အမေရိကန် သမ္မတ အိုဘားမား မြန်မာနိုင်ငံကို ဒီလထဲမှာ လာမယ်တဲ့
အမေရိကန်သမ္မတ အိုဘာမားဟာ ဒီလအတွင်း မြန်မာနိုင်ငံကို သွားရောက်မယ်လို့ သိရပါတယ်။ ကမ္ဘောဒီး ယားနိုင်ငံ ဖနွမ်းပင်မြို့မှာ နိုဝင်ဘာလ ၁၈ ရက်ကနေ ၂၀ ရက်နေ့အထိ ကျင်းပမယ့် ၂၁ ကြိမ်မြောက် အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ အာဆီယံညီလာခံ ကို တက်ရောက်မယ့် ခရီးစဉ် မတိုင်မီ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။
သမ္မတ အိုဘားမားဟာ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ထိုင်းနိုင်ငံကို ဦးဆုံးဝင်ရောက်ပြီး၊ နိုဝင်ဘာ ၁၇ ရက် နဲ့ ၁၈ ရက် နှစ်ရက်တာ မြန်မာနိုင်ငံမှာ နေထိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ တဆင့် ကမ္ဘောဒီးယားမှာ ကျင်းပ တဲ့ အာဆီယံညီလာခံကို တက်ရောက်မှာပါ။ သမ္မတ အိုဘားမားရဲ့ ခရီးစဉ်အသေးစိတ်ကို မသိရသေးပေ မဲ့ မြန်မာနိုင်ငံမှာရှိနေစဉ်အတွင်းအစိုးရ ခေါင်းဆောင်ပိုင်းနဲ့ရော၊ဒီမိုကရေစီအဖွဲ့အစည်းတွေက ခေါင်းဆောင်
တွေနဲ့ပါ တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။
အခုလို သမ္မတ အိုဘားမား မြန်မာပြည်သွားရောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ အမေရိကန်သံ ရုံး ပြန် ကြားရေးဌာနမှ ဦးဆန်နီငြိမ်း က မြန်မာပြည်တိုးတက်ရေးအတွက် ဒါဟာ အင်မတန်အရေးပါတဲ့ ခရီးစဉ်ဖြစ်ပါတယ်လို့ ပြော ပါတယ်။
သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံ အလည် အပတ်ခရီးဟာ အမေရိကန် သမ္မတတစ်ဦး ပထမဦးဆုံး အ ကြိမ် မြန် မာပြည်ကို သွားရောက်တဲ့ခရီးဖြစ်ပါတယ်။ ၁၉၅၃ ခုနှစ်က အမေရိကန် သမ္မတ အိုက်ဆင်ဟောင် ဝါ လက်ထက်မှာ ဒုတိယသမ္မတ ဖြစ်တဲ့ မစ္စတာ ရစ်ချတ်နစ်ဆင် မြန်မာပြည်ကို သွားရောက်ခဲ့ဖူးပါတယ်။ မနှစ်က ဒီဇင်ဘာလ ၁ ရက်နေ့ကတော့ နှစ် ၅၀ အတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတစ်ဦးရဲ့ ပထမ ဆုံးအကြိမ် မြန်မာနိုင်ငံခရီးအဖြစ် ဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန် သွားရောက်ခဲ့ပါတယ်။
ဟဲ့ ဘဲအုမ
အိုဘားမားလာရင် ငါ့ဆီ ၀င်ခဲ့ဦးလို့  ပြောလိုက်
အပြန်မှာ သဂျီးအတွက် ချဉ်ပေါင်ကြော် လမ်းကြုံထည့်ပေးလိုက်မလို့ 
Was this answer helpful?
LikeDislikeအိုတေ အိုတေ
ဘီအီး ပုလင်းလေးပါထည့်ပေးလိုက်အေ
သူတို့ ယူအက်စ် ဆိုတာဂျီးမှာ သောက်ရတာဟုတ်ဘူးအေ့
Was this answer helpful?
LikeDislikeဟဲ့ ဘိုက်ဘိုက်
ညည်းဆံပင်တွေ ဘယ်ရောက်ကုန်တာဒုံးအေ့ ပိုက်ပိုက်ပြတ်နေလို့ ဖြတ်ရောင်းလိုက်တာလား :harr:
Was this answer helpful?
LikeDislikeသူလာရင် ကားတစီးပါ ယူလာခဲ့ လို့ ပြောလိုက် ပါ။
သူလာ ပို့ ရင် သူဂျီး ဆီ ဘဲဥ ပေးတဲ့ ဘီအီး နဲ့ မြည်းဖို့ ငါးရံ့ ခြောက် အကြုံ ပြန်ပါး လိုက်မယ်။
ငါးရံ့ ခြောက် handmade နော် ယမ်းစိမ်း မဖြန်းထားဘူး။
Was this answer helpful?
LikeDislikeငါးရံ့ခြောက်ဆိုရင် အိုဘားမားဆိုတဲ့ လူဂျီးဂ လွှတ်ကြိုက်တာဆိုဘဲ
တော်ကြာ တို့သဂျီးဆီမရောက်ပဲဖြစ်တွားအုံးမယ်
Was this answer helpful?
LikeDislikeရှေ့မှာ ဘာတွေဖြစ်ဦးမလည်း . . . ဇော်ဝင်းထွဠ် သီချင်းပါခင်ဗျာ ။
Was this answer helpful?
LikeDislikeအတော်ပဲ..
အဲယားဖို့ ဝမ်း ကို အပြင်မှာ မြင်ဖူးတယ်ရှိအောင်
အိုဘားမားကြီး လာတဲ့အခါကြ
နေပြည်တော် တစ်ရက်လောက်ဂိုးရမယ်
နေပြည်တော်လေယာဉ်ကွင်းမှာပဲ ဆိုက်မယ် ထင်ပါရဲ့ 
Was this answer helpful?
LikeDislikeဟုတ်တယ်နော် ကိုပေ
အဲဖို့ဝမ်း ဆိုတာဂျီးဂို အရှင်လတ်လတ် တွေ့ဘူးဒေါ့မယ်ဂျ :grin:
Was this answer helpful?
LikeDislikeအိုဘားမား….လာရင်…
ကျွန်တော်နဲ့ တွေ့ ဆုံတာတွေ..ဘာတွေ..

မလုပ်မှာတော့ သေချာတယ် ။
Was this answer helpful?
LikeDislikeဘုအဲ
နုဆဲ
သူ့ဘဲ
ယုချွဲ
ညုသဲ
ပြုကဲ
ခုပဲ
ထုပွဲ..။
Was this answer helpful?
LikeDislikeအိုဘားမားနောက်မှ ကြောင်တကောင်ပါလာမည်ဖြစ်ကြောင်း..။ အထူးအစွမ်းထက်သည်ဆိုသော ဆရာကြောင်ဆေးနီလုံးကို မြန်မာ့ဈေးကွက်သို့ ထိုးဖောက်ရန်ဟုသိရကြောင်း..။ မီလီယံဘစ်ဇနစ်ဖြစ်သဖြင့် မူပိုင်ခွင့်ရရှိရန် လူကြီးမင်းဖုံးဆိုင်တွင်တန်းစီသကဲ့သို့ အပြိုင်အဆိုင်ကြိုးပမ်းကြဖွယ်ရှိသဖြင့် လုံခြုံရေးအတွက် ကြောင်အိမ်တခုဆောင်ထားကြောင်း…..အဲ….တပ်ရင်းတရင်းကိုလုံခြုံရေးအတွက်ချထားပေးကြောင်းသတင်းရရှိပါသည်။
Was this answer helpful?
LikeDislikeအေး ..
လာရင် လာပေါ့ ..
မလာလို့ ဂဒေါ့ ….
နင့်ဥကို ရိုက်ခွဲပစ်မယ် ….
Was this answer helpful?
LikeDislikeနာ့ကို အဲ့အိုဘားမားပြောဒါတော့ သူလာမှာ သေချာဘာဒယ်ဒဲ့
အဲ့….. ညည်းကိုကြောက်လို့ လှည့်ပြန်တွားရင်တော့မသိဘူးအေ့
Was this answer helpful?
LikeDislikeဘိုဘားမား ဆိုတာ ဘယ်လိုအသားနဲ့ထုထားသလဲ ဒုတ်လေး နဲ့ ထိုးကြည့်ပီး
စမ်းသပ်ကြည့်ရမယ် အတော်ပဲ ခိခိ
Was this answer helpful?
LikeDislikeလုပ်လိုက်လေ
ကြာသလားလို့ …
အိုဘားမားဒုတ်ထိုးဆိုပီးတော့ ရွာထဲမှာ လှည့်ရောင်းဂျမယ်လေ
Was this answer helpful?
LikeDislikeဒုတ်ထိုးက.တော့…
နာမည် နဲ့ လိုက်ချက်တော်…
အိုဘားမားတောင်..
ဒုတ်နဲ့ ထိုးကြည့်ဦး မတဲ့  ။
အံ့ ရော..

Was this answer helpful?
LikeDislikeရွာသားတွေကြုံးဝါးတာနဲ့ပဲ အိုဘာမားလှည့်ပြန်သွားအုံးမယ်နော်
အသာလုပ်ကြပါဗျာ တော်ကြာသူကြီအတွက်ငါးခြောက်နဲ့ချဉ်ပေါင်ကြော်လေး
လူကြုံမပါးလိုက်ရပဲနေမယ် …..
Was this answer helpful?
LikeDislikeအေးဗျာ..
ကျုပ်ကိုလည်းဘာမှလာမပြောဘူး..
တိတ်တိတ်ကလေး.. လစ်မလားပဲ…။
မတော်.. သဘက်ခါ.. ရွေးကောက်ပွဲ.. သူပြန်အရွေးမခံရရင်တော့… မြန်မာပြည်ပေါ်.. ရှိတဲ့ပေါ်လစီတွေပြောင်းမှာသေချာသလောက်ပဲ…။
Was this answer helpful?
LikeDislikeဟုတ်ပဗျာ …… အတော်ဆိုးတဲ့ အိုဘားမား
သများဒို့ သဂျီးမင်းဆီကိုတောင် အကြောင်းမကြားဘူး နည်းနည်းတော့ အကျိုးအကြောင်းလေး ရှင်းပြသင့်တာပေါ့နော :hee:
Was this answer helpful?
LikeDislikeသူကြီးလည်း အမတ်ရွေးပွဲအတွက် လုပ်ရှုပ်နေလို့ O.B(သူငယ်ချင်းချင်းခေါ်နေကျမိုလို့) အိုဘာမား အကြောင်း မကြားတာဖြစ်ကြောင်း ကျွန်တော်မျိုးကြီးထံ ဒီနေ့ မနက်က ဖုန်းဆက်ပြီးပြောလိုက်ကြောင်း သူကြီးထံအကြောင်းကြားအပ်ပါတယ်။
Was this answer helpful?
LikeDislikeမခြိမ်းခြောက်ပါနဲ့သူကြီးရယ် ။
တရုပ်နိုင်ငံကို pressure ပေးဖို့မြန်မာနိုင်ငံပေါ်မှာထားတဲ့ပေါ်လစီကို ကြီးကြီးကျယ်ကျယ် မပြောင်းလောက်ပါဘူး။
Was this answer helpful?
LikeDislikeချက်ထရီယမ် မှာပဲ နေမယ်လို့ ကြားမိပါတယ်… တစ်ဟိုတယ်လုံး ဘလော့မယ်လို့ ထင်ပါတယ်… ရောင်းထားတဲ့ ဘွတ်ကင်လေးတွေတော့ ရွှေ့ရမလား မသိဘူး…
Was this answer helpful?
LikeDislikeတွားရှာပီ..အိုဘားမားဂျီးတော့ .. ကျောရက်လိုက်ကျဒါ ..
ဘားမားးလာမှပဲ တူ့ခညာ အို တော့မယ်ထင်ပါ့ ..
Was this answer helpful?
LikeDislikeယခုလို ကော်မန့်များ ချီးမြှင့်ပေးတော်မူသော ရွာသူ ရွာသားများအား ကျေးဇူးဥပကာရတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည် :harr:
Was this answer helpful?
LikeDislike(၁) အမေရိကန် ပြည်ထောင်စု သမ္မတ အိုဘားမားသည် လာမည့် နိုဝင်ဘာ ( ၁၇ ) ရက်နေ့ နံနက် ( ၁၁ ) တွင် နေပြည်တော် လေဆိပ်သို အမေရိကန် Air Force ( 1 ) လေယာဉ်ဖြင့် ရောက်ရှိ မည်။
(၂) နေပြည်တော်တွင် နိုဝင်ဘာ ( ၁၇ ) ရက် ညနေ ( ၃ ) နာရီတွင် သမ္မတ ကြီး ဦးသိန်းစိန် အစိုးရ အဖွဲ့ နှင့် တွေ့ဆုံမည်။
(၃) နိုဝင်ဘာလ ( ၁၈ ) နေ့ နံနက် ( ၁၁ ) နာရီတွင် ရန်ကုန်မြို့ ရွှေတိဂုံ ဘုရားကြီးသို့ သွားရောက် ဖူးမျှော် မည်။
(၄) နေ့လည်ခင်း ( ၁၂ ) နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးနှင့် အမေ၇ိကန် သံရုံး မိ သား စုဝင် များနှင့်တွေ့ဆုံမည်။
(၅) အမေရိကန် သံအမတ်ကြီး မှ မြန်မာနိုင်ငံတွင် လက်ရှိ နိုင်ငံရေး ပါတီများမှ ပုဂ္ဂိုလ်အချို့ နှင့် တွေ့ဆုံနိုင် ရန် စီစဉ်နေသည်။
(၆) ညနေ ( ၄း ၃၀ ) တွင် မြန်မာနိုင်ငံ မင်္ဂလာဒုံ လေဆိပ်မှ ကမ္ဗောဒီးယား နိုင်ငံ သို့ ထွက်ခွါမည်။
သေချာဘာဒယ်နော် မနက်ကမှ သများကို ဖုန်းဆက်ပီးပြောထားတာ
ရွေးကောက်ပွဲမှာသူနိုင်တယ်ဒဲ့ မြန်မာနိုင်ငံကိုလည်း ဆက်ဆက်လာခဲ့မယ်ဒဲ့
Was this answer helpful?
LikeDislike