အစားအသောက်ထဲကအဆိပ်များ ( ၁ )

nicolus agralNovember 4, 20121min1127

မပြောမပြီး မတီးမမည် ဆိုတော့ ပြောရဦးမယ်ဗျာ
စားသောက်ဖွယ်ရာအကြောင်းပေါ့

၁။အမြန်ရင့်မှဲ ့စေသောဆေးဝါးများ
ဒီဆေးတွေဟာ သစ်သီးဝလံတွေမှာအသုံးများပါတယ်
စားသုံးတဲ့အချိန်မှာ ရေသေချာဆေးပြီးမှ စားသင့်ပါတယ်
ဒါတောင် သစ်သီးအသားထဲထိစိမ့်ဝင်နေတဲ့ ဆေးတွေတော့ကျန်ခဲ့ပါတယ်
လူရဲ ့ဇီဝဖြစ်စဉ်တွေကို ပြသနာပေးပါတယ်

၂။ပိုးသတ်ဆေးများ
သစ်သီးတွေ ၊ ဟင်းသီးဟင်းရွက်တွေ ၊ ကောက်ပဲသီးနှံတွေမှာ သုံးပါတယ်
သူကနှစ်မျိုးရှိပါတယ်
organic နဲ ့ inorganic ပါ
organic ကချက်ပြ ုတ်လိုက်ရင် အာနိသင်ပျက်ပေမဲ့ inorganic ကမပျက်ပါဘူး
အဆိပ်သင့်ပုံနည်းလမ်းကလည်း ၂ မျိုးရှိပါတယ်
ဖြန်းထားတဲ့အစားအစာကတဆင့်ရယ် ၊ မြေအောက်ကိုစိမ့်ဝင်ပြီးမြေအောက်ရေကြောကတဆင့်သောက်ရေထဲကိုရောက်သွားတဲ့နည်းရယ်

၃။ကြီးထွားစေတဲ့ဆေးများ
သစ်သီးဝလံတွေမှာအသုံးများပါတယ်
စားသုံးတဲ့အချိန်မှာ ရေသေချာဆေးပြီးမှ စားသင့်ပါတယ်
သစ်သီးအသားထဲထိစိမ့်ဝင်နေတဲ့ ဆေးတွေတော့ကျန်ခဲ့ပါတယ်

၄။ဓာတ်မြေဩဇာ
သီးနှံအားလုံးမှာသုံးပါတယ်
သူကတော့ မြေအောက်ကိုစိမ့်ဝင်ပြီး မြေအောက်ရေကတဆင့်၎င်း
ရေစီးထဲပါသွားပြီး မြစ်ချောင်းအင်းအိုင်တွေကရေကိုညစ်နွမ်းစေပါတယ် ၊ နောက်ငါးတွေကို အဆိပ်သင့်စေပြီး ငါးမှတဆင့် စားသုံးသူတွေကိုရောက်ပါတယ် (ပိုးသတ်ဆေး တွေလည်းထိုနည်း၎င်းပါပဲ)

အထက်ဖေါ်ပြပါဓါတုဆေးတွေဟာ လူရဲ ့မျိုးရိုးဗီဇ(DNA)ကို ထိခိုက်ပျက်ဆီးစေပါတယ်
-အသက်ကြီးရင့်မှုကိုမြန်စေ
-ဆီးချိုကဲ့သို ့သော နာတာရှည်ရောဂါတွေကိုဖြစ်ပွားစေနိုင်တယ်
-DNA ကို irreversible damage ဖြစ်ရာကတဆင့် ကင်ဆာရောဂါတွေကိုဖြစ်စေနိုင်တယ်
-ကိုယ်ဝန်ဆောင်တွေဆိုရင် ဗိုက်ထဲက ကလေးကိုထိခိုက်တာကပိုဆိုးပါတယ် ။ ပျက်ကျတာတွေ ၊ ခြေလက်မစုံတာတွေဖြစ်နိုင်ပါတယ်

ဒါတွေကြောင့် အစားအစာဝယ်ရာမှာ
ထိုင်ဝမ်တွေအစား ဗမာသီးတွေကို ရွေးချယ်သင့်တယ် ( ကြီးထွားဆေးရှောင်ရန်)
ပိုးဖောက်လုံးဝမပါတဲ့သီးနှံ(တသီးလုံးမှာပိုးသတ်ဆေးအနှံ ့)အစား ပိုဖောက်အနဲငယ်ပါတည့်သီးနှံ(ပိုးဖောက်နေရာဖယ်ပြီးသုံး)
တက်နိုင်ရင်ဆေးမှည့်တွေအစား ရိုးရိုးမှည့်တဲ့သီးနှံ
စတာတွေကိုရွေးဝယ်ဖို ့အကြံပေးလိုပါတယ်
အထူးသဖြင့်ကိုယ်ဝင်ဆောင်ရှိတဲ့မိသားစုတွေပါ။

PS ကွဲလွဲတဲ့အမြင်ရှိရင်ဆွေးနွေးလို ့ရပါတယ်ဗျ။

7 comments

  • nicolus agral

    November 4, 2012 at 6:57 pm

    သူများနိုင်ငံတွေမှာ ဒီလိုဆေးတွေမသုံးပဲ သဘာဝအတိုင်း စိုက်ပျိုးထုတ်လုပ်ပြီးရောင်းတဲ့ organic သီးနှံတွေရောင်းတယ် ၊ ဈေးပိုပေးရတယ် ၊
    မြန်မာနိုင်ငံမှာတော့ မရှိဘူး
    အဲလိုစားချင်ရင် ကိုယ့်ခြံထဲ ကိုယ့်ဟာကို စိုက်စားမှ ရမယ်ထင်တယ်

    •    

      November 4, 2012 at 9:30 pm

      ရှင်းပြလိုက်တာ ပြတ်ကရောပဲ

    • Wow

      November 5, 2012 at 4:10 pm

      တေတာပဲ အေးပါတယ်ဟယ် :byea:

  • ကိုခင်ခ

    November 5, 2012 at 10:39 am

    ခေတ်မှီလာတာနဲ့အမျှ ပြုပြင်စီမံလာတဲ့ အစားအစာတွေကလည်း ပိုများလာသလို၊
    ရောဂါဆန်းတွေလည်း ဖြစ်လာကြတယ်လေ။ ခက်တော့ခက်သားဆိုပေမယ့်လည်း
    စားဖြစ်နေကြတာဘဲဗျာ။
    သဘာဝအရ ဖြစ်တည်တဲ့ အသီးတွေကျတော့ ဈေးပိုကြီးတော့ ရောင်းတဲ့နေရာလည်း နည်းပြီး၊ လူအများလည်း ဝယ်စားခဲကြတာလေ တစ်ခါတလေသိပေမယ့် ငွေကြေးအရ မျက်စိမှိတ်စားနေကြတာ လည်းရှိတယ်ဗျာ။ လူသက်တမ်းတိုလာမယ်ဆိုတာ ဒါတွေကြောင့်လားတောင် တွေးမိတယ်၊
    ခေတ်မှီတိုင်းလည်း မကောင်းနိုင်ပါလားနော်။

  • jullies cezer

    November 5, 2012 at 12:06 pm

    ကြာလေဘေးကင်းတဲ့စားစရာမရှိသလောက်ကိုရှားပါးလာလေပါလား
    လေးပေါက်ပြောဟုတ်နိုင်တယ် လူ့သက်တမ်းတိုလာတာဒါတွေကြောင့်
    အများကြီးသက်ဆိုင်ပါတယ် ………

  • kyeemite

    November 5, 2012 at 1:17 pm

    ဗဟုသုတရပါတယ်ဗျာ..
    ငယ်ငယ်ကတော့ နယ်မှာအနေများခဲ့တော့
    တော်တော်များများသီးနှံတွေကို..
    ကိုယ့်ခြံထဲ ကိုယ့်ဟာကို စိုက်စားခဲ့တာပါ…မြို့မှာတော့မလွယ်ဘူးဗျို့…

  • အဲ ….
    ကျုပ်တို့ ရွာက ယာခင်းတွေကိုလည်း
    ဓာတ်မြေဩဇာတွေ ပိုးသတ်ဆေးတွေ သုံးတာပဲ …
    အိုက်ဒါက ထွက်လာတဲ့ သီးနှံတွေကိုလည်း စားတာပဲ ..
    မစားလို့လည်း မရဘူးလေ ..
    အိုက်ဒါ မစား ဘယ်ဟာ သွားစားရမတုံး … :mrgreen:
    ဒီတော့ .. ဒီတော့ .. ဒီတော့ …

Leave a Reply