ရယ်ရယုံ (၁၅)

etoneJuly 14, 20101min1097

လူတစ်ယောက် သင်းအုပ် ဘုန်းတော်ကြီးထံသို့ သူဧ။်အပြစ်ကို ဝန်ချတောင်းပန်သည်။
ဘုန်းတော်ကြီး။     ။ မင်းမှာဘာအပြစ်ရှိလို့လဲ။
လူ။     ။ ကျွန်တော်အရင်တစ်ပတ်က ကျွန်တော့်သူငယ်ချင်းအိမ်ကို သွားလည်တယ်။ သူ့အိမ်ရောက်တော့ သူကမရှိဘူး။ အိမ်မှာသူ့မိန်းမပဲရှိတယ်။
အဲဒါနဲ့ကျွန်တော်ပြန်မယ် လုပ်တော့ .. မိုးက ဝုန်းကနဲဆို ရွာချရော။ ထီးကလည်းမပါဘူး။ ဒါနဲ့ပဲ သူငယ်ချင်းမိန်းမက မိုးခိုရင်းကော်ဖီသောက်လိုက်ဆို

ပြီး  ကော်ဖီဖျော်တိုက်တယ်။ အဲ … မိုးကလည်းတော်တော်နဲ့ မစဲဘူး။ အဲဒါနဲ့ပဲ မထိန်းနိုင်ဖြစ်ပြီး သူငယ်ချင်းမိန်းမ နဲ့မှားသွားမိတယ်။ အဲဒါကြောင့် ခွင့်လွှတ်ပါ။
ဘုန်းတော်ကြီး။     ။ ရပါတယ်။ ဒါကလူတိုင်းဖြစ်နိုင်တာပဲ။ ခွင့်လွှတ်ပါတယ်။
လူ။     ။ မပြီးသေးဘူး။ လွန်ခဲ့တဲ့သုံးရက်လောက် ကကျွန်တော် ယောက္ခမအိမ်ကို သွားလည်တယ်။ မိန်းမကလည်း မအားလို့မလိုက်တော့ဘူးတဲ့။ ယောက္ခမ အိမ်ရောက်တော့ သူမရှိဘူး။ Party သွားတယ်တဲ့။ ကျွန်တော့်ခယ်မ တစ်ယောက်ပဲအိမ်မှာရှိတယ်။ အဲဒါနဲ့ မကောင်းပါဘူးလေ ဆိုပြီး ပြန်မယ်လုပ်တော့ မိုးကရွာကော။ ထီးမပါလာပြန်ဘူး။
ဒါနဲ့ခယ်မကလည်း ကော်ဖီဖျော်တိုက်တယ်။ မိုးကလည်းတော်တော်နဲ့မတိတ်ဘူး။ အဲဒီ့မှာပဲ မထိန်းနိုင်ပဲ မှားသွားမိသေးတယ်။
ဘုန်းတော်ကြီး။   ။ အင်း……… နည်းနည်းတရားလွန်ပေမယ့် ခွင့်လွှတ်လိုက်ပါတယ်။
လူ။     ။ နောက်တစ်ခုကျန်သေးတယ်။ မနေ့က ကျွန်တော့်အဒေါ်အိမ်သွားတယ်။ အဒေါ်ဆိုတာ အဖွားရဲ့မွေးစားသမီးပါ။ ကျွန်တော်နဲ့တော ့ဘာမှမတော်ပါဘူး။
သူကလည်းအိမ်မှာမရှိဘူး။ သူ့ရဲ့သားပဲအိမ်မှာရှိတယ် ။ ကျွန်တော်ပြန်မယ်လုပ်တော့ မိုးကသဲသဲမဲမဲ ကိုချတော့တာပဲ။ အဲဒါနဲ့သူ့ရဲ့သားက ကော်ဖီဖျော်တိုက်တယ်။
ထီးမပါတော့ပြန်လို့မရဘူးပေါ့။ အဲဒီ့မှာပေါ့ … အဒေါ့်သားကနည်းနည်းနွဲ့နွဲ့လေး ဆိုတော့ကျွန်တော်လည်း ………………..
ဘုန်းတော်ကြီး။   ။ တော်တော် .. ဆက်မပြောနဲ့တော့။ ငါအကုန်လုံးကိုခွင့်လွှတ်တယ်။ ပြီးပြီမဟုတ်လား။ မင်း မင်း… မြန်မြန်ပြန်တော့။ မင်းဒီကိုလာတာထီးလည်းမပါဘူး။ အခုအပြင်မှာမိုးအုံ့နေပြီ။

7 comments

  • enzo

    July 14, 2010 at 8:42 am

    ထီးမပါလို့ကတော့သူလာရင်ကြောက်စရာကြီးနေမှာဘဲ

  • sususan

    July 14, 2010 at 11:40 am

    မိုးရာသီနဲ့လိုက်ဖက်တဲ့ဟာသလေးပါ..
    တကယ်ရီရတယ်..အသိတွေအိမ်လာ
    လို့ထီးမပါရင်..အမြန်ပြန်ခိုင်းမှ…

  • kopauk mandalay

    July 14, 2010 at 11:57 am

    သူက မိုးရာသီမှာထီးမဆောင်ဘဲ ဒိုးတူဒိုးစစ်စတမ်နဲ့
    ပရိုမိုးရှင်းလိုက်လုပ်နေတာပါလားနော်
    သား သား ကြောက်ကြောက်ပါ

  • A Lin Phyu

    July 14, 2010 at 2:30 pm

    သူ့ကိုတွေ့ရင်လွှတ်လိုက်ပါဦး။
    ထီးဝယ်ပေးချင်လို့ပါ။

  • naung

    July 15, 2010 at 8:04 am

    မင်းအိမ်ရောက်တုန်း မိုးရွာလာရင် ဘယ်လိုလုပ်မလဲ A Lin Phyu.

  • မန်း ရိပ်

    August 23, 2010 at 1:34 pm

    တော်သေးတယ် သင်းအုပ် ဘုန်းတော်ကြီး တောင် ကံကောင်းလို့ မိုးရွာမလာတာ

  • မန်း ရိပ်

    August 23, 2010 at 1:42 pm

    သတိထား ထီးမပါတဲ့သူကို လက်မခံနဲ့ အိမ်အလည်လာရင် ဟဲ ဟဲ

Leave a Reply