မုန်းစရာကောင်းတဲ့ Wow

WowNovember 2, 20121min24846

Broken Family တဲ့….
အင်မတန်ဇတ်နာစရာကောင်းတာပေါ့
ဦးသုခရဲ့ “ဂုဏ်ရည်မတူ” ကို မျက်ရည်ပေါက်ပေါက်ကျရင်း
ချိုတကူးတစ်ယောက်
ဆူးတောင်တွေအပြည့်ပေါက်လာခဲ့….
ဘဝကြောင့်လား..
ပတ်ဝန်းကျင်ကြောင့်လား..
တောက်ကျင့်တန်တဲ့ ကိုယ်ပိုင် gene ပဲလား…
အော်ကြော့လန် တစ်ရွာလုံးနဲ့တစ်ယောက်ပေါ့…
အမေမေတ္တာဘွဲ့တွေကို မခံစားတတ်တဲ့
ငါလားဟဲ့ အဇာတသတ်….
ဦးသာဓုရဲ့ အတာကို ရယ်တာပေါ့…
ဘာတဲ့ နို့တစ်လုံးဖိုး…
ဘာတဲ့ မိခင်ခြေဖဝါးအောက်က Nirvana
မသင်ဘူးတဲ့စာတွေ လာမမေးကြပါနဲ့
တကယ်မသိလို့ပါ…
ဆုံးရှုုံးရတာတွေများလွန်းလို့
ကိုယ်ဘာပိုင်ဆိုင်မှန်းတောင်မသိတော့တာ…
တရားစခန်းဝင်စရာမလို
‘ငါ’ ဆိုတာဘာမှန်း ‘ငါ’ မသိတော့တာ…
ကိုယ့်အကြောင်းနဲ့ကိုယ်ပေါ့…
Civilization တွေ Society တွေ….
လူရာမဝင်ဘူးဆိုချင်ဆို..
ဝေးလေကောင်းလေပေါ့…
ဘာကိုလိုချင်ရမှန်းမသိတော့တဲ့..
ထုံပေပေခံစားချက်တစ်ခုနဲ့…
ကိုယ်ချင်းစာတယ်လို့မပြောကြပါနဲ့….
သနားတယ်လို့ပြောမဲ့အစား…
မုန်းစရာကောင်းတယ်ဆို…
ငါ့ကိုဂုဏ်ပြုတာပါပဲ။ ။

46 comments

  • မောင်ပေ

    November 2, 2012 at 1:47 pm

    “ကဗျာ ကဗျာလိုပဲဖတ်ဖို့ ” ဆိုလို ့
    ကျဗာလိုပဲ ဖတ်သွားပါတယ်

  • Wow

    November 2, 2012 at 1:54 pm

    ကပေ… ကဗျာလိုဖတ်ပါချို.. ဘာလို့ ကျဗာလို ဖတ်သွားဒါလဲ :byae:

  • Khaing Zar Win

    November 2, 2012 at 1:55 pm

    သနားတယ်လို့လဲမပြောဘူး။
    မုန်းတယ်လို့လည်း ပြောချင်ဘူး။ :mrgreen:

    • Wow

      November 2, 2012 at 2:02 pm

      မသိမသာလေးနေလိုက်ပေါ့ ခိုင်ဇာရယ်နော်… :hee:

  • Khaing Khaing

    November 2, 2012 at 1:57 pm

    ဖတ်သွားပါတယ် ……. ကဗျာတွေက ဆိုလိုရင်းလေးနက်လို့ ကော်မန့်မှာ ထွေထွေထူးထူးမပြောတော့ပါဘူး …

    • Wow

      November 2, 2012 at 2:03 pm

      ဟီး… ဘောပင်အတုတ်ကြီးနဲ့ မင်အနက်ရောင်သုံးလိုက်မိလို့ လေးနက်သွားဒယ် ခိုင်ခိုင်ရယ် :harr:

  • ရွှေ ကြည်

    November 2, 2012 at 2:01 pm

    ဟိုကောင်မလေးဘယ်တွေလျှောက်သွားနေတာလဲ အခုအိမ်ပြန်လာ
    အိမ်အလုပ်တွေလုပ် တယ် ငါမပြောချင်ဘူးနော်..။
    ကြည့် ပြောလိုက်ရင် ပေတေတေကပ်တပ်တပ်နဲ့ အာခံချင်တာလား နင့်ကိုငါကျွေးထားတာနော်.. :harr:
    :harr: :harr: :harr:
    ချိတ်ချိုးနဲ့နော် ဘာရယ်မဟုတ်ဘူးနော် လျှောက်ရေးတာ..။

  • Wow

    November 2, 2012 at 2:04 pm

    သာမီးကိုရီးရား အခန်းဆက်တွေသွားကြည့်နေဒါမာမီ… :kwi:

  • မိဂီ

    November 2, 2012 at 2:15 pm

    တူတူတန်တာတွေတွေးတွေးတွက်တွက်တတ်တော့
    လူလည်လေးလို လွယ်လွယ်လုပ်လို့လားလေ
    ပူပူပန်ပန်ပြန်ပြောင်းပြောပြီးပြောပြောပြပါ
    ရေရေရောရာ ရရူရွေးရူရဲရင်
    မုန်းမေ့မယ့်မောင် မြင့်မှမြတ်မှ မျှော်မှာမှန်းမှာမို့ ….

    ဘာမှမီဟုတ်ပါဝူး
    ပျင်းလို့ တီချင်းဝင်ချိုတာပါကွီ…

    😀

    • Wow

      November 2, 2012 at 2:26 pm

      အရီးတို့ အန်းဂရီးမို်က်တို့လို လူကြီးတွေတောင် ပုတ်သင်ဥပေါ် အဲလေ(ကန်တော့ ကန်တော့)… နောက်ကြောင်းပြန်နေကြတာ… :harr:
      တတ်သလောက်မှတ်သလောက် ရေတွင်းဗြက်လေး ပေါကြည့်တာ… :kwi:

  • Ma Ei

    November 2, 2012 at 2:16 pm

    မေ့ထားရတာတွေ
    များလာတဲ့အခါ
    ကိုယ့်ကိုယ်ကိုယ်မေ့ …
    တစ်နေ့နေ့မှာ
    ငါ ဘယ်သူလဲ…
    ဘာတွေလဲလို့
    တွေ့လိမ့် နိုး နိုး ..
    တွေ့ မှာစိုး..

    • Wow

      November 2, 2012 at 2:22 pm

      ကွက်တိပဲ မအိရေ… အဲလိုပြောတတ်ချင်လိုက်တာ :hee:

  • kai

    November 2, 2012 at 2:30 pm

    အသုဘကမဌာန်းများရှုမိသလား…
    အဲလိုလုပ်ရင်.. ကိုယ့်ကိုယ်ကိုယ်.. မုန်းတတ်တယ်…

    တချို့ဆို.. သတ်သေတာတဲ့..။ :kwi:

  • Wow

    November 2, 2012 at 2:36 pm

    ဒဂျီးနော် ဒဂျီး ပွိုင့်ဒွေမပေးချင်တာနဲ့ တစ်ခါထဲ အရောက်မပို့နဲ့ :eee:

  • Mon Kit

    November 2, 2012 at 2:52 pm

    မုန်းဒယ်… မုန်းဒယ်… ဝိုးကို မုန်းဒယ်…
    ကျေနပ်ပီလား………… :hee:

    • မိဂီ

      November 2, 2012 at 2:54 pm

      အူးဂီ ဂိုတော့ မုန်းပါနဲ့ မွန်ကစ်ကလေးရယ်…
      အူးဂီ ရင်ကျိုးမာ ကွီ…

      :kwi:

      • Wow

        November 2, 2012 at 2:58 pm

        တယ်… ပွဲလန့်ဘီဆို ဖျာလာလာ နေရာဦးဘီ…
        ဒဒိထား မွန်ကစ်ရေ … :harr:

  • jullies cezer

    November 2, 2012 at 3:59 pm

    wow ရေ အားပေးသွားပါတယ် ခေတ်ဟောင်းရုပ်ရှင်တွေကြိုက်တယ်ထင်တယ် ……

    • Wow

      November 2, 2012 at 4:14 pm

      ကြားဘူးနားဝလေးဒွေပါကွယ် :kwi:

  • MaMa

    November 2, 2012 at 4:46 pm

    ဝိုးးးးးးးးးးးးး
    (အာမေဋိတ်သံနှင့် နစ်နိမ်းကို ဝါးချခြင်း)
    မုန်းစရာကောင်းတယ်လို့ ပြောတာလေးကိုက ချစ်စရာလေး ဖြစ်သွားတယ်။

    • Wow

      November 2, 2012 at 5:02 pm

      ဂယ်လား မွ :528:

  • etone

    November 2, 2012 at 4:51 pm

    မုန်းစရာကောင်းတယ် ဆိုလို့ လာကြည့်တာ …….
    တဂယ်လည်း ဟုတ်ဘူး ……. လူဇိုး … ခေါင်းစဉ် လှလှတပ်ပြီး …. ညာခေါ်တယ် … ခွိခွိ ။

    • Wow

      November 2, 2012 at 5:01 pm

      ဟီးဟီး ခေတ်မကောင်းတော့ ဒီလိုပဲ လုပ်ကိုင်စားသောက်ရတာပေါ့ :harr:

  • စိန်ဗိုက်ဗိုက်

    November 2, 2012 at 7:37 pm

    မုန်းလက်စ မေ့လက်စနဲ ့ တစ်လက်စတည်း ဘီအီးအကြွေးပါ မေ့ပေးပါနော်

    • Wow

      November 5, 2012 at 9:49 am

      ကဗိုက်ဆီက ဘီအီးအကြွေးရမှာ နာလဲ အကြွေးဆပ်စရာလေးတွေလိုက်ဆပ်ရမှာ…
      ဒါတော့မေ့လို့ဖြစ်ဝူး :kwi:

  • candle .

    November 2, 2012 at 8:33 pm

    မုန်းစရာရှိတာ မုန်း မုန်း….
    မုန်းပြီးတော့ပြန်ချစ်နော်…. အဒူ ့တချင်းလဲတိဝူးနော် 🙂

  • Mr. MarGa

    November 2, 2012 at 8:47 pm

    ဝင်ရောက်ခံစားသွားပါ၏
    :hee:

    • Wow

      November 5, 2012 at 9:53 am

      ဖတ်သွားတဲ့အတွက် ကျေးဇူးပါ ဖရောင်းတိုင်နဲ့ Mr.Marga :hee:

  • ကိုခင်ခ

    November 2, 2012 at 9:06 pm

    အမုန်းဆိုလို့ ဝင်ကာဖတ်တော့
    မ မုန်းဘဲနဲ့
    ပြုံးမိသွားတယ်
    Wow ရယ်။

    • Wow

      November 5, 2012 at 9:55 am

      သများခံစားချက်တွေကို မစာမနာပြုံးသွားဒယ်ဆိုဒဲ့ ရက်စက်သူဂျီး :harr:

    • Wow

      November 5, 2012 at 9:56 am

      ဂုဏ်ပြုထှာပေါ့လေ… ဟုတ်စ :hee:

  • အရီးခင်လတ်

    November 2, 2012 at 11:24 pm

    အရီးကတော့ လုံမ Wow ကို ချစ်မှချစ်။ :528:

    • Wow

      November 5, 2012 at 10:02 am

      စနေ၊တနင်္ဂနွေ အင်တာနက်မဝင်ဖြစ်လို့ မန့်တာတွေဝင်နေတာမသိလိုက်ဘူး…
      အရီးက ချစ်တယ်ဆိုတော့ ဟီး… ဝမ်းသာလို့ ဘယ်လိုနေရမှန်းတောင် သိဒေါ့ဝူး :528:

  • မမလေး

    November 3, 2012 at 4:16 am

    ဂုဏ်ပြုချင်ပါတယ် … ဒါပေမယ့် မုန်းတယ်လို့ မပြောရက်ဘူး …

    • Wow

      November 5, 2012 at 10:08 am

      ရဲရဲဂျီးပြောလိုက်စမ်းဘာာာာ… မုန်းဒယ်လို့ :harr:

  • ဦးကြောင်ကြီး

    November 3, 2012 at 10:03 am

    ဝိုးဂလေးကို ဦးကြောင် မုန်းဗူး….။ အားဂျီးခြစ်ချင်တယ်တယ်….

    • Wow

      November 5, 2012 at 10:11 am

      ကြောင်ခြစ်တာဒေါ့ မခံဘာရဇေနဲ့ :kwi:

  • kyeemite

    November 3, 2012 at 10:42 am

    ဟဲ့..ကဗျာလေးက
    မိုက်တယ်
    မလိမ္မာဘူး….ဟိ
    ကဗျာရေးရင်း ဘဲ့နှာကြောင့် အန်းဂရီးမို်က်ကိုဆွဲထည့်နေတာလဲ..
    သွား သွား သွား သွား
    အားလုံးဂို….
    မုန်း…………………………………………ဒယ်။
    မီး ကိုပဲချစ်တယ်။
    :harr: :hee:

    • Wow

      November 5, 2012 at 10:12 am

      ဒီလအတွက် ရွှေဒဇိတ်ဆုရှင် ဆယ်ဗျစ်တီဆိုဒေါ့ မပါဘယ်ဖစ်မလဲ :harr:

  • ရွာသူ jujuma .

    November 3, 2012 at 1:44 pm

    ကမ္ဘာကြီးအချစ်လိုတယ်..လူတိုင်းအချစ်လိုတယ်..
    အချစ်မှာ ပြသနာဘာမှမရှိ .. အမုန်းကြောင့်ဒုက္ခရောက်နိုင်တယ် ..
    အဟိ ဘာလဲမသိ .. မုန်းဘူးအေ .. :harr:

    • Wow

      November 5, 2012 at 10:18 am

      အေးဘာအေ.. မုန်းဘူးဆိုဒေါ့လဲ ပြီးရော :kwi:

  • အလင်းဆက်

    November 3, 2012 at 8:44 pm

    မမရွှေကြည်..လို… လျှောက်ရေးကြည့်သေးတယ် ။

    ဒါပေမယ့်… တားတားက မမရွှေကြည်လို အပျိုကြီး..မဟုတ်တော့…
    အပျိုကြီးတွေ…. ဝါကျွတ်ကာလ မှာ.ပြောတဲ ့လေသံ… မပြောတတ်ဝူး…

    အဟိ ။
    စတာ ။
    :kwi:

  • မုန်းဒယ်ဂျာ …
    တအား မုန်းဒယ် ..

    ဂျစ်ဒယ်ဂျာ ..
    တအား ဂျစ်ဒယ် …..

    ဘာဒုံးဒေါ့ သိဘူး .. အဟိ ..

  • Wow

    November 5, 2012 at 10:19 am

    ဖတ်သွားဒါ ကျေးဇူးပါ အလက်ဆင်းနဲ့ ခြောက်မျက်နှာ :hee:

Leave a Reply