အချိန်ပိုင်းဗီလိန် (သို့) ABC

thit minNovember 2, 20121min53762

 

နိဒါန်း(သို့)နောက်ခံအကြောင်းအရာ

ဤစာသည် ယခင် ကျနော် ရေးခဲ့သော စာတမ်းငယ် “ဗီလိန်” ၏ အဆက်ဟုဆိုနိုင်ပါသည်။

သို့သော် ဤလက်ရှိစာတမ်းကိုသာ သီးသန့်ဖတ်ရှုခြင်းဖြင့်လည်း အဆင်ပြေပါကြောင်းဦးစွာပြောလိုပါသည်။

ကျနော် စာတအုပ်ကိုဖတ်မိပြီးတိုင်း တွေးတတ် တွေးလေ့ရှိပါတယ်။

အဲဒီ တွေးမိတဲ့အတွေးတွေကို ၂ ရက် ၃ရက်ကနေ တပါတ် နှစ်ပါတ်ကြာသည်အထိတွေးမိလာရင်တော့

စာရေးဖို့ စကားတွေ (တနည်းအားဖြင့် စာသားတွေ) ရင်ထဲ ရောက်လာပါတော့တယ်။

ဒီတခါဖတ်မိတဲ့ စာအုပ်ကလေးကတော့

PRIO လို့ခေါ်တဲ့ International Peace Research Institute, Oslo

ကထုတ်ဝေပြီး Johan Galtrung ဆိုသူရေးသားတဲ့

Peace by Peaceful Means (ငြိမ်းချမ်းရေးအတွက်ငြိမ်းချမ်းရေးနည်းလမ်းများ) ဆိုတဲ့စာအုပ်လေးပါ။

ဘာလို့ ပြန်ပြောချင်လောက်အောင် စိတ်ဝင်စားရလဲဆိုတာလေးကို ပြောရရင်

အဲဒီစာအုပ်ထဲမှာ

“လူတွေဟာရည်ရွယ်ချက် ပြည့်စုံအောင် နည်းလမ်း ရှာဖွေရေး ပုံစံတခုနဲ့ ဘဝတွေကိုလည်ပါတ်နေရတာပါတဲ့။

happiness (sukha)ချမ်းသာပျော်ရွှင်မှူကို ရ နိုင်သလောက်၊ ရတတ်သလောက်ရှာဖွေခြင်းနဲ့

suffering (dukkha)ဆင်းရဲခြင်း ဒုက္ခတွေ ကို အတတ်နိုင်ဆုံး ရှောင်လွှဲခြင်းဆိုတဲ့ ရည်ရွယ်ချက် ၂ ခုကို

တပြိုင်နက်တည်း လုပ်နေကြရင်း ဘဝကိုပုံဖော်နေကြပါတယ်။

အဲဒီ ၂ ချက်ကိုလုပ်နေရတာကိုက လူ့စိတ်၊ လုပ်ကိုင်ဆောင်ရွက်မှုတွေဖြစ်စေတဲ့ ဆွဲဆောင်အား

အကောင်းဆုံး အရာတွေပါ ” တဲ့။

သူ့မူရင်းထဲမှာ ရေးထားတဲ့ အဲဒီ (sukha)နဲ့ (dukkha) ဆိုတဲ့ စကား ၂လုံးက ကျနော့ စိတ်ကိုထူးခြားတဲ့

ခံစားချက်တခုရစေလိုက်တာက စပြီး ဆက်ဆက် စဉ်းစားရာကနေ ဒီစာကိုရေးဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာ အဲဒီ ၂ ခုကိုဖန်တီး ဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းတရားများကို ဆွေးနွေးပါတယ်။

 

ဒီလိုပြောထားတယ်

အငြင်းပွါးမှု

 လူ ၂ ဦးရှိရပါမယ် (သို့) ပါဝင်သူ ၂ ဦးရှိပါမယ်။ တခုတည်းသောပစ္စည်း၊ ရနိုင်ခဲသောအခွင့်အရေး

(သို့) ဂုဏ်သိက္ခာအတွက် အစရှိသဖြင့် မိမိဘက်က အနိုင်ရရေး ငြင်းခုန်မှုမျိုးပါ။ Dispute ဒစ်စပြုလို့ဆိုပါတယ်။

အကြပ်အတည်း

လူတဦးဘဲရှိပါတယ်။ မိမိတဦးတည်း ဖြစ်တာမျိုးပါ။ သဟဇာတမဖြစ်တဲ့ (သို့)တပြိုင်တည်းလုပ်ရန်

မဖြစ်နိုင်တဲ့အခြေအနေမှာ ရှေ့တိုးခက် နောက်ဆုတ်ခက်အနေအထားပါ။ (တယောက်တည်းညစ်နေတာပါ)

ဒိုင်လဲမား (Dilemma) လို့ ပြောပါတယ်။

အဲဒီ အပေါ်က အငြင်းပွါးမှု နဲ့ အကြပ်အတည်း ၂ ချက်စလုံးက ပဋိပက္ခ (Conflict ကွန်ဖလစ်)ကို ဖြစ်စေတဲ့

မျိုးစေ့တွေပါဘဲ။

အငြင်းပွါးမှု က တဘက်လူကိုရန်ပြု၊ကိုယ်ထိလက်ရောက် ဖြစ်တဲ့အဆင့်ရောက်လာရင်အဲဒါ ပဋိပက္ခ အဆင့်ပါ။

အကြပ်အတည်း ကတော့မဆိုင်တဲ့သူတွေကို ရမ်းတတ်တာမျိုးကနေ ရန်ထဖြစ်၊ထရိုက်ကြတဲ့ ပဋိပက္ခ

အဆင့်ရောက်ပါတယ်။

(သုခ)စိတ်ချမ်းသာဘို့အရေး ဦးတည်ပြီးလုပ်ပါရက်နဲ့ ရလာဒ်က(ဒုက္ခ)ဆင်းရဲခြင်းဆိုတဲ့”ပဋိပက္ခ”ဖြစ်နေတယ်လို့

ဆိုတယ်။

စဉ်းစားစရာနော်။

ဘာဖြစ်လို့ အဲဒီလိုဖြစ်နေရသလဲဆိုတော့ လူ့လောကဆိုတာ ပြဿနာတွေနဲ့ အမြဲလိုလိုရင်ဆိုင်နေရလို့ပါဘဲ။

မြန်မာလိုဆိုရင်တော့ လောကဓံတရား တွေပေါ့။

အဲဒီလို ကိုယ်မလိုချင်ဘဲဖြစ်လာရသောအခြေအနေ၊အနေအထား စတာတွေကို

“စီ” C = Contradition လို့မှတ်ပေးပါ။

အဲဒီအပေါ် ကိုယ့်ရဲ့ စိတ်ခံစားတုန့်ပြန်မှုက “အေ” ဆိုတဲ့ Attitude အက်တီကျူ့ပါ။

 မြန်မာအယူအဆအရ”မနောကံ” လို့ပြောရမှာပါ။

နောက်ဆက်တွဲ ကိုယ်ထိလက်ရောက်တုန့်ပြန်မယ်၊စကားနဲ့ဖြစ်ဖြစ်၊(မန်းဂေဇက်ဆို ကော်မန့်စာပြန်ရေးတာပေါ့)

မျိုး လုပ်တယ်ဆိုရင် အဲဒါကို “ဘီ” B= Behavior လို့ ပြောပါတယ်။

မြန်မာအယူအဆအရ ကာယကံ၊ဝစီကံ ဖြစ်ပါတယ်။

အဲဒီ  စိတ် တွေ၊အပြုအမူတွေ ဆန့်ကျင်ဘက်တွေ ဆိုတဲ့ ABC ၃ချက်က

ပဋိပက္ခဆိုတဲ့နေရာကိုရောက်အောင် အဓိက မောင်းနှင်လို့နေပါတယ်တဲ့။

အေ =Attitude သဘောထား

ဘီ=Behavior ပြုမူလုပ်ဆောင်ချက်

 စီ= Contradiction ကွဲလွဲခြားနားဆန့်ကျင်ဘက်ဖြစ်ခြင်း ပါဘဲ။

ညီမျှခြင်းလို စဉ်းစားပြီး ပြောရရင်

(အေ=သဘောထား)+ (ဘီ=ပြုမူလုပ်ဆောင်ချက်) +(စီ=ကွဲလွဲခြားနားဆန့်ကျင်ဘက်ဖြစ်ခြင်း) = ပဋိပက္ခ ပါ။

သူ့ အထဲက အေ ဘဲ ဖြစ် ဘီ ဘဲဖြစ် စီ ဘဲဖြစ် တခု ခု က ဇီရိုး တန်ဖိုးဖြစ်မယ်ဆိုရင် ပဋိပက္ခ

မဖြစ်လာတော့ဘူးပေါ့ဗျာ။

 

ကျနော်က ဒီလိုပြောင်းပြီး  တွေးမိတယ်…

မဂ္ဂင်ရှစ်ပါးထဲက ကောင်းသောကြံစည်မှု ဆိုတာနဲ့အစားထိုးလိုက်မယ်ပေါ့ဗျာ။

ဒါဆို..သူ့ အေ က ပုံစံ ၂ မျိုး ထွက်လာတယ်။

မကောင်းသောစိတ်(ကြံစည်မှု)ဆိုရင်……Wrong Attitude(WA) ဒဗလျှူအေ (မှားသော အကြံ/စိတ်ကူး/စိတ်ထား/စိတ်ဓာတ်)

ကောင်းသောစိတ် (ကြံစည်မှု) ဆိုရင်……..Right Attitude (RA) အာရ်အေ (မှန်သောအကြံ/စိတ်ကူး/စိတ်ထား/စိတ်ဓာတ်)

ဆိုတော့ မောင်းနှင်မဲ့ A ကိုကြည့်ပြီး B က ဘယ်လို အပြုအမူ ဖြစ်မလဲ ဆိုတာကို သိသာနေပါပြီ။

ဆရာကြီး ဦးဂိုအင်ကာရဲ့ ထောင်တွင်းဝိပဿနာ ဆိုတဲ့ ဗီဒီယိုရုပ်ရှင်လေးထဲမှာ ထောင်ထဲကလူတွေနဲ့

ကျနော်တို့ရဲ့ ကွာခြားချက်က တခုတည်းပါဘဲ၊ သူတို့က သူတို့ရဲ့ စိတ်ကိုလွှတ်ပေးလိုက်တာပါတဲ့။

မကောင်းတဲ့စိတ်(ဆိုပါစို့ဒေါသ)ကနေ မောင်းလွှတ်လိုက်တာ အပြုမူဆိုတဲ့ ယာဉ် ကြီး ဟာ ကွဲလွဲခြားနား

ဆန့်ကျင်ဘက်ဖြစ်ခြင်းဆိုတဲ့ ဘူတာ ကိုဆိုက်မိတာနဲ့ပြဿနာတက်တာပါဘဲ…ဆိုရင်

အဲဒီ  A ဟာ WA (Wrong Attitude) ပါဘဲ။

အင်းဗျာ ..လောကကြီးကတော့ ဆန့်ကျင်ဘက်တွေကအမြဲရှိနေတာ။

အပြင်မှာမတွေ့ရင်တောင်ဒိုင်လဲမား(ခင်ဗျားတယောက်တည်းညစ်နေတာ) ရှိကိုရှိမှာမဟုတ်လား။

အဲဒါ အဲဒီ “အေ”  ကိုထိန်းရမှာပေါ့။

ဟုတ်ပါပြီ။ ကိုယ်ကအလုပ်ရှင်ဆိုရင် အလုပ်သမားစိတ်ထားကောင်းမှ လိုချင်တာ။

ကိုယ့်ဘဝရဲ့ လုပ်ငန်းဆောင်တာတွေမှာတော့ ကိုယ် ကိုတိုင်ကအလုပ်သမားနော်။ သတိထားမိလား။

စိတ်ထားကောင်းဘို့ လိုမလို?

ခက်တယ်နော်။ပြောတော့သာလွယ်တာ အမြဲစိတ်ထားကောင်းဘို့ဆိုတာ လွယ်တာတော့မဟုတ်ဘူးဗျ။

ဗီလိန် မဖြစ်ချင်ဘူး ဆိုပေမဲ့ စားဝတ်နေရေးကဖိလို့၊လိပ်ပြာရှက်လို့ လာဘ်မစားချင်လဲ

အထက်လူကြီးလာရင်ကျွေးဘို့ရှာရလို့၊ဆိုတာတွေ အများသားလေ။ဘယ်လိုရှောင်မလဲ။

“အချိန်ပိုင်း ဗီလိန်” လုပ်ဗျာ။ အဲ ငါ ဒီအချိန်မှာ ဗီလိန် ဖြစ်နေပြီလို့တော့ သိထားပေး။

ပြီးတော့ “အချိန်ပိုင်း စိတ်ကောင်းထားသူ” လုပ်ဗျာ။

အချိန်ပိုင်း စိတ်ကောင်းထားသူ အချိန် များ တယ်ဆို ရင် ခင်ဗျား မဆိုးဘူးပေါ့ဗျာ။

သူ့ဖက်ကကြည့်တော့ သစ္စာဖောက် ဒို့ဘက်ကကြည့်တော့သူရဲကောင်းဆိုတာမျိုးပေါ့ဗျာ။

အနည်းဆုံး တဘက်ဘက်ကိုကောင်းတဲ့ ဗီလိန်ဖြစ်တာမျိုး ပေါ့။

သမင်ငယ်ကို ရက်စက်စွာကိုက်ခဲသတ်ဖြတ်ရတဲ့ ကျား ဟာ သူ့သားသမီးတွေကိုချစ်တဲ့ ချစ်ခြင်းမေတ္တာ

အစာကျွေးချင်လို့ဆိုတာမျိုးပေါ့ဗျာ။

အဲဒီတော့ မတတ်သာတော့လဲ “အချိန်ပိုင်း” ပေါ့။အဲ ပါမစ်နဲန့်ဗီလိန်တော့ မဖြစ်စေနဲ့ပေါ့ဗျာ။

နောက်တော့ ဗီလိန်သရုပ်ဆောင်ချိန်ကို တတ်နိုင်သမျှလျှော့။ စိတ်ကောင်းထားသူကို အချိန်တိုးရမှာပေါ့။

ဒါဆို တဖြည်းဖြည်းနဲ့ ကောင်းလာမှာပါ။

အရေးကြီးတာက ကိုယ်လုပ်နေတာကိုယ်သိနေရမှာပေါ့ဗျာ။

ကောင်းပြီ။

မှန်သောစိတ်ထားဆိုတာ စိတ်ကောင်းရှိရုံမကဘူးဗျနော်။

အမှန်အမှားဆင်ခြင်နိုင်စွမ်းရှိရမှာ ဗျို့။ အဲဒါက အဓိကအကျဆုံး ဗျ။ မမေ့ပါနဲ့။

ငါက စိတ်ကောင်းထားတဲ့ကြားက လုပ်သွားတာ ဆိုတာက (လုပ်သွားမဲ့သူမှန်း)မဆင်ခြင်နိုင်တဲ့

အက်တီကျူ့(စိတ်ထား) မရှိသေးလို့ပါဘဲ။

ပြောရရင်ကောင်းသောစိတ်ထား+ဆင်ခြင်တုံတရား ပေါင်းမှ RA (မှန်သောစိတ်ထား)

ဖြစ်တယ်ဆိုတာပါဘဲ။

ဝိဇ္ဇာ စရဏ လို့ဆိုရမှာပါ။

ဝိဇ္ဇာ= ပညာဉာဏ် ( တခုသောအသက်မွေးမှုအတတ်ပညာအပြင် ဆင်ခြင်တုံတရားရှိခြင်းပါ)

 နဲ့

စရဏ= ကိုယ်ကျင့်တရားကောင်းရမှာပါ။

အဲဒါ လောကီချမ်းသာအတွက် သော့ချက်ပါဘဲ။

((ကျနော်ပြောတဲ့ လောကီချမ်းသာဆိုတာ စိတ်ချမ်းသာရေးဦးစားပေးချမ်းသာရေးကိုဆိုလိုပါတယ်။

ရုပ်ပစ္စည်းချမ်းသာရေးကတော့ အလုပ်၊ဉာဏ်၊ဝိရီယလိုပါသေးတယ်။အလုပ်ကောင်းမှကံကောင်းတာမို့

ကံ အစားအလုပ်လို့ ကျနော်ယူဆပါတယ်။မိမိရဲ့ကောင်းသောလုပ်ရပ်အတွက် လိပ်ပြာသန့်စွာ

ကောင်းသောရလာဒ်များ ရရှိမယ်လို့ မိမိဘာသာယုံကြည်နေဖို့လိုပါတယ်။

အဲဒီဟာကိုဘဲ ကံ၊ကံ၏အကျိုးကိုယုံကြည်ခြင်းလို့ ခံယူပါတယ်။))

ဟို မကောင်းတာလုပ်စားနေတဲ့ အိမ်များချမ်းသာနေလိုက်တာဗျာလို့ ပြောချင်လား။

သူတို့ရဲ့ လမ်းဆုံးမှာ (အပေါ်ကညီမျှခြင်းအရ) ဆင်းရဲခြင်းနော်။

အဲဒီလို (စိတ်ထား)အက်တီကျူ့မှန်သွားရင် လုပ်တာတွေမှန်မယ် ဆိုတော့ ဆန့်ကျင်ဘက်တွေ့ရင်လဲ

စိတ်ထားကောင်းနဲ့ ခွင့်လွှတ်နားလည်ပေးတတ်ပြီပေါ့။

 

နိဂုံး

ကျနော်တို့ လူ့ဘဝမှာ ကိုယ်နဲ့စိတ်ထားတိုက်ဆိုင်သူဆိုတာအမြဲရှိမနေနိုင်ဘူး မဟုတ်လား။

ကိုယ်နဲ့မတူကိုယ့်ရန်သူဆိုရင် အားလုံး ရန်ဖြစ်နေတာနဲ့ ဘဝတိုးတက်ရေးဘယ်မှာရှိပါတော့မလဲဗျာ။

အဲဒီဟာကို ပဋိက္ခလို့ ဆိုလိုတာနော်။ အီကွေးရှင်း ချိန်းမယ်ဗျာ။

( Contradition ကိုအစားထိုးပြီး Cooperationပူးပေါင်းခြင်း ကိုထဲ့ကြည့်လိုက်တယ်)

(အေ=မှန်သောစိတ်ထား)+(ဘီ=ကောင်းသောအပြုမူ)+(စီ=Cooperationပူးပေါင်းခြင်း) =အောင်မြင်မှု(ချမ်းသာ/သုခ)

အေ ဘီ စီ ထဲက စီ ကို ပူးပေါင်းခြင်း(သို့)နားလည်ခွင့်လွှတ်ပေးခြင်း(သို့)ဥပက္ခာပြုခြင်းအဆင့်ရောက်ဘို့က

A ကို အနဲဆုံးတော့ -ဗီလိန်ဖြစ်ရတဲ့ ရက်လေးတွေလျှော့ရင်း အချိန်ပိုင်း သင့်တော်ကောင်းမွန်စိတ်ထားရှိသူ-

အဖြစ်ကနေ အဆင့် တက်ယူလို့ ရနိုင်ပါတယ်ဆို တာလေး တွေးဆမိ ပြီး ရေးပြလိုက်ရပါတယ်။
———————————–
လေးစားစွာဖြင့်

မောင်သစ်မင်း (^^)

 

 
Note:: ဝါသနာပါရင် အောက်ကို လိုက်စဉ်းစားကြည့်ပေါ့။လူကြီးလူကောင်းတို့သဘောပါနော်။


o Pattern (ပုံစံ ) ၈ မျိုး စဉ်းစားလို့ရတယ်ခင်ဗျ။

{ ဥပမာအနေနဲ့ ကိုယ်ရေးတဲ့ စာတပုဒ်မှာ ကိုယ့်ကိုတစုံတဦးက စော်ကားမော်ကားပြောလာရင် လို့

စဉ်းစားကြည့်ချင်လဲကြည့်ပေါ့ဗျာ။}

~~~~~~~~~~~~~~~~

ပုံစံ1.

A=0, B=0, C=0                  total non-conflict (the state of death)

(လက်တွေ့မှာမဖြစ်နိုင်တဲ့ ပုံစံပါ။)

ပြဿနာတွေအပေါ် ဘယ်လိုမှစိတ်ရောကိုယ်ပါ မခံစားမိလို့ ဘာအလိုမကျမှုမှမရှိပါဘူးတဲ့။

ဘဝတလျှောက်လုံး အနေနဲ့စဉ်းစားရင် မဖြစ်နိုင်ပါဘူး။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပုံစံ2.

A= some value, B=0, C=0

(စိတ်ကိုထိန်းထားနိုင်တဲ့အခြေနေမျိုးပါ)

ဘီ = ဇီးရိုးဆိုတာ ဘာမှကိုမပြောတာပေါ့။

စိတ်ထဲမှာတော့ခံစားမိရုံပါဘဲ။ ဒီထက်မပိုဘူးတဲ့။အေးအေးနေတတ်သူများပါဘဲ။

C=0 ….အလိုမကျမှုမဖြစ်စေဘူး ဆိုပါတော့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပုံစံ3.

A=0, B= some value, C=0

(A=0 ကြိုမစဉ်းစားထားတဲ့  တုန့်ပြန်မှု .B= some value….၊မသိစိတ်ကဖြစ်သွားတာမျိုးပါ)

 ဒါပေမဲ့အပေါ်ကလိုဘဲ …အလိုမကျမှုမဖြစ်စေဘူး ဆိုပါတော့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပုံစံ4.

A= some value, B= some value, C=0

(စိတ်ရောကိုယ်ပါ၊ပါနေပေမဲ့ပြဿနာမကြီးအောင်ထိန်းနိုင်တာမျိုးပါ)

 ဒါလဲ အပေါ်ကလိုပါဘဲ..အလိုမကျမှုမဖြစ်စေဘူး ဆိုပါတော့။

လူကြီး လူကောင်းဆန်ဆန်တုန့်ပြန်မှုမျိုးပါ။

ဘီ= တန်ဖိုးတခုခု ဆိုတာ ဒီနေရာမှာ ခပ်ထိန်းထိန်းလေးပြောတာမျိုးပါ ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပုံစံ5.

A=0, B=0 , C= some value

(ပြဿနာတွေကရှိနေပါတယ်၊ကိုယ်ကခပ်ဝေးဝေးမှာနေပါတယ်ပေါ့..စိတ်ထဲအဝင်ကိုမခံတာပါ)

 ကိုယ့်အတွက်ဆန့်ကျင်မှုတွေကတော့ ရှိနေတာမျိုးပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပုံစံ6.

A= some value, B=0, C=some value

ရှိနေတဲ့ ဆန့်ကျင်မှုတွေအပေါ် စိတ်ကသိကအောင့်ဖြစ်ရပါတယ်။

ထိန်းထားပြီး ဘာမှ မပြော၊မတုန့်ပြန်ပါဘူး။ ဘီ = ဇီးရိုးပါ။

ဒါပေမဲ့ အဇ္ဈတ္တတိုက်ပွဲပါ၊စိတ်ထဲကတော့ အကြိမ်ကြိမ် “သတ်”နေတာမျိုးပေါ့။ဖြစ်ဖူးကြမှာပါ..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပုံစံ7.

A=0, B= some value, C=some value

(သူများစိတ်နဲ့ ကိုယ့်ကိုပါတဲ့။ ခိုင်းလို့လုပ်ရတာမျိုး ..”ဟေ့ကောင်မခံနဲ့ကွဆိုတာလို”ဘေးကတိုက်တွန်းလို့

လုပ်ရတာမျိုးပါ.. )

တခါတခါကြုံဘူးကြမှာပါ။ ကိုယ့်ကို ရင့်နေ ကြောနေမှန်း ကိုယ်ကသိကိုမသိတာ။

ဘေးလူကပြောလို့ ကိုယ်ကတုန့်ပြန်မိတယ်ဆိုရင် ဒီပုံစံပေါ့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပုံစံ8.

A= some value, B=some value, C=some valu

(အပေါ်မှာကျနော်အကျယ်တဝင့်ရှင်းပြခဲ့တဲ့ လက်တွေ့လောကရဲ့ဖြစ်နေကြပုံစံပါ။)

ဆန့်ကျင်မှုတွေရှိမယ်။ စိတ်ထဲလဲ “တင်း” တယ်။ တုန့်လဲတုန့်ပြန်တယ်။

အဲဒီဟာဆိုရင် ပဋိပက္ခ ကိုဦးတည်သွားပြီပေါ့ဗျာ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အစ်မပဒုမ္မာက ကိုသစ်ရေ….ဘဝသစ်မှာ မအားမှန်းသိပေမယ့် ရွာက ဆွေမျိုးတွေအတွက် အချိန်လေးပေးပြီး ဟင်းတစ်ခွက်လောက်တော့ ယူလာပေးစေချင်ပါတယ် တဲ့။

အစ်မလတ်က  မကြာမကြာတော့ အခန့်သင့်ချိန် ပြန်လာပါတဲ့။

မပူးချ်က ကိုသစ်စာလေးပါဆိုပြီး ဂိုးရှေ့ကို တင်ပေးတယ်။

ကိုဘလက်က ကိုသစ်ရှင်းမှ ရမယ်ဆိုပြီး စလိုဒ်ထိုးတယ်။

 ဒီစာလေးနဲ့ ကြေနပ်တော်မူကြပါလို့။

62 comments

  • Green Rose

    November 2, 2012 at 6:55 pm

    ကိုသစ်မင်းရေ

    အင်မတန်တန်ဖိုးရှိတဲ့စာ၊ စဉ်းစားစရာတွေအများကြီးပါတဲ့စာပါပဲ။ ဒီဟင်းတစ်ခွက်ကတော့ လူမျိုး၊ ဘာသာမရွေး စားလို့ရမယ်ထင်ပါတယ်။
    အချိန်ပိုင်း ဗီလိန်လုပ်ဖို့ဆိုတာတော့ မလွယ်ဘူးထင်တယ်နော်။ လူဆိုတာမျိုးက ပုံမှန်တော့ သူများက ကိုယ့်ကို အကောင်းမြင်တာကို သဘောကျကြတာပါပဲ။ ဒါပေမယ့် မကောင်းတာ မလုပ်မိအောင် ထိန်းသိမ်းရတဲ့ ပင်ပန်းမှုဒဏ်ကို မခံနိုင်ကြတာပါ။ အပင်ပန်းခံပြီး ကိုယ့်စိတ်ကိုယ်ကို မထိန်းသိမ်းကြတာပါ။ Green Rose ရဲ့ ဦးလေးတစ်ယောက်က ပြောဖူးတယ်။ ကိုယ့်စိတ်ကို ကိုယ်တကူးတကကြီး ကောင်းတာတွေပဲတွေးမယ်၊ ကောင်းတာတွေပဲ လုပ်မယ်ဆိုပြီး ထိန်းသိမ်းရတာ အရမ်းခက်ပါတယ်တဲ့။ အဲလိုမလုပ်ပဲ ကိုယ်လုပ်တာတွေကို ကိုယ်သိဖို့ သတိထားကြည့်ကြည့်လိုက် ရင် အကျိုးထူးလာမှာပါတဲ့။ ဆိုလိုတာက မကောင်းတာတစ်ခုခု တွေးမိ လုပ်မိရင် ငါမကောင်းတာတွေးမိ၊ လုပ်မိပြီလို့ ကိုယ့်ဖာသာသိလိုက်ပါ၊ ကောင်းတာ တစ်ခုခု တွေးမိ၊ လုုပ်မိရင် လည်း ငါကောင်းတာတွေးမိ၊ လုပ်မိတယ်လို့ ့ ကိုယ့်ကိုယ်ကို သိလိုက်ပါတဲ့။ အဲလိုကိုယ်လုပ်လိုက်သမျှ၊ တွေးလိုက်သမျှတွေကို ကောင်း၊ ဆိုး ခွဲခြားကြည့်ရင်းနဲ့ တဖြည်းဖြည်း မကောင်းတာ တွေးမိ လုပ်မိတာတွေ လျော့နည်းသွားပါလိမ့်မယ်တဲ့။ ကိုယ့်ကိုယ်ကို ရှက်လာတာမျိုးပဲထင်ပါတယ်။
    သိသလောက်လေး share လုပ်တာပါ။

    လေးစားလျှက်

    (Green Rose)

    • thit min

      November 4, 2012 at 6:46 am

      Green Rose ရေ

      Green Rose ရဲ့

      မကောင်းတာတစ်ခုခု တွေးမိ လုပ်မိရင် ငါမကောင်းတာတွေးမိ၊ လုပ်မိပြီလို့ ကိုယ့်ဖာသာသိလိုက်ပါ၊ ကောင်းတာ တစ်ခုခု တွေးမိ၊ လုုပ်မိရင် လည်း ငါကောင်းတာတွေးမိ၊ လုပ်မိတယ်လို့ ့ ကိုယ့်ကိုယ်ကို သိလိုက်ပါတဲ့။

      ဆိုထားတာလေး

      အဲဒီသဘောတရားကိုဘဲ အချိန်ပိုင်းဗီလိန်၊ အချိန်ပိုင်းစိတ်ထားကောင်းရှိသူ လို့ဆိုလိုတာပါ။
      အမြဲတမ်းမှန်နေ ကောင်းနေဘို့ မတတ်နိုင်သေးတဲ့ “စိတ်” တွေကို “သူ့သဘောအတိုင်းမလွှတ်ထားဘဲ”
      ဆိုးတဲ့အချိန်-လျှော့ ကောင်းတဲ့အချိန်-တိုးရင်း ပြုပြင်နိုင်တယ်ဆိုတာကို ပြောပြချင်လို့ပါ။

      Green Rose ရဲ့ တန်ဖိုးရှိလှသော ကော်မန့်လေးအတွက် ကျေးဇူးပါခင်ဗျာ။

  • စိန်ဗိုက်ဗိုက်

    November 2, 2012 at 8:03 pm

    တစ်ခါတစ်လေ ပုံစံ-၁ ထဲမှာ ပါသလိုပဲဗျာ..အကုန်ဇီးယိုး ဖြစ်နေတယ်…
    တစ်ခါတလေကျပြန်တော့လဲ အေတစ်ရာဘီတစ်ရာစီတစ်ရာ ဖြစ်ပြီး ဘရိတ်ကို အုပ်လို ့မရဘူး..
    ဗီလိန် ဆိုလို ့ အိပ်တဲ့အချိန်ကလွဲလို ့ ကျန်တဲ့အချိန်လောက်ပဲ အူးဗိုက်မှာ ဗီလိန်လုပ်ဖို ့အချိန်ရှိတာပါဗျာ..ကောင်းကောပေါ့နော်..အဟိ..
    အောက်က အချက်ရှစ်ချက်တော့ လူကြီးလူဂေါင်း အူးဗိုက် မူးနေသေးလို ့ နောက်မှ သေချာလေ့လာပြီး ဘယ်အမျိုးစားထဲ ပါသလဲ သုံးသပ်ပါဦးမယ်..
    ပါဠိလို အင်္ဂလိပ်လို မြန်မာလို အစုံပလုံ ရှင်းပြပေးထားတာမို ့ ဖတ်ရတာ ဘီအီးသောက်ရသလိုပဲ ရေလည် အရသာရှိပါတယ်ခင်ဗျား..
    လေးစားလျက်
    အေတစ်ရာဘီတစ်ရာစီတစ်ရာ အူးဗိုက်- ဘီ.အီး

    • thit min

      November 4, 2012 at 7:00 am

      ညီလေးစိန်ဗိုက်ရေ
      အဲဒါ လုပ်ငန်းခွင်တခုမှာ တာဝန်တခုရှိနေတတ်တဲ့ လူငယ် တွေရဲ့ စိတ်ထားမျိုးပါဘဲ။
      တခါတရံမှာ အားလုံးကိုလေးလေးနက်နက်ကြီး စဉ်းစားတတ်ပေမဲ့၊ တခါတခါမှာတော့ ဖြစ်ချင်ရာ
      ဖြစ်ကွာ ဘာမှမစဉ်းစားဘူး လို့လုပ်တတ်ကြပါတယ်။
      ပြောရရင်အဲဒီ အီကွေးရှင်းတွေ ဟာ လူတယောက်မှာ တမျိုးထက်ပိုရှိနိုင်တာပေါ့။
      ဘယ်လိုအီကွေးရှင်းတွေရှိရင် ကိုယ်ဘယ်လိုလူဆိုတာ ကိုယ်ဟာကိုယ်သိနိုင်မယ်။
      ရလာဒ်ကိုလဲ တွေးနိုင်တယ်ကွ။ ဆက်စဉ်းစားနော်။
      ညီလေးအတွက် ဘီအီး လိုမူးစေမဲ့ ဟုမ်းဝါခ်ပေးပါတယ်။
      ခင်မင်စွာ။
      သစ်မင်း

  • ရာဇဝင်လူဆိုး

    November 2, 2012 at 9:17 pm

    သေသေချာချာဖတ်ပြီး သေသေချာချာ ကိုယ်တိုင် ပြန်သုံးသပ်နိုင်ဖို့ သေချာဖတ်၊မှတ် သွားတယ် ကိုသစ်ရေ။ အသုံးချတတ်ရင် လက်တွေ့ဘဝမှာပါ အသုံးဝင်တဲ့ ပုံစံတွေဖြစ်လို့ ။
    ဘာပဲဖြစ်ဖြစ် ကိုသစ်ကြီး ပြန်လာတာကို ကြိုဆိုတယ်ဗျာ။ :mrgreen:

    • thit min

      November 4, 2012 at 7:08 am

      ကိုရာဇဝင်လူဆိုးရေ
      ကြိုဆိုမှုအတွက်ကျေးဇူးပါဗျာ။
      လူ့စိတ်ဆိုတာ စောင့်ကြည့်လေ သိလေဗျနော်။
      တခါတခါ ဥပုသ်စောင့်မိပါတယ်။(တကဲ့ကိုတခါတရံပါ)
      ဥပုသ် စောင့်တဲ့အခါ စိတ်ကိုထိန်းထားရတယ်မဟုတ်လားဗျာ။
      အဲဒီအခါ “ရိုင်းနေတဲ့ စိတ်တွေ၊မှားနေတဲ့အတွေးတွေ၊မကောင်းတဲ့စိတ်တွေ” ပေါ်လာ
      လိုက်တာများဗျာ။
      သူများတွေဆိုဘယ်လိုဖြစ်မယ်မဆိုနိုင်ဘူး ဗျို့။
      (အကုသိုလ်တရားတွေပါလား ကြောက်စရာပါလားလို့ တွေးမယ် ထင်ပါရဲ့နော်)
      ကျနော်ကတော့အဲဒီအတွေးထက် ကိုယ်ဟာနဲ့ကိုယ် ပြုံးမိတယ်။
      ကိုယ့်ကိုကိုယ်ဟုတ်လှပြီထင်နေတယ်မလား၊ ခုကြည့် လေ ငါ တော်တော်လွဲနေတာပါလား ဆိုပြီး။
      အဖြစ်ကအဲလို။

  • MaMa

    November 2, 2012 at 10:41 pm

    မတွေ့တာ ကြာပြီဖြစ်တဲ့ ရွာ့ဆွေရွာ့မျိုးကို ပြန်တွေ့ရလို့ ဝမ်းသာအားရရှိလှပါတယ်။
    တီချာကြီးနဲ့ ဆြာသစ်တို့ရဲ့ သင်ကြားရေးတွေနဲ့ ဝေးနေတာ ကြာပြီမို့……..
    ကျောင်းပြေးအတန်းလစ်နေရာက စာမေးပွဲနီးတဲ့ကျောင်းသားလို……….
    အပြင်းအထန် ကြိုးစားဖတ်ရှု့မှတ်သားသွားပါသည်။ :hee:

    • thit min

      November 4, 2012 at 7:14 am

      မမရေ
      တွေ့ရတာဝမ်းသာပါတယ်။ကျန်းဂန်သာလို့မာပါစခင်ဗျာ။
      သင်ကြားတယ်လို့တော့မဟုတ်ပါဘူးခင်ဗျာ။
      ကျနော် တခါကပြောဘူးတဲ့ ဟော်ရီဇဲန်တယ်လဲန်းနင်း(ဘေးတိုက်ဖလှယ်သင်သူလေ့လာခြင်း)ပါ။
      ရိုးရိုးလေးပြောရရင်တော့ ရှယ် တာပါခင်ဗျာ။
      လေးစားစွာဖြင့်။

  • အရီးခင်လတ်

    November 2, 2012 at 11:20 pm

    ကိုသစ်ရေ

    အလုပ်ထဲ မှာ ကွန်ဖရန့်စ် (ကိုယ်နဲ့တော့ တိုက်ရိုက်မဆိုင်ပါဘူး 😉 ) ရှိနေတာ မို့ တစ်နေ့လုံး ရွာထဲ မဝင်နိုင်ခဲ့ဘူး။
    ညကိုလဲ ပြန်သွားရဦးမယ်။
    ပြသနာက ဘယ်လောက် အလုပ်များများ ရွာထဲ ကို မဝင်ရရင် နေလို့ မရဘူး။
    :kwi:
    အခုလဲ ဝင်လာတဲ့ ခဏမှာ မဖတ်ရတာကြာပြီ ဖြစ်တဲ့ စာလေးတွေ ကို အပြေးဖတ်သွားပါတယ်။
    အတော်လေး ဝမ်းမြောက်ဝမ်းသာလဲ ဖြစ်ရပါတယ်။
    ကိုသစ် ရဲ့ စတိုင် အတိုင်း စာကြောင်းတိုင်း မှာ မှတ်သားစရာ၊ ဆင့်ပွါး တွေးစရာတွေ အပြည့်ပါဘဲ။
    အချိန်ပိုင်း ဗီလိန် ဆိုတာလေး ကို အရမ်းသဘောကျ တယ်။
    ထပ်ဖတ်ပါဦးမယ်။
    ထပ်ပြီး ဆင့်ပွါး တွေး ပါဦးမယ်။
    မနက်ဖြန် လဲ တနေ့လုံး အလုပ်သွားရမှာမှာမို့ တနင်္ဂနွေမှာတော့ အီကွေးရှင်း တွေ ထဲမှာ ဒေတာ တွေ ထည့်ပြီး ကစားကြည့်ပြီး ဆွေးနွေးချင်ပါတယ်။

    စကားမစပ်
    ကကြောင်ကြီး တို့ရဲ့ ဗီလိန် စန္ဒီ က နွားရူးမြို့ နဲ့ အနီးတစ်ဝိုက် ကို ပြသနာလုပ်သွားရုံရင်မက ကျွန်မ တို့ အလုပ်မှာပါ လာပြီး ရှုပ်သွားပါတယ်။
    အကြောင်းက နယူးယောက်မြို့ အခြေစိုက် Live Streaming ဆာဗာ တွေ ဒေါင်းကုန်တာမို့ သူတို့နဲ့ ချိတ်ထားမိတာတွေ လဲ ဒီမှာ အလုပ်မလုပ် ဖြစ်ကုန်လို့။ 🙄

    • thit min

      November 4, 2012 at 7:22 am

      အစ်မလတ်ရေ
      ကျနော်က အစ်မစာ ကိုဖတ်ပြီး ချိန်းအက်ဖက်၊ ဒီမော်စတျေးရှင်းအက်ဖက် တွေနဲ့ တွေးနေတုန်း
      ဟိုး အောက်မှာ သူကြီးက ခဲအိုး သီအိုရီ နဲ့ကိုင်ပေါက်ထားတော့ ကျနော်မပြောလိုတော့ပါဘူး။
      သူကြီးရဲ့ “ကံ” တရားနော် ဆိုတာလေး တချက် နှစ်သက်မိလို့ ရယ် သူ့ရှင်းထားတာလေးထဲက
      ကျနော့ရဲ့ အက်တီကျူ+ ဘီဟေဗီအာ ကို
      စိတ်+ဆဒ္ဒ + ညာဏ်+ဝီရိယ နဲ့ ပုံပြန် ဖော်ပေးထားလို့ဘီစီ ပေးလိုက်ပါတယ်။
      အလုပ်ရှုပ်တာပြီးသွားရင် ဆက်ဆွေးနွေး တာလေး ဖတ်ပါရစေနော်။
      ဆက်ဆက်။
      ခင်မင်လျှက်။

  • အိမ်လွမ်းသူ

    November 2, 2012 at 11:52 pm

    မတွေရတာ ကြာပြီဖြစ်တဲ့ ကိုသစ်မင်းရေ ပြန်လာတော့လဲ တကယ်တန်ဖိုးရှိတဲ့ ပို့လေးနဲ့ ပါလား။ အားပေးသွားပါတယ် အကိုရေ ။

    • thit min

      November 4, 2012 at 7:29 am

      အိမ်လွမ်းသူရေ
      ကျေးဇူးပါနော်။
      တန်ဖိုးဆိုလို့ ဆရာဦးအောင်သင်းရဲ့
      ပကတိတန်ဖိုး (စိန်၊ရွှေ၊ရတနာ)
      အသုံးချတန်ဖိုး (သဲကနာ္တရထဲရောက်ရင် “ရေ” )
      သတ်မှတ်တန်ဖိုး (ဒါက ရီးဇားကပေးထားတဲ့ သော့ချိတ် လေး)
      ဆိုပြီး ရှိပါတယ်တဲ့။
      တန်ဖိုးထားသူရဲ့ စိတ်နဲ့ ဆိုင်တဲ့ သတ်မှတ်တန်ဖိုးအမျိုးမျိုး က လူ့ဘဝမှာနေ့စဉ်ရှိနေတတ်တာပေါ့နော်။
      ခုလို အိမ်လွမ်းသူရဲ့ သတ်မှတ်တန်ဖိုးလေးအတွက် ဝမ်းသာပါတယ်လို့။
      အိမ်လွမ်းခြင်းမှ အမြန်ကင်းဝေးပါစေဗျာ။

  • padonmar

    November 3, 2012 at 2:11 am

    ကိုသစ်ရေ
    ရွာကို သံယောဇဉ်ခဏဖြတ်မယ်ဆိုပြီးနေတာပဲ။
    အကြိုက်ဆုံးရွေးဖို့ ယနေ့ပို့စ်ကို မှီငြမ်းပြုတော့ ကိုသစ်စာလေး ထိပ်မှာတွေ့တာနဲ့ မဖတ်ပဲမနေနိုင်တော့ဘူး။
    ကိုယ့်ကိုကိုယ် ပုံစံတွေထဲထည့်ကြည့်တော့ ပုံစံ ၆ထဲ ဝင်မယ်ထင်ပါရဲ့။
    အမြဲတမ်းဗီလိန်ကနေ အချိန်ပိုင်းဗီလိန်/အချိန်ပိုင်းဗီလိန်ကနေ အမြဲတမ်းလူကောင်းဖြစ်ဖို့ ကြိုးစားပါမယ်။
    တန်ဖိုးရှိတဲ့ ဟင်းတစ်ခွက်လာပေးလို့ကျေးဇူးအကြီးကြီးတင်ပါတယ်။
    ကိုသစ် အချိန်ရရင် ကျမတို့ ဂဇက်မိသားစုတွေ ဒီဇင်ဘာ ၁၆ရက်နေ့ တွံတေးမင်္ဂလာပရဟိတကျောင်းက မိဘမဲ့ကလေးတွေအတွက် သွားလှူတဲ့အခါ ဟောပြောပွဲလေးလုပ်ကြဖို့ရည်ရွယ်ပါတယ်။
    အဲဒီအခါ မိဘမဲ့ကလေးတွေ စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် ဘယ်လို အကြောင်းအရာလေးတွေပြောပြကြရင်ကောင်းမယ်ဆိုတာ Outline လေး (အားမှပါ) ရေးပေးနိုင်ရင်တော့ ရေးပေးပါအုံးလို့(ကိုသစ်ကို ထပ်ဆွဲတာ)
    (တာဝန်ကြီးတစ်ခုလို သဘောမထားပါနဲ့နော်၊အားလပ်ချိန်လေးရမှပါ။ကိုယ်ချင်းစာပါတယ်)

    • thit min

      November 4, 2012 at 8:46 am

      အစ်မပဒုမ္မာက လူကောင်းဖြစ်အောင် ကြိုးစားရအုန်းမယ်လို့ဆိုရင်
      ကျနော်တို့လိုလူက ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူးဗျာ။အများကြီးပြုပြင်ရအုန်းမှာ။
      အစ်မရေ တတ်သိစေတနာရှိ နှလုံးသားလှပြီးသား လူတွေဖြစ်တဲ့ အစ်မတို့အဖွဲ့ရဲ့ နှုတ်ထွက်စကား
      တွေက ကလေးတွေကိုအားပေးနိုင်မယ်ဆိုတာ ယုံကြည်ပြီးသားပါ။
      ကျနော်ဆိုရင်တော
      ဉာဏ်ရည်မှီ၊ ကိုယ်လက်အင်ဂါပြည့်စုံ ပြီး
      မပူမပင် မကြောင့်မကျနဲ့ ပညာသင်ခွင့် ရနေတာ၊ကြိုးစားခွင့်ရနေတာ
      အဲဒီလိုမဟုတ်သူတွေ၊ မရနိုင်သူတွေ ထက် ထူးတဲ့ “ကံ” ပါဘဲ ဆိုတဲ့အပေါ်
      မူတည်ပြီး ပြောမိမယ်ထင်ပါရဲ့ဗျာ။
      မအားတဲ့ ကြားက ပေးတဲ့ ကော်မန့်အတွက် ကျေးဇူးပါနော်။
      လေးစားစွာ။

  • nicolus agral

    November 3, 2012 at 9:02 am

    ကျွန်တော်ကတော့ ကိုယ့်စံသတ်မှတ်ချက်ထားပြီး လူကောင်းတယောက်ဖြစ်အောင်အတက်နိုင်ဆုံးနေတယ်
    ၁)ငါးပါးသီလလုံအောင်ထိန်းတယ်
    ၂)ကိုယ်ချင်းစာတရားနဲ ့နေတယ် (ကိုယ့်ကိုသူများလာလုပ်လို ့မကြိ ုက်တဲ့အပြ ုအမူ၊အပြာအဆိုကို ကိုယ်ကလည်းသူများကိုမလုပ်ဘူး၊မပြောဘူး )
    ၃)စည်းကမ်းကိုလိုက်နာတယ် (လမ်းပေါ်မှာဆို လမ်းစည်းကမ်း ၊ အလုပ်ထဲမှာဆို အလုပ်စည်းကမ်း)

    ဒါပေမဲ့ဗျာ ၂၁ရာစု လက်ရှိမြန်မာနိုင်ငံမှာ ကျွန်တော်က ပတ်ဝန်းကျင်နဲ ့အံမဝင်ဘူးဖြစ်နေတယ်
    တချို ့ကပြောသေးတယ် ခင်ဗျားစံလွဲနေတယ်တဲ့ဗျာ
    ကြာလာတော့ အိုးရွဲ ့ကို စလောင်းရွဲ ့နဲ ့ဖုံးချင်စိတ်က တချက်တချက်ပေါက်လာတယ်
    အဲဒီအခါမျိုးဆို ကိုယ့်စိတ်ထဲမှာinternal conflictဖြစ်တယ် ၊သိပ်ပြီးစိတ်ပင်ပန်းတာပဲ ကိုယ်ကျင့်တရားကိုထိမ်းရတာ ။
    ဒါပေမဲ့ ရအောင်ထိမ်းပါတယ် ဗီလိမ်မဖြစ်အောင် ၊ ဘာပဲပြောပြော အစရှိနောက်နောင်ဆိုတာကရှိသေးတယ်မို ့လား ။
    အစမလုပ်တာပဲကောင်းပါတယ်ဗျာ။ သေရင်ကိုယ့်နောက်ဘာမှမပါဘူး ။

    • thit min

      November 4, 2012 at 8:56 am

      Bro. nicolus agral ရေ
      ကောင်းအောင် နေမယ်လို့ ဆုံးဖြတ်ပြီးရင်
      ဓမ္မပဒ လာအတိုင်း စန္ဒကူးပန်းတို့၏မွှေးရနံ့သည်လည်းကောင်း၊
      ကြံပင်၏ အချိုဓာတ်သည်လည်းကောင်း၊ ပျက်စီးစေတတ်သော အမြောက်၊ယန္တရားတို့ရှေ့
      ရောက်သော်လည်း မွှေးရနံ့နှင့်အချိုဓာတ်တို့ကို မစွန့်။
      ဆိုသလို ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် ဆက်လက်ထိန်းသိမ်းပေးပါ။
      ခုထိထိန်းသိမ်းခဲ့သမျှကိုလည်း ဝမ်းမြောက်ဝမ်းသာနုမောဒနာပြုပါတယ်ခင်ဗျား။
      လေးစားစွာ။

      • nicolus agral

        November 4, 2012 at 2:55 pm

        ကျွန်တော့်မိဘတွေကိုကျေးဇူးတင်တယ်ဗျ
        ၁)ဘာသာရေးနှင့်ကိုယ်ကျင့်တရားကိုငယ်စဉ်ကတည်းကသင်ပေးလို ့
        ၂)ကျွန်တော်ဝါသနာမပါပေမဲ့ ဆေးကျောင်းဇွတ်တက်ခိုင်းခဲ့တယ် ၊ ဆရာဝန်အလုပ်က လူပင်ပန်းစိတ်ပင်ပန်းတယ် ၊ ငွေသိပ်အများကြီးမရပေမဲ့ လူတန်းစေ့နေနိုင်ရုံတော့ သမာအာဇီဝနဲ ့ရှာလို ့ရတယ်ဗျ
        ဆရာကြီးတယောက်ကပြောဘူးတယ်….
        (လူဆိုတာကိုယ့်ကိုကိုယ် အကြည်ညိုပျက်အောင်မနေရဘူး ၊ ကိုယ့်ကိုကိုယ် မကြည်ညိုတဲ့လူရဲ ့ဘဝဟာတဖြည်းဖြည်းကိုယ့်ကိုကိုယ်ဖျက်ဆီးမိပြီး ပျက်ဆီးတတ်တယ်တဲ့)

        • thit min

          November 4, 2012 at 6:21 pm

          ဟုတ်ကဲ့ပါ။
          အဲဒါက ဘုရားဟောနဲ့ ကိုက်ညီစွာတွေ့ရလို့ ကျနော်လဲ ယုံကြည်စွာလက်ခံပါတယ်။
          မေတ္တသုတ်မှာ သက္ကောဥဇူစ၊သုဥဇူစ လို့ပါ ပါတယ်။
          သက္ကောဥဇူစ = ရိုးသားခြင်း၊ (သူတပါးတို့အပေါ်ရိုးသားခြင်း)
          သုဥဇူစ = အလွန့်အလွန်ရိုးသားခြင်း၊ (မိမိအပေါ်မိမိ ရိုးသားခြင်း)
          လို့ ဆိုတယ်လို့ မှတ်သားဘူးပါတယ်။
          ကိုယ်ကိုကိုယ်လေးစားနိုင်တယ်ဆိုတာကတော့အကောင်းဆုံးပါဘဲ။

  • kyeemite

    November 3, 2012 at 9:48 am

    (အေ=သဘောထား)+ (ဘီ=ပြုမူလုပ်ဆောင်ချက်) +(စီ=ကွဲလွဲခြားနားဆန့်ကျင်ဘက်ဖြစ်ခြင်း) = ပဋိပက္ခ

    (အေ=မှန်သောစိတ်ထား)+(ဘီ=ကောင်းသောအပြုမူ)+(စီ=Cooperationပူးပေါင်းခြင်း) =အောင်မြင်မှု(ချမ်းသာ/သုခ)

    မင်္ဂလာပါ ကိုသစ်မင်းခင်ဗျာ…စါကောင်းတစ်ပုဒ် ဖတ်ရခဲတာမို့
    ကြိုးစားရေးပြီး ရွာဝင်ပြတာ ကျေးဇူးပါဗျာ…
    အပေါ်က အနှစ်ချုပ် အီကွေးရှင်းလေးနှစ်ကြောင်းကို စွဲမှတ်သွားပါတယ်ခင်ဗျား…
    ခင်မင်စွာဖြင့်..
    အချိန်ပိုင်းဗီလိန်..
    ကြီးမိုက်။ :528:

    • thit min

      November 4, 2012 at 9:00 am

      မင်္ဂလာပါ ကိုကြီးမိုက်ရေ
      ကြီး လေ ခန့်ညားလာလေမလို့ ကြီးမိုက် လို့ ခေါ်တွင်တယ်လို့ ယူတယ်ဗျာ။
      အချိန်အားလေးရရင်တော့ ဝင်လာပါမယ်ဗျာ။
      ခုလိုနွေးထွေးစွာ ကြိုဆိုကြတဲ့ ဂေဇက်မိတ်ဆွေများကိုတွေ့ရလို့ ဝမ်းလဲသာရတယ်၊အားလဲရှိ
      ပါတယ်ခင်ဗျာ။
      ခင်မင်လျှက်။

  • Shwe Tike Soe

    November 3, 2012 at 11:07 am

    လေးလေးသစ်ရေ စာပြန်ရေးလို. ဝမ်းသာပါတယ်ခင်ဗျ…
    အခုပေးတဲ့ ဟင်းတစ်ခွက်က အမေချက်တဲ့ ဟင်းလိုပဲ အစပ်အဟတ်ကို တဲ့လို…
    ကျွန်တော်တို. ဘဝတွေမှာ A B C က လိုက်နာကျင့်သုံး ရမယ့် အချက်တွေပါပဲ….
    လေ့လာမှတ်သားသွားပါတယ်ခင်ဗျ…

    • thit min

      November 4, 2012 at 9:04 am

      ရွှေတိုက်ကအမေချက်တဲ့ ဟင်းကိုစားနေတုန်းလား။
      တကယ်မသိလို့မေးတာနော်။
      ဓာတ်ပုံလေးတွေမှာတွေ့နေလို့ အမေ့အိမ် နဲ့ ခပ်လှမ်းလှမ်းများရောက်နေသလားလို့။
      အမေက ဟင်းချက်ကောင်းတယ်လား။
      ရန်ကုန်လာရင် ဟုတ်မဟုတ် လာကြည့်မယ်လေ။
      ခင်မင်လျှက်။

  • pooch

    November 3, 2012 at 1:25 pm

    အလည်ပြန်လာတာ တွေ့လို့ ဝမ်းသာပါတယ်။ နောက်လည်း မကြာမကြာလာလည်ပါအုန်း။

    ကျမကတော့ ပုံစံ ၅ နဲ့ နည်းနည်းနီးစပ်တယ်။

    အချိန်ပိုင်း ဗီလိန်ဖြစ်ဖို့ ကြိုးစားနေဆဲပဲ ရှိပါသေးတယ်။

    • thit min

      November 4, 2012 at 9:07 am

      ကော်မန့်ပေးပုံက သူမဟုတ်သလိုဘဲ။
      ဟုတ်ပါပြီ။
      ဒီစာကိုဘဲ ၂ ခါ ပြန်ဖတ်ပေးလို့ ကျေးဇူးပါ။ မပူးချ်ရေ။
      ဒီမှာလာဆွေးနွေးဖြစ်အောင် အရောက်ပို့တဲ့ အတွက်လဲ ကျေးဇူး။ကျေးဇူး။

  • အလင်းဆက်

    November 3, 2012 at 8:05 pm

    လေးလေးသစ်…ရဲ ့စာတွေကို..
    မျှော်နေတာ ။
    အခုတော့…မျှော်လင့်နေရတာလေး… ပြည့်ပြီ။

    ဆက်လက် ရေးသားနေပါဦးခင်ဗျ ။
    ရွာကိုလည်း…အကြာကြီး..ခွဲပြီး.မနေပါနဲ ့ဗျ ။
    လေးလေးသစ်ကို..လွမ်းလို ့ပါ ။
    ———————
    ပုံစံ 6 ထဲ…မှာ..များ.ကျွန်တော်.ရှိနေမလား..။
    မသိ ။
    :buu:

    • thit min

      November 4, 2012 at 9:09 am

      ကိုအလင်းဆက်လေး
      မော်ဒန်ကဗျာလေးတွေမရေးတော့ဘူးလား။
      စာရေးအားတော့ ကောင်းနေပါပြီ။
      ကဗျာတွေလဲ ဖတ်ချင်သေးတယ်။
      ခင်မင်စွာ။

  • ဝင့်ပြုံးမြင့်

    November 4, 2012 at 1:55 am

    ရေးထားတာမြင့်တော့ သိပ်နားမလည်ပေမယ့် အချိန်ပိုင်းဗီလိန် ဆိုတဲ့ စကားလုံးလေးကိုတော့ စွဲသွားပြီရှင်။ ကိုယ်တိုင်က ခပ်ညစ်ညစ် လူသားဆိုတော့ ဒီစာလုံးလေးနဲ့ ကာကွယ်ထားမှ။ 🙂

    • thit min

      November 4, 2012 at 9:17 am

      ဆရာမဝင့်ပြုံးမြင့်ခင်ဗျား
      မြင့်တယ်ဆိုတာထက် အတွေးအခေါ်ပိုင်းတွေဆိုတော့ ရှင်းလင်းချက်အားနဲတဲ့အခါ
      ရှုပ်ထွေးသွားတာမျိုးဖြစ်မယ်ထင်ပါရဲ့။
      ဘာဘဲဖြစ်ဖြစ်
      ဆရာမနားလည်အောင်မရေးတတ်တာ ကျနော်ညံ့လို့ဖြစ်မှာပါ။
      ကြိုးစားပါအုန်းမယ်။
      ဆရာမရဲ့ စာတွေကိုဖတ်ဖြစ်ပါတယ်။
      တော်တော်လေးကောင်းပါတယ်။
      ရာဇ “သံ” ခင်းတမန်ခင်းအကြောင်းရေးထားတာ ဆိုရင် တကယ်ကို
      သမိုင်းသုတေသီ တဦးထက်မနိမ့်ပါဘူး။
      ဂေဇက်အတွက် ဆရာမလိုစာရေးကောင်းသူတွေလာရေးတာ ဝမ်းသာစရာကောင်းပါတယ်။
      ကျနော့စာကို ဝင်ရောက်ဖတ်ရှူ့၊ကော်မန့်ပေးမှုအတွက် ကျေးဇူးပါ။
      လေးစားစွာ။

  • မိဂီ

    November 4, 2012 at 2:39 am

    စိတ်ကောက်လို့ မမန့်တာဂျာ.
    တိပီလား. ကျော်တို့ကို အကြာရီးပစ်ထားတဲ့လူရီး

    မုန်းဇယာကွယ်.
    သင်ချာလေး လူထွက်လာမှ ပြန်ပစ်ထားပစ်မယ်

    ဒါဗျဲ့

    မိဂီ

    • thit min

      November 4, 2012 at 9:21 am

      ညီလေးဂီရေ
      ရပါတယ်ကွာ။
      ကိုက ခွင့်လွှတ်ထားပြီးသားပါ။
      ဘယ်လိုဘဲဖြစ်ဖြစ် အိုကေပါတယ်။
      အဆင်ပြေတဲ့အချိန် ပေးပေါ့။
      သင်ချာက သီလရှင်ထွက်ရင် ရှင်ကျားပူမှာ ရေသွားကူးအုန်းမှာလားမသိဘူးလေ။
      သူက သူကြီးသေနတ်(အဲလေ) ညီလေးဂီ နဲ့ ဘယ်လိုပါတ်သက်လို့တုန်း။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 4, 2012 at 3:00 am

    သုံးခေါက်ပြန်ဖတ်လိုက်ရဒယ် အိုင်ကျူဂ မိုင်းနက် ဇီးရိုးဖြစ်နေလို့ဘာ
    သူ့ဖာသာရေးပီး သူ့ဖာသာ ရှင်းထားတော့
    ပြောစရာမရှိတဲ့ ခေါဇာငပိ ဆိုသလိုဖြစ်နေဗျန်ရော
    ဒါပေသိ ဂေဇက်မန်ဘာပီပီ နည်းနည်းပါးပါးဝင်ဖောလ်ရရင်ဒေါ့
    The အိပ်စစ် ( ထွက်ပေါက် ) ဖေါ် ပလာဘလမ် အန် ပဋိပက္ခ
    အီးကွဲတူ
    မိမိစိတ်ကို မိမိ ကောင်းစွာစောင့်တည်ခြင်းသည် မင်္ဂလာ မည်သဒဲ့ဗျာ :mrgreen:
    ( မှန်စွာသိခြင်း ဆိုတဲ့အကြောင်းကို အခြေခံသပေါ့ )

    • thit min

      November 4, 2012 at 9:26 am

      ယောနိသောမနသီကာရ
      မျိုးအောင်ထက်
      ဟုတ်ပါဘူး။
      ကိုဂျော်နီအောင်ပုရေ
      ကောင်းလိုက်တဲ့ အီကွေးရှင်း
      ဘိုလိုရယ် မြန်းဂလစ်ရယ် ပါဠိရယ် ကို ဗျိတိရှ ဂရမ်မာနဲ့
      ရေးထားလိုက်တာ များဗျာ။
      ကိုအောင်ပု မလို့တတ်နိုင်တာပါဘဲ။
      လေးစားပါတယ်ဗျာ။

  • kai

    November 4, 2012 at 4:07 am

    ကိုသစ်ရေ..
    ဒေါ်အောင်ဆန်းစုကြည်က..အောက်ကအတိုင်းခဏခဏပြောဖူးတယ်..

    ဗမာအမြင်နဲ့ပြောရမယ်ဆိုရင် အောင်မြင်ခြင်းတရား လေးပါးပေါ့။ ဆန္ဒရှိရမယ်။ ဝီရိယရှိရမယ်။ စိတ်ဓာတ်ရှိရမယ်။ ဦးနှောက်ရှိရ မယ်။ အဲဒီအပေါ်မှာအခြေခံပြီး ဖြစ်အောင် လုပ်ရမှာပေါ့။

    တရားထဲမှာတော့.. အောက်ကစာရှိပြီး..အဲဒါကို ဒေါ်အောင်ဆန်းစုကြည်က… အဲဒါကို..ညွှန်းဆိုပြောတယ်လို့ထင်ပါတယ်..

    ဆန္ဒ ဝတော ကိ ံနာမ ကမ္မံ နသိဇ္ဈတိ …
    – – – ဆန္ဒ ထက်သန်သူအား အဘယ်အမှုသည် မပြီးမစီး ရှိမည်နည်း … ။
    ဝီရိယ ဝတော ကိ ံ နာမ ကမ္မံ နသိဇ္ဈတိ …
    – – – ဝီရိယ ထက်သန်သူအား အဘယ် အမှုသည် မပြီးမစီး ရှိမည်နည်း … ။
    စိတ္တ ဝတော ကိ ံ နာမ ကမ္မံ နသိဇ္ဈတိ …
    – – – စိတ်ဓါတ်ထက်သန်သူအား အဘယ် အမှုသည် မပြီးမစီး ရှိမည်နည်း … ။
    ပညာဝတော ကိ ံနာမ ကမ္မံ နသိဇ္ဈတိ …
    – – – အသိ ဉာဏ်ပညာ ထက်သန်သူအား အဘယ် အမှုသည် မပြီးမစီး ရှိမည်နည်း … ။

    ကိုသစ်ကတော့..မြန်မာ့. ဒဿနတွေကို.. ခေတ်နဲ့ညှိ.. သိပ္ပံနည်းကျ… ပြန်ရှင်းလင်းဖွင့်ပြတယ်လို့ သဘောပေါက်မိတယ်..
    ဒီလိုစာတွေ.. အရမ်းအရမ်းကို ကြိုဆိုပါတယ်..။
    ဒီလိုအတွေးအခေါ်တွေကသာ.. ” ရှေးစွန်းဆွဲ”နွံထဲကနေ.. အဖမြန်မာပြည်ကိုဆွဲထုတ်ပေးနိုင်မယ်… (ရိုးရိုးသားသား) မြင်မိလို့ပါပဲ…။
    =
    ကိုသစ်စာထဲ.. အပေါ်က.. အရီးလတ်မန့်တာလေးလည်း.. ပြန်စာရေးဦးမယ်..။
    အရီးလတ်ရေ…
    ကံ.. ကံရဲ့အကျိုးကို.. Chaos theory နဲ့ရှင်းပြထားတာ.. ဆက်စပ်မိသွားသလားဟင်င်င်….
    ကမ္ဘာ့လူဦးရေ… သန်း၇၀၀ဝ ဟာ.. တခုမဟုတ်တခု.. တနည်းမဟုတ်တနည်းနဲ့.. စန္ဒီမုန်တိုင်းနဲ့.. ဆက်ကို…ဆက်စပ်ကြပါလိမ့်မယ်..။
    အဲဒီကနေ.. အကျိုးအကြောင်း..ဆက်စပ်ဖြစ်ကြပါဦးမယ်..။

    တကယ်တော့ စန္ဒီနဲ့မှမဟုတ်… မြန်မာပြည်ပူတာအိုက.. ကလေးလေး.. လက်လှုပ်တာက.. နယူးယောက်က.. ကလေးလေး.. ဟတ်ချိုးချေတာနဲ့လည်း.. ဆက်စပ်နေပါလိမ့်မယ်..။
    ဒါဟာ.. လောကသစ္စာတရား…
    ..ကံတရားလို့ခေါ်ပါတယ်…။ :kwi:

    http://myanmargazette.net/153874/

    • thit min

      November 4, 2012 at 9:39 am

      သူကြီးရေ
      အများဆွေးနွေးပါဝင်မှုကို ဖြစ်စေချင်လို့ စတစ်ကီလုပ်ပေးတာကိုကျေးဇူးပါ။
      ကျနော့ ဆိုလိုရင်းကို အယ်ဒီတာပီပီ ဖမ်းမိတာကိုလည်း ကျေးဇူးပါ။
      စိတ် (မူလကားအမျိုးအစား)
      ဆန္ဒ (အင်ဂျင်ပါဝါ)
      ဝိရီယ(ကားကို စက်နှိုးပြီးမောင်းနှင်မှူ)
      ဉာဏ်(ဘယ်လို ခရီးပေါက်အောင်မောင်းရမယ်ဆိုတာသိမူ)
      ဆိုရင် ကျနော်တို့ မြန်မာပြည်မှာ
      မူလ ကား (စိတ်) တွေ ပြင်ရအုန်းမှာ ထင်ပါရဲ့ဗျာ။
      ဒီမှာ ၂သိန်း တန် လက်တော့ပ်ကို ၃ သောင်းနဲ့ ရောင်းတာ၊ ၁သိန်းခွဲတန်တီဗီကို ၂သောင်းနဲ့ ရောင်းတာ
      သိတဲ့အတိုင်း အေးအေးဆေးဆေးပါဘဲ။
      မြန်မာပြည်က “လူကြီးမင်း” က ကျပ် ၁သိန်းတန် ဖုံးကို ၅၀၀ဝ နဲ့ ရောင်းတာထက် ဝယ်သူပိုမြတ်တာပေါ့ဗျာ။
      ဒီမနက် သတင်းထဲမှာ လူကြီးမင်း ဆိုင်ကို အကြမ်းပတမ်းလုပ်တာတွေ တွေ့ရလို့ လန့်မိပါတယ်။
      အာဆီယမ် ပွဲတုန်းကလဲ မြန်မာ့စိတ်ဓာတ်ပေါ်ခဲ့ပြီ။
      ဆိုတော့ဗျာ။
      အဲဒီဟာကို သူကြီးရဲ့ ခေအိုး သီအိုရီနဲ့ စဉ်းစားကြည့်နေမိတာပါဘဲ။
      သူက တကဲ့ ခေးအိုးမှ ခေးအိုး မဟုတ်လား။

  • aye.kk

    November 4, 2012 at 6:16 am

    ကိုသစ်
    အနှစ်ရှိတဲ့စာ
    အကျိုးလဲရှိ
    အသိတည့်မတ်
    ရလာဒ်အကျိုး
    မခိုးဗီလိန်
    စိန်၏အလား
    တန်ဘိုးများလှ
    ချပြထားတာ
    ဖတ်ရှူမဝ
    ခံစားရသည်
    တမ်းတမျှော်ဆဲ
    စမ်းရေလဲထင်
    ကျေးဇူးတင်သည်
    မြဲပင်စောင့်မျှော်ဖတ်ပါရစေ။။

    • thit min

      November 4, 2012 at 9:42 am

      ဟုတ်ကဲ့ပါ အစ်မ အေးကေကေရေ
      ကဗျာလေးနဲ့ ကြိုပြီး
      အားပေးလာတဲ့ မအေးကေကေကို ကျေးဇူးတင်ပါတယ်။
      အစ်မနာမည်ကိုတွေ့လိုက်ရင်
      တာချီလိတ် ဘက်ကိုလာချင်စိတ်ဖြစ်မိတယ်။
      ကြိုးစားကြည့်အုန်းမယ်ဗျာ။
      ခင်မင်လေးစားလျှက်။

  • ဦးကြောင်ကြီး

    November 4, 2012 at 7:21 am

    ကနဦးအနေနဲ့ ပြန်လာတာ ကြိုဆိုပါတယ် ဆြာသစ်။
    မူရင်းစာမှာ အဝင် input တခုခု သုညတန်ဖိုး ဖြစ်နေမယ်ဆိုရင် အထွက် output ရှိမလာနိုင်လို့ ဆိုထားလို့ အီကွေးရှင်းကို အပေါင်းလက္ခဏာ တည်ဆောက်တာ လွဲနေတယ်ထင်တယ်။ အမြှောက်အီကွေးရှင်း ဖြစ်မှသာ ကိန်းတခုခုက သုညဖြစ်တဲ့အခါ ကျန်ကောင်တွေလည်း သုညလိုက်ဖြစ်ရမှာ…။
    ဆြာသစ် မွမ်းမံလိုက်တဲ့ အီကွေးရှင်းမှာကြတော့ အဝင်ကိန်းတခုခု သုညဖြစ်လည်း အထွက်တန်ဖိုး မမဲ့တာမို့ အပေါင်းအီကွေးရှင်း ဆိုရမယ်ထင်တယ်။
    သချာင်္ အမှတ်၄ဝနဲ့ ကပ်အောင်လာလို့ ကိန်းဂဏန်း ဂုဏ်သတ္တိတွေအကြောင်း ထဲထဲဝင်ဝင် မပြောနိုင်ပေမဲ့ multiple effect အမြှောက်ဂုဏ်သတ္တိ သိပ်အင်အားကြီးတယ်။ ပုံစံခွက်ထဲကနေ ထိုးထွက်တဲ့ ဖြစ်ရပ်တွေသည် အမြောက်အီကွေးရှင်း ဖြစ်မယ်ထင်တယ်။ ကြောင်းကျိုး စပ်ဆက်မှု လက်တွေ့သဘောမှာလည်း အပေါင်းပုံစံ ဘောင်မဝင်လို့ ယူဆတယ်။
    ပြောကြတာတော့ စိတ်ထားကောင်းရင် ကံကောင်းသည်၊ အလုပ်ကောင်းလျင် ကံကောင်းသည်။ A-စိတ်ထား (သို့) B-လုပ်ရပ် ကောင်းနေရင်ကို C-နားလည်မှု အရွေ့ကောင်း ဖြစ်လာမည်တဲ့။ တခုမဟုတ်တခု either or နဲ့ နှစ်ခုစလုံး both ဖြစ်နိုင်လို့ အပေါင်းအီကွေးရှင်း သင့်ပေမဲ့ ယနေ့ခေတ်မှာ အဲလောက် မရိုးစင်းတော့ဘူး။
    အမြှောက်ကိန်းမှာ သိတဲ့အတိုင်း ဆတ်ဆတ်ထိ မခံဘူး။ အဝင်ကိန်း တခုခု အနှုတ်ဖြစ်နေရင် ကျန်အားလုံး အနှုတ်ဖြစ်ရောပဲ။ အပေါင်းမှာတော့ ဘဲစားဘဲခြေ ရတယ်။ နောက်အချက်က အပေါင်းကိန်း ဖြစ်နေတာတောင် အချင်းချင်းတွေ့တဲ့အခါ တန်ဖိုးတက် မလာဘဲ တန်ဖိုးလျော့သွားတာ။ သုည နောက်တိုးတန်ဖိုး ဘယ်လောက် ရှိပါစေ အမြှောက်အီကွေးရှင်းမှာတော့ ဆောရီးဘဲ။ ပိုရှုပ်ထွေးတယ်၊ ရက်စက်တယ်၊ အင်အားပြင်းထန်တယ်။ အီကွေးရှင်း မှန်သလောက် အဖြေတိကျသလို မှားရင် ဆယ်မရဘူး။ ဒါကြောင့်ပဲ အညွှန်းကိန်း index တွဲဖက်ပြီး weighting အားမျှယူတယ်။ ဖြစ်နိုင်စွမ်း ပုံစံခွက်တွေလည်း အများကြီး ပိုထွက်လာတယ်။
    (အေ=မှန်သောစိတ်ထား)+(ဘီ=ကောင်းသောအပြုမူ)+(စီ=Cooperationပူးပေါင်းခြင်း) =အောင်မြင်မှု(ချမ်းသာ/သုခ) မှာ လုပ်ကြံဖန်တီးမှုတခု ထည့်မယ်။ ဥပမာ အစိုးရအနေနဲ့anti trust ဥပဒေ၊ အချင်းချင်းဆို price fixing နားလည်မှုလိုမျိုးဗျာ။ လူမှုရေးဖက်ဆိုရင်လည်း အုပ်စုဖွဲ့စည်းတား ဆောင်ရွက်မှု သဘောမျိုးပေါ့ဗျာ။ မှန်၊ကောင်း ဆိုတာ ဘယ်ဘက်က ကြည့်သလဲအပေါ် မူတည်သွားပြီ။
    ဆြာသစ်ပြောတဲ့ အချိန်ပိုင်းဗီလိန်သည် အမြှောက်သီအိုရီအရဆို ဖြစ်နိုင်ကိန်းနဲတယ်။ သို့သော် ကမာ္ဘဂျီးမှာ ဒီလိုပဲ လုပ်ကိုင်စားသောက်နေတာမို့ လက်တွေ့ ဟုတ်နေပြန်တယ်။ အညွန်းကိန်းတန်ဖိုး အားမျှခြေနည်းနဲ့ ထိန်းချုပ်ထားကြဟန်တူ၏။ :kwi:
    ဒီတော့ ဆွေးနွေးချင်တာ..
    (၁) အီကွေးရှင်း အခြေခံသည် ဘာဖြစ်သင့်လဲ၊ ယေဘူယျ သဘောမေးတာပါ….။
    (၂) သုညတန်ဖိုး၊ အနှုတ်တန်ဖိုး သက်ရောက်မှု ဘယ်လိုတွက်ချက်မလဲ။ အပေါင်းအီကွေးရှင်း ရွေးဆိုတောင်မှ index weight သက်ရောက်မှု စဉ်းစားရအုံးမယ်…။
    (၃) အမြှောက်အီကွေးရှင်း သုံးမယ်ဆိုရင် လက်ရှိ အဝင်ကိန်း သုံးခုထဲနဲ့ လုံလောက်ပါ့မလား။ index ကိန်းရှင် ထည့်လိုက်ယုံနဲ့ အဆင်ပြေသလား..။
    ဒါပဲဗျာ၊ လက်ဝဲဝါဒမှာဆိုတဲ့ ပဋိပက္ခရှိမှ တိုးတက်တယ် ဆိုတာလည်း ဟုတ်တုတ်တုတ်မို့ အခါအားလျော်စွာ ပြသနာ မီးထွန်းရှာတာ လက်ခံပေးကြပါစို့။ အားလုံးကောင်းနေရင် ပျင်းစရာဂျီး…။ :harr:

    • thit min

      November 4, 2012 at 8:32 am

      ကိုကြောင်ရေ
      ကြိုဆိုမှုအတွက် ကျေးဇူးပါ။
      ပထမဆုံးတော့ ကိုကြောင်ရဲ့ စာကိုဖတ်မိပြီး ပြုံးမိတာပါဘဲ။
      ဘာကိုလဲလို့မေးရင် အားလုံးကောင်းနေရင် ပျင်းစရာကြီး ဆိုတဲ့ ဟိုးအရင်ထဲကမကြာမကြာ
      ကြားဘူးတဲ့ ကိုကြောင်ရဲ့ခံယူချက်လေးကို ပြန်ဖတ်ရလို့ပါ။
      ဒီလိုဗျ။
      သူ့မူရင်း အီကွေးရှင်းမှာက ကွန်ဖလစ် =အေ+ဘီ+စီ လို့ဆိုထားတာဗျ။ ကွန်ဖလစ်တခုကို ဒီလိုဖွဲ့စည်းထားတယ်ပေါ့ဗျာ။
      နောက်တခု သူ့မူရင်းစာအုပ်မှာ တိရိဂံနဲ့လဲ ဖော်ပြထားတယ်။ကွန်ဖလစ်ထရိုဏ်ဂယ် ပေါ့ဗျာ။အဲဒီလို။
      ပြီးတော့ အောက်က ပတ်တန် ၈ ခုကလဲ သူ့မူရင်းပါဘဲ။
      ဆိုလိုတာကဗျာ
      သူ့ အေ၊ ဘီ၊ စီ တန်ဖိုးတွေကိုတွက်ပြီးမှ ကွန်ဖလစ်ညီမျှခြင်းထဲ ထဲ့တွက်ပေါ့ဗျာ။
      သူ့မူရင်းမှာလဲ ဒီလိုဆိုထားပါတယ် (အဂရက်ဆစ်)ဒေါသကြီး နေရင် (သို့) ချင့်ချိန်တွေးတတ်ရင်ဆိုတဲ့
      (စိတ်ထား) အက်တီကျူ့ တွေကတော့ ကွန်ဖလစ်ရဲ့ ရလာဒ်ကိုပြောင်းစေမှာပါတဲ့။
      အဲဒီလိုဆိုရင် ကိုကြောင်ပြောသလို “အမြောက်ညီမျှခြင်း” နဲ့ စဉ်းစားလို့ရနေတာဘဲ။
      အဲဒီ အချက်တော့ရှိတယ်။ မေးခွန်း ၃ မှာ ကျနော် ဖြေထားတယ်ဗျ။ ဆွေးနွေးကြည့်ရအောင်ပေါ့။

      ကျနော်အဓိက ဖြည့်စွက်တာဆိုလို့ သူကြီးပြောသလို မြန်မာ့ဒဿန တွေနဲ့ ရီဖလက်လုပ်တာလောက်ပါ။
      ကောင်းပြီ။
      မေးခွန်းတွေ ကိုဖြေကြည့်မယ်ဗျာ။

      မေး။ ။
      (၁) အီကွေးရှင်း အခြေခံသည် ဘာဖြစ်သင့်လဲ၊ ယေဘူယျ သဘောမေးတာပါ….။
      ဖြေ။ ။
      ယေဘူယျသဘောအရ ပြောရရင် ဒစ်စပြု(အငြင်းပွါးမှု) နဲ့ ဒိုင်လဲမား(အကြပ်အတည်း)ကနေ
      ကွန်ဖလစ်(ပဋိပက္ခ) ကို ရောက်သွားတာကို ပြောလိုရင်း ပါ။
      အဲဒီနေရာမှာ မောင်းနှင်အား “စိတ်ထား= အေ” နဲ့ “လုပ်ရပ်=ဘီ” ရဲ့ လယ်ဗယ်၊ဒီဂရီ၊တန်ဖိုး အနိမ့်အမြင့်
      အရ ကွန်ဖလစ်က ကြီးမယ် ငယ်မယ် (သို့) ပျောက်လဲပျောက်သွားနိုင်တယ်ဆိုတာ ပါဘဲ။

      ခု ကချင် နဲ့ ရခိုင်အရေးတွေရဲ့ မူလအစက
      ကချင်ဆိုရင် ဒစ်စပြု(အငြင်းပွါးမှု) နဲ့ ရခိုင်ဆိုရင် ဒိုင်လဲမား(အကြပ်အတည်း)နဲ့ ဒစ်စပြု(အငြင်းပွါးမှု) ၂ခုပေါင်းကနေ
      ဖြစ်လာရတဲ့ ကွန်ဖလစ်အမျိုးအစားတွေလို့ ဆိုလို့ရမယ်။

      မေး။ ။
      (၂) သုညတန်ဖိုး၊ အနှုတ်တန်ဖိုး သက်ရောက်မှု ဘယ်လိုတွက်ချက်မလဲ။ အပေါင်းအီကွေးရှင်း ရွေးဆိုတောင်မှ index weight သက်ရောက်မှု စဉ်းစားရအုံးမယ်…။
      ဖြေ။ ။
      အသေအခြာပါဘဲ။ ဒါ့ကြောင့်မလို့ အေ၊ဘီ၊စီ ကိုတန်ဖိုးတခု(ဆန်းဗဲလျူး) လို့ ရေးထားပေးတာပါ။
      သူ့ကိုသက်ရောက်စေမှာကတော့ ဒစ်စပြု(အငြင်းပွါးမှု)နဲ့ ဒိုင်လဲမား(အကြပ်အတည်း)တို့ရဲ့ ပြင်းအားပေါ့ဗျာ။
      ကြုံလို့ရန်ဖြစ်တဲ့ ရန်ငြိုးနဲ့ ရီးဇားလုရင်းဖြစ်ရတဲ့ ရန်ငြိုး ပြင်းအား ဘယ်တူပါ့မလဲဗျာ။
      အဲဒီတော့ သုညတန်ဖိုး၊ အနှုတ်တန်ဖိုး သက်ရောက်မှု ကို
      အဲဒီ မူလဒစ်စပြု(အငြင်းပွါးမှု)နဲ့ ဒိုင်လဲမား(အကြပ်အတည်း)တို့ရဲ့ ပြင်းအားနဲ့ တွက်ရမှာပါ။
      သူများအဖွဲ့တွေ ဆွေးနွေးလို့ ရချိန်မှာ ကေအိုင်အေ ကဆွေးနွေးလို့မရသေးတာ အဲဒီပြင်းအားတန်ဖိုး ကြီးနေလို့ပေါ့ဗျာ။

      မေး။ ။
      (၃) အမြှောက်အီကွေးရှင်း သုံးမယ်ဆိုရင် လက်ရှိ အဝင်ကိန်း သုံးခုထဲနဲ့ လုံလောက်ပါ့မလား။ index ကိန်းရှင် ထည့်လိုက်ယုံနဲ့ အဆင်ပြေသလား..။
      ဖြေ။ ။
      သိပ်ကောင်းတဲ့ မေးခွန်းဘဲဗျ။ လက်တွေ့ကျတယ် ကိုကြောင်ရေ့။
      သူ့မူရင်းက အမြောက်အီကွေးရှင်းမဟုတ်ပေမဲ့။ အကယ်၍သုံးမယ်ဆိုရင် အဲဒီမူလဒစ်စပြု(အငြင်းပွါးမှု)နဲ့ ဒိုင်လဲမား(အကြပ်အတည်း)တို့ရဲ့ ပြင်းအားတန်ဖိုး တွေနဲ့ မြောက်ရမှာဘဲ။
      ဆိုတော့
      ခု ကေအိုင်အေ ဦးဂွမ်မော်က အဲဒီလိုစဉ်းစားနေတာတွေ့ရတယ်။
      သူ့အက်တီကျူ့= အေ ကို လဲမူလ အငြင်းပွါးမှုတွေ (ဦးနေဝင်းလက်ထက်) နဲ့ မြောက်ထားတယ်။
      ဘီ ၊ စီ ကိုလဲမြောက်တယ်။
      အဲဒီတော့အေ၊ ဘီ၊ စီ ရဲ့ တန်ဖိုးလဲ ကြီးထွားလာပြီး ပဋိပက္ခ(ကွန်ဖလစ်) က ရှင်းလို့ကိုမရတော့တာပါဘဲ။
      ~~~~~~~~~~~~~
      ကိုကြောင်ရဲ့ အမြင်ကိုလဲ ဆက်ဆွေးနွေးလိုရင် ဆွေးနွေးပါ။
      ခင်မင်လေးစားစွာ။

      • ဦးကြောင်ကြီး

        November 4, 2012 at 11:05 am

        ဆွေးနွေးမယ်ဗျာ… ကချင်ပြသနာ မပြီးမချင်း…။ ပြောရင်းနဲ့ ငြိမ်းချမ်းရေး ရသွားတော့လည်း ကျနော်တို့ကြောင့်ပေါ့..။ ပြောနိုင်ဘူး.. သူတို့သဘောကျပြီး အကြံပေးရာထူး ပေးချင်ပေးနေမှာ။ ယူမယ်ကွ ကျောက်စိမ်းတုံးဂျီး၊ ရတဲ့အခါ တရုတ်သဗုံ ကြေးမုံဂျီးကို တင်တောင်းမယ်…. :harr:
        ကွန်းဖလစ် ဖြေရှင်းနည်းသီအိုရီသည် ဘာသာရပ် ဘွဲ့အနေနဲ့ကို ရှိတယ်ဗျ၊ ဒါပေမဲ့ ကျနော်အဖို့ ဝေးလွန်းလို့ လူပြိန်းအမြင် ပြောပါမယ်။ ကွန်ဖလစ်အဆင့်ရောက်တာ ပုံမှန်သွေးရိုးသားရိုး ဖြစ်နိုင်ပေမဲ့ လွန်သွားရင်တော့ နောက်ကွယ် တွန်းအာကြောင့် ယူဆနိုင်တယ်။ ဆြာသစ်ပြောသလို အငြင်းပွားမှုနဲ့ အကြပ်အတည်းပေါ့ဗျာ။ အဲဒီနောက် ထပ်လိုက်ရင် ရေခံမြေခံ ရှိလို့ဗျ။ ကွန်ဖလစ် ကြာရှည်သွားရင် နာတာရှည် ဒက်လောဂ့် ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ခရိုက်စစ်အဖြစ် ပေါက်ကွဲတယ်။ အငြင်းပွားမှု၊ အကြပ်အတည်း ဆိုတာတော့ ရှိကြတာပဲ၊ နိုင်ငံတိုင်းမှာ အကိုင်အတွယ် မတတ်ရင် ကွန်းဖလစ်အဆင့် ဖြစ်သွားနိုင်တဲ့ ပြသနာကိုယ်စီ ရှိနေတယ်ဗျာ။ ဂရိတ်ဗြိတိန်လို နိုင်ငံမျိုးမှာတောင် မြောက်အိုင်ယာလန် ပြသနာ ကြုံသေးတာပဲ၊ အခုလည်း သူ့ဆီကနေ စကော့တလန်လား ဝေးလ်နယ်လား ခွဲထွက်ဖို့ ဆန္ဒခံယူပွဲ လုပ်အုံးမယ် ကြားတယ်။
        မအောင်မြင်သေးတဲ့လုပ်ငန်း တောင့်ခံနိုင်တာ cashflow ကြောင့်ဆိုရင် နယ်မြေပိုင်ဆိုင်မှု ကွန်းဖလစ်တွေမှာ ထောက်ပံ့ရေး၊ နယ်မြေ ကျောထောက်နောက်ခံ အခရာပဲ။ သူ့ကပဲ အငြင်းပွားမှုနဲ့ အကြပ်အတည်း ဒီဂရီ အနိမ့်အမြင့် ဆုံးဖြတ်တယ်။ ၁၉၈၈ အာဏာသိမ်းပွဲ အငြင်းပွားမှု၊ ၁၉၉ဝ ရွေးကောက်ပွဲရလဒ် အကြပ်အတည်း အပေါ် စစ်တပ်ရဲ့ တင်းတင်းမာမာ တုံ့ပြန်ချက်သည် တရုတ်ကြီး အားပေးအားမြှောက်မှုကြောင့် ဖြစ်တယ်။ တိုင်းရင်းသားအရေးမှာ ကချင်နဲ့ ကရင်ကိစ္စ ရှိမယ်။ စစ်အစိုးရကို ခံတိုက်နေတဲ့ ကေအိုင်အိုနဲ့ ကေအန်ယူ ခံယူချက်၊ ဓလေ့ထုံးစံ၊ ပထဝီမြေ အနေအထား သိပ်မကွာဘူး ပြောနိုင်တယ်။ သက်တမ်းခြင်းလည်း တူတယ်။ ကျောထောက်နောက်ခံ ပထဝီနိုင်ငံရေး အပြောင်းအလဲပေါ် မူတည်ပြီး အမာအပျော့ အထက်စီး အောက်စီး ကွဲပြားသွားတယ်။ ကချင်အခု ဘာပြုလို့ မာနေလဲ၊ တရုတ်ကြီး အကြောင်းခံ ရှိပါတယ်။ ကရင်ဘာလို့ မူပျော့ သွားရလဲ၊ ယိုးဒယားအကြောင်း ခံပါတယ်။
        ကွန်းဖလစ်အဆင့်က လွန်သွားပြီးမှ ရှင်းချင်ရင်တော့ အချိန်စောင့်ရတယ်၊ နိုင်ငံတကာမှာလဲ ဒီလိုပဲလုပ်တယ်။ အရှေ့တီမော အရေးအခင်းမှာ အင်ဒိုနီးရှားရဲ့ မတရား သတ်ဖြတ်မှုတွေကို အမေရိကန် သိတာပဲ၊ ဘာသာရေး အရဆိုလည်း ခရစ်ယာန် အချင်းချင်း စောင့်ရှောက်ရမည့် ဝတ္တရားရှိတယ်။ သို့ပေမဲ့ ကူမြူနစ်အန္တရာယ်ကြောင့် ဆူဟာတိုဂျီးကို အပြစ်မယူတဲ့အပြင် ချီးမြှောက်တယ်။ တရုတ်ကြီးလည်း ဗိုက်ဝလို့ငြိမ်၊ အာရှစီးပွားကပ်လည်း ဆိုက်လာတော့မှ အရှေ့တီမောကိစ္စ ရှင်းပစ်လိုက်တယ်။ အင်ဒိုနီးရှား ငွေကြေးဆပ်ပလိုင်း ပြတ်နေပြီလေ။
        လုပ်ယူတာမျိုးကြတော့ ပင်ပန်းတယ်၊ မကြိမ်းသေဘူး၊ အခန့်မသင့်ရင် ပြန်အကန်ခံရမယ်။ တွေ့ရတာတော့ အီကွေးရှင်းမှာ ဖက်တာအသစ်တွေ ရှာကြံဖန်တီး ထည့်တာပဲ။ စိတ်ထားမှန်မှန်၊ အပြုအမူ သိမ်သိမ်မွေ့မွေ့၊ လက်ဆွဲနှုတ်ဆက်ထားပြီး ပေါ်တင်ဖြစ်စေ ကြားလူနဲ့ဖြစ်စေ လိုရာရောက်အောင် တွန်းအားပေး၊ စည်းရုံး၊ ဖြိုခွဲ သပ်လျှို၊ အခြေအနေသစ်ဖန်တီး လုပ်ကြတယ်။ တဖက်မှာလည်း ကေအိုင်အိုလိုမျိုး တော်လှန်ရေးအဖွဲ့တွေက အချိန်နဲ့ တပြေးညီ ဖြစ်နိုင်တဲ့ အခွင့်အရေး တောင်းတတ်ရမယ်။ ဆွေးနွေးပွဲ စားပွဲဝိုင်း ပုံမှန်မပြတ်ထိုင်နေတာ အကောင်းဆုံးပဲ။ ဟုတ်ဟုတ် မဟုတ်ဟုတ် ဆက်သွယ်ရေး လမ်းကြောင်းဖွင့်ထားရမယ်။ မြန်မာ့သမိုင်းမှာတော့ အဲဒီလမ်းကြောင်း အသီးအပွင့်ကို မြန်မာစစ်တပ် စားတာများတယ်။ ဒါကတော့ အဖွဲ့အစည်းများရဲ့ ကိုယ်ခံအား နဲ့ဆိုင်ပါမယ်။
        ကွန်ဖလစ် အီကွေးရှင်း သီးသန့်ပြန်ပြောရင်လည်း မြစ်ဖျားခံရာ ဒစ်စပြုနဲ့ ဒိုင်လီးမား ပြင်းထန်စေတဲ့ ဗျူဟာ ကစားခြင်း မန်နူးဗားရင်း မလုပ်နိုင်အောင် နယ်မြေစိုးမိုးမှုနဲ့ သူ့နောက်ကျောမလုံအောင် လှုပ်ရှားနယ်မြေ သူ့အတွက် ကျဉ်းသထက် ကျဉ်းအောင်လုပ်ရမယ်။ မြန်မာစစ်အစိုးရ တဖြည်းဖြည်းနဲ့ လှုပ်ရှားလှည့်ပတ်နိုင်စွမ်း နဲလာတဲ့အခါ ဒီမိုကရေစီ နိုင်ငံဒေါ် အော်ရတော့တာပဲ မဟုတ်လား။ ထင်သလို မဖြစ်တာလည်းရှိမှာပဲ၊ ဥပမာ – ၁၉၇ဝလောက်မှာထင်တယ် မလေးရှားက စင်ကာပူကို ကန်ထုတ်လိုက်တာပဲ။ ရေခံမြေခံ သီအိုရီအတိုင်းဆို စင်ကာပူ ခွေးဖြစ်တယ်၊ သို့သော် ကံ၊ ညဏ်၊ ဝီရီယနဲ့ ခေါင်းဆောင်ကောင်းတော့လည်း ခြင်္သေ့ဖြစ်တာပဲ။

        • thit min

          November 4, 2012 at 6:07 pm

          ကိုကြောင်ရေ
          အမှန်ကတော့ ကျနော်ဒီဂေဇက်မှာတော့ ဒီစာကို အင်ဒီဗိဂျူရယ် ရီဖော်မ်အတွက် ရည်ရွယ်ရေးပါတယ်။
          ဒါပေမဲ့ မိသားစု၊နိုင်ငံတနိုင်ငံ၊တကမ္ဘာလုံး အတိုင်းအတာနဲ့လဲ ပြောလို့ရပါတယ်။
          တကယ်တမ်းလေ့လာခဲ့တာကတော့ ကိုယ့်နိုင်ငံက ပဋိပက္ခ(ကွန်ဖလစ်) တွေအတွက်အဖြေရှာမှူအတွက်
          အဲဒီ စာအုပ်ကို စ ဖတ်ခဲ့တာမို့ ရှင်းရင်း ရှင်းရင်း အဲဒီ ဥပမာကိုရောက်သွားရတာပါ။
          ဆိုတော့
          ကျနော် ပို့စ်ကို လာရောက်ဖတ်ရှူ့သူများကို ရှုပ်ထွေးမှုမဖြစ်အောင် ရှင်းလင်းပြောပြချင်တာက

          တဦးချင်းစိတ်နေစိတ်ထားပြောင်းလဲရေးကို ရည်ရွယ်ရေးသားထားတဲ့ စာ ဖြစ်ပါတယ်။
          နောက်ဆက်တွဲ အနေနဲ့ နိုင်ငံရေးဆိုင်ရာလေးတွေကို တွေးကြည့်၊ပြောကြည့် ပါ့မယ်ဆိုတာပါဘဲ။
          အဲဒီတော့ နိုင်ငံတနိုင်ငံရဲ့ အရေးဆိုရင် ကွန်ဖလစ်ရဲ့ (ရှေ့ဆက်အစွန်းဘက်)အကျိုးဆက်က “စစ်(=ဝါး)” ပါဘဲ။
          နောက်ပြန် အစွန်းတဘက်က ငြိမ်းချမ်းရေး(=ပိစ်) ဖြစ်ပါတယ်။

          အဲဒီတော့ ဆွေးနွေးရရင်အချိန်တော့ပေးရပါမယ်။
          လောလောဆယ်လက်ရှိအခြေအနေကို ပြောဆိုရမယ်။
          အဲဒီအပေါ်က လိုအပ်ချက်၊အားသာချက်တွေ စဉ်းစားဆွေးနွေးရမယ် ဆိုတာလို အခြေခံကစရမှာပါ။
          အဓိကအချက်လေးတွေကိုဘဲ ယူမယ်လို့ စဉ်းစားမိတယ်။
          ဥပမာ။ ။ဝန်ကြီး ဦးအောင်မင်းရဲ့ ပြောစကားကို ကိုးကားရရင်
          အစိုးရဘက်က အပြစ်အခတ်ရပ်ဆဲရေး (ဆီးဇ်ဖိုင်းရား) ကို စ ချင်တယ်။
          ပြီးမှ နိုင်ငံရေးစကားဝိုင်း (ဒိုင်ရာလော့ခ်) ကို သွားချင်တယ်။
          ပြစ်ခတ်နေတဲ့ ကြားထဲ မလုပ်ချင်ဘူးလို့ ဆိုတယ်။။

          ကချင်ဘက်က ပြောတာက
          နိုင်ငံရေးသဘောတူညီချက် ဘာ တခုမှ မရဘဲ အပြစ်ရပ်မပေးနိုင်ဘူးလို့ပြောတယ်။
          နိုင်ငံရေးစကားဝိုင်း (ဒိုင်ရာလော့ခ်)က အရင် အပြစ်အခတ်ရပ်ဆဲရေး (ဆီးဇ်ဖိုင်းရား) နောက်လို့ဆိုတယ်။

          အဲဒီ ၂ ခု ညှိမရဘူးဖြစ်နေလို့ တဘက်ကပစ်လို့ နောက်တဘက်ကပြန်ပစ် နေရပါတယ်ဆိုပြီး ပစ်နေတုန်းဘဲလေ။
          အဲဒီ အငြင်းပွါးမှုလေး ကိုဘဲ စဉ်းစားကြည့်ရမယ်။
          ဘာလို့လဲ ဆိုတော့ အဲဒီဟာ အဆင်ပြေရင် ပိစ်မိတ်ကင်း ဖြစ်လာမယ်။
          ဘယ်အချက်တွေလိုက်လျှောလို့ရှိရင် အပစ်ရပ်ပေးမယ် ဆိုပြီး အလှဲအလှယ်တော့လိုနေပြီ။
          ကတိတည်ဖို့နဲ့ ဆွေးနွေးတာက တဖွဲ့ ပစ်နေတာက တဖွဲ့ဖြစ်မနေဖို့လိုတယ်။အဲဒါလိုတယ်။
          ဒီဘက်စွန်း ကွန်ဖလစ် နဲ့ စစ်ပွဲတွေ ကနေ ဟိုဘက်စွန်း ပိစ်ကိုသွားရမဲ့ ခရီးက မနီးလှဘူး ဆိုပေမဲ့
          လုပ်လို့ဖြစ်နိုင်စရာတွေ တွေ့နေရတယ်။
          အရင် တုန်းကလုပ်ခဲ့တဲ့ ပုံမှန် ငြိမ်းချမ်းရေး ပုံစံတခု ဆိုတာ
          ၁။စစ်ပွဲတွေရပ်
          ၂။ပြီးတော့ ငြိမ်းချမ်းစွာလက်တွဲ ဆိုတဲ့ အဆင့်နဲ့ သွားခဲ့ကြတယ်။
          ဒီကေဘီအေ တို့နဲ့ ပုံစံ။
          ခု ကချင်ကအဲဒီအဆင့်လောက်နဲ့ မရဘူးလို့ထင်တယ်။

          ဒီနေရာမှာ
          ကိုကြောင်ပြောတဲ့ ရေခံမြေခံ ဆိုတာ ကေအိုင်အေ ကလက်ရှိအစိုးရအပေါ် ယုံကြည်နိုင်မှုကို တချက်
          အနေနဲ့ စဉ်းစားနိုင်တယ်။
          ဒါဆိုစဉ်းစားကြည့်ရရင်
          ယုံကြည်လောက်တဲ့ အနေအထားတခုခု ဖန်တီးပေးရမယ် ဆိုတာအရေးကြီးတယ်။
          ဦးဂွမ်မော် ကို လေ့လာမိသလောက် အဲဒီ စိတ် ရှိနေပုံပေါက်တယ်။

          ကချင်ရဲ့ အဆင့်မှာက အခွင့်အရေး ခွဲဝေရေးတွေ အများကြီး ပါနေတာမို့
          စစ်ကိုရပ်နိုင်ရင်တောင် အငြင်းပွါးမှုတွေ ဆက်ရှိနေနိုင်တယ်။
          အဲဒီ အငြင်းပွါးမှုကဘဲ ပြန်ပြီး ကွန်ဖလစ် ဖြစ် စစ်ပြန်တိုက် ဆိုတာဖြစ်နိုင်တယ်။
          ဆိုတော့
          ငြိမ်းချမ်းရေးကို တကယ်အခိုင်အမာတည်ဆောက်ဖို့အချိန် လိုတယ်။

          အငြင်းပွါးမှုတွေကို အတတ်နိုင်ဆုံး ညှိနှိုင်းတဲ့
          ကနဦးအစ Peace Making အဆင့် ကို ကတိကဝတ်တွေ အပြန်အလှန် ထားရမယ်။
          ပြောရရင် ကျနော့ စာထဲက “အေ= အက်တီကျူ့” တွေကို ချိန်းရမှာ။
          ၂ ဘက် စလုံး က ချိန်းရမှာလို့ ထင်တာပါဘဲ။

          နောက်ပြီး အဲဒီ ကတိကဝတ်တွေ တည်စွာနဲ့
          Peace Building အဆင့်ကိုသွားရမယ်။ ခိုင်မာအောင်တည်ဆောက်ရမယ်။
          “ဘီ=ဘီဟေဗီယာ” တွေရဲ့ လုပ်ဆောင်မှု တွေ ( ၂ဘက်လုံး) ကောင်း ရတော့မှာ။

          နောက်ဆုံးတော့ Peace Keeping ဆိုတဲ့ အဆင့်နဲ့ ငြိမ်းချမ်းရေးရဲ့ ရလာဒ်ကို မပျောက်ပျက်အောင်
          ထိန်းဖို့ အတွက် “စီ= ကွန်ထရာဒီရှင်း” မတူကွဲပြားမှု တွေကို ဇီရိုးနဲ့အနီးဆုံး ဖြစ်အောင်လုပ်၊ပြီးရင်
          စီ ကို “ကိုအောပရေးရှင်း= ပူးပေါင်းရေး” ဆိုတဲ့ စီ နဲ့ အစားထိုးရမှာ။

          အဲဒီလို စစ်မှန်တဲ့ ငြိမ်းချမ်းရေးတကယ်ခိုင်သွားမှ
          ဒီမိုကရေစီ ဆိုတာကြီးအရိပ်အောက်မှာ ဖွံ့ဖြိုးမှု (=ဒီဗလုပ်မဲန့်) ဆိုတာလုပ်လို့ရမှာ။

          အဲဒီတော့ ထစ် နေတာက “အေ=အက်တီကျူ့” မချိန်း နိုင်ကြသေးလို့ပါ။

          အထက်မှာ ဆိုခဲ့သလို အငြင်းပွါးမှုဆိုတဲ့ မြောက်ဖော်ကိန်းတွေရဲ့ တန်ဖိုးက ဆိုးနေတဲ့အက်တီကျူ့ကို
          ပိုပြီး ကြီးနေစေတဲ့အပြင်
          ကိုကြောင်ပြောတဲ့ ရေခံမြေခံ နောက်ခံအကြောင်းတရား
          လို့ပြောရမဲ့ ကတိကဝတ်ပိုင်းဆိုင်ရာ၊အနေအထားပိုင်းဆိုင်ရာ မယုံကြည်နိုင်သေးတဲ့
          အပေါင်းဖန်ရှင်တခု အနေနဲ့ လာပေါင်းနေပြန်တယ်။
          အဲဒီလိုဖြစ်တော့ ကွန်ဖလစ်ကမပြီးနိုင်၊ စစ်ပွဲတွေက ဆက် နေရတော့တာပါဘဲ။

          ကဲ စိတ်သဘောထား (အက်တီကျူ့=အေ) ကို ချိန်းစေမဲ့ ဖက်တာ ကို ရှာရမှာပေါ့။
          ဘာဖြစ်မယ်ထင်သလဲဗျာ?

        • pooch

          November 4, 2012 at 8:10 pm

          ဒီလိုအချိန် ကိုသစ်ကို ရွာထဲ ပြန်ခေါ်နိုင်လိုုက်တာ အားလုံးအတွက် အမြတ်ပဲ။ ကြိုးစားဖတ်နေပါတယ် ကိုသစ်။

          ဦးကြောင် တယောက်လည်း ပျင်းနေတာ ကြာပေါ့။ သူက ပျင်းတိုင်း ရွာထဲ လှည့်ပတ်ကုတ်ခြစ်နေတတ်တာ ခုတော့ မပျင်းရတော့ဘူးပေါ့ ။ :mrgreen:

          မအားတော့တာ နားလည်ပါတယ်။ အချိန်လေးများရရင် မကြာမကြာ လာလည်ပေးဖို့လေးပဲ ပြောချင်တာပါ။ 😀

        • ဦးကြောင်ကြီး

          November 4, 2012 at 9:33 pm

          ကျနော်လည်း တဦးချင်းကို ဆွေးနွေးဖို့ပါပဲ သို့ပေသိ နိုင်ငံဒေါ်အဆင့် ဖိုရမ်လိုမျိုးမှာ ပါစင်နယ်ကာရိုက်တာ အကြောင်းပြောရတာ သိက္ခာကျသလားလို့…။ ကချင်လိုမျိုး အစ်ရှုးက မြင်သာတယ်၊ တဦးခြင်းကိစ္စကြတော့ လက်ဝင်လို့ ပုဆိန်နဲ့ပေါက်ရတာမျိုး ဥပမာပေးလိုက်တာ။ ရေခံမြေခံ၊ ကျောထောက်နောက်ခံဆိုတာ ဘက်ဂရောင်း ပထဝီဝင်အနေအထားနဲ့ လော့ဂျစ်စတစ် ထောက်ပံ့ရေးလမ်းကြောင်းကို ဆိုလိုပါတယ်။ ဆြာသစ်က အက်တီကျုကို ဇောင်းပေးတယ်၊ ကျနော်က ရုပ်ဝတ္ထုတည်ရှိမှုကို ပြောချင်တယ်။ အမှန်ဆုံးကတော့ စိတ်ထားပြင်မှရမယ် သို့သော် တဦးချင်းစီနဲ့ဆိုင်လို့ သိပ်သိပ်ခက်ပါတယ်။ အဲလိုပြောရင်း သဂျီးနဲ့ ဖိုက်တင်ပလေးရတဲ့ စနစ်နဲ့မူဖက် ရွေ့သွားလိမ့်မယ်။ ကျနော့်သဘောက အများပတ်သက်လာရင် အလွယ်ဆုံး အရှင်းဆုံးမှ စတင်ပါ။ ဥပမာ လိုက်နာရမည့် စည်းကမ်းသတ်မှတ်တာမျိုး၊ အရေးကြီးတာ တကယ်အလုပ်ဖြစ်တဲ့ အဖွင့်အပိတ် ဒေါင့်ပေါင်းစုံ စဉ်းစားပြီး လုပ်ရမယ်။ စကားလုံး အဓိပါယ် ဖွင့်ဆိုနားလည်ပုံ အရေးကြီးတယ်။ တိုးတက်တဲ့ နိုင်ငံများနဲ့ ရုန်းကန်ဆဲ နိုင်ငံများ ဥပဒေ၊ စည်းကမ်း၊ လွတ်လပ်ခွင့်၊ လိုက်နာမှု စာတွေအပေါ် နားလည်လက်ခံပုံခြင်းကွာတယ်။ ယေဘူယျ တဦးခြင်း ပျမ်းမျှချလိုက်ရင် မသိသာပေမဲ့ စုပေါင်းအား စင်နာဂျီဖြစ်သွားတဲ့အခါ လုံးဝကွာသွားတယ်။ အဲဒီကနေမှ လူတွေစိတ်ဓာတ် မိုင်းဆက်ကို ပြောင်းယူ။ အက်တီကျုဆို လူတယောက် စိတ်တခု၊ တူရာစုတယ်ထားအုံး သိန်းသန်းချီ ရှိနေတယ်။ အစဉ်အလာအရလည်း မှားနေခဲ့တယ်။ လူပြင်မလား မူပြင်မလား၊ အချိန် မရှိဘူး၊ ငွေမရှိဘူး၊ လူယဲ့ယဲ့ ကျန်တယ်၊ မြေကြီး အောက်ခံ ကျောက်သားပေါ်နေပြီ။ ကွန်ဖလစ်ထက်ပိုတဲ့ ခရိုက်စစ်ထဲ ဝင်နေတယ်။
          လူတဦးခြင်း အနေနဲ့ပြောရင် စိတ်ပြင်ဖို့ဆို စာအုပ်ကောင်း ဖတ်ရမယ်၊ ကျောင်းကောင်းကောင်း နေဖူးရမယ်။ ပတ်ဝန်းကျင် သင့်တင့်ရမယ်။ ဟိုးငယ်စဉ်ကထဲက လုပ်ရမှာ၊ လက်ရှိအနေအထားမှာ လူဂျီးအတွက်နှောင်းပြီ၊ လူငယ်များ မမှီတော့ဘူး၊ ခလေးတွေကတော့ နောက်ကျနေတယ်။ လုပ်ပေးနိုင်တာ အခွင့်အလန်း ဖန်တီးပေး၊ ပတ်ဝန်းကျင်နဲ့ သတင်းအချက်အလက် အမှားတွေကို ဖယ်ရှားပစ်ပါ။ အဲဒါ ရေခံမြေခံ၊ ကျောထောက်နောက်ခံ လော့ဂျစ်စတစ်တွေပဲ။ လူတွေမိုက်တာ နှစ်မျိုးရှိတယ်။ အဘအားကိုးနဲ့ မိုက်တယ်၊ အနာဂတ်မဲ့လို့မိုက်တယ်။ ဗီဇဆိုးသူတောင် ဂွင်မိနေရင် အရှိန်ထိန်းတတ်တယ်။ ရေခံမြေခံ ကျောထောက်နောက်ခံကို အပေါင်းနဲ့ အနှုတ် နှစ်မျိုးဗျာ။ အခွင့်အလမ်းရှိရင် ကောင်းကောင်းနေမှာပဲ၊ ရစရာ မရှိရင်တော့ ကန်ဒဂေါဇတိုက်မှာပဲ၊ အားကိုးရှိရင် စိတ်အခံ အယူအစွဲ ပိုပြင်း၊ ရစရာရှိတာ ပိုရချင်မှာပဲ၊ တော်ယုံလည်း အလျှော့မပေးချင်ဘူး။ အားကိုးမရှိတဲ့အခါ ရသလောက် ယူဖို့ကြိုးစားတာပဲ။ တိရိစာ္ဆန်နဲ့ မတူဘူးလေ။ ခေါင်းဆောင်ပိုင်းက တင်းမာနေတောင် ငယ်သား ဖက်က ပြောင်းကြတာပဲ။ လူတွေမှာ ဒီသဘောပဲ။ လှုပ်ရှားနိုင်စွမ်း နဲလာလေ၊ ထွက်ပေါက်ရှာဖို့ သိလာလေ။
          ပြောစကား နားမထောင်တဲ့ ဝန်ထမ်းကို မိန်းမပေးစားလိုက်၊ ရှိပြီးသားဆို နောက်တယောက် ထပ်ပေးစားလိုက်။ အိမ်ဝယ်ခိုင်းလိုက်။ ငမိုက်သားခမျာ မိန်းမအရေး၊ အိမ်အကြွေး၊ ကားအကြွေးနဲ့ လိမ်မာရေးခြား ရှိသွားစေ့မယ်။ အဲလိုမှ မရရင် နှမ၊ သမီး ဖြစ်သူနဲ့ မိတ်ဆက်ပေး၊ နွားတကောင်လို ခိုင်းရလိမ့်မယ်။ ချော့လိုက် ခြောက်လိုက် လှည့်ပတ်လုပ်ရင်း ဆွဲယူကြတာပဲ။ အရေးကြီးတာ ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ထားဖို့။ အမေရိကန်နိုင်ငံ အဲဒီနည်း ပုံမှန်သုံးတယ်။ မဟာရန်သူ ဖြစ်နေပစေအုံး တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ဆက်သွယ်ရေးလမ်း ဖွင့်ထားတယ်။ ရန်သူ့ဆက်သားကို မသတ်ဘူး။ တဦးချင်း ကွန်းဖလစ်မှာလည်း အပြတ်မဖြစ်လိုက်ပါနဲ့။ ကိုယ့် ရည်းစား လုသွားတောင် မေးထူးခေါ်ပြောရှိပါ။ အရင်လို နွေးထွေးမှု မရှိတော့ပေမဲ့ သူ့အကျိုးမဲ့စေမည့်သူ မဟုတ်ဆိုတာ အပြုအမူအားဖြင့်ပြပါ။ အခန့်သင့်ရင် သူ့နှမ ကိုယ်ပြန်ရလိမ့်မယ်။
          အက်တီကျုဖက်က လှည့်တွေးရင်တော့ အဲသလို ဖြတ်လေးဖြတ်လုပ်တာ ပဋိပက္ခပြေလည်ပါစေတော့ဆိုတဲ့ စိတ်ထားနဲ့ ဖြစ်ရမယ်။ လူဖြစ်လို့ ကိုယ့်ဖက်သာအောင် လုပ်ပေမဲ့ ပြသနာဖြစ်နေရင် ဘယ်ဖက်မှမကောင်း ဆိုတဲ့ အမြင်နဲ့ လုပ်တာမျိုးမှ ရေရည်အကျိုး ဖြစ်ထွန်းမယ်။ နို့မို့ရင် ခုငြိမ်း နောင်ပြန်ဖြစ် သံသရာလည်မှာပဲ။ သူ့ကိုကိုယ် လုပ်သလို ကိုယ်လည်း ပြန်အလုပ်ခံရတဲ့အခါ မိုးဗျားဂိုဏ်းဆရာတွေ ပြောသလို လူနဲ့ ကိလေသာ အပြုအမူကို ခွဲခြားသိ၊ အာဃာတ ကြီးကြီးမားမား မထားနဲ့။ အဲလောက် ရေချိန်မြင့်သွားရင် အက်တီကျုဖက် ရောက်သွားပြီ။ ရှင်းလို့ လွယ်တော့ဘူး…။

      • thit min

        November 5, 2012 at 8:18 am

        ကိုကြောင်ရေ
        ဝန်ကြီးဦးအောင်မင်းက အက်တီကျူ့ကို စ ပြောနေပြီဗျို့။
        သူတို့အဖွဲ့ထဲကတချို့တွေရဲ့ အက်တီကျူ့ကို ပြောနေတာပေမဲ့
        တဘက်အဖွဲ့အစည်း တွေရဲ့ သဘောထားတွေကိုပါ ပြောလိုတယ် လို့ ကျနော်”ထင်”မိတယ်။
        မူရင်းလင့်က သစ်ထူးလွင် ပါ။ credit to .thithtoolwin.net.

        ပြုပြင် ပြောင်းလဲရေး အတွက် အတွေးအခေါ် မပြောင်းသူတွေရှိ
        ဆိုတဲ့ ခေါင်းစဉ်နဲ့
        http://www.thithtoolwin.net/2012/11/bbc-11-4-12-6.html

        • ဦးကြောင်ကြီး

          November 5, 2012 at 8:55 am

          သွားလေသူဂျီး ဦးခင်ညွှန့်လည်း အဲသလို ပြောခဲ့ဖူးသဗျ…။ အင်း… ပြောဂျေးဆို သူ့အဘဂျီး ဦးနေဝင်းလည်း ၁၉၆၂ အာဏာသိမ်းခါစ ဂလိုဗဲ ပြောခဲ့အုံးမှာဘဲ..။ သက္ကရာဇ် ၂၀၂ဝ အာဏာသိမ်းပွဲအသစ်ကြရင်ဂေါ အလားတူ ပြောပါလိမ့်အုံးမယ်..။ ဒီတော့ ဒီနေရာကနေ ဒီလိုပြောလိုက်မယ်.. အဘဦးအောင်မင်းရေ.. အက်တီကျုပြင်လို့ပြောတဲ့ စိတ်ဓာတ်လေးတွေ ပြင်ဖို့လိုနေပြီ။ :harr:

  • blackchaw

    November 4, 2012 at 11:36 am

    အလွန်အကျွံကြီး နောက်ကျသွားတာ ခွင့်လွှတ်ပါ ကိုသစ်ရေ…။
    စလိုဒ် ထိုးတာမဟုတ်ရပါဘူးခင်ဗျာ…။
    အမေးရှိလျှင်တော့ အဖြေရှိလာလိမ့်မယ်လို့ တွေးမိလိုက်တာနဲ့
    စလိုဒ်ထိုးလိုက်သလို ဖြစ်သွားရခြင်းပါ…။
    မနေ့က တစ်နေ့လုံး အင်တာနက် မရနိုင်တဲ့ နေရာမှာ ရောက်နေပေမယ့်
    ညီငယ်ရွှေတိုက်က ကိုသစ်ကြီး ပို့စ်တင်လာတဲ့ အကြောင်း ဝမ်းသာအားရ
    (တကယ့် ဝမ်းသာအားရကြီးဗျ)
    ဖုန်းဆက်သတင်းပေးပါတယ်…။
    တကယ့်အချိန်ကြီးကျမှ အင်တာနက် နဲ့ ဝေးနေရတယ်ဆိုပြီး
    ကြိတ်ဆွေးနေတုန်း…
    မိတ်ဆွေကြီး ကိုမိုက်က ဖုန်းထပ်ဆက်လာပြန်ရောဗျာ…။
    ကိုသစ်မင်းကြီး ပို့စ်ပြန်တင်လာတယ်ဆိုပြီး…
    (ခုနကလိုပဲ ဝမ်းသာအားရကြီး)
    သတင်းပေးလာပါတယ်…။
    အဲဒါနဲ့ ကျွန်တော်ကလည်း ဝမ်းသာအားရ
    ညီငယ် အမတ်မင်းလေးကို ဖုန်းဆက်ပြီး သတင်းပေးပါတယ်…။
    အမတ်မင်းကလည်း တောင်ငူကို ခရီးယာယီထွက်နေတာတဲ့ ဗျာ…။
    ဒီနေ့ မနက်လည်း ဒါဇင်ပလပ်စ် အဖွဲ့ရဲ့ အလှူအတွက် သံလျင်ဘက်
    ခရီးဆက်ဦးမယ်ဆိုတော့
    ကွန်းမန့်ဝင်မရေးနိုင်သေးတဲ့အတွက်
    ကိုသစ်ကို ခွင့်တိုင်ပေးပါတဲ့… လူကြုံပါးပါတယ်ဗျာ…။
    ကျွန်တော်က ကိုသစ်ပို့စ်မတင်ရင်
    အတင်းကြီးဆွဲတင်မယ်ဆိုပြီး…Draft ထဲမှာတောင်
    သိမ်းထားပြီးနေပြီဗျ…။
    ဆိုတော့…
    ကိုသစ် ပြန်လာလို့ ကျွန်တော်နဲ့ ကျွန်တော်တို့ရွာသူရွာသားတွေ၊
    မိတ်ဆွေတွေ ညီတွေ အစ်ကိုတွေ အစ်မတွေ
    ဝမ်းသာအားရဖြစ်ကြတယ်ဆိုတာလေး…
    ပြေးရင်းလွှားရင်း လေးလေးစားစား
    ပြောခဲ့ပါရစေဗျာ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

    • thit min

      November 4, 2012 at 5:04 pm

      ကိုဘလက်ရေ
      ကျေးဇူးပါ။
      လေးလေးစားစားနဲ့ ကော်မန့်လာရေးတာရယ်။
      မိတ်ဆွေများရဲ့ဝမ်းသာမှူကိုလက်ဆင့်ကမ်း
      သယ်ယူလာပေးတာရယ်။ အတွက်ကျေးဇူးပါ။
      အမတ်မင်းကိုလည်းအားတဲ့အခါမှအေးအေးဆေးဆေးလာပါလို့ပြောပေးပါ။
      အမှန်တော့ အဲဒီလိုပြောကြကြေးဆိုရင် ကျနော်ကအများကြီးတောင်းပန်ရမဲ့သူပါ။
      ကျနော်က မိတ်ဆွေတွေအပေါ်ပျက်ကွက်မှူပိုများတာပေါ့။
      ကျနော်အနေနဲ့ အားတဲ့အချိန်လေး ရရင်ရသလို ဝင်ပါ့မယ်။
      အရင်လိုတော့အချိန်တိုင်းလိုလိုမဝင်နိုင်တော့တာတော့အမှန်ပါ။
      အဲဒီအတွက်တော့ နားလည်ကြပါအုန်းဗျာ။
      ကိုဘလက်တို့ရဲ့ ကြိုဆိုမှူအတွက်အရမ်းဝမ်းသာရပါတယ်။
      ခင်မင်စွာဖြင့်……။
      သစ်မင်း (^^)

  • weiwei

    November 4, 2012 at 10:04 pm

    အရမ်းကိုနောက်ကျပြီးမှ ဖတ်ရလို့ ကွန်မန့်ပေးရတာလဲ နောက်ကျသွားပါတယ် …
    တကယ်တော့ ပုံစံ (၈) ခု လုံးက လူတစ်ယောက်ထဲမှာ ဖြစ်ပျက်နေတတ်ပါတယ် … လူ့စိတ်ဆိုတာက အမျိုးမျိုးပြောင်းလဲနေတာဆိုတော့ …
    ကျွန်မကတော့ အချိန်ပိုင်းလောက်ပဲ ဗီလိန်ဖြစ်အောင် ကြိုးစားပါတယ် …
    အတွေ့အကြုံအရ ကောင်းတဲ့စိတ် များများထားနိုင်လေလေ စိတ်ချမ်းသာမှုပိုရလေလေ … အလုပ်အကိုင်မှာလဲ အောင်မြင်မှု ပိုရလေလေဖြစ်တာကို လက်တွေ့သိနေရလို့ စိတ်ကောင်းထားနိုင်အောင် လေ့ကျင့်နေပါကြောင်း ပြောရင်း ကိုသစ်မင်းကို ရွာထဲမှာပြန်တွေ့ရတာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ် …

    • thit min

      November 5, 2012 at 7:46 am

      မဝေဝေရေ
      ကြိုဆိုမှုအတွက် ကျေးဇူးတင်ပါတယ်။
      ကျနော်လဲ မဝေဝေ တွေးသလို တွေးထားသူပါဘဲ။
      ကောင်းအောင်နေရင် စိတ်အေးရတယ်ဗျာ။
      စိတ်မပူချင်ဘူး၊ လောလောဆယ် အဲဒီအကျိုးရကိုရတယ်။
      ကိုယ်ကကောင်းအောင်နေပါလျှက်နဲ့ မကောင်းတာတွေ့ကြုံရရင်လဲ ကောင်းအောင်နေခဲ့လို့
      ဒီလောက်ဘဲ ဖြစ်တာလို့ တွေးတတ်ပါတယ်။
      ကော်မန့်လေးအတွက် ကျေးဇူးပါလို့ ။

  • အရီးခင်လတ်

    November 5, 2012 at 3:11 am

    ကိုသစ်ရှင့်

    တကယ်တော့ ဒီရက်မှာ ဖတ်နေရတဲ့ မြန်မာပြည် အရေး သတင်းတွေ ကြောင့် ဓာတ်ကျမိနေတာပါလို့ အရင်ပြောချင်ပါတယ်။
    ဒီတော့ ကျွန်မ စိတ်ထဲ ရှိနေတာလေး တွေကို ကိုသစ် ရဲ့ ညီမျှခြင်း ထဲမှာ ထည့်ကြည့်ချင်ပါတယ်။
    ရွာ့ထုံးစံ မတူသော အမြင် နဲ့ ပြောရင်း လိုရင်း ချော်သွားရင် ခွေးလွှတ်ပါနော်။ 😆

    အဲဒီ အီကွေးရှင်းလေး တွေ ကို ကြည့်ပြီး ငယ်ငယ်တုန်းက မသိကိန်း ကို ရှာနိုင်ဖို့ သိတဲ့ ဂဏန်းလေးက နေ တွက်ပေးပြီး အဖြေရှာတာ။
    ကျွန်မ Algebra ကို အတော်လေးနှစ်သက်ခဲ့ဘူး တယ်။
    ကိုသစ်ကတော့ Algebra တွေ နဲ့ အတော် နပမ်းလုံး ခဲ့ရမှာပေါ့။

    အီကွေးရှင်း (၁) ရော (၂) ရော မှာ အေ၊ ဘီ၊ စီ တွေ ကနေ ရတဲ့ ကိန်းတွေ ထည့်ပြီး ဖြစ်လာတဲ့ ရလာဒ် တွေ မို့ ပဋိပက္ခ (သို့) အောင်မြင်မှု(ချမ်းသာ/သုခ) ဆိုတာတွေဟာ မသိကိန်း အဖြစ်ထားတာ ထင်ရဲ့။

    ကျွန်မ စိတ်ထဲ က ဓာတ်ကျနေရတဲ့ မြန်မာပြည် အရေး ကို ကြည့်မယ်နော်။

    (၁) (အေ=သဘောထား)+ (ဘီ=ပြုမူလုပ်ဆောင်ချက်) +(စီ=ကွဲလွဲခြားနားဆန့်ကျင်ဘက်ဖြစ်ခြင်း) = ပဋိပက္ခ

    အဲဒီ အီကွေးရှင်း ကို အခြေအနေ ၂ရပ်နဲ့ သွားစဉ်းစားမိတယ်။

    (က) ကျွန်မတို့မြန်မာပြည်က အဖြစ်အပျက် များ ဟာဖြင့် အေ၊ ဘီ၊ စီ ဖြစ်တည် မှု တန်ဖိုး ကနေ ရလာဒ်တွေ ဖြစ်နေတာမဟုတ် ဘဲ ရလာဒ် ကို လိုချင် မှု ပေါ်မှာ လိုက်ပြီး အေ၊ ဘီ၊ စီ တန်ဖိုး တွေ ကို ကစား နေတာ ပါလို့ ကျွန်မ ဆိုရင် ကိုသစ် ဆိုလိုချင်တာလေး ကို ချော် များသွားမလား။
    ပဋိပက္ခ ဖြစ်ချင်လို့ ကို
    သဘောထားတွေ ထဲ တန်ဖိုးတွေ ဝင်လာ ပြီး သုည မဖြစ်အောင်
    ကွဲလွဲခြားနား ဆန့်ကျင်ဘက်ဖြစ်အောင် ဖန်တီး ပေးလိုက်တာမျိုး ကနေ ပြုမူလုပ်ဆောင်ချက် တွေ သုည မဖြစ်တော့တာ။
    ဥပမာ – ရခိုင်ကိစ္စ

    (ခ) ပဋိပက္ခ ဖြစ်မှာစိုးလို့ ကွဲလွဲခြားနားဆန့်ကျင်ဘက် မဖြစ်ရလေအောင် ပါးစပ်ပိတ် နေကြ တာ။
    ဥပမာ – မကောင်းတဲ့ အထက်လူကြီးရဲ့ လုပ်ဆောင်ချက်တွေ ဟာ လုပ်ငန်း ကို ထိခိုက်နိုင်တာ သိရက် နဲ့ လူကြီး နဲ့ ပဋိပက္ခ အသွင် မဆောင်ရလေအောင် ကိုယ့်အကျိုး မထိခိုက်ရလေအောင် ကွဲလွဲခြားနားဆန့်ကျင်ဘက်(စီ) ကို သုည လုပ်လိုက်တာမျိုး။
    မြန်မာပြည်ရဲ့ လူ တွေရဲ့ စိတ်ဓာတ်တော်တော်များများ မှာ မလုပ်၊ မရှုပ်၊ မပြုတ် ပါးစပ်ပိတ် ထားပြီး မှန်ရာမပြော ရဲတော့ တဲ့ အဖြစ် တွေ ဟာ နိုင်သူ တွေက မတရား အနိုင်ကျင့်မှု တွေ၊ မတရား ဖိနှိပ်မှု တွေ ပိုပြီး ဖြစ်လာဖို့ ဘဲ။

    ဒီတော့ ကျွန်မ အထင် ကိုသစ်ရေ
    ရလာဒ် ကို မသိလို့ ကျူးလွန်မိတာ က ပြန်ပြင်နိုင်ဖို့ လွယ်ကူပါမယ်။
    ရလာဒ် ကို လိုချင်လို့ တန်ဖိုးတွေ ကို ကစား ခံနေရတဲ့ ကျွန်မတို့ စိတ်ဓာတ် “အေ” ဆိုတဲ့ Attitude အက်တီကျူ့ တွေ ပြင်လို့ လွယ်ပါ့မလား။

    သူကြီး ထပ်ဖြည့်ပေးတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ စကား
    {{ ဗမာအမြင်နဲ့ပြောရမယ်ဆိုရင် အောင်မြင်ခြင်းတရား လေးပါးပေါ့။ ဆန္ဒရှိရမယ်။ ဝီရိယရှိရမယ်။ စိတ်ဓာတ်ရှိရမယ်။ ဦးနှောက်ရှိရ မယ်။ အဲဒီအပေါ်မှာအခြေခံပြီး ဖြစ်အောင် လုပ်ရမှာပေါ့။ }}
    ကျွန်မတို့တွေဟာ အောင်မြင်ခြင်းတရား လေးပါး ရဲ့ အစ ဖြစ်တဲ့ ဆန္ဒ ဆိုတာ ရော ပြင်းပြင်းပြပြ ရှိရဲ့ လား။
    တစ်ခု ကို ရဖို့ အတွက် တစ်ခု ကို စွန့်ရမယ် ဆိုတဲ့ အချိန် တကယ်ဘဲ ပူးပေါင်း ပါဝင်ကြမှာလား။

    ဒီတော့ အီကွေးရှင်း (၂) နဲ့ ကြည့်ရအောင်။ (အေ=မှန်သောစိတ်ထား)+(ဘီ=ကောင်းသောအပြုမူ)+(စီ=Cooperationပူးပေါင်းခြင်း) =အောင်မြင်မှု(ချမ်းသာ/သုခ)
    ဒီ အီကွေးရှင်း ကလဲ တန်ဖိုး တွေထဲ က တစ်ခုခု သုည ဖြစ်တာ နဲ့ အောင်မြင်မှု(ချမ်းသာ/သုခ) ဟာဖြင့် လွဲပြီပေါ့။

    ဥပမာ – အခုချိန် ဒေါ်အောင်ဆန်းစုကြည် ကနေ အားကြိုးမာန်တက် နဲ့ တရားဥပဒေ စိုးမိုးနိုင်ရေး ကြိုးပန်း နေချိန်မှာ သက်ဆိုင်သူ များမှ သူတို့ စားပေါက် တွေထိမည် စိုး၍ (စီ=Cooperationပူးပေါင်းခြင်း) ကို သုည လုပ်မည် ဆိုပါက …..

    ကျွန်မ ပြောနေတာတွေဟာ ကိုသစ် လိုရင်းကို လွဲသွားပြီလားတောင် မသိတော့ပါဘူး။
    အချိန်အတိုင်းအတာ တစ်ခု အထိ ကျွန်မ အားတက်ခဲ့တယ်။ မျှော်လင့်ချက်တွေ ကြီးခဲ့တယ်။
    အခုလဲ လုံးလုံးကြီး စိတ်လျှော့တာ မဟုတ်ပေမဲ့ ဒီလူတွေ ဟာ အလွယ်ရတဲ့ ငွေတွေနဲ့ ဘဝကို သာယာပြီး အီကွေးရှင်းထဲ က စီ ကို သုည လုပ်နေမှာ စိုး နေမိတာပါဘဲ။ 🙄

    • အရီးခင်လတ်

      November 5, 2012 at 3:21 am

      သူများတွေကို အပြစ်ဖို့ ဖို့ ကြိုးစားနေတဲ့ အချိန်မှာ ကိုယ်ကိုယ်တိုင် ဗီလိန်ဖြစ်နေခဲ့တာ မမြင်ခဲ့မိဘူး။ 😆

      • thit min

        November 5, 2012 at 8:00 am

        သူများတွေကို အပြစ်ဖို့ ဖို့ ကြိုးစားနေတဲ့ အချိန်မှာ ကိုယ်ကိုယ်တိုင် ဗီလိန်ဖြစ်နေခဲ့တာ မမြင်ခဲ့မိဘူး။

        အဲဒီ ကော်မန့်ကိုတော့ ကျနော့ရဲ့ ဒီစာရဲ့ မူရင်း မွေးဖွားပေးရာ ဆောင်းပါးငယ်
        “ဗီလိန်” ကနေဘဲ (ကိုးကား) ပြောလိုက်တော့မယ်နော်။
        Facebook မှာတင်ခဲ့တာ။ ဂေဇက်မှာတင်တဲ့ ဗီလိန် ကို ဗားရှင်းအသစ်ပြန်ရေးတယ်လို့ပြောရင်လဲရပါတယ်။
        အချိန်ရှိမယ်ဆိုရင် ဖတ်ကြည့်ပေးပါနော်။
        *******************************************************************

        ကျနော်ရေးခဲ့တဲ့ “ဗီလိန်” (ဖေ့စ်ဘုတ်) မှ ကောက်နှုတ်ချက်

        လူလုပ်ကပ်ဆိုး (Man-made disaster)

        ကိုယ့်အမှားကြောင့် ဖြစ်ရတဲ့ လူလုပ်ကပ်ဆိုး

        ဒီလူလုပ်ကပ်ဆိုးမျိုးက ကိုယ့်ကြောင် ့ ကိုယ့်အမှားကြောင့် ဖြစ်ရတာဆိုရင်။
        ရိုးရိုးသားသား မတော်တဆ အမှားမျိုးရှိမယ်။
        ဥပမာ။ အမှတ်တမဲ့ တံတွေး ထွေးမိလို့ တဘက်လူကို စင် သွားတာမျိုး။
        တမင်ရည်ရွယ်တဲ့ ညစ်ပါတ်မှုမျိုးလဲ ဖြစ်နိုင်တယ်။
        ဥပမာ။ မနာလို၊ ဒေါသ၊ရန်စ တခုခု ကြောင့် ဂျောက်တွန်းတာမျိုး။
        တာဝန်မဲ့ မှုကြောင့်ဆိုရင်
        တာဝန်ကို အပျင်းခိုလို့ ဖြစ်ရတဲ့ နောက်ဆက်တွဲ ပြဿနာ။
        တာဝန်ကိုနားမလည်ဘဲ တတ်ယောင်ကားလုပ်မိလို့ ဖြစ်ရတဲ့ ဆိုးကျိုး။
        တာဝန်ကိုသိရက်နဲ့ ရှောင်လွဲတတ်လို့ ဖြစ်လာရတဲ့ အကျိုးဆက် ဂယက်တွေ။
        အဲဒီ အပေါ် ၃ ခု စလုံးက ဘာတွေကို ဖြစ်စေလဲလို့ လက်တွေ့ ဥပမာတွေကအများကြီးပါဘဲ။
        လမ်းပေါ် ရေလျှံပြီး အိမ်ထဲရေဝင်တာ တွေ ခုတလော သိမှာပါ။
        သဘာဝ ဘေး ကြောင့်လို့ ဆိုရင်ဆိုနိုင်ပေမဲ့ တာဝန်ရှိသူတွေ တာဝန်မကျေကြတာလဲ ပါတယ်။
        တာဝန်ရှိသူလို့ ပြောလိုက်လို့ စည်ပင်သာယာ တခုထဲကိုလက်ညှိုးမထိုးချင်ပါနဲ့။
        မိမိတို့ကိုယ်တိုင်လဲ တာဝန်ရှိသပေါ့ဗျာ။ မမေ့ပါနဲ့ဗျာ။
        မိမိကရော လမ်းပေါ်မှာစည်းကမ်းမဲ့ အမှိုက်လုံးဝ မပစ်ဖူး သူဖြစ်ရဲ့လားဗျ။
        မိမိတို့အိမ်ရှေ့၊အိမ်နောက် ကရေမြောင်းတွေကအမှိုက်တွေကိုရှင်းဖူးရဲ့လားဗျ။
        ကိုယ့်ရေမြောင်း သူများရေမြောင်းတွေထဲ အမှိုက်မချဖူး သူလားဗျ။
        လူတိုင်း(လူတိုင်း) အဲဒီတာဝန်လေး ယူနိုင်ရင်ဗျာ၊ ခြေသလုံးထိ တက်မဲ့ရေ၊ ခြေကျဉ်းဝတ်လောက်ရှိတော့မပေါ့ဗျာ။
        ကျနော်တို့အားလုံး တာဝန်မယူခဲ့ကြလို့ ကျနော်တို့ကပ်ဆိုးဖန်တီးသူ ဗီလိန်စာရင်းထဲ ဝင်နေပြီဗျာ။

        ပါတ်ဝန်းကျင်ကြောင့်ဖြစ်ရတဲ့ လူလုပ်ကပ်ဆိုး

        ပါတ်ဝန်းကျင်ကြောင့်ဖြစ်ရတဲ့ လူလုပ်ကပ်ဆိုး ကတော့ ခုခေတ်အများဆုံးပါဘဲ။

        အပေါင်းအသင်းတွေက ဘီယာဆိုင်၊ကေတီဗီတွေသွားနေကြဆိုတဲ့ ပါတ်ဝန်းကျင်မျိုးကနေ စလို့ပေါ့ဗျာ။
        လူမှူ့နယ်ပယ်မှာ များစွာသောပါတ်ဝန်းကျင်တွေနဲ့ တွေ့နေရတာပါဘဲ။
        ကိုယ့်ကားကိုယ်မောင်း လမ်းကြောင်းမှန်ပါရက်နဲ့ အလှူခံနဲ့တိုးရတဲ့ဟာမျိုးတွေလဲတွေ့ဖူးမှာပါ။
        ပြောရရင်တော့ ဗီလိန်ပါတ်ဝန်းကျင်ဗျာ။
        အဲ တခုတော့ စဉ်းစားအုန်းနော။
        သူများတွေက ကိုယ့်ရဲ့ ပါတ်ဝန်းကျင်ဖြစ်နေသလို ကိုယ်ကိုတိုင်ကရော အဲဒီအခြားသူတွေရဲ့ ပါတ်ဝန်းကျင်ဖြစ်နေပြန်တယ်ဗျာ။
        ပြောရရင်ဗျာ ကိုယ်လဲပါတ်ဝန်းကျင်ကောင်းဖြစ်အောင်နေတတ်မှ ဗီလိန်စာရင်းကလွတ်မှာနော့။

        နိဂုံးချုပ်ရရင်
        ရုပ်ရှင်ပြဇာတ်ထဲမှာဗီလိန်လုပ်တဲ့ သူတွေ့ရင် မုန်းတတ်ပေမဲ့ လက်တွေ့ဘဝမှာ ကိုယ်ကိုတိုင်ဗီလိန်ဖြစ်နေတတ်တာတွေးမိလို့ပါဘဲ။
        လူလုပ်ကပ်ဆိုးဆိုတာကတော့ စိတ်ပိုင်းဆိုင်ရာ ဒုက္ခများကရုပ်ပိုင်းဆိုင်ရာ ဒုက္ခများ ထက်ပိုပုံပါဘဲ။

        စိတ်/ရုပ်ဒုက္ခ၂ ခုလုံးတော့ပါနေတာလဲဒုနဲ့ဒေးပါဘဲ။
        ငယ်ငယ်ကကျောင်းမတတ်ချင်တာကျောင်းမတက်ချင်တဲ့ကလေးတယောက်ထဲဘက်ကကြည့်ရင် ကပ်ဆိုးပါဘဲ။

        ကဲဗျာ ဘဝတခုလုံးနဲ့ပတ်သက်လာရင် ဘယ်လောက်ခံစားရမလဲနော်။ရောင်းစားခံလိုက်ရတဲ့ ကလေးမလေး
        တယောက်ဆိုရင်ပေါ့ဗျာ။

        ခံလဲခံစားနေရပါပြီလေ။လူလုပ်ကပ်ဆိုးတွေ။

        ဘတ်စကား စပယ်ယာ အပေါက်ဆိုးရင်လဲ ကပ်ဆိုးလုပ်နေတဲ့လူ(စပယ်ယာ) ဘဲ။

        အဲဒီလိုဆက်စဉ်းစားရင် ဌာနဆိုင်ရာရုံးကလူတွေ(ညစ်နေတာ၊ထစ်နေတာ) လဲ အဲဒါဘဲ။

        ပြောချင်တာက …………………..

        အဲဒီလိုလုပ်နေတဲ့ လူလုပ်ကပ်ဆိုးဖန်တီးရှင်တွေကရော ၊အဲဒီလိုကပ်ဆိုးတွေနဲ့ကင်းရောလား၊ကင်းနေလား?
        ဘယ်ကင်းမှာတုန်းဗျာ၊သူလဲ အဲဒီလိုအလုပ်ခံနေရမှာပါဘဲ။အဲတခုပိုနိုင်သေးတယ်ဗျ။

        သူလုပ်သမျှကံသူ့ထံပြန်၊အမှန်ဖြစ်လိမ့်မည်ဆိုတယ်မလား စိုက်သမျှရိတ်သိမ်းရမှာနော့။
        ဟုတ်ပြီ၊ဖန်တီးသူတွေ၊ခံစားရသူတွေ ၂ မျိုးရှိပြီဆိုရင်။

        ကဲ လိုရင်းပြောပြီနော်………..

        ငါ ကော အမှတ်တမဲ့ဖန်တီးနေသူလား၊။
        တမင်ဖန်တီးနေသူလား။
        ဖိအားတခုခုကြောင့် ဖန်တီးမိနေသူလား။

        ငါသိသည်ဖြစ်စေ၊မသိသည်ဖြစ်စေ ငါအတွက်နဲ့လူဘယ်နှစ်ယောက်လောက်များ စိတ်ညစ်ရမလဲ။
        ငါကိုလုပ်ရင်ငါမသဘောမကျပေမဲ့ ၊ငါမုန်းပေမဲ့ငါကရောငါကရော၊ငါကိုယ်တိုင်ကရော အဲဒီငါမုန်းတဲ့လူမျိုး ဖြစ်နေလား?
        မဖြစ်သင့်ဘူးဗျာ။ ကျနော်တို့ကို လောကဓံတွေ၊ကပ်ဆိုးတွေဖန်တီးပေးနေသူတွေရော၊

        ကျနော်တို့ကိုယ်တိုင် ကပ်ဆိုးဖန်တီးသူအနေနဲ့ မဖြစ်သင့်ဘူးဗျာ။

        သူများရဲ့ အားနဲချက်၊အမှားကို ကိုယ်မှာမရှိအောင်လုပ်ရမှာမဟုတ်လား။

        ကဲ လောကဇာတ်ခုံလူတို့ဘုံမှာ မင်းသား၊မင်းသမီး မဟုတ်ရင်တောင် “ဗီလိန်” အခန်းကတော့
        မ “က” ဖြစ်အောင်ကြိုးစားရမှာပါလား။

        အဲ သူများကျတော့ ပြောလို့ရချင်မှရမှာဆိုတော့၊ လုပ်လို့ရတာက ကိုယ်ဟာကိုယ်ပြင်ဘို့လို့တွေးမိသွားတယ်။

        ကျနော်တော့……………

        “ဗီလိန်” မဖြစ်ချင်ဘူးဗျို့။
        ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
        အားလုံးကိုလေးစားပါသည်
        မောင်သစ်မင်း (^^)

        စာကြွင်း။ ။ဗီလိန်မဖြစ်အောင် ဘယ်လိုကျင့်ဆောင်မလဲ ဆိုတာကို ကျနော် ABC -ART လို့အမည်ပေးထာရှိပါတယ်။
        ABC= Attitude, Behavior, Contradiction
        ART =Awareness, Responsibility, Transparency ပါ.
        နောက်ဆက်လက်ရေးသားပါမယ်။

    • thit min

      November 5, 2012 at 7:47 am

      ကျွန်မ ပြောနေတာတွေဟာ ကိုသစ် လိုရင်းကို လွဲသွားပြီလားတောင် မသိတော့ပါဘူး။

      မလွဲပါဘူး။
      ဘယ်ရှူ့ထောင့်ကကြည့်ကြည့် ကြည့်လို့ရနေမှ ယူနီဗာဆယ်ထရူ့ကိုကိုယ်စားပြုမယ်မဟုတ်လား။
      အိုကေပါတယ်အစ်မရေ။

      အစ်မလတ် ပြောသွားတဲ့အတိုင်းဆိုရင်
      အေ က မမှန်တဲ့ အက်တီကျူ့ ပေါ့ဗျာ။

      ဖန်တီးထားတာ၊ ဟန်ဆောင် လုပ်ကြံထားတာ ဆိုတော့
      “ဟန်ဆောင်မှူ” လို့ ဆိုပြီး အီကွေးရှင်းထဲ ရောက်လာတဲ့ ဖန်ရှင်တခုအနေနဲ့ စဉ်းစားရမှာ။
      သူ့ကိုအီကွေးရှင်းထဲမှာ ထဲ့စဉ်းစားရင်တော့ မြောက်ဖော်ကိန်း ဖြစ်မှာပါဘဲ။

      စီ က အမြဲ သုည ဖြစ်မယ်တော့မထင်ဘူးဗျ။
      ပြောရရင် ကိုယ်ဟာကိုညစ်နေတဲ့ ဒိုင်လဲမား ဆိုတာကလဲ စီ ကိုမွေးပေးနေမှာဘဲ။
      အဲဒီလို ကိုယ်ဟာကိုတောင် ညစ်နေတတ်တဲ့အခါ ရှိတဲ့ လူ့ဘဝမှာ သူများကို အမြဲစိတ်တိုင်းကျနေ
      မယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

      ဖန်တီးထားလည်း “စိတ်ထဲမှာတော့ မပြေလည် ဘူး “မဟုတ်လား။
      အဲဒါ ပဋိပက္ခကို ဦးတည်သွားတတ်တယ်။

      စိတ်ကြည်တုန်းတော့ အလိုလိုက် အနစ်နာခံ (အစစ်အမှန် အက်တီကျူ့မဟုတ်ဘဲနဲ့)ခဲ့ပြီးမှ
      စိတ်လဲမကြည်ရော မင်းကို ငါဘယ်လို အနစ်နာခံခဲ့တာ ဆိုပြီး “တဦး
      နဲ့ တဦး ရန်ဖြစ်ကြသူတွေရှိတယ် မဟုတ်လား။

      ပြောရရင် ကွန်ဖလစ်ကလဲ ဇီးရိုး ဖြစ်သွားတာမဟုတ်ဘူး အစ်မလတ်ရ။
      ခဏ ငှုတ်နေတာမျိုးပါ။
      ပေါ်ချိန်တန်ရင် ပေါ်ပါတယ်။ အဲဒီလို ကျနော် မြင်တယ်ဗျာ။

  • maungmoenyo

    November 5, 2012 at 9:23 am

    ဆရာကိုသစ်မင်း MG ပေါ်မရောက်တာကြာလို့ ပြန်ပေါ်လာမဲ့ အချိန်မျှော်နေချိန်၊ စင်ပေါ် ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ပြန်ပေါ်လာလို့၊ အော်…တို့ပရိသတ်ကိုမမေ့သေးပါလားလို့ ဝမ်းသာမိပါတယ်။
    မဂ္ဂင်(၈)ပါး တပါးအပါအဝင်ဖြစ်တဲ့ ကောင်းသောကြံစည်ခြင်း ဆိုတဲ့ ကျင့်စဉ်မှာ၊ မကောင်းတဲ့အချိန်ပိုင်းဗီလိန်ချိန်ကိုတတ်နိုင်သမျှလျှော့ချပြီး၊ ကောင်းတဲ့ စိတ်ထားအကြံအစည်တွေ နဲ့အစားထိုး တိုးမြင့်သင့်တဲ့ဆွေးနွေးချက်လေးကို သဘောကျတယ်ဗျာ။
    ဒီနေရာမှာ dilemma ဆိုတဲ့ ရွေးစရာလမ်းဆုံးရောက်လို့ မကြိုက်ပေမဲ့ ရွေးချယ်ပုံနည်းလမ်းပြောင်းရတဲ့ သဘောကိုတော့ ရွေးချယ်မိတဲ့လူသားတို့ရဲ့ နိယာမကို သိပ်ဘဝင်မကျလှပေမဲ့၊ ဆန်ူကျယ်တဲ့လူ့ရြ့မသိစိတ်ကို နားလည်လက်ခံရပါလိမ့်မယ်။ ဘာကြောင့်ပါလိမ့်လို့ကိုယ့်ကိုယ်ကိုပြန်မေးမိတဲ့မေးခွန်းဟာ အဲ့ဒီပြုမူဆောင်ရွက်ချက်ပေါ်မှာအခြေခံသွားတတ်ပါတယ်။
    conflict နဲ့ dispute တိုရဲ့သွားရာလမ်းဆုံ ဟာ dilemma မဖြစ်မိဘို့ ကပြောရလွယ်ပေမဲ့ခက်လှပါတယ်။
    လာဘ်ပေးလာဘ်ယူ …ဘာသားနဲ့ထုထားတာမို့လဲ ဆိုတဲ့ အယူအဆဟာ…dilemma မဟုတ်ပေမဲ့ ကိုယ်တွင်းအဇ္ဈတ္တသဏ္ဍာန်ရဲ့ ဒွန်တြွပြီးလွန်ဆွဲနေတဲ့ ဖြစ်ကြောင်းတွေလို့မြင်မိကြောင်းပါ။
    ဆရာသစ်ရေ…..အမှာလေးတွေထောက်ပြပေးပါ။ ကျေးဇူးတင်လျက်။

    • thit min

      November 5, 2012 at 1:48 pm

      ဆရာ(ဦး)မိုးညိုခင်ဗျား
      ကျနော့ရဲ့ ကိုယ်ရေးကိုယ်တာတွေနဲ့ မအားလပ်ခဲ့လို့ ဂေဇက်ကိုမဝင်ဖြစ်တာပါ။
      ဆွေးနွေးဖော် ဆရာသမားအားလုံးကို သတိတယရှိပါတယ်ခင်ဗျာ။
      သတိတယနဲ့ နွေးထွေးစွာ ကြိုဆိုတဲ့ ဆရာရဲ့ ကွန်မန့်လေးကိုကျေးဇူးပါခင်ဗျာ။
      ဒီလို ပါဆရာ။
      အကြောင်းတိုက်ဆိုင်လို့ အာဖရိက ဦးချို နိုင်ငံတွေဖြစ်တဲ့ ဆိုမာလီယာ၊အီသီယိုးပီးယားနိုင်ငံတွေကနေ
      ဆက်စပ်ပြီး ဆူဒန်၊ရဝမ်ဒါ အစရှိသဖြင့် အဲဒီနိုင်ငံတွေရဲ့ မင်းမဲ့စရိုက်တွေ၊လူမျိုးတုန်းသတ်ဖြတ်မှု(ဂျီနိုဆိုက်တွေ)
      အစရှိတာတွေကို စာတမ်းတွေ ဖတ်ရပါတယ်။ဆွေးနွေးပေးရပါတယ်။
      အဲဒီတော့ ပဋိပက္ခတွေ၊အငြင်းပွါးမှုတွေ၊ဒိုင်လဲမားတွေကိုသုတေသနပြုလေ့လာရင်း “လူ့စိတ်” ရဲ့အဓိက
      မောင်းနှင်အားလေးတွေကို သတိပြုခဲ့မိလာပါတယ်။
      လူဟာ ကိုယ်ဟာကိုယ် ဒီလိုလုပ်ရင်ကောင်းတယ်ဆိုတာလေးကို စ ပြီး တွေးရာကနေ၊ လုပ်ဖြစ်တယ်။
      နောက်တော့ အခိုင်အမာကြီး စွဲကိုင်ပြီး အဲဒီလိုဘဲ ပြုမူလ့ရှိတော့တာဘဲ။
      ကိုယ်ကောင်းတယ်လို့ထင်နေတာက မှားနေရင်လဲ တော်ရုံ မပြင်နိုင်ကြတော့ဘူး ဆိုတာတွေ့လာတယ်။
      အဲဒီလိုဖြစ်လာတော့ နောက်ဆက်တွဲအမှားတွေ ကျူးလွန်လာရင်း ပဋိပက္ခတွေ၊စစ်ပွဲတွေ ဖြစ်လာရတာဆိုတော့
      ဘုရားဟောမှာတော့ ဟေတုပစ္စယောရဲ့ ဟိတ် ၆ ပါးပေါ့နော်။
      လောဘ၊ဒေါသ၊မောဟ၊ အလောဘ၊အမောဟ၊အဒေါသ လို့ရေသောက်မြစ်သဖွယ် ဟိတ် တွေပေါ့။
      အဲဒီ ဟိတ် ၆ ပါးက အသီးသီးမယ်။အပွင့်ပွင့် တယ်။ ပွင့်တဲ့အသီးအရ အချိုပင်၊ အချဉ်ပင် ဖြစ်ရမယ်ပေါ့။
      နောက်တမျိုး စဉ်းစားရင် တခါ အဲဒီ ၆ပါးထဲက မကောင်းတဲ့ ဟိတ် ၃ ပါးကို
      ထပ်ခါထပ်ခါပြုမိခြင်းဆိုတဲ့အာသေဝနပစ္စယောရဲ့ သတ္တ္တ္တိနဲ့
      တွေ့လိုက်တော့ မကောင်းတဲ့ကြံစည်၊ပြုမူမှုတွေဟာ ကိုယ်နဲ့ယဉ်ပါးမှန်း
      မသိ ယဉ်ပါးလာပါတော့တယ် ဆရာရယ်။
      အဆိုးဆုံးက ကိုယ့်ကိုကိုယ် လျှော့လျှော့ပေါ့ပေါ့လေးတွေးပြီး အမှားကို မပြင်နိုင်တာပါ။
      နောက်တော့လဲ “ငါ့လောက်တန်ခိုးမကြီးတန်ရာ” ဆိုတဲ့စိတ်မျိုး ဝင်သွားတတ်ပါတယ်။
      မာနနဲ့ကြည့်တယ်၊ ဒေါသနဲ့တုန့်ပြန်တယ်။
      စိတ်က အေးချမ်းလှတယ် ကိုမရှိတော့ပါဘူး။
      အဲဒီလို ကျနော်ကိုယ်တိုင်ဖြစ်ခဲ့ ဘူး ပါတယ်။
      ကျနော် ပြောခဲ့သလို သုခ ကိုလိုချင်လို့ လုပ်ရင်း ဒုက္ခ တွေဘဲ ဖြစ်လာရတယ်။
      ထရဲန်းပါရဲန်းစီ ကို တယောက်ယောက်ကိုပွင့်လင်းမြင်သာမှု ရှိသင့်တယ်လို့ပြောတာ ထင်ခဲ့ပေမဲ့
      ကိုယ်ဟာကိုယ် ပွင့်လင်းမြင်သာမှု ရှိစွာ မကြည့်တတ်ခဲ့ပါဘူးဆရာရယ်။
      အမှန်တော့ ဒီလို စာတွေ ရေးနေတာ ကျနော် ဘယ်သူ့ကိုမှ လမ်းညွန်နေတာ၊ဆုံးမနေတာ မဟုတ်ပါဘူး။
      ကျနော် မှားခဲ့တာတွေကို ကျနော် “ဗီလိန်” ဖြစ်ခဲ့၊ဖြစ်နေ သေးတယ်ဆိုတာကို သတိပြုမိလို့ ဒီလိုပြင်ရင်
      ရနိုင်ကောင်းရဲ့လို့ အများနဲ့အတူ ဆွေးနွေးမှု တခုပါဘဲခင်ဗျာ။
      ဆရာ့လို အတွေ့အကြုံနဲ့အသိတရားပြည့်ဝပြီးသား လူတဦးလောက် မရင့်ကျက်သေးဘူးလို့လဲ ဝန်ခံပါတယ်ခင်ဗျာ။
      လေးစားခင်မင်စွာဖြင့်
      မောင်သစ်မင်း

  • uncle gyi

    November 5, 2012 at 10:04 am

    မင်္ဂလာပါကိုသစ်
    ကျွန်တော်ကရွာနဲ့အဆက်ပြတ်နေတာ
    ပြန်ဝင်ကြည့်လိုက်တော့ခင်ဗျားပျောက်နေလို့ဘယ်များသွားနေသလဲလို့

    လူ့စရိုက်တွေကိုခေတ်သစ်အတွေးအခေါ်နဲ့
    အီကွေးရှင်းထုတ်ထားတာရှင်းပါတယ်
    ပုံစံ ရ ကတော့ခွေးလိုလူလို့ပဲအမည်တပ်ချင်တယ်ဗျာ
    အဲလိုလူတွေများရင်တိုင်းပြည်အတွက်မကောင်းတာတော့အမှန်ပဲဗျို့

    • thit min

      November 5, 2012 at 2:16 pm

      မင်္ဂလာပါuncle gyiရေ
      မအားတာနဲ့ မဝင်ဖြစ်တာ အန်ကယ်ကြီးနဲ့ ကျနော် ကွက်တိပြန်ရောက်လာတာဖြစ်
      သွားတာလားခင်ဗျ။
      ပုံစံ ရ က
      ကျနော် အော်ပရေးရှင်းလုပ်ပေးလိုက်တာ ဦးနှောက်ပြန်မထဲ့ပေးလိုက်မိဘူး၊ ဆိုတဲ့ဟာသလို
      ဖြစ်နေတာပေါ့။ ကိုယ်ပိုင်မစဉ်းစားဘဲနဲ့ ခိုင်းတာလုပ်ပြီး
      သူများကိုဒုက္ခပေးတတ်သူများ တကယ်ကိုရှိနေတာပါဘဲ။

  • Shwe Ei

    November 5, 2012 at 1:24 pm

    ကိုသစ်ပို့စ် ဝင်ဖတ်တာ ဒါဘာနဲ့ဆို သုံးခေါက်ရှိဘီ။ မင်ဂလာဘာ ပြောဖို့ အခုမှ သတိရလို့ နစ်နိမ်းအမြန်ပြောင်းရသေးတယ်(ဟိုတလောကပေါက်ကရနံမယ်တေမှည့်ထားမိလို့)။ ကို့သဘောနဲ့ကို ဆိုရင်တော့ ကိုသစ်စာတေကို တိတ်တိတ်လေး ဝင်ဖတ်ရတာပိုကြိုက်တယ်။ ဆွေးနွေးနို်င်လောက်အောင်လဲ ဗဟုသုတမရှိတော့လေ။ ဘလိုဘဲ ဖြစ်ဖြစ် ပြန်လာလို့ ဝမ်းသာပါတယ်။

    • မိဂီ

      November 5, 2012 at 1:31 pm

      လိမ္မာလိုက်တာ ကြည်ရယ် …. လိမ္မာလိုက်တာ ကြည်ရဲ့…
      ကြည်လည်း မင်္ဂလာရှိပါဇီကွယ်…

      ကြည့် ရဲ့
      ဂီ
      ဟီဟိ

    • thit min

      November 5, 2012 at 2:25 pm

      မင်္ဂလာပါ Ma Shwe Ei ရေ
      မဟုတ်တာဗျာ။
      ဆွေးနွေးချင်ရင် ဘယ်လိုရှူ့ထောင့်ကမဆို ဆွေးနွေးပါလို့ ဖိတ်ခေါ်ပါတယ်။။
      မရွှေအိ ရဲ့ ဆွေးနွေးနိုင်စွမ်းကို ကျနော်သိပါတယ်။
      တိတ်တိတ်လေး ဝင်ဖတ်ရုံနဲ့ တော့ တကယ်မကြေနပ်ပါဘူးလို့ ရင်းနှီးစွာပြောပါရစေ။
      ကျနော်ကလဲ မရွှေအိအပါအဝင် ဂေဇက်ရဲ့မိတ်ဆွေတွေနဲ့ ပြန်ပြီး ပြောဆိုဆွေးနွေးရလို့
      ကြည်နူးဝမ်းသာရကြောင်းပါခင်ဗျာ။
      လေးစားခင်မင်စွာဖြင့်

  • maungmoenyo

    November 6, 2012 at 8:40 am

    မိမိကိုယ်ကိုနှီမ့်ချပြောဆိုခြင်းဟာ..ကောင်းမြတ်ခြင်းမင်္ဂလာဆိုတဲ့ဆိုရိုးမို့ ပညာရှိစာရင်းပေါက်သူ ဆရာသစ်ကို မမြင်ဘူးပေမဲ့ စိတ်ထဲကကြိတ်ပြီးလေးစားမိပါတာ မောင်မိုးညိုသာမက၊ MGပရိဿတ် ထဲလည်းမစဲပါခင်ဗျား။ ဆရာထောက်ပြတဲ့ အချိန်ပိုင်းဗီလိန်မှ ကာလတခုကိုဖြတ်သန်းပြီး၊ ရင့်သန်တဲ့ တွေးခေါ်ဆင်ချင်တုံတရားနဲ့ပြည့်စုံတဲ့ ကောင်စွာကြံစည်ခြင်း အဆင့်ကိုရောက်ဖို့ဟာဆိုတဲ့ transform လုပ်တဲ့ ဖြစ်စဉ်ဟာ သူတော်ကောင်းတို့ရဲ့ ကျင့်စဉ်ဆိုရင်မမှားပါဘူး။ ဒီနေရာမှာ transformation လို့လွယ်လွယ်သုံးလိုက်တာ မှန်မှန်တော့ တပ်အပ်မပြောနိုင်ပါဘူး။ ဟိန္ဒူနွယ်တဲ့ purification နဲ့ သိသိသာသာကွာခြားမှုရှိနေလားဆိုတဲ့ ဒွိဟစိတ်လဲဖြစ်မိပါတယ်။ ဗုဒ္ဓရဲ့ သဗ္ဗညုဉဏ်ရရှိခြင်းကိုတော့ ငြင်းစရာမရှိပါဘူး။ ဒီဉာဏ်စဉ်ကိုရတာကလည်းဗုဒ္ဓတစ်ဆူသာရှိတယ်ဆိုတဲ့ သာဓက တခုဘဲရှိခဲ့တာကိုး။
    ဒါတွေက နိဗ္ဗာန်မျက်မှောက်ပြုခြင်းလို့ခေါ်တဲ့ နိဂြောဓကျင့်စဉ်မို့ မောင်မိုးညိုတို့လို ကိလေသာမကင်းသူတွေအတွက်ဝေးပါတယ်။ သာမာန်လူသားတယောက်အနေနဲ့ ဆိုခဲ့တဲ့ ကောင်းစွာကြံစည်ခြင်း အကျင့်ကိုရောက်အောင်သွားရာခရီးမှာ…ကိုယ်ဘယ်ရောက်နေပါလိမ့်ဆိုတဲ့မိန်းမောစိတ်နဲ့၊ “ငါ”ရောက်ပြီဟေ့လို့ ဒိဌိစိတ်နဲ့ကြွေးကျော်မိကြသူတွေရဲ့သံသရာထဲ လူသားတွေကျင်လည်ကြရတာ က သံသရာဆိုတဲ့ ချားရဟတ်ကြီးပါ။

  • Nay Chi

    December 13, 2012 at 1:46 pm

    အဟောင်းထဲက အကောင်းလေးကို ပြန်တူးမိလိုက်တာပဲ….။ ခု တစ်ခေါက်ဖတ်သွားတယ်..။ ဒါပေမဲ့ ထပ်ပြန်တလဲလဲဖတ်ပြီး ပြန်အသုံးချသင့်တဲ့ စာအမျိုးအစားမလို့ PDF နဲ့ပြောင်းပြီး အပိုင်ယူသွားလိုက်ပြီဗျာ…။ သေချာတာကတော့ အချိန်ရတိုင်း လာလာပြီး မွှေနှောက်ရမဲ့ စာရေးသူတစ်ယောက်ကို ကျနော်ရှာတွေ့သွားပြီ…။

  • padonmar

    February 3, 2014 at 12:33 am

    ကိုသစ်
    အသစ်တွေ ရေးမပေးတော့ပေမယ့်
    ဘယ်တော့မှ မဟောင်းမယ့် အဟောင်းလေးကိုတော့
    နောက်လူတွေကို လက်ဆင့်ကမ်းခွင့်ပြုပါနော်။
    https://www.facebook.com/groups/1444717562412936

Leave a Reply