မြန်မာပြည်က အကြီးဆုံးသောရပ်တော်မူ ဆင်းတုတော်ကြီး(ဗောဓိတစ်ထောင်)

1 အဝေးကမြင်ရတဲ့ ကြည်ညိုဘွယ်ရာ ဘုရား သုံးဆူ
1ခ အရိပ်ကလေးတွေနဲ့လမ်း
2ကျနော်တိုု့လိုဘုရားဖူးလာတဲ့ကား
3 လမ်းဆုံကလေး
4 ရောက်ခါနီးလေးမှာ အဝေးကမြင်ရတာ

 

5a တောင်ပေါ်ကိုတက်တဲ့လမ်း
5 ခ ပြန်ဆင်းလာတဲ့သူက နားနေပြီလေ

 

6က အမောပြေစားချင်စဖွယ်
6ခ သူတို့ကလဲအတက်လမ်းမှာရောင်းကြတာပါဘဲ

 

7 သနားစရာ

 

8ဖရဲသီးချိုချိုအေးအေး
9 ခြေတော်ရင်းအရောက်
10 အပေါ်စီးမှ အကြည့်

 

11 ရင်ပြင်တော်ပြည့်နေအောင်လာကြတဲ့ဘုရားဖူးတွေ
12ဘေးမှမော့အကြည့်
13 လျောင်းတော်မူမှဖူးမြင်ရတာပါ

 

14 အဝေးကစေတီ
15လျောင်းတော်မူ

 

“ဗောဓိတစ်ထောင်………ရပ်တော်မူ ဆင်းတုတော်ကြီး”

 

 

ဆယ်စုနှစ်တစ်နှစ်စာနီးနီး မုံရွာကို မရောက်တာကနေ 2011ခုနှစ်ရဲ့ ဆောင်းအဝင်

ညနေခင်းလေးတစ်ခုမှာမုံရွာကိုနေ့ခြင်းပြန်ခရီးထွက်ခဲ့ပါတယ်.။

ညနေတစ်နာရီထွက် မင်္ဂလာဆောင် ညစာ စားပွဲဝင် ပြီးတာနဲ့ပြန်လာပေါ့။

အသွားလမ်းညာဘက်ဘေးမှာ ဆင်းတုတော်အကြီးကြီးကိုမြင်ခဲ့ရပါတယ်။

ဂျာနယ်တွေမှာဖတ်ဘူးပေမယ့် တစ်ခါမှ မရောက်ဘူး။

2012ထဲမှာတစ်ခေါက်သွားပြန်တော့လဲ အလုပ်ကိစ္စနဲ့နောက်ကျ။

သမ္ဗုဒ္ဓေသာ ခဏဝင်ခဲ့ရတယ် အဲဒီကိုမရောက်။

နောက်ပြီးခဲ့ တဲ့ စက်တင်ဘာမှာသွားမယ်စီစဉ်တော့ အဲဒီနေ့က မိုးရွာတာ တစ်ညလုံးဆိုတော့ မသွားဖြစ်။

 

ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်ကတော့ အလုပ်လဲအားတာနဲ့သွားဘို့စီစဉ်ကြပါတယ်။

မနက်ငါးနာရီက စပြီး လူစု.။

မန်းလေးက ခြောက်နာရီလောက်ထွက်။

စစ်ကိုင်းမှာ ရှိတဲ့ကလေးတွေဝင်ခေါ် တစ်ပျော်တစ်ပါးကြီးထွက်ခဲ့ကြပါတယ်။

လမ်းမှာတောက်လျောက်မောင်း လိုက်တာ ရွှေဘိုနဲ့ မုံရွာလမ်းခွဲညောင်ပင်ဝန်းမှာတောင်

မနားဘဲဆက်တိုက်ထွက်လာခဲ့ကြတာ ချောင်းဦး ရောက်မှဘဲလက်ဖက်ရည်ဝင်သောက်ဖြစ်ပါတယ်။

အဲဒီမှာ စားပွဲသုံးလုံးဆက်ပြီး ထိုင်ကြ။

တစ်ယောက်တစ်ပေါက်နဲ့  မှာချင်တာမှာစား။

ပိုက်ဆံရှင်းမယ်လုပ်တော့ ကျနော်တို့ ကငါဘာစားတာနင်ဘာစားတာဆိုရှုပ်ယှက်ခတ်နေအောင်တွက်နေတဲ့အချိန်

စားပွဲထိုးကောင်းလေးတစ်ယောက် ကစီးကရက်ဗူးခွဲလေးနဲ့ဘောပင်ယူလာပါတယ်။

ပြီးမှာ ကျနော်တို့စားပွဲတစ်လုံးခြင်းစီက စားထားတာတွေကို တွက် ။

စားပွဲတစ်လုံးမှာဘာစားတယ် ဘယ်လောက်ကျတယ်ဆိုတာ တွက်။

ပြီးမှ ပေါင်းပြီး ပိုက်ဆံတောင်းပါတယ်။

ခွဲခြမ်းစိတ်ဖြာနည်းကို လက်တွေ့ အသုံးချပြလိုက်တာပါဘဲ။

အဲဒီကပြန်ထွက်တော့ မနက်ကိုးနာရီတိတိပါ။

အဲဒီကနေဆက်သွားလိုက်တာ သိပ်မကြာခင်လမ်းညာဘက်ခြမ်းမှာ

“ဗောဓိတစ်ထောင်သို့”ဆိုတဲ့ဆိုင်းဘုတ်ကြီးနဲ့အတူဖြောင့်တန်းနေတဲ့ကျောက်လမ်းမကြီးကိုတွေ့ရပါတယ်။

လမ်းနံဘေးမှာလယ်ကွင်းတွေ ပဲစင်းငုံတွေ နှမ်းခင်းတွေကိုတွေ့ရပါတယ်။

ဘေးတစ်ဘက်တစ်ချက်က သစ်ပင်ကြီးတွေက လမ်းအေးအောင်အရိပ်တွေမိုးပေးထားပါတယ်။

ကျနော်တို့လိုဘဲဘုရားဖူးသွားတဲ့ကားလေးတွေကလဲတန်းစီလို့နေပါတယ်။

လမ်းအတွင်းပိုင်းကိုအတော်လေးဝင်သွားပြီးတဲ့အခါမှတော့ ရပ်တော်မူကိုယ်တော်ကြီးကိုလှမ်းမြင်ရပါတော့တယ်။

သွားနေရင်း ကားပေါ်ပါတဲ့ကလေးတစ်ယောက်ကအံချင်တယ်ဆိုတာနဲ့ကားခဏအရပ်မှာ

ထန်းပင်လေးရယ် ရေကန်လေးရယ် ဆင်းတုတော်ရယ်ကိုလှမ်းပြီးမှတ်တမ်းတင်လိုက်မိပါသေးတယ်။

 

ဆက်သွားပြီးမကြာခင်မှာ ဆင်းတုတော်ကြီးနဲ့တည့်တည့်နေရာကိုရောက်လာပါတယ်။

သူများရိုက်ထားတဲ့ဓါတ်ပုံမှာ ရှေ့က စေတီတစ်ဆူရယ်

အလယ်က လျောင်းတော်မူရယ် နောက်ဆုံးက မတ်ရပ်ကိုယ်တော်ကြီးပုံရယ် သုံးမျိုးစလုံးပါအောင် ရို်က်ထားတာကို မြင်ဘူးပါတယ်။

ကားပေါ်ကကြည့်နေရင်း တိုးရစ်တစ်ဖွဲ့ဓါတ်ပုံရိုက်နေတာတွေ့လို့ကြည့်လိုက်တော့ မှ သုံးဆူစလုံးကိုထင်ထင်ရှားရှားမြင်ရတဲ့နေရာဖြစ်နေပါတယ်။

ဒါနဲ့ဘဲကားကိုရပ်ခိုင်းပြီး ကျနော်ဆင်းနေခဲ့ပါတယ်။

အားရအောင်ဓါတ်ပုံရိုက်ပြီးတဲ့အခါမှ ကားနောက်ကိုလိုက်ရပါတယ်။

သီတင်းကျွတ်လပြည့်နေ့ဖြစ်တဲ့အတွက်အတော်လေးကို လူစည်ကားပါတယ်။

2010ခုနှစ်နောက်ပိုင်းမှာ စက်မူ့ဇုန်ထုတ် လိုက်ထရပ်ကားတွေပေါလာတော့ လူတွေလဲ ဘုရားဖူးထွက်နို်င်ကြတာကို ဝမ်းသာစရာတွေ့ရပါတယ်။

ခါတိုင်းဆိုရင် မတ်ရပ်ကိုယ်တော်ကြီးခြေရင်းထိကားတက်လို့ရပါတယ်။.

ဒီနေ့ကတော့ဘုရားဖူးတွေစည်ကားတဲ့နေ့ဖြစ်တော့ကားကိုတောင်ခြေမှာထားခဲ့ရပါတယ်။

လမ်းလျောက်တက်သူတွေလဲအများကြီး လမ်းဘေးတစ်လျောက်မှာ မုန့်သည်တွေလဲအများကြီး။

စရင်းနောက်ရင်းတက်သွားလိုက်တာ လျောင်းတော်မူကိုယ်တော်ကြီးနားကိုအရင်ရောက်ပါတယ်။

နေကတော့ အတော်လေးပူပါတယ်။

နားခိုစရာ သစ်ရိပ်ဝါးရိပ်မရှိတော့ အားလုံးနေပူထဲမှာ ပါဘဲ။

လျောင်းတော်မူကိုယ်တော်ကြီးရဲ့နောက်မှာအထဲဝင်ဘို့အပေါက်ရှိပေမယ့် လူတွေများနေလို့ မဝင်ခဲ့ပါဘူး။

ရင်ပြင်ကျယ်ကြီးကိုဖြတ်လို့ မတ်ရပ်ကိုယ်တော်ကြီးဆီကို နေပူပူမှာဘဲချီတက်ကြပါတယ်။

ကိုယ်တော်ကြီးရဲ့ခြေရင်းဖက် အရိပ်မှာတော့ များပြားလှတဲ့ဘုရားဖူးတွေနားနားနေနေ။

ဒါနဲ့ဘဲခဏအမောဖြေပြီး အပေါ်ဆက်တက်ဘို့အထဲဝင်ရပါတယ်။

ဆင်းတုကြီးရဲ့အတွင်းနံရံမှာတော့ သုံးဆယ့်တစ်ဘုံကို အနိမ့်ဆုံးကစလို့ ပုံတွေဆွဲပြထားပါတယ်။

အထဲရောက်တဲ့အခါ အတက်အဆင်းလုပ်ဘို့လှေခါးက တစ်ခုထဲဘဲရှိပါတယ်။

ဘုရားဖူးတွေကလဲအတော်လေးများတော့ လှေခါးပေါ်မှ ပြည့်ကျပ်ညုပ်လို့နေသလို

လူတွေတက်ကြဆင်းကြတဲ့အသံတွေကလဲ တဒုန်းဒုန်းနဲ့ဆူညံနေပါတယ်။

နောက် အလင်းရောက်မလုံလောက်တော့ မှောင်မဲမဲ။

.ဒါနဲ့ဘဲအထက်ဆက်မတက်တော့ဘဲပြန်ဆင်းလာပြီး ကားဆီကိုပြန်သွားကြပါတယ်။.

စောင်းတန်းက ဆင်းရင်းနေပူသက်သာပေမယ့် လူတွေနဲ့ပြည်ကျပ်နေတော့ ကားလမ်းကဘဲဆင်းလာခဲ့ပါတယ်။

တောင်ကုန်းက ဆင်ခြေလျောလေးလိုဖြစ်နေတော့ အဆင်းမှာအတော်လေးသတိထားရပါတယ်။

ဒါနဲ့ဘဲကားနားမှာလူစုပြီးတဲ့အခါ မိုးညှင်းသမ္ဗုဒ္ဓေကို ခရီးဆက်ဘို့ပြင်ကြပါတယ်။

ဗောဓိတစ်ထောင်က ထွက်တော့ မနက်11နာရီမတ်တင်းပါ။.

ဖြတ်လမ်းကနေသွားရင်သိပ်မကြာပါဘူး။

နာရီဝက်ကျော်ကျော်လောက်မောင်းလိုက်တဲ့အခါ မိုးညှင်းသမ္ဗုဒ္ဓေကိုလှမ်းမြင်နေရပါပြီ။

 

 

ကိုပေါက်လမ်းသလားနေသည်

9-11-2012

 

 

 

 

17 comments

  • blackchaw

    November 9, 2012 at 10:36 am

    စောစောစီးစီး
    ဘုရားတွေ ဖူးသွားပါတယ် ကိုပေါက်ရေ…။
    သာဓုပါဗျာ…။
    လေးစားခင်မင်တဲ့…
    ဘလက်ချော…။

  • Mobile

    November 10, 2012 at 11:09 am

    မင်္ဂလာပါ ကိုပေါက်ရေ
    ကျနော် ကမုံရွာကပါ အခုတော့ အဝေးရောက်နေလို့ ဗောဓီတစ်ထောင် ကိုမရောက်ရတာ
    ကြာပါပြီ အခုလို တင်ဆက်မှုလေးကို တွေ့ရတော့ မိမိဌာနေကို လွမ်းသလိုလိုတောင်ဖြစ်လာရတယ်။
    အကုန်လုံးကို ကူးယူထားလိုက်ပါတယ်။ ဆက်လက်အားပေးနေပါဦးမည်……

  • Novy

    November 10, 2012 at 11:26 am

    လေးပေါက်ရေ..
    ဘုရားဖူးသွားပါတယ်

  • ရွာသူ jujuma .

    November 10, 2012 at 11:33 am

    ရောက်ဖူးချင်လိုက်တာ..
    ဘုရားဖူးသွားပါတယ်ဗျာ ….

  • kyeemite

    November 10, 2012 at 11:34 am

    ကျနော်က အဲဒီဘက်မရောက်ဖူးသေးဘူးဗျာ..
    သွားချင်လိုက်တာ…ခုတော့ ကိုပေါက်တင်ပေးတဲ့
    ဘုရားပဲ ဖူးသွားပါတယ်..
    ကျေးကျေးပါဗျာ..

  • မိုချို

    November 10, 2012 at 11:48 am

    နံပါတ် ၁ ပုံ က ဘုရား ၃ ဆူ တပြိုင် တည်း ဖူး ရတာ ကြည်ညို ဖို့ ကောင်း တယ်။ မုံ ရွာ ကို တခေါက်မှ မရောက်ဖူးသေး ပါဘူး။ သွား လည် ချင် ပါသေးတယ်။ ရပ်တော် မူ ဘု ရား ကြီး လည်း ဖူးချင် ပါတယ်။ ဒါပေမယ့် အဲလောက် အထပ် တွေ အများ ကြီးနဲ့ အမြင့် ကြီး ဆိုတော့ အထပ်မြင့် တိုက် တစ်လုံး လို ဖြစ် နေ တယ်ပေါ့။ ရုပ်ပွားတော် ဆိုပေမယ့် အထပ်မြင့် အဆောက်အုံ တွေ မှာ ရှိ ရမယ့်၊ လိုက်နာ ရမယ့် စံချိန်၊ စံညွှန်းတွေ နဲ့ မှ ကိုက် ရဲ့ လား လို့ တွေး ပူ မိတယ်။ ကျမ က အတွေး ခေါင်တယ် ပဲ ပြော၊ တွေး ကြောက် လွန်း တယ် ပဲ ပြောပြော မုဒုံ က ဝင်း စိန်တော ရ က ဘု ရား ကြီး ထဲ ကို လည်း ဆုံး အောင် မဝင် ရဲလို့ အဝနား တင် လှည့် ပြန် တယ်။
    ပုံ ထဲ မှာ ဖရဲ သီး သည် မိန်း ကလေး ရဲ့ တာဝန် မဲ့ မှု ကို တွေ့ နေရ တယ်နော်။

  • Hnin Hnin

    November 10, 2012 at 11:49 am

    လေးပေါက်ရေ…ထပ်ပြီးဖူးမြော်သွားပါတယ်….
    နှင်းနှင်းတို့သွားတုန်းက လူခြောက်တယ်..လူလည်းမရှိဘူး….ကိုယ်တွေဘုရားဖူးကားက
    လူတွေလောက်ပဲ…ဒီလိုမုန့်သည်တွေ၊ရေသည်တွေလည်း မရှိဘူး….
    အခုက သီတင်းကျွတ်လပြည့်နေ့မို့ထင်ရဲ့…လူတွေက များလိုက်တာ…

  • လုံမလေးမွန်မွန်

    November 10, 2012 at 12:21 pm

    လေးပေါက်ရေ..ကြားပဲကြားဖူးပြီး အရမ်းသွားချင်နေတဲ့နေရာပါ…ပုံတွေကိုကြည့်၊ စာတွေကိုဖတ်ပြီး တကယ်ရောက်သွားသလို ခံစားလိုက်ရပါတယ်…

    မျှဝေပေးတာ ကျေးဇူးပါ…

    တူမ
    လုံမလေး

  • ကိုချောရေ မနေ့ကတင်ထားပြီးမှရက်စွဲပြောင်းလိုက်ရပါသဗျာ။
    ကိုမိုက် မနို ဂျူးမတို့ရေ ကျနော်လည်း နီးပါလျက်နဲ့ အခုတစ်ခါဘဲရောက်ဘူးပါသေးတယ်။
    နံပါတ်တစ်ပုံကတော့ ဒီဘုရားကိုမရောက်ဘူးချင်ကတည်းက သူများရိုက်တာတွေ့ပြီး စိတ်ကူးနဲ့
    ရိုက်ထားခဲ့တာကို ခုမှအကောင်အထည်ဖော်တာပါ။

    ရပ်တော်မူအမြင့်ကြီးထိပ်ထိရောက်အောင်တက်ဘို့တော့ မလွယ်။
    ဒါပေမယ် ့တက်ခဲ့ရသလောက်မှာ ခိုင်ခန့်မူ့ရှိတာကိုတော့ သိခဲ့ရပါတယ်။
    သို့သော် သဘာဝဘေးဒဏ် ငလျင်ကို ခံနို်င်မခံနိုင်ကတော့ မသိပါ။
    မိုချိုရေ မြန်မာပြည်က ဈေးသည်လေးတွေကတော့ ဒီအတိုင်းပါဘဲကွဲ့ ကိုယ့်အရပ်နဲ့ကိုယ်ဇာတ်ကိုက်အောင်နေရသလိုပါဘဲ။
    ညနေကျရင်တော့ ကိုယ်ရောင်းတဲ့နား ကိုယ်ရှင်းသွားရမယ်လို့ ထင်ရပါတယ်။.
    မယ်နှင်းရေ နောက်ဆို ကျနော်လဲ အခါကြီးရက်ကြီးဆိုရင် မသွားတော့ဘူးဗျ.
    လူအရမ်းများတယ်

  • မောင်ပေ

    November 10, 2012 at 2:08 pm

    ကိုပေါက်ကတော့ ကံထူးတယ်ဗျား
    ကျုပ်ဖြင့် ရပ်တော်မူဘုရားကြီးဆီကို မရောက်ဖူးသေးဘူး
    ဓါတ်ပုံတွေနဲ ့ပို ့ပေးလို ့ ရှဲရှဲပါ

  • Ko Khin Kha ( သရီးကေ )

    November 10, 2012 at 4:39 pm

    ဓာတ်လှေကားက ပစ္စည်းတင်အတွက်မို့ အပေါ်ဆုံးထိ ခြေလျှင်တက်ရရင်တော့ မလွယ်ဘူး ကိုပေါက်ရေ။
    ကျွန်တော်ရောက်တုန်းကတောင် ၃ ထပ်အထိဘဲ တက်ခဲ့ပြီး ပြန်ဆင်းခဲ့တာလေ။

  • Mobile

    November 10, 2012 at 7:06 pm

    ဒါပေမယ့် အဲလောက် အထပ် တွေ အများ ကြီးနဲ့ အမြင့် ကြီး ဆိုတော့ အထပ်မြင့် တိုက် တစ်လုံး လို ဖြစ် နေ တယ်ပေါ့။ ရုပ်ပွားတော် ဆိုပေမယ့် အထပ်မြင့် အဆောက်အုံ တွေ မှာ ရှိ ရမယ့်၊ လိုက်နာ ရမယ့် စံချိန်၊ စံညွှန်းတွေ နဲ့ မှ ကိုက် ရဲ့ လား လို့ တွေး ပူ မိတယ်။ ကျမ က အတွေး ခေါင်တယ် ပဲ ပြော၊ တွေး ကြောက် လွန်း တယ် ပဲ ပြောပြော မုဒုံ က ဝင်း စိန်တော ရ က ဘု ရား ကြီး ထဲ ကို လည်း ဆုံး အောင် မဝင် ရဲလို့ အဝနား တင် လှည့် ပြန် တယ်။
    ဆိုတော့ကာ နည်းနည်းလောက် ဝင်ရှုပ်လိုက်ပါဦးမယ်
    အခုလိုပြောမယ်ဆိုလဲ ပြောစရာပါပဲ ကျနော်တို့ကတော့ ရပ်တော်မူဘုရားကြီး
    စပြီးအုပ်မြစ်ချကတည်းက မကြာခဏရောက်ဖူးပါတယ် အဲဒီအခါတုန်းက မြင်တွေ့ရတာတွေက
    အုပ်မြစ်မှာပါတဲ့ သံပြားတွေ ဘာတွေပေါ့ဗျာ အင်ဂျင်နီယာတွေလုပ်ထား တဲ့ပုံစံကိုတွေ့ရတာ
    မာနတ် လာဖြိုရင်တောင် ဘယ်လိုနည်းနဲ့မှ မပြိုနိုင်ပါဘူး။ စိတ်ချပါ ရောက်လို့ရှိရင်
    ထိပ်ဆုံးထိရောက်အောင်တက်လို့ရပါတယ်။ ကျုပ်တို့ကတော့ ရောက်တိုင်း အပေါ်ဆုံးထပ်ထိ
    ရောက်အောင်တက်ဖြစ်တယ်။

  • အနော်လည်း ..
    အိုက် ဘုရားကြီးတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီးတော့
    မဖူးဘူးသေးဘူးရယ် …………

    ခု .. ဖေပေါက်ဂျီး ကောင်းမှုနဲ့
    ဘုရားတွေ ဖူးသွားပါတယ်ဗျို့ ……

  • ကိုခရေ
    အစကအထက်ကိုတက်တော့ တက်သေးတယ်။
    ဒါပေမယ့်အပေါ်ရောက်လဲ အောက် ကို ဓါတ်ပုံရိုက်လို့မရလောက်တာနဲ့ဆက်မတက်တာ

  • ဇွဲမာန်(အင်းဝ)

    November 11, 2012 at 1:03 am

    အကိုပေါက်တို့ကတော့စောစောစီးစီးဘုရားဖူးသွားတာပေါ့..သာဓု..သာဓု…သာဓုပါဗျာ..။
    ဗောဓိတစ်ထောင်ကိုမရောက်ဖူးသေးဘူး သေသေချာချာကိုကိုဖူးသွားတယ်..ကျေးဇူးပါအကိုပေါက်ရေ…။

  • candle .

    November 11, 2012 at 11:47 am

    မရောက်ဖူးပေမဲ့ ကိုပေါက်ကျေးဇူးကြောင့် ရပ်တော်မူဘုရားကြီး ဖူးခွင့်ရတာပါ….

Leave a Reply