ဗ = ဗိုက်ဆာ လို ့ ခိုးတဲ ့သူနဲ ့…… ဗိုက်… ဆာ တာထက် ဆိုးတဲ ့အရာ….

alinsettNovember 3, 20122min22838

လွန်ခဲ့သော တစ်လလောက်က ဈေးလေး တစ်ဈေးထဲ..ကျွန်တော်…

သွားဖြစ်ခဲ့ပါသည် ။

ထို ဈေးသည်..မနက်ခင်း.. အချိန်မို ့..ဈေးသည် / ဈေးဝယ်များနှင့်.. ကြိတ်ကြိတ် တို း.စည်ကားနေချိန်ဖြစ်သည် ။

ထို အချိန်မှာပဲ…………………

ရုတ်ရုတ်သဲသဲ..အခြေအနေတစ်ခု… ထ …ဖြစ်ပွါးပါတော့သည် ။

————————————————

အဖြစ်အပျက်မှာ..မဖြစ်သင့်သော.. ဖြစ်ပျက်မှု တစ်ခု ဖြစ်သည် ။

အသက် ဆယ်နှစ်လောက်သာ ရှိသေးသော..ကောင်လေးတစ်ယောက်ကို……..

လူကြီး ( ယောက်ျား ရင့်မာ ကြီးများ )…က ဝိုင်းဝန်း ချုပ်နှောင်ထားပြိီး..

အော်ငေါက် ကြိမ်းမောင်း..နေသည် ။

အော်ငေါက် ရုံသာမက…ပဲ….. ယောကျာ်းကြိီးတစ်ယောက် ဆိုလျှင်…

ကလေးငယ် ကို….ဖြောင်းခနဲ..မြည်အောင်..ရိုက်ချလိုက်ပါသေးသည် ။

ကလေးငယ်သည်…..

နာကျင်မှုကြောင့် ….. အားခနဲ..အော်ဟစ် ပြီး…ငို ယို..ညည်းတွားနေတော့သည် ။

ကျွန်တော်လည်း….. ပြဿနာတစ်ခုခုတော့…ဖြစ်နေပြီ…ဟု..စိတ်ဝင်စားစွာဖြင် ့ အနားတိုး…ကပ် လေ့လာမိပါတော့သည် ။

( အမှန်က စာရေးဖို ့… ကုန်ကြမ်း တစ်ခုခုတော ့ရပြီ….ဆိုပြီး..သွားစပ်စုတာပါ )

အနားကပ်ပြိး..လေ့လာမိရာ…..

ငှက်ပျောင်္သီး ခ်ိုးခြင်း ပြဿနာ ဖြစ်နေသည် ။

————————-

ကလေးငယ်က …( ငှက်ပျောသီး.ရောင်းသူ / ခုဏ ကလေးငယ်ကို ရိုက်နှက်လိုက်သူ ) ထံမှ…

ငှက်ပျောင်္သီး တစ်ဖီးကို…အလစ်သုတ်မိခြင်း ဖြစ်သည် ။

အလစ်မှာ..မသုတ်ပဲ…..

မလစ်ခင်…သုတ် ပြေး ၍…. မိ..သွားခြင်းဖြစ်သည် ။

အခုတော့..ရိုက်နှက် ကြိမ်းမောင် းခံနေရပေပြီ ။

—————————————————————————-

အမှန်တော့………………..

ကလေးငယ်ကို ရိုက်နှက်သည် အထိ…မလုပ်သင့်ပါ ။

နီးစပ်ရာ.ရပ်ကွက် အုပ်ချုပ်ရေး ရုံ း ( သို့မဟုတ်…) ရဲစခန်း တစ်ခုခု သို ့ ပို ့ပြီး…အရေးယူ သင့်ပါသည် ။

အခုလို ကလေးငယ် တစ်ယောက်က်ို…. ဝိုင်းဝန်းချုပ်နှောင်ပြီး…. ကိုယ် ့သဘောနှင့်ကို… ရိုက်နှက် အပြစ်ပေးနေတာတော့….

မကောင်းပါ ။

အထူးသဖြငိ့ ……..

အခုလို… အပြစ်ကို… ဝန်ခံပြီး…. အချုပ် အနှောင် ခံထားပြီးသော…

ထွက်ပြေး ဖို ့ရာလည်း..ဘယ်လို မှ မဖြစ်နိုင်သော..အခြေအနေကြားမှ

ကလေးငယ်တစ်ယောက်ကို…… သူတို ့ …. ဘာအကြောင်း နှင့်မှ……

ကိုယ် ့သဘောနဲ ့ကိုယ်…အပြစ်မပေးသင့်တော့ပါ ။

တရားဥပဒေ နှင့် အညီ ( တကယ့် တရားသော ဥပဒေ နှင့်အညီ…) မှန်မှန်ကန်ကန်…ဆုံးဖြတ်ပြီး..

ထိုက်သင့်သော အပြစ်သာ ပေးရပါလိ်မ်မည် ။

အခုတော့……………………………………

=================================================================================

ဝိုင်းအုံကြည့်နေကြသော…. လူများစွာထဲမှ…. တစ်ယောက်က ……

မင်း…ဘာလို ့ သူများ ပစ္စည်းကို ခိုးရတာလဲ.… ဟု…

မေးလိုက်သောအခါ…..

ကလေးငယ်က…ငိုယိုညည်းတွားလျက်မှ…. ပြန်ဖြေပါသည် ။

( ပြန်မဖြေလျှင်..ထပ် ရိုက်မည်ကို ကြောက် ရွံ ့၍ လန် ့ပြီး..ဖြေခြင်းလည်း ဖြစ်သည် ။ )

သား……. ဗိုက် ဆာလို ့ပါ …..

အဖြေက ..ရှင်းရှင်းလေး..သာ ဖြစ်သည် ။

ဗိုက် ဆာလို ့….ခိုးတယ် ။

ကျွန်တော့်မှာသာ……………

အတွေးများစွာဖြင့်…..

ရှုပ်ထွေး သွားပါတော့သည် ။

( ကျွန်တော်က ထော်လော်ကန့်လန့်ကောင် ဆိုတော့…

ထော်လော် ကန် ့လန့်အတွေးတွေ..နဲ ့.. ရှုပ်ထွေးသွားတာပါ ။ )


=================================================
ကျွန်တော်သာ..ဆိုလျှင်တော့…………

ဗ်ူိုက်..ဘယ်လောက် ဆာ..ဆာ..သူများ ပစ္စည်းကို ခိုးမှာ မဟုတ်တော့ဘူး ။

သူတပါး ဥစ္စာကို ခိုး ယူခြင်း ၏ အပြစ်ကို…. ကျွန်တော်… ကြားဖူး / သိ ဖူး / မှတ်သား ဖူး..နေ၍ မခိုး ဝံ့ခြင်းဖြစ်သည် ။

‘ဒီ….ကလေးငယ်ကတော့…………………

သူ ့ အရွယ်ကလေး ဖြင့်….. သံသရာ အထိ… မတွေးတတ်သေး ။

သို ့သော်………………….. သေသေချာချာ ဆိုဆုံးမ ထားလျှင်တော့…. သူတပါး ပစ္စည်းဥစ္စာ ခိုးယူခြင်းဆိုတာ..မကောင်းမှု.ဆိုတာလောက်တော့

သိနိုင်..ပါလိ်မ့်မည် ။

သိ…သိ်လျက်နှင့်…… ခိုးလျှင်တော့လည်း……..

ဒါက…..

အူ မ ……….. မတောင့်တဲ ့ ဒဏ်ကို မခံနိုင်သေးတဲ ့အရွယ်….

အသိ ဉာဏ် ဖွံ ့ဖြိုးခွင့်မရသေးတဲ ့…. ကလေးငယ်…မို ့…….

သီလ..မစောင့်နိုင်တာပေါ့ ။

——————————–

ငတ်..လို ့သေရင်…..

ဒီ တစ်ဘဝ ပဲ…..။

ငတ်မှာကြောက်လို ့…. ခိုးစားလိုက် မိရင်…….

ဘဝပေါင်းများစွာ…..သံသရာမှာ…..

ပြန်ပေးဆပ်ရတော့မှာ….ကလေးရေ………………

——————

အဲဒီလို..ကျွန်တော်…. စိတ်ထဲက.ပြောနေမိပါသည် ။။

———————————————————–
===========================================================

အိမ်ရောက်တော့လည်း………………

စာရေးစားပွဲမှာ..ထိုင်ပြီး….

ကျွန်တော်……………အတွေး..များစွာဖြင့်…နယ်ချဲ ့နေမိပြန်ပါသည် ။

( ကျွန်တော်..သူတပါး အမှားကို…တွေ ့ရင်…..

အဲဒီလို အမှားမျိုး ကိုယ် ့မှာ..ရော..ရှိသလား..လို ့…. တွေးမိပါတယ် ။

သူတပါး မှန်တာ လုပ်တာတွေ ့ ရင်လည်း….

အဲဒီလို… ကောင်းတာ / မှန်တာတွေ…. ကိုယ်တိုင်..လုပ် ဖူး သလား..လို ့တွေးပါတယ် ။

အဲဒီလို… မိမိကို မိမိ ဝေဖန် စစ်ဆေး တတ်အောင်…. ဘာသာရေးစာပေ များက… ကျွန်တော့်ကို လမ်းပြပေးခဲ့ပါသည် ။ )

————————————–

ကျွန်တော်…………….

ဘယ်သူ ့ ဆီက…..

ဘာတွေများ…..

ခိုးမိ သေးသလဲ…..။

=============================================================================

စဉ်းစား သည် ။

မ ခိုး ပါ ။

သူတပါး ဥစ္စာ ပစ္စည်းကို… ကျွန်တော်…မခိုးယူခဲ့ပါ ။ ခိုး..မစားပါ ။

သေချာလား…………….

သေချာလား….ဟု ထပ်ခါ ထပ်ခါ… မေးတော့…….

အဖြေက နောက်တစ်မျိုး..ထွက်လာသည် ။

ထင်မှတ်မထားသော..ထောင့်မှ…. ထွက်လာသော အဖြေဖြစ်သည် ။

ဘုရား…

ဘုရား………………….

ကျွန်တော်…….

ကျွန်တော်…ဟာ…..

သူခိုးတစ်ယောက်ပါပဲ…လား……။

=========================================================

မှန်ပါသည် ။

ထောင့်တစ်ခုမှ….. ဖြေလျှင်…… ကျွန်တော် သူခိုးမဟုတ် ပါ ဟု ဖြေရ မည် ဖြစ်သော်လည်း……

အခြားထောင့်တစ်ခုမှ …… ကြည့်လျှင်တော့……

ကျွန်တော်သည်…….

သူခိုးတစ်ယောက် ဖြစ်နေပါသည် ။

==========================================================================

ကျွန်တော်သည်..သူခိုးတစ်ယောက် ဖြစ်သည် ။

==========================================================================

ကျွန်တော်…………………..

စာရေးဆရာ တစ်ယောက် ဖြစ်ချင် လာချိန်မှာ……

စာတွေ..အများကြီး..ဖတ်ဖို ့ကြိူးစားပါသည် ။

ဖတ်လည်း..ဖတ်နေပါသည် ။ ( သို ့သော်..ကျွန်တော်..စာတွေ ဖတ်ဖို ့..အများကြီးလိုပါသေးသည် ။ )

ကျွန်တော်..ဖတ်မိသမျှ စာများထဲမှ………..

ကျွန်တော်..အနှစ်သက်ဆုံး..စာရေးဆရာများ ဖြစ်သော……..

တာရာမင်းဝေ

ဇော်ဇော်အောင်

စာရေးဆရာမ ဂျူး…. … တို ့…. ရေးသော…. ရေးဟန်..များကို…..

အတု ခိုးပြီး…..

စာတွေ..အရေးကျင့်မိပါသည် ။

တာရာမင်းဝေ ၏ စာပေ အနုပညာ ဖန်တီးမှု. / တီထွင်မှု.. / စကားလုံး…အထားအသို ကြွယ်ဝ မှု /

ဝတ္ထု ရေးဟန်…. ပိရိ သေသပ်မှုများ..ကို……အားကျ စွာ……. အတု ခိုးမိပါသည် ။

( အတု ခိုးခြင်း ဖြစ်ပါသည် ။

အစစ် ဖန်တီး.ပြု လုပ်ခြင်း မဟုတ် ၍

အစစ် / ရေးသူ လောက် မကောင်းနို်င် တာ…. သေချာပါသည် ။ )

ဆရာမ ဂျူး ၏ အတွေးများကို….ရေးပြသည့်ဟန်

တင်ပြ ဟန်များ အား..သဘောကျ မိ၍….. ဆရာမ ဂျူး..၏ စာ အသွားအလာ..များနှင့်..တူအောင်လည်း…

အတုခိုး..ရေးမ်ိပြန်ပါသည် ။

( ဒါလည်း….အတု ခိုးခြင်းသာ ဖြစ်ပါသည် ။ )

ဆရာဇော်ဇော်အောင်…၏ ဝေဖန်ရေး….အနုပညာ..တင်ပြ ပုူံ ကို ကြိုက်သည် ။ ဆရာဇော်ဇော်အောင်ရေးသော..

စကားပြေရေးဟန်…ကို လည်း..သဘောကျတော်မူပြန်သည် ။

ထို ့ကြောင့်….. အတု ခိုး ရေးသည် ။

ထို တစ်ယောက် ချင်းစီ နှင့်…တူအောင်လည်း…. အတု ခိုး ရေးသည် ။

ထို..သုံးယောက်လုံးနှင့်..တူအောင်လည်း…အတု ခိုး ရေးမိပါသည် ။

စု / တု / ပြု..သည်..ဟု ကိုယ် ့ ဘာသာ အမည် တပ်ပြီး..စိတ်ဖြေသိမ့်သည် ။

-============================================================================

အတု ခိုးသည်….ဟု….. ဆိုခဲ့ပါသည် ။

စကားမကျန်အောင်..ရှင်း ခဲ့ချင်ပါသည် ။ တာရာမင်းဝေ / ဇော်ဇော်အောင် / ဂျုူး….. တို ့ ၏ စာ များကို… အတု ခို းရာတွင်….

သူတို ့ရေးထားသော…စာပိုဒ်များကို…… သူတို ့ရေးထားသည် ့အတိုင်း……. ကူးယူ၍…

ကျွန်တော်..အလင်းဆက်…ရေးထားသယောင်ယောင်……တော့….

တစ်ခါမျှ..မခိုးခဲ့ပါ ။ တစ်လုံး..တစ်ပဒ မျှ… မခိုးခဲ့ပါ ။

ကျွန်တော်…အတုခိုးသည်မှာ……တာရာမင်းဝေ / ဇော်ဇော်အောင် /ဂျူး…တို ့ ဖန်တီးသော…..

ရေး ဟန် / တွေးဟန်…. တင်ပြ ဟန်..( ဟန်….) တို ့ကိုသာ…….အတုခိုးခြင်း ဖြစ်ပါသည် ။

===================================================================================

ထို ့ကြောင့်……………………….

ကျွန်တော်သည်….. သူခိုးတစ်ယောက် ဖြစ်ပါသည် ။

====================================================================================
နောက်ထပ်လည်း…..

ကမ္ဘာမှာ….ကျော်ကြားသော…… ပုဂိ္ဂုလ်များ…၏ တော်သော / ထက်သော…/ ကောင်းမွန်သော…. အချက်များကို…..

တွေ ့ရ ကြားရလျှင်လည်း….. ကျွန်တော်..အတုမခိုးပဲ… မနေနိုင်ပါ ။

ကျွန်တော့် ထက် …တော်သော..သူတော် / သူကောင်းများ…၏ စိတ်ထား အတိုင်း…ကျွန်တော်…အတုခိုး..ချင်မိပါသည် ။

ကျွန်တော့် ထက်….တော်လျှင်../ ကျွန်တော့် ထက်..ကောင်းလျှင်…ကျွန်တော့် ထက် သာလျှင်.. ကျွန်တော်…အားကျ ငေးမော….

အတု ခိုးချင်မိပါသည် ။

ကျွန်တော်..တော်တော် ညံ့နေပါသေးသည် ။

ထို ့ကြောင့်လည်း..အတု ခိုးနေ ရခြင်း ဖြစ်သည် ။

—————————————————

မကောင်းတာ…./ မမှန်တာတွေကိုတော့…… ကျွန်တော်…အတု မခိုးချင်ပါ ။

ကျွန်တော့် စိတ်ထားကို…..နူးညံ ့ သိမ်မွေ ့အောင်…

ကျွန်တော့် အသိဉာဏ်ကို… အမှားအမှန်…. ခွဲခြား တတ်အောင်….

ကျွန်တော်…အတော်လေး…ကြိုးစားနေရပါသည် ။

တော်နေပြီ / ကောင်းနေပြီ..လို ့တော့……

တစ်ခါမှ…မထင်မိသေး…..။

ကိုယ့်အတ္တ အရတော့……

ကျွန်တော်….ဆိုးတဲ ့လူ.တစ်ယောက် မဟုတ်သေးဘူး..လို ့တွေးမိပါသည် ။

ကျွန်တော်..အတ္တကြီးနေပါသေးသည် ။

အမှား / အမှန်ကို… ခွဲခြား နားလည်အောင်…ကြိုးစား…နေသော်လည်း…

အမှား တစ်ချိ်ု ့ကို..လုပ်မိနေဆဲ……

အမှန်တရား..တချို ့ကို…. မျက်ကွယ်ပြုမိနေဆဲ…..

အမှားတစ်ခုထဲကို..နောက် တစ်ခါ…. ထပ် ထပ် မလုပ်မိဖို ့တော့….

ကျွန်တော်… အသေအချာ..ကြိုးစားရမည် ။

ကောင်းတာတွေး…./ ကောင်းတာပြော../ ကောင်းတာတွေ..လုပ်မိအောင်…..

ကျွန်တော့်ကို..တည့်မတ် ထိန်းကျောင်း …./ လမ်းပြ ပေးနေသည့် အရာများ….မှာ….

တရား…./ ဘာသာရေးစာပေ များ ဖြစ်ပါသည် ။

ကျွန်တော့့်ကို အများဆုံး… ပြုပြင်ပြောင်းလဲ..ပေးသော…. စာအုပ်များမှာ…

ဆရာတော် ဦးဇောတိက ( မဟာမြိုင်တောရ ) ၏ တရားတော် စာအုပ်များ..နှင့်…

ဆရာတော် ဥူးသုမင်္ဂလ ( ဒယ်အိုးဆရာတော် ) ၏ တရား..တော် များ…..။ ။

————————————————————-

ဒါဖြင့်..ကျွန်တော်……

အခု..ပြည့်ပြီလား….

ရင့်ကျက်ပြီလား…..

မပြည့်ဝ / မရင့်ကျက်သေးပါ ။

အများကြီး…./ အများကြီး..လိုအပ်နေသေးသည် ။

ရှေ ့ဆက်ပြီး……

အများကြီး……… အတု ခိုးး နေရဦးမည် ။

-=====================================================================================
————————————————————————————–

အမှန်တော့…………………..

အတု ခိုး ခြင်းသည်…မကောင်းပါ ။

အစစ်အမှန်ကို….. မဖန်တီးနိုင်သေးသ၍

( အတု ခိုးနေသေးသ၍)

စင်ကြယ် ပြီ…. ဟု မဆိုနိုင်ပါ ။

ထို ့ကြောင့်………………..

ယခုနောက်ပိုင်းတွင်……….

ကျွန်တော်..အစစ်အမှန်ကို….ဖန်တီးနိုင်အောင်..

ကိုယ်ပိုင်အတွေး../ ကိုယ်ပိုင်အရေး.နှင့်…. ကိုယ့်ဟန်..ကိုယ့်မူ..အတု်ိင်းသာ…. ဖန်တီးနိုင်အောင်…

ကြိုးစားပါမည် ။

============================================================================

နောက်တစ်ချက်……………………………….

အတုကို..မခိုး မိဖို ့လည်း…. လိုပါသည် ။

နဂို ရှိနေတာကိုက..အတု…..။

အဲဒီ အတုကိုမှ… ကိုယ်က…သွားပြီး…. အတု ခိုးလိုက်သောအခါ…….

စစ်မှန်ခြင်းနှင့် အတော်လေး..ဝေးဝေးကိုရောက်သွားပါလိ်မ့်မည် ။

ထို ေ့ကြာင့်……….

နဂိုကတည်းက… စစ်မှန်နေသော..အရာကို…..

အတုခိုး မှ ဖြစ်မည် ။

( တစ်နည်းပြောရလျှင်……

ကောင်းတာ / မှန်တာ ကို …. .အတု ခိုးမှ ကောင်းသော ရလဒ် ထွက်လာမည် ။)

==========================================================================

အတု ကိုပဲ…ခိုးခိုး….

အစစ်ကိုပဲ..ခိုးးးးးး ခို း…

ခို း နေရပြီ..ဆိုထဲက……

မကောင်းသေးပါ ။

( မခိူုးပဲ…. ကိုယ်တိုင် သိအောင် ../ ကိုယ်တိုင် တတ်အောင် … ဖန်တီးနိုင်မှ….စင်ကြယ် ပါမည် ။ )

အတုပဲ..ခိုးခိုး…

အစစ်ပဲ..ခိုးခိုး…..

ခိုး..နေရတာ ကိုက… မသန် ့ရှင်း မစင်ကြယ်မှု တစ်ခု ဖြစ်ပါသည် ။

ဒါဖြင့်………………………..

ကျွန်တော်………………………

ဘာကြောင့်……. အတု ခိုးခဲ့ပါသလဲ………………

( ဘာကြောင့်…..အစစ် ခိုးခဲ့ပါသလဲ.. )

ကျွန်တော်..ဘာကြောင့်..ခိုး ..ခဲ့သလဲ……………..

ကျွန်တော်…………ဘာကြောင့်..ခိုးနေဦးမလဲ……….

====================================================================================

ငှက်ပျောသီး..ခိုးသော………..

ကလေးငယ်ကတော့……………..

ဗိုူက် ဆာလောင် လို ့….. ခိုးတာပါ….တဲ ့။

—————————–

ကဲ…ကျွန်တော်..ကရော……..

ဘာ…..ဆာလောင်နေလို ့…. ခိုးတာလဲ…..။

……………………………….

==============================================================

ကျွန်တော်က………………………….

စာပေ အနုပညာ ဖန်တီးမှုမှာ…တော်တဲ ့

ကျွန်တော်..လေးစား..အားကျရတဲ ့…. ဆရာတွေ..ရဲ ့………….ဟန်…ကို အတုခိုးခဲ့တာ ။

အတု ခိုးချင်ခဲ့တာ ။

ဆိုတော့……………………………..

အင်း………………………………..

ကျွန်တော်… ထင်ပါတယ် ။

ကျွန်တော်……

အောင်မြင်ကျော်ကြားမှုကို……..

ဆာလောင်နေတယ် ။

ကျွန်တော် အောင်မြင်ချင်နေတယ် ။

=====================================================

ကျွန်တော်က…..အောင်မြင် မှု ကို…. ဆာလောင်နေလို ့….အတု ခိုးတယ် ။

ငှက်ပျောသီင်္း..ခိုးတဲ ့ကလေးငယ်က….. ဗိုက် ဆာလို ့…ခိုးတယ် ။

=======================================================

ခိုးခြင်း…… တူ…/….မတူ… ကို… ခဏ ထားပါဦး ။

ဆာလောင်မှု နှစ်ခု…………………

( အောင်မြင် မှု ဆာလောင်တာနဲ ့ / ဗိုက် ဆာလောင်တာ )

ဘယ်…ဆာလောင်မှု..က….

ပို ဆိုးမှာပါလိမ့်……..။

============================================================================

ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

မောလိုက်တာ…..

စာ အရှည်ကြီး…ရေးရတာ…။
:kwi:

=======================

ဗ = မှာ… ဒီလို…

စာ အရှည်ကြီး…တွေး ခဲ ့../ ရေးခဲ့ပါတယ် ။

ကျွန်တော့် ရဲ ့အက္ခရာများ..နဲ ့ခရီးသွားခြင်းမှာ….

မမောမပန်းနိုင်…လိုက်ပါ..ခံစား..အားပေ းခဲ ့ ကြတဲ ့…

ကျွန်တော်…ချစ်သော…

ဂေဇက်…. ရွာသူ / ရွာသားများ..

ကျွန်တော်..ချစ်သော…. စာချစ်သူ / စာဖတ်သူများ….

ကျွန်တော့် ဆောင်းပါးတွေ..ကို….

သတ်ပုံအမှားက အစ…အချက်အလက် အမှား.တွေ… / ပြောမှား..ဆိုမှာ.တွေ..မပါအောင်…

အကြံပေး…ဖတ်ရှု..ဝေဖန်ပေးကြသော…. ချစ်သူငယ်ချင်းများ…

ဝေဖန်..အကြံပေး..ကြသော…ချစ်မိတ်ဆွေများ….

ဆက်လက် ရေးသား..နိုင်ဖို ့…. အားအင်များစွာ..ထည့်ပေးနေသော….မိတ်ဆွေများ…

အားလုံး… အားလုံးကို….

ကျေးဇူး….ထာဝရ… တင်လျက်ပါ..လို ့…။

ဆက်လက်ပြီး….. အ = အထိ..ခရီးဆက် ချင်သေးတာမို ့….

ဆက်လက် အားပေး ကြပါဦး.လ.ို ့…….

=======================================

ခင်မင်လေးစားစွာဖြင့်…..

အလင်းဆက်

38 comments

  • အလင်းဆက်

    November 3, 2012 at 7:51 pm

    တ =http://myanmargazette.net/149512/arts-humanities
    ထ =http://myanmargazette.net/149925/arts-humanities
    ဒ =http://myanmargazette.net/150370/arts-humanities
    ဓ =http://myanmargazette.net/151141/arts-humanities
    န =http://myanmargazette.net/151584/arts-humanities
    ပ =http://myanmargazette.net/152640/arts-humanities
    ဖ =http://myanmargazette.net/153657/arts-humanities
    ===========================
    ကျွန်တော် ခံစားခဲ့တဲ ့ အက္ခရာ ထွေရာလေးပါးများကို စဉ်ဆက်မပြတ် ဖတ်ရှု ခံစားပြီး
    ဝေဖန် အကြံပြု.ကြသော..
    ကျွန်တော်ချစ်သော စာချစ်သူများကို…
    လေးစားစွာ..ခင်မင်..ကျေးဇူးတင်လျက်ပါ ။

  • မောင်ပေ

    November 3, 2012 at 7:54 pm

    မင်းသိင်္ခရဲ ့ဝတ္ထုထဲမှာတော့ ၊ မိုးညိုဆိုတဲ့ ကလေးလေး လဘက်ရည်ဆိုင်က မုန် ့ခိုးစားတာကို မိသွားလို ့၊ ဝိုင်းဖမ်းပြီးရိုက်တဲ့အခါကနေ ၊ အဲ့ကလေးဟာ ကြီးလာတော့ ဟီးရိုးတစ်ယောက်ဖြစ်လာတယ် လို ့ဖတ်ခဲ့ဖူးတယ် ။ ဒါပေမယ့် အဆုံးတော့ ကြိုးစင်တက်သွားရတာပေါ့လေ

  • MaMa

    November 3, 2012 at 8:12 pm

    အလင်းဆက်ရေ-
    ဗိုက်ဆာလို့ ခိုးတယ်ဆိုတာ အမှန်တကယ်ဆိုရင် ဝမ်းနည်းစရာပါပဲ။
    ကိုယ်တိုင်တော့ အဲလိုကလေးသခိုးတွေနဲ့ တွေ့ခဲ့ဖူးတဲ့ အဖြစ်အပျက်လေးတွေ ရှိနေတာ့ အဲဒီကလေး ညာမပြောဘူးလို့ မဆိုနိုင်ဘူး။
    များသောအားဖြင့် ကလေးသူခိုးတွေရဲ့နောက်မှာ လူကြီးတွေ ရှိကြတယ်။
    သူခိုးဖမ်းမိလို့ ရဲစခန်းကို ပို့ဖူးတယ်။
    တရားစွဲရင် အလုပ်ရှုပ်မယ်၊ ငွေကုန်မယ် ဆိုပြီး ပြောတာနဲ့ ၁ရက်ချုပ်ပြီး ပြန်လွှတ်လိုက်ရတယ်။
    မိတ်ဆွေတစ်ယောက်ကတော့ သူ့ဆီမှာ သူခိုးဖမ်းမိတော့ ကျွန်တော်သူခိုးပါဆိုပြီး စာတန်းကိုင်ပြီး ပတ်ဝန်းကျင်မှာ လမ်းလျှောက်ပြခိုင်းပြီး ပြန်လွှတ်လိုက်တယ်။ 😛

  • အလင်းဆက်

    November 3, 2012 at 8:17 pm

    သူခိုးပါ..ဆိုတဲ ့ စာတန်းကိုင် လမ်းလျှောက်ပြ ခိုင်းပြီး..
    ပြန်လွှတ်တဲ ့နည်းလေးက… မဆိုးဘူးဗျ ။

    အရှက်နည်းနေတဲ ့ သူခိုးဆိုရင်တော့… မထိရောက်ပေမယ့်…
    ရှက်တတ်တဲ ့ သူခိုး ဆိုရင်တော့.. ထိ တယ် ။
    အင်း..ဘယ်သူမဆို..ဒီလို စာတန်းကြီး ကိုင်ပြီး..လမ်းတကာလျှောက်သွားဖို ့ဆိုတာ..
    ရှက်မှာပါပဲ ။
    ————————

    အဲဒီကောင်လေး… ညာပြောတာလည်းဖြစ်နိုင်တယ်ဗျ ။

    ကျွန်တော်က အဲဒီကောင်လေး ရဲ ့အဖြစ်ကို အခြေခံပြီး…
    ကျွန်တော်..လည်း..
    စာပေ ကိစ္စ မှာ…..အတု ..ခိုးဖူးတယ်..ဆိုတာလေး.. ဖြန် ့ တွေး.ကြည့်တာလေ ။

    ရေးစရာ…ရှာတာပေါ့ ။
    အဟိ ။
    :kwi:
    ————

    အန်တီမမရေ…

    အက္ခရာ တွေ.. နောက် အဆက်မပြတ် လိုက်ပါ ခံစား နေတော့…
    ကျေးဇူး.မတင်ပဲ.. မနေနိုင်ဘူးဗျို ့ ။
    🙂

  • candle .

    November 3, 2012 at 8:43 pm

    က​လေးက ဗိုက်တစ်ကယ်ဆာလို ့ခိုးတာဆိုရင်တော့ သနားစရာပါ
    ဥပဒေမဲ့ ရိုက်နှက်အပြစ်ပေးတာထက်စာရင် သက်ဆိုင်ရာကိုပို ့ပြီး
    ဆုံးမ သင်ကြားပေးတာက သူ ့အနာဂတ် အတွက်ပိုသင့်တော်ပါတယ်
    တချို ့ကြတော့လဲ သားသမီးချင်း မစာနာတတ်ကြဘူးလေ….
    ကွန်းမန် ့မပေးဖြစ်ပေမဲ့ အမြဲအားပေးနေပါတယ်..
    မ မန် ့ဖြစ်တာကလည်း ဉာဏ်မမှီလို ့ပါ….

  • ကထူးဆန်း

    November 3, 2012 at 9:45 pm

    ဖြူနေတဲ့ ဆံပင် ပိုဖြူတော့မှာ ဘဲ .. :hee:

  • ဝင့်ပြုံးမြင့်

    November 4, 2012 at 1:43 am

    အန် … ကိုယ်တော်လေး။ ဗိုက်ဆာလို့ ခိုးတာ အပြစ်ရှိလို့လား။ အပြစ်ရှိတယ်ဆိုရင် ငရဲတော့ကြီးပြီပေါ့။ ဒါဆို ဒီငရဲကတော့ အထင်ကြီးစရာမရှိပါလားကွယ်။ သံသရာလည်း ပါပြီပေါ့။ ဒါဆို ဒီသံသရာလည်း အထင်ကြီးစရာ မရှိတော့ပါလားကွယ်။ ဟီး … ဟီး အစ်မက ငရဲပြည်မှာ ဘွတ်ကင်လုပ်ထားပြီးသား။ 🙂

  • kai

    November 4, 2012 at 4:31 am

    ယူအက်စ်မှာဆို…
    ကလေးကအလစ်သုတ်ရင်.. ပိုင်ရှင်ကရဲတိုင်ရင်.. ကလေးမှာအမှုဖြစ်ပါတယ်..။
    ရဲကနေ… သူ့ဘဝ(ကလေးဘဝ)မှတ်တမ်းထဲ.. ခိုးမှုကျုးလွန်ဖူးသူအဖြစ်.. သမိုင်းမှတ်တမ်းထည့်လိုက်ပါလိမ့်မယ်..။

    အဲ..
    ပိုင်ရှင်ကရဲကိုမတိုင်ပဲ.. ကိုယ်တိုင်..လက်စွမ်းပြရိုက်နှက်ဆုံးမရင်တော့.. အင်မတန်အပြစ်ကြီးပါတယ်..
    အဲဒီရိုက်တဲ့… ချုပ်တဲ့..လူကြီးတွေ. ကလေးနှိပ်စက်မှုနဲ့..ထောင်ထဲဝင်ရမှာတော်တော်သေချာတယ်..။
    ကလေးကိုဖမ်းချုပ်ထားတာကို.. ဝိုင်းအုံရပ်ကြည့်နေတဲ့…လူအုပ်ကြီးကို.. အံ့ဩမိတယ်..
    တကယ်က..
    အပြစ်အနေနဲ့ပြောရရင်..

    ဝိုင်းအုံကြည့်နေကြသော…. လူများစွာထဲမှ…. တစ်ယောက်က ……
    မင်း…ဘာလို ့ သူများ ပစ္စည်းကို ခိုးရတာလဲ.… လို့..

    မေးခွင့်မရှိ..။
    ကလေးကို.. သတ္တိကောင်းကောင်းနဲ့.. ရိုက်နက်လက်စွမ်းပြနေသူကို.. “ခင်ဗျားတို့မှာကလေးကို.. ဘယ်အကြောင်းနဲ့မှ.. ရိုက်နှက်ဆုံးမခွင့်မရှိဘူး..” ပြောကြရမှာဖြစ်ပါတယ်..။

    တချို့အမှုတွေက.. အပိုင်းလိုက်..အကန့်လိုက်ပါ..
    လိုက်ဆက်စပ်နေလို့မရပါဘူး..
    ကလေးက..ငါ့ပစ္စည်းခိုးလို့.. ငါကရိုက်နှက်ဆုံးမရမယ်ဆိုတာ.. လူ့အခွင့်အရေးနားမလည်သူတွေလုပ်ရပ်ပါ..။
    ဆိုတော့..
    ဗ = ဗိုက်ဆာ လို ့ ခိုးတဲ ့သူနဲ ့…… ဗိုက်ဆာလို့..ခိုးတဲ့သူထက်..အပြစ်ကြီး..ဆိုးဝါးတဲ ့.. ယောက်ျားဘသား.. လူအုပ်ကြီး.. လို့ခေါင်းစဉ်တပ်လိုပါကြောင်း..။ :harr:
    =
    ဆိုတော့…
    ငါးပါးသီလ..အာဒိန္နာဒါနကို….. ခေတ်မမှီဖွင့်ဆိုချက်.. ကမောက်ကမကြောင့်.. အခုလို..ဖြစ်ကုန်တယ်ထင်ပါကြောင်း…

  • ဦးကြောင်ကြီး

    November 4, 2012 at 8:04 am

    ကျုပ်အမေကတော့ မနက်ဈေးသွား ပြန်လာရင် ခဏခဏ ဈေးခြင်းထဲက ငါးထုပ် အသားထုပ် အနှိုက်ခံရတယ်။ အလစ်သုတ်သူ အများစုက ခလေးတွေများတယ်။ မိလည်း များသောအားဖြင့် မာန်မဲပြီး လွှတ်ပေးလိုက်တာများတယ်။ အချို့ရပ်ကွက်တွေမျာဆို အဲလိုကောင်ဆိုးမျိုးတွေ ဒုက္ခသိပ်ပေးလွန်းတော့ အရပ်က သီးမခံနိုင် ဖြစ်တတ်တယ်။ ဆင်ခြေဖုံး ရပ်ကွက်တွေက မြို့ထဲက တိုက်ခန်းတွေလို အလုံပိတ်မဟုတ်ဘူးလေ။ အဲသလို လှစ်ကနဲ ဝင်ဆော်ဆော်သွားကြတာပဲ။ ဒီလိုနဲ့ ကောင်းရောင်းကောင်းဝယ် ဈေးရောင်းစား၊ ကြုံရာကျပန်း ပလပ်စတစ် အမှိုက်ကောက်စားရတဲ့ ခလေးတွေ ရပ်ကွက်ထဲ ပေးအဝင်မခံလို့ ဒုက္ခရောက်တယ်။ သဂျီးကတော့ ပြောမှာပဲ သူမှ မခံရဘူးသေးတာကို…။ သူ့ပစ္စည်း တပြားဖိုး ပါကြည့်ပါလား၊ သူခိုးလေးတွေ ခိုးတဲ့လက်ဖြတ် ခေါင်းဖြတ်နဲ့ တာလီဘန်စတိုင် လေသံပြောင်းသွားမည့်သူဂျီး.. ဒါမြန်မာပြည်ဗျ အာဖဂနစ္စတန် မဟုတ်ဘူး… :buu:

  • (သူခိုးပါ..ဆိုတဲ ့ စာတန်းကိုင် လမ်းလျှောက်ပြ ခိုင်းပြီး..
    ပြန်လွှတ်တဲ ့နည်းလေးက… မဆိုးဘူးဗျ ။)
    အဲဒီကလေးက လက်တွေ့လုပ်ပေးရတဲ့သူတွေပေါ့။
    သူတို့ကိုခိုးခို်င်းတဲ့ကောင်ကတော့ နောက်ကွယ်မှာလွတ်နေပါသေးတယ်။။

    အတုခိုးတယ် ဆိုလို့ပြောရအုံးမယ်
    တစ်ခါက တော့ အိမ်တစ်အိမ်ကို သူခိုးတက်ခိုးတာ လက်ဝတ်လက်စားတွေပါသွားတယ်။.
    အဲဒီသူခိုးက သွားရောင်းတော့ အတုတွေလာရောင်းလို့ဆိုဖမ်းခံလိုက်ရတယ်။
    အခိုးခံရတဲ့ အိမ်က သူခိုးကို သတ်ပစ်ချင်လောက်အောင်စိတ်ဆိုးသွားကြတာ။
    သူကြောင့် အတုတွေဝတ်တာ လူသိလို့တဲ့.

    နောက်တစ်ယောက်ကတော့ လိုင်းကားပေါ်ကနေ အရက်ဖာတစ်ဖာ မပြေးပြီး သွားရောင်းတာ။
    ဖြစ်ချင်တော့ အရက်အတုလုပ်တဲ့ဂိုဏ်းကို လိုက်ရှိနေတာနဲ့တိုက်ဆိုင်တော့ သူခိုးလာတာက
    အတုတွေဖြစ်နေတော့ အဖမ်းခံလိုက်ရုံတင်မက အမူ့တောင်ပိုကြီးသွားသေးတယ်တဲ့

    သူများဟာကို အတုခိုးပါများ ရင် ကိုယ်ပိုင်ဟန်ပျောက်သွားတတ်ပါတယ်နော်

  • မိုး မင်းသား

    November 4, 2012 at 11:52 am

    အလင်းဆက်ရေ……တရားတကယ်ရမိပါတယ်…..

    ဩော….အနိစ္စ….ဒုက္ခ….အနတ္တ…..

    ကြောစရာကောင်းလှပါဘိတောင်……..

    တရားကို…နတ်စောင် ့ပါတယ်လေ….

  • အလင်းဆက်

    November 4, 2012 at 6:05 pm

    ဖတ်ရှု ခံစားပြိး..
    ကွန့်မန့်များ..ချီးမြင့်ပေးကြသော…
    ကျွန်တော်ချစ်သော….

    candle

    ကထူးဆန်း

    မမပြုံး

    သူကြီး…

    အူးကြောင်…

    လေးလေးပေါက်

    မိုးမင်းသား…

    အားလုံး အထူးကျေးဇူး တင်ပါတယ်ခညာ ။

    ——————————
    သူကြီးမင်း အကြံပေး.တင်ပြ သလို …

    ဗ = ဗိုက်ဆာ လို ့ ခိုးတဲ ့သူနဲ ့…… ဗိုက်ဆာလို့..ခိုးတဲ့သူထက်..အပြစ်ကြီး..ဆိုးဝါးတဲ ့.. ယောက်ျားဘသား.. လူအုပ်ကြီး…လို ့…
    ခေါင်းစဉ် တပ်လျှင်လည်း.ရနိုင်ပါကြောင်း..
    ဖြန့်ထွက်တွေး.နိုင်စွမ်းသူများ…ဆက်လက်…အတွေး.နယ်ချဲ ့နိုင်ပါကြောင်း…

    တားတားကတော့…..

    ဆာလောင်မှု နှစ်ခု (ဗိုက်ဆာတာနဲ ့ အောင်မြင်မှု ဆာတာ…) ကို..
    ( ခိုးမှု နှစ်ခု အတုခိုးမှု နဲ ့ ငှက်ပျောသီးခိုးမှု. ) ကနေ…တွေး ယူ ခံစားမိလို ့..
    တွေးမိတာလေး.ရေးမိခြင်းဖြစ်ပါကြောင်း…

    ဆက်လက် ခံစားနေဦးမယ့် အက္ခရာများလည်း….
    အားပေး..တော်မူကြပါဦးလို ့…
    ပြောတော်မူ..လိုက်ပါကြောင်း….

    ခင်မင်လေးစားစွာဖြင့်…

    အလက်ဆင်း
    :kwi:

  • pooch

    November 4, 2012 at 7:31 pm

    အက္ခရာတွေက နောက်ပိုင်းရောက်လေ တဖြည်းဖြည်းချင်း ပိုဖတ်လို့ ကောင်းလေ ဖြစ်လာတယ်။

    ကျမကတော့ လောလောဆယ် မှာ ခရီးသွားခြင်းကို ဆာလောင်နေတာမို့ အချိန်ခိုးဖို့ ကြိုးစားနေမိတယ် 😀

  • အလင်းဆက်

    November 4, 2012 at 8:31 pm

    တဖြည်းဖြည်းချင်း ပိုဖတ်လို့ ကောင်းလေ ဖြစ်လာတယ်။ ..ဆိုလို ့…

    ဝမ်းတာလိုက်တာ…ဂျာ ။:kwi:

    အားထုတ်ရကြိုးလေး..နပ်ပါတယ် ။

    ကျွန်တော်လည်း..ခရီးတွေ..ပဲ..သွားချင်နေမိတယ် ။
    🙂

  •    

    November 4, 2012 at 8:50 pm

    ဗိုက်ဆာလို ့ ဆိုပေမဲ့
    အသက်က နှစ်ဆယ်ဆိုတော ဒုက္ခိတလဲမဟုတ်ရင် ့ ခိုးမစားပဲ လုပ်စားဖို ့တန်နေပါပြီ
    နော..
    ဗိုက်ဆိုလို ့
    ဗိုက်ဗိုက်တို ့လို ့
    ဗရုတ်သုက္ခ
    ဗိုက်ပိန်ပိန်လေးတွေအတွက်
    ဗိုက်ဆာရင်
    ဗာဒံပင်အောက်ထိုင်
    ဗီတာမင် မပြည့်တပြည့်နဲ ့
    ဗယာကြော်လေးစား
    ဗုဒ္ဓဟူးနေ ့ရောက်တိုင်း
    ဗေလုဝနဲ ့
    ဗန်တိုဗန်ရှည်တွေကစား
    ဗိုလ်စွဲတဲ့သူက
    ဗုံတီးပြီး
    ဗြောက်အိုးတွေ ဖောက်လို ့
    ဗြုတ်စဖျင်းတောင်းတွေ ဖြစ်
    ဗိုလ်ကေတွေညှပ်ပြီး
    ဗျစ်ရည်ဆိုင်ထဲဝင်
    ဗျစ်အရက်နဲ ့ ဗိုလ်ကိတ်ပဲတွေ မြည်းပြီး
    ဗြောင်းဆန်အောင် မူး
    ဗြုန်း ဆို အိမ်ကမိန်းမလိုက်လာပြီး
    ဗျစ်ဗျစ်ဗျစ်ဆို အီးထွက်အောင် ဗျင်းမယ်လုပ်လို ့
    ဗုန်းဗုန်းမလဲခင် ပြေးထလိုက်တာ ဗားကရာ ဗိုလ်ချုပ်ဈေးကနေ ဗဟန်းထိတောင် ရောက်သွားတယ်။
    တိန်..

  • အလင်းဆက်

    November 4, 2012 at 9:00 pm

    ဟံမာလေး…ဗိုက်ဗိုက် ရယ်…
    ဗ = အက္ခရာတွေကို…
    ဗြဲ ခနဲ ဗြဲခနဲ…သုံးသွားတာများ..
    ဗြန်းဗြန်းကို..ကွဲ မတတ်ပဲ..
    ဗြုတ်စဗြင်းတောင်း..ကွန်နက်ရှင် အစုတ်ပြတ်နဲ ့ ဖတ်ရတာမို ့
    ဗုန်းဗုန်းလဲ..သွားမလို.ဖြစ်နေတုန်း..
    ဗိုက်ဗိုက်ရဲ ့…
    ဗ အက္ခရာ တစ်လှေ ကြီးကို..တွေ ့လိုက်ရတော့
    ဗွမ်းခနဲ..ရေထဲ ခုန်ချလိုက်ရသလို..လန်းဆန်းသွားတယ် ။
    ဗျစ်ရည်လေး..နဲ ့
    ဗြဲဗြဲ ….
    ဗြဲ ဗြဲ မမြည်တတ်တဲ ့
    ဗျတ်စောင်းလေးကို တီးရင်း…..
    ဗိုူက်ဗိုက်ရဲ ့
    ဗ အက္ခရာတွေ.ကို ဖတ်ရတာ..
    ဗျာ..လို ့တောင်..ခေါ်သံကို မထူးမိဘူး ။
    ဗျာ……..

    အဟိ ။
    ရေးမိရေးရာ..ရေးချလိုက်တာ…

    :kwi:

    • ရွှေ ကြည်

      November 5, 2012 at 11:53 am

      အွန် ဗထက်ချိုင့်တွေ ဗိုလ်ကျနေပါရောလား ဗ အက္ခရာတွေတယ်ပေါကြပါလား..။

  • ကိုခင်ခ

    November 5, 2012 at 9:23 am

    ငယ်ငယ်တုန်းက ကြားမိတဲ့စကားရပ်လေးပါ။
    ဒီမြို့နယ်ကို ပြောင်းလာတဲ့ အစိုးရဝန်ထမ်း အရာရှိက အတော်ကို ဗိုလ်ကျတယ်တဲ့၊
    ဘာမှလုပ်ကိုင်ဆောင်ရွက်ရတာ အဆင်မပြေဘူးဆိုတဲ့အခါ၊
    အဲဒီမှာ တစ်ယောက်ကပြောတယ် အဲဒီအရာရှိမှာ ပါးစပ်ပါလား ဗိုက်ပါလားတဲ့၊
    ပါးစပ်နဲ့ဗိုက်တော့ လူတိုင်းပါတာပေါ့ကွ ပြန်ဖြေကြတော့ အဲဒီလူက ထပ်ပြောတယ်၊
    ပါးစပ်ပါရင် ဗိုက်ပါရင် အဆင်ပြေသွားမှာပါဆိုဘဲ။
    လ အတန်ကြာသော အချိန်မှာတော့ အဲဒီမြို့နယ်မှာ အရာရှိက ဗိုလ်ကျတယ်ဆိုတာ မကြားရတော့ပါ။
    အလုပ်ကိုင်ရတာရော ပြောဆိုဆက်ဆံရတာရော အဆင်ပြေသွားကြတယ်သိရပါ၏။
    အဲဒါ ပါးစပ်နဲ့ဗိုက်ပါလို့ ဗလာမပါသော လက်ဆောင်လေးတွေတော့ သူအိမ်မှာစီကာရီကာ ရှိသဗျ။

  • Wow

    November 5, 2012 at 12:14 pm

    ကလေးကို ခိုးလို့ဆိုပြီး ဝိုင်းရိုက်ကြသူတွေကို .. တသက်မှာ တစ်ခါမှ မခိုးခဲ့ပါဘူးလို့ကိုယ့်ကိုယ်ကို လိပ်ပြာလုံတဲ့သူရှိပါ့မလား.. ကျမကတော့ ဘဝမှာ ခိုးခဲ့ဘူးတာတွေရှိပါတယ်.. ကလေးဘဝတုံးက သူများအိမ်က စာအုပ်လေးတွေလှတာ ဖတ်ချင်တာတွေ့ရင် ခိုးဖူးပါတယ်..
    ကိုယ်တောင် မစောင့်ထိမ်းနိုင်တဲ့ သီလကို ကိုယ့်ထက်အင်အားနဲသူကို အနိုင့်အထက် စောင့်ထိမ်းခိုင်းမယ်ဆိုတာကရော.. တရားပါ့မလား… :bar:

  • kyeemite

    November 5, 2012 at 1:12 pm

    ဗ- အက္ခရာ ကားတွေတော့ သံရည်ကြိုစက်ရောက်ကုန်ပြီ…
    ဘ-အက္ခရာအလှည့်ရောက်လာပြီ…
    အဲဒီတော့…
    ဘ-အက္ခရာအတွက် အလင်းဆက်ဘယ်လိုရေးမယ်ဆိုတာကြည့်တာပေါ့…
    :harr:

  • ရွာသူ jujuma .

    November 5, 2012 at 1:22 pm

    ငယ်ငယ်ကတော့ မုန့် ခိုး စား လို့ ဆရာမရိုက်တာခဏခဏ ခံခဲ့ရဘူးတယ်…
    အဲဒါတောင် ကိုယ့်ပစ္စည်းကိုယ် ခိုးစားတာနော်..
    သူများပစ္စည်းခိုးဘို့ ဆိုတာ တော်တော် မလွယ်တဲ့ကိစ္စပါ …

  • အလင်းဆက်

    November 5, 2012 at 8:59 pm

    မမရွှေကြည်ရေ..

    အက္ခရာ ခရီးစဉ်မှာ… အဆက်မပြတ် လိုက်ပါ..လာလို ့..
    ခရီးဖော် ပီသ..ကြောင်း…
    ပြောလိုပါတယ်ခည ။
    ကျေးဇူးပါ..လို ့
    ————————–

    ကိုခင်ခ ပြောပြတဲ ့
    အဖြစ်ကလေး..ကြားတော့…
    ရယ်ချင်ချင် ဖြစ်တွားတယ် ။

    ဟုတ်ပါ့…။
    ဒါမျိုးလည်း..ကျနော်..ကြားဖူးနေပါရဲ ့ ။ မြင်လည်း..မြင်ဖူးနေပါရဲ ့

    မှန်ပါပေ့ မှန်ပါပေ့..ပေါ့ဗျာ..။

    အဆက်မပြတ် ခံစား..အားပေး.လာလို ့ကျေးဇူးပါ..ကိုခင်ခကြီးရေ..
    🙂

    =-================
    Wow ရေ….

    ဟုတ်တယ်နော် ။

    ————————————-

    ဦးကြီး..မိုက်…ရေ..

    ဘ = မှာ..
    ဘာ..လာမလဲ..ဆိုတာ…
    ဘာရယ်မဟုတ်ပေမယ့်… စောင့်မျှော် အားပေးပါဦးနော် ။

    ==================

    ရွာသူ.jujuma ရေ…

    အဲဒါတော့…တူတယ် ။

    သားလည်း.မုန်းခိုးစားနေကျ ။
    သားကတော့…သူများမုန် ့ပါ..ခိုးစား ဖူးတယ် ။
    အတန်းထဲမှာ.. နည်းနည်း.ကြည့်မရတဲ့ကောင်မလေးတွေ.. ရဲ ့
    မုန့်တွေ.. ကို..
    သားတို ့.သူငယ်ချင်းတစ်စု..စုပြီး.ခိုးစား တာလေ..။
    အဲဒီတုန်းကတော့..
    ကလေး.ဆိုတော့.. ပျော်နေတာပဲ
    ……………………..

    ================

    အားပေး..ကြသာ..ချစ်သော..မိတ်ဆွေများ..အားလုံးကို.
    ခင်မင်လေးစားစွာ..
    ကျေးဇူးတင်လျက်ပါ
    alinsett.art@gmail.com

  • အဲ ..
    မနေ့က မန့်ထားဒါလည်း ချိဘူး …
    ထားဒေါ့ .. မရှိဒေါ့ ဗားရှင်း အသစ်နဲ့ ထပ်မန့်ဒါဘော့ ..
    +++++++

    ဂလို .. ဂလို …
    အောင်မြင်မှုကို ဆာလောင်တယ် ဆိုတဲ့ စကားလုံးပေါ့ဗျာ ..
    အိုက်ဒီ စကားလုံးဂ အနုပညာ ဆိုတာကို နည်းနည်းလေး အရိပ်ထိုးစေသလားလို့ပါ ..

    အနုပညာ ဆိုတာက ..
    ကိုယ် တတ်အားသရွှေ့ အားထုတ်မယ် …
    ပြောင်မြောက်အောင် အားထုတ်မယ် …
    အဲ့ဒီ အားထုတ်မှုတွေ အားလုံးက ကိုယ့်အတွက် မဟုတ်ဘူး …
    အခြားသူတွေ အတွက်သာ ဖြစ်နေမယ် …

    အများအကျိုးဆောင် ကိုယ့်အကျိုးပြောင် .. အဲလေ .. အောင် ဆိုသလိုပေါ့
    အဲ့ဒီလို အခြားသူတွေအတွက် ရည်ရွယ်တဲ့ ကြိုးစား အားထုတ်မှုတွေက
    အော်တိုမီးတစ် အောင်မြင်မှု ဆိုတာကို ကိုယ့်ဆီမှာ ဖြစ်လာလေမလားပဲ ဆိုပြီး …
    ဟိုအကောင်ရဲ့ ဦးနှောက်လောက်နဲ့ တွေးမိလိုက်လို့ အခုလို ပြောကြည့်ဒါဘာ …..

    ဘာရယ် ဟုတ်ဘူးနော့ …
    ဝင်ပီး လေပေါ့ကြည့်ဒါ .. :mrgreen:

  • အလင်းဆက်

    November 5, 2012 at 9:28 pm

    ဟိုက်…

    ဦးဦးအံစာ…..ပြောမှ တားတား ထိပြီ ။

    တားတားက…. လေ..

    ဗ မှာ..ဘာရေးရမှန်းမတိလို ့လေ..
    အဲဒါ… ခိုးမှုလေး.တစ်ခုတွေ.တာနဲ ့…
    ရေးစရာတော့ ရပြီကွ…လို ့… စိတ်ကူးဉာဏ် ကွန်မြုးပြီး..ရေးလိုက်ထှာ..
    ဆိုင်….လောက် ၏ …ပေါ့နော်..။

    —————-

    ဒီလို..စစ်မှန်တဲ ့အနုပညာကို ဖန်တီးခြင်း ဆိုရာမှာ..တော့
    အောင်မြင်မှု…..ဆာလောင်တာဟာ.. မသန် ့ရှင်းမှု.တစ်ခုလို ့…
    ပြောလို ့ရမှာပါ ။
    အံအံ ပြောသလိုဆို..
    အနုပညာကို အရိပ်ထိုးတယ်ပေါ့ဗျာ.. ။

    အဲဒီလိုလေးတော့ မတွေးမိပဲ…

    လောလောဆယ် ကျွန်တော်က… အောင်မြင်မှု ကို..ဆာလောင်တယ်..လို ့
    ကိုယ့် ့ဘာသာကောက်ချက်ချပါတယ် ။
    အောင်မြင်လာမှ ကျွန်တော်.ရေးချင်တဲ ့ အနုပညာ ဖန်တီးမှုတွေ.ရေးမယ် ။
    အနုပညာတွေ..ကိုယ် လိုချင်သလို ဖန်တီးဖို ့..ဆိုရာမှာ.အောင်မြင်မှု တစ်ခု / နာမည် ကျော်ကြားမှု တစ်ခု
    အရင်ဆုံး လိုအပ်တယ်..လို ့.. ယူဆပါတယ် ။ ဒါကြောင့်…
    ပထမဆုံး..လိုအပ်ချက်အနေနဲ ့
    အောင်မြင်မှု ကို.. လိုအပ်ပါတယ်
    ပြိးမှ..အောင်မြင်ကျော်ကြား..လူသိများ တဲ ့ လူသားတစ်ယောက်က.. ဖန်တီးပြတဲ ့
    အနုပညာစစ်စစ် တွေ..ပါ..လို ့.ချ ပြမယ်ပေါ့ဗျာ..။

    ဒါကြောင့်.. လောလောဆယ်..အောင်မြင်မှု..ဆာလောင်ပါတယ်ပေါ့

    ဆာလောင်မှု.. နှစ်ခုကို… ယှဉ်ကြည့်မိတော့လည်း..
    ဘယ် ဆာလောင်မှု က..ပိုဆိုးမလဲ..လို ့..
    ကျွန်တော်..မေးကြည့်မိပါတယ် ။
    ကျွန်တော့် ဘာသာ..မဖြေ တတ်လို ့…
    အခုလို…ပိုစ် ့ရဲ ့အောက်ဆုံးမှာ…
    အဲဒီ မေးခွန်းလေး.. ပါအောင်..ထည့် ရေး..လိုက်ပါတယ် ။

    အင်မတန် အကြမ်းထည် ဆန်တဲ ့မေးခွန်းလည်း.ဖြစ်ပါတယ် ။

    ==========

    အံအံ ရေ…
    ကျေးကျေးနော်

    ဖတ်ရှု.. ခံစား..အားပေးဆွေးနွေးကြသူများအားလုံးကို..
    လေးစားစွာ.ခင်မင်..ကျေးဇူးတင်လျက်ပါ..လို ့

    ချစ်သော..
    အလက်ဆင်း

    • ဒါနဲ့ စကားမစပ် ..
      နောက်ဆုံးဘိတ် “အ” အက္ခရာ ရောက်ရင်ဒေါ့ဖြင့် …
      အဟမ်း …
      ဝင်ပြီး ရန်တွေ့ရလိမ့်မယ် ထင်ဒယ် .. :mrgreen:

      အပေါ်ဂ ညီလေးအံ :mrgreen: ကြောဒါဒွေဂလည်း
      ဘာမှ ဟုတ်ဘူးနော့ ..
      ဂလိုဘဲ စိတ်ပေါက်တုန်း ဝင်ပွားကြည့်ဒါဘာလို့ ..

  • နေဝန်းနီ

    November 5, 2012 at 10:09 pm

    ခိုးတာကတော့ မကောင်းဘူးပေါ့လေ……..။ ရုပ်ဝတ္ထု ပစ္စည်းကို ခိုးယူတာနဲ့ အတွေးအခေါ်အယူအဆ ခိုးယူတာက အသုံးနဲနဲ လွဲနေသလားလို့….။ အတွေးအခေါ် အယူအဆကို ယူငင်သုံးလိုက်တာက တစ်ခုခု အကျိုး ရှိသွားရင် ခိုးတယ်ဆိုတဲ့ အဓိပ္ပါယ် မသက်ရောက်တော့ဘူးနဲ့တူရဲ့…..။ ကိုယ်ကျိုးအတွက် သုံးတာမဟုတ်ရင်ပြောတာလေ…..။ သူများနိုင်ငံက ရုပ်ရှင်ဇာတ်ကားကို မြန်မာတွေ ယူရိုက်တာမျိုးတော့မပါဘူးပေါ့….။ ဥပမာ ဆရာသော်တာဆွေရဲ့ ကျောက်ဖြုန်းကျော်ကြီးလိုဝတ္ထုမျိုး နိုင်ငံခြားဇာတ်လမ်းအမှီးဆိုတာ နိုင်ငံခြားကလူက (အမျိုးသမီးနဲ့တူရဲ့)သူ့ဘာသာနဲ့ ဘာသာပြန်ခါနီးမှသိသတဲ့….။ ဒါပေမဲ့ မြန်မာ ဝတ္ထုထဲမှာ သူလည်းနေရာတစ်ခုရခဲ့တာပဲလေ………။ အဲဒိလိုမှီးငြိမ်းထားတဲ့စာပေတွေ ဟာ သူခိုးတွေလို့ ဘယ်သူမှမစွပ်စွဲဘူးနော်….။ နောက် ဆရာ ဇဝနရဲ့ ဆိုးပေဟာ အမှီးပဲ….။ မြန်မာစာပေထဲမှာမရှိသေးတဲ့ ကလေး စာပေကိုဖြည့်ပေးထားခဲ့တယ်လေ………။

    • kai

      November 6, 2012 at 5:35 am

      ခိုးယူခြင်းကို.. အဓိပ္ပါယ်ဖွင့်တာ.. အင်မတန်ကျယ်ပြန့်ပါတယ်..။
      ပြောရရင်.. ဥပဒေတွေလည်း… ရှုပ်ယှက်ခတ်နေအောင်ရှိတာပါ…။
      အိုင်ဒီယာ၊ အတွေးအခေါ်တွေလည်း.. မူပိုင်မှတ်ပုံတင်လို့ရပြီး.. တခြားသူကယူသုံးရင်.. ခိုးမှုမြောက်ပါတယ်..။

      ဒါပေမယ့်..ပန်းချီကျော်ကြီး.. ပီကာဆိုကတော့.. အောက်ကအတု်ိင်းပြောသွားခဲ့တယ်..။ :kwi:
      အဲဒါကို.. ပန်းသီဆရာကြီးက.. အောက်ကအောက်ကအတိုင်းပြန်ပြောတယ်..။

      “Good artists copy; great artists steal.”
      — Pablo Picasso

      “Picasso had a saying – ‘good artists copy, great artists steal’ – and we have always been shameless about stealing great ideas.”
      ― Steve Jobs

  • အလင်းဆက်

    November 6, 2012 at 7:00 pm

    တူတဲ ့အမြင်တွေရော..
    မတူတဲ ့အမြင် တွေရော..

    ဝင်ရောက်ဆွေးနွေး..အားပေးကြလို ့.
    အားလုံးကို..ကျေးဇူးပါ..လို ့

    တစ်သက်မငြင်းတဲ ့
    အလက်ဆင်း

    :kwi:

  • အလင်းဆက်

    November 7, 2012 at 6:59 pm

    အနီပေး ကြသူတွေကိုလည်း….
    အားကျပါတယ် ။

    ဘာလို ့ဆိုတော့…
    အချိန်တွေ..ပေါ နေလိုက်ကြတာလို ့..တွေးမိလို ့..
    :kwi:

    ဒီ ကွန်မန့်လေးကို..လည်း..နိမှာပဲ..မဟုတ်လား..
    Red Colour လေးတွေ..ဆိုတော့… လှတော့ ..အလှသား..

    • အရီးခင်လတ်

      November 7, 2012 at 7:09 pm

      အဲဒါ သူကြီးဘဲ နေမှာ။
      သူက အနီရောင် ကွန်ဆားဗေးတစ် လူကြီး ဆိုတော့။ 😆

      • kai

        November 8, 2012 at 12:34 am

        ဂရပ်ဖစ်သမားဆိုတော့.. လုပ်တတ်တာလေးပဲ…. လုပ်ပေးလိုက်တယ်..။
        ကဲ.. ရွာသူားများ.. ယနေ့မှစ၍… နုကြစေသတည်း…။ :kwi:

        • Hnin Hnin

          November 8, 2012 at 1:01 am

          ဒါကြောင့် ခုနလေးတင် နီနေပါတယ်လို့…
          မျက်စိများမှောက်သလားထင်ပြီး..ပို့စ်၁ဝခုလောက် လိုက်ဖွင့်ကြည့်တာ
          လှတော့လှသား…အစိမ်းမှာ အဝါရှပ်ပြေးလေး…
          အနှုတ်မြင်နေရပေမယ့် စိတ်တော့ နည်းနည်းချမ်းသာသွားသလိုပဲ… 🙂

          ဪ..အလင်းဆက်ရေ..ဖတ်သွားတာကြာပေမယ့် မှတ်ချက်မပေးခဲ့တာပါ..

        • Hnin Hnin

          November 8, 2012 at 1:21 am

          သူကြီးရှင့်…’ Was this answer helpful? ‘ က + ကတော့ အရောင်တူတယ်..
          minus က အနီပဲဖြစ်နေသေးတယ်..အဲဒါကရော မပြောင်းတော့ဘူးလားရှင့်…

  • ရာဇဝင်လူဆိုး

    November 7, 2012 at 7:58 pm

    ်တောက် ! (မြည်သံစွဲ အလင်္ကာသုံးပြီး စာဖြင့် တောက်ခေါက်ခြင်း) ။ ….နီကြဂျမ်းပါဂျာ…ကျနော့်တို့ကို ။
    But we don’t care ဆိုတာလေး မက်ဆေ့ပေးချင်ပါတယ်။ လက်အရမ်းအားနေရင်တော့ ကိုင်စရာလေးတစ်ခု
    တန်ဖိုးကြီးတာလေး ပေးပါ့မယ်လို့…. ကိုနီ တို့ မနီ တို့ကို ပြောချင်ပါအိ။
    တစ်မျိုးမထင်ပါနဲ့ စိတ်ကောင်း စိတ်မြတ်လေးထားပြီး စိတ်ငြိမ် လက်ငြိမ်ဖြစ်အောင် ပုတီး စိတ်ဖို့ လက်ဆောင်ပေးချင်ပါတယ်။ အနီတွေအတွက် ဘာမှ ဘာမှကို မဖြစ်ပေမယ့် ခင်ဗျားတို့ရဲ့ အဲဒီလိုလုပ်တဲ့ အချိန်တွေကို နှမြောလို့ပါနော…။ အနီပေးလို့ ဘာမှ မဖြစ်ပါဘူးပြောပြီး ဒီလိုတွေရေးနေကတည်းက စိတ်ထဲ တစ်ခုခုဖြစ်နေတာပါလို့ ကိုနီ နဲ့ မနီ တွေးနေမယ်ဆိုတာသိပေမယ့် ဒီလိုအနီနှိပ်မယ့်အစား ကိုယ်လက်မခံနိုင်တဲ့ အကြောင်းအရာကို ဝင်ဆွေးနွေးဖို့ ဦးနှောက်အသိဉာဏ်၊ အတွေးအခေါ် ၊ပွင့်လင်းမြင်သာမှုမရှိတဲ့ ကိုနီ မနီ လို့ပဲ ကျနော်ကလဲ ပြန်တွေးနေပါတယ်လို့။ ဒီလို ကိုနီ မနီတွေ များများရှိနေသရွေ့ မြန်မာပြည် ဒီမိုကရေစီ စစ်စစ်ကြီးရဖို့ တဂျီးပြောတဲ့ နှစ်တစ်ထောင် ကျိန်စာ ပါလို့ ပြောရင်း..

    အလက်ဆင်းရေ …. Fighting….

  • အရီးခင်လတ်

    November 8, 2012 at 4:02 am

    ထုံးစံအတိုင်း ရေးထားတာလေးက လှပါ့တော်။
    ကလေး ခိုးတာ ကနေ ကိုယ့်ကို ကလေးနေရာသွင်းပြီး စဉ်းစားကြည့်ခိုင်းလိုက်တာဘဲ။

    ဒါထက် နေ့လည်က အလင်းဆက်ရဲ့ စာ ကို အသေအချာ မဖတ် ကြည့်မိသေးဘဲ မှတ်ချက်တွေ နီ တာကို နောက်မိတာ။
    အဲဒါမအားတဲ့ ကြား က အချိန်ခိုးပြီး ပေးလိုက်တဲ့ မှတ်ချက်ကွဲ့၊
    ငှက်ပျောသီးခိုးတဲ့ ကလေး လေးလိုပါဘဲ။

    ဆက်လာမဲ့ အက္ခရာတွေ ကို စောင့်မျှော်အားပေးနေပြီပါတယ်။
    အချိန်ခိုးမရလို့ မှတ်ချက်လေးတွေ မပေးဖြစ်ရင် အဲဒီ ကလေး လိုဘဲ အရီးလဲ ဗိုက်ဆာနေပြီ လို့ တွေးလိုက်နော်။ 😆
    (ရွာထဲ ဝင်မှ စိတ်အဟာရ စားရတာ မဟုတ်လား)

    သူကြီး
    ဘာ ဂရပ်ဖစ် ကပြောင်းသွားတာလဲ။
    နု ဆိုတာနဲ့ မျက်လုံးတွေ အရောင်တောက်သွားတာ။
    အနီ တွေ ကို ပြောင်းတာဆိုလဲ ဘာမှထူးမပြောင်းသလိုဘဲ။ 🙄

  • အလင်းဆက်

    November 8, 2012 at 9:29 am

    မအားတဲ ့ ကြားက… အချိန်လေးတွေ… ပေးပြီး.
    အားပေး.ဖတ်ရှု.ကြသူများကိုရော..

    အရောင်လေးတွေ… လှ သထက် လှအောင် ပြုပြင်ပေးသော…သူဂျီ းကိုရော

    အရောင်လေးတွေ… ..နီပေးကြသော….. အချိန်ပေးနိင် သူများက်ိုရော…

    အားလုံး အားလုံးကို..
    အလက်ဆင်းက
    တစ်သက် မငြင်းပါဘူး..လို ့..

    အလင်းဆက် ဆိုမှတော့..

    အတင်း ကို ဖက် မှာပါ..လို ့…
    :kwi:

Leave a Reply