Broken Family တဲ့….
အင်မတန်ဇတ်နာစရာကောင်းတာပေါ့
ဦးသုခရဲ့ “ဂုဏ်ရည်မတူ” ကို မျက်ရည်ပေါက်ပေါက်ကျရင်း
ချိုတကူးတစ်ယောက်
ဆူးတောင်တွေအပြည့်ပေါက်လာခဲ့….
ဘ၀ကြောင့်လား..
ပတ်ဝန်းကျင်ကြောင့်လား..
တောက်ကျင့်တန်တဲ့ ကိုယ်ပိုင် gene ပဲလား…
အော်ကြော့လန် တစ်ရွာလုံးနဲ့တစ်ယောက်ပေါ့…
အမေမေတ္တာဘွဲ့တွေကို မခံစားတတ်တဲ့
ငါလားဟဲ့ အဇာတသတ်….
ဦးသာဓုရဲ့ အတာကို ရယ်တာပေါ့…
ဘာတဲ့ နို့တစ်လုံးဖိုး…
ဘာတဲ့ မိခင်ခြေဖ၀ါးအောက်က Nirvana
မသင်ဘူးတဲ့စာတွေ လာမမေးကြပါနဲ့
တကယ်မသိလို့ပါ…
ဆုံးရှုံးရတာတွေများလွန်းလို့
ကိုယ်ဘာပိုင်ဆိုင်မှန်းတောင်မသိတော့တာ…
တရားစခန်းဝင်စရာမလို
‘ငါ’ ဆိုတာဘာမှန်း ‘ငါ’ မသိတော့တာ…
ကိုယ့်အကြောင်းနဲ့ကိုယ်ပေါ့…
Civilization တွေ Society တွေ….
လူရာမ၀င်ဘူးဆိုချင်ဆို..
ဝေးလေကောင်းလေပေါ့…
ဘာကိုလိုချင်ရမှန်းမသိတော့တဲ့..
ထုံပေပေခံစားချက်တစ်ခုနဲ့…
ကိုယ်ချင်းစာတယ်လို့မပြောကြပါနဲ့….
သနားတယ်လို့ပြောမဲ့အစား…
မုန်းစရာကောင်းတယ်ဆို…
ငါ့ကိုဂုဏ်ပြုတာပါပဲ။ ။

About Wow

has written 62 post in this Website..