြင့်မြတ်ဖြူစင် သွေးလှူရှင်အသင်း၏ ၂၁ ကြိမ်မြောက် ဥပပါရမီသွေးလှူဒါန်းပွဲနှိုးဆော်လွှာ

ဦးကောက်November 2, 20121min1085

ခပ်သိမ်းကုန်သော သူတော်ကောင်းအပေါင်းတို့သည် မိမိတို ့၏ စည်းစိမ်ဥစ္စာကိုလည်းကောင်း၊ မိမိတို ့၏ အသွေး၊ အသား၊ ခြေ၊ လက်အင်္ဂါ အသက် အစရှိသည်တို့ကိုလည်းကောင်း လှူဒါန်းကြရာတွင် လက်မရွံ့နောက်မတွန့်ပဲ စွန့်လွှတ်ကြသူချည်းသာဖြစ်သည်။ စွန့်လွှတ်လိုသူတို့အတွက် စွန့်လှူရန် ပစွည်းများ အများအပြားပင်။ စွန့်လွှတ်ရန်အတွက်လည်း အင်မတန်လွယ်ကူကြသူချည်းပင်ဖြစ်သည်။

 

 

ထို ့ကြောင့်လည်း နိဗွာန်ဟူသောငြိမ်းအေးရာသည် ထိုသူတို အဖို့လွယ်ကူစွာပင် ရရှိကြစမြဲပင်ဖြစ်ချေသည်။ မစွန့်လွှတ်လိုသူများအဖို့ စွန့်လှူရန် ပစွည်းရှားပါးနေတတ်သည်။

 

 

 

ထို ့အပြင်လိုချင်စရာများ လောကအလယ်များပြားနေပြန်သည်။အလိုလောဘတို ့တနင့်တပိုးဖြစ်နေတတ်ပါသည်။ စွန့်လွှတ်ရန် ခက်ခဲသူတို.အတွက် နိဗွာန်ဟူသော ငြိမ်းအေးရာသည်လည်း ရရှိဖို့ရန် ထိုသူတို.အတွက် ခက်ခဲသောအရာတစ်ခုပင် ဖြစ်ချေတော့သည်။ ယခုအခါတွင် ဆရာတော် ဓမ္မဒူတအရှင်ဆေကိန္ဒ ဦးဆောင်သော မြင့်မြတ်ဖြူစင် သွေးလှူရှင် အသင်းသည် ရန်ကုန်ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်တွင် ၁ဝ . ၁၁ .၂၀၁၂ (စနေနေ့) တွင်စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ ပြုလုပ်ကြပါမည် ။ ပါဝင်လှူဒါန်းလိုသူ သဒ္ဓါကြည်လင် စေတနာရှင်အပေါင်းတို့အနေဖြင့် မိမိတို.စွမ်းအားရှိသမျှ ဒါနဥပပါရမီ ဖြည့်ဆည်းနိုင်ကြပါစေခြင်း အလို.ငှာ ရန်ကုန်ဆေးရုံကြီးအမျိုးသားသွေးလှူဘဏ်တွင် ၁ဝ . ၁၁ .၂၀၁၂ (စနေနေ့)၌ သွားရောက်၍ လှူဒါန်းနိုင်ကြပါကြောင်း သတင်းကောင်းပါလိုက်ရပါသည်ခင်ဗျား။

 

 

သင့်သွေးတစက်…ကုသိုလ်ဖက်

 

မြင့်မြတ်ဖြူစင်…သွေးလှူရှင်

 

ပြုံးပန်းပွင့်လန်း…သွေးလှူဒါန်း

 

ထူးကဲပါရမီရှင်…ဖြစ်စေချင်

 

မောင်မယ်တို့အစွမ်း…ညီစေကြောင်း

 

သွေးလှူပွဲက… သက်သေတည်

 

5 comments

  • ရွှေ ကြည်

    November 2, 2012 at 2:07 pm

    အလှူခံရထားတဲ့သွေးတွေကို လူနာတွေကပိုက်ဆံပေးပြီးဝယ်ရတာလားဟင်
    မသိလို့မေးတာပါ တကယ်ကြီး
    ဘာလို့လဲဆိုတော့ သွေးလိုလို့ဆိုပြီး အသည်းအသန်ရှာနေရတာတွေတွေ့နေရကြုံနေရလို့..။
    ကိုယ်တိုင်ကတော့ ယဲ့ယဲ့မို့ သွေးလှူချင်ပေမယ့် အသည်းအသန်လိုနေသူတွေ့မှာလှူဖြစ်တော့မှာပါ။

    • ရွာသူ jujuma .

      November 3, 2012 at 4:05 pm

      အလှူခံရထားတဲ့သွေးတွေကို ထိန်းသိမ်းရတဲ့အတွက် ထိန်းသိမ်းစောင့်ရှောက်ခဆိုပြီး တောင်းခံခြင်းဖြစ်ပါသတဲ့ ..
      ဝန်ထမ်းတွေ များသွားလို့ ထိန်းသိမ်းခတွေလဲ များသွားလေသလားတော့ မသိ … :harr:

  • candle .

    November 2, 2012 at 8:21 pm

    အထက်က မေးထားသလိုဘဲ အဲဒီသွေးတွေက ဘယ်အချိန်မှာ ထုတ်သုံးတာလဲ….
    ဘာလို ့လဲဆိုတော့ သိပ်မကြာသေးခင်က….
    သူငယ်ချင်း တစ်ယောက်ရဲ ့အမေ သွေးအချိန်မှီ မရလို ့တဲ့ ( အပူတပြင်းရှာခဲ့ကြပေမဲ့ ) ရန်ကုန်ဆေးရုံကြီးမှာဆုံးပါးခဲ့ရတယ်….
    ဘာ့ကြောင့် မရတာလဲ ဟင်….

  • မမလေး

    November 3, 2012 at 4:33 am

    သွေးတော့ လှူချင်ပါတယ် … လှူလည်းလှူဖူးချင်တယ် … တစ်ခါမှမလှူဖူးဘူး …မလှူဖူးဘူးဆိုလည်း … သွေးဖောက်ရမှာကိုကြောက်လို့ နေမကောင်းရင်တောင် ဘယ်လောက်ဖျားဖျားဆေးမထိုးဘူး … ကြောက်လို့ … သွေးဖောက်တာနာလားဟင်

  • kai

    November 3, 2012 at 4:51 am

    “ငါ့လက်ကလွတ် ဗြွတ်.. ” အလှူမလုပ်ကြတော့ပဲ..ဘာလဲ..ဘယ.်လဲ.. မေးမြန်းစုံစမ်းလာတာလေးတွေ.. နှစ်သက်မိတယ်..
    ကိုယ့်ကိုယ်တိုင်ကိုလည်း.. အင်အားနဲ့နိုင်ရဲ့လား.. ချိန်ဆဆန်းစစ်သင့်ပါတယ်..။
    မတော်.. အေဘီစီ ရောဂါပိုးတွေရှိနေ.. ဘယ်နှယ်လုပ်မလည်း…။

    တိုင်းပြည်တိုးတက်ဖို့.. အလင်းရောင်စပဲ..
    သာဓုဗျာ..။

Leave a Reply