ပြေးကြစို့ -၂

ကထူးဆန္းNovember 4, 20121min20414

အဟ .. ကထူးဆန်းလည်း သူများ ကြော်ငြာတွေ အခမဲ့ ကူကြော်ငြာပေးနေတယ် .. သူကြီး ကောင်းမှုှု့ နဲ့ ပေါ့လေ..

ဒီလို လုပ်ခွင့် ပေးထားလား ဆိုတာ သိချင်သား ..

ကံစမ်းမဲ တစ်ဘက်လှည့် နဲ့ ရောင်းတယ်လို့ဘဲ မြင်မိပါတယ် ။ အမည်ခံလိုက်တာ တော့ မေတ္တာ ပေါ့ ။ စေတနာ ပေါ့ ။

တစ်ဦး ၂၅၀ဝ ကျပ် ။

လူ တစ်ရာ ဆိုက ၁၀ဝ ဦး x ၂၅၀ဝ = ၂၅၀၀၀ဝ (နှစ်သိန်းငါးသောင်း )

လူ တစ်ထောင် ဆိုပါက ၁၀၀ဝ ဦး x ၂၅၀ဝ = ၂၅၀၀၀၀ဝ (နှစ်ဆယ့် ငါးသိန်း)

လူ တစ်သောင်း ဆိုပါက ၁၀၀၀ဝ ဦး x ၂၅၀ဝ = ၂၅၀၀၀၀၀ဝ (သိန်း နှစ်ရာ့ ငါးဆယ်)

ရန်ကုန်မှာ က လူ ဦးရေ ၆ သန်းမှာ အိမ်ပိုင် နေနိုင်သူ ဘယ်လောက် ရှိပြီး မနေနိုင်သူ ဘယ်လောက်များ တယ် ဆိုတာ နဲ့ စဉ်း စားလိုက်ရင် …

ကံကောင်းကြပါစေ……

14 comments

  • the best

    November 5, 2012 at 12:29 am

    ကြေညာက ရှင်းရှင်းလေးပါ။
    “၁။ ရန်ကုန်မြို ့ ——— နေအိမ်တွင် မိသားတစ်စုကို ———။ ”လို ့ကြေညာထားပါတယ်။

    အိမ်ခန်းကလည်း တစ်ခန်းထဲပါ။
    တစ်နှစ်အခမဲ့နေထိုင်ခွင့်မဟုတ်ပဲ တစ်သက်အပိုင်နေထိုင်ခွင့်တောင်လုပ်ပေးလို ့ရပါတယ်။

    ကံစမ်းမဲ လုပ်ပြီး၊စီးပွါးရှာတာကို အပြစ်မပြောလိုပါ။

    “နေရေးထိုင်ရေးအတွက် အခက်အခဲရှိသော မိသားစု၊”
    “နေရေးထိုင်ရေးအတွက် ရတက်မအေးနိုင်သောပူပန်ဆန္ဒကို သိရှိခဲ့ရပါသည်၊”
    “မူရင်းစေတနာဆန္ဒအမှန်ပင်ဖြစ်ပါသည်၊” စတဲ့စကားကြီးစကားကျယ်နဲ ့
    ကျေးဇူးရှင်၊ကယ်တင်ရှင် ပုံစံမျိုး မလုပ်သင့်ဘူးလို ့ထင်ပါတယ်။

    ကံစမ်းမဲတန်ဖိုးငွေကို Registration Fee လို ့စကားလုံးဖန်တီးလိုက်နိုင်တဲ့
    တကယ့်စွန် ့ဦးတီထွင်လုပ်ငန်းရှင်ပါပဲ။

    နိုင်ငံတော်က အောင်ဘာလေထီနဲ ့အပြိုင်လုပ်နေတဲ့ပုံစံက
    တရားဥပဒေနဲ ့ကော လွတ်ကင်းရဲ့လား။

    ကထူးဆန်းရေ….
    ဒီတစ်ခါ လူကြီးမင်းထက်ပိုဆိုးလိမ့်မယ်။
    ရွေးချယ်ပွဲပြုလုပ်မဲ့နေရာနဲ ့အချိန်မှာ
    ရဲတွေ ၊ မီးသတ်တွေ ၊ စစ်တပ်တွေ၊ လူနာတင်ယာဉ်တွေ၊ မီးသတ်ကားတွေ
    အားလုံးကို ကြိုပြီးပြင်ဆင်ခိုင်းထားပေတော့။

    အဲ့ဒီနားက လူတွေကို အလုံးစုံအာမခံတွေထားဖို ့ နိူးဆော်လိုက်ပါအုံး။

  • အရီးခင်လတ်

    November 5, 2012 at 3:56 am

    ၂၅၀ဝ စရိတ်ရှိတော့ လူကြီးမင်းလို ဘဲ ဂတိမတည် ဘဲ ကံစမ်းမဲ အစီအစဉ် ဖျက်ရဲမှာတော့ မဟုတ်ဘူး။
    (အမှန်က လူကြီးမင်း ကလဲ ကိုယ့်လုပ်ငန်း ရေရှည်တည်အောင် ဘယ်လိုအခြေအနေဘဲဖြစ်ဖြစ် တနည်းနည်းနဲ့ ပြောထားသလို လုပ်ကိုပေးသင့်ပါတယ်။ နိုင်ငံခြားတွေ မှာလဲ ဒါမျိုး လုပ်ရင် ရုပ်ပျက်ဆင်းပျက် တိုးကြတာဘဲ။)

    ဖြစ်နိုင်ခြေက ကံစမ်းမဲပေါက်သူဟာ သူ့တို့ နဲ့ လက်ဝါးရိုက်ထား တဲ့ သူတို့လူဖြစ်မှာ အသေအချာပါဘဲ။
    ဘယ်သူက သိနိုင်မှာမို့လဲ။

    ပြေးကြစို့မှာ သူများတွေနမိတ်ဖတ်တာ ကို အားကျပြီး ဒီတစ်ခါ ကျွန်မလဲ နမိတ်ဖတ်ကြည့်တာ။ 😉

    နောက်တစ်ချက်က
    တစ်နှစ်နေပြီး ဆင်းမပေးရင် ဘာ ဥပဒေ နဲ့ ဆွဲချမှာလဲ။
    စေတနာနဲ့ မဟုတ်ဘဲ လုပ်စားမှန်းသိသာပါတယ်။
    ဒီမိုး၊ ဒီလေ၊ ဒီလူ တွေနဲ့ ……

    • ကထူးဆန်း

      November 5, 2012 at 10:57 pm

      ဒီမိုး ဒီလေ ဒီလူ တွေနဲ့ ဒီနိင်ငံရဲ့ နှစ်တစ်ထောင်ကျိန်စာ … :hee:

  • jullies cezer

    November 5, 2012 at 9:53 am

    လာပြန်ပြီ နောက်တစ်နည်း မလိမ့်တပတ်နဲ့အငြိမ့်ဇာတ်ကချင်ပြန်ပြီ
    ဆုံးမမဲ့သူမရှိကြတော့ဘူးလားမသိ လုပ်စားနေတာသူဌေးဖြစ်နောက်ကျ
    နေအုံးမယ် ……

  • P chogyi

    November 5, 2012 at 10:03 am

    လိမ်လည်မှုနဲ့ အဖမ်းခံရတဲ့သူတစ်ယောက်က
    ပြောဖူးတယ်။
    လောဘနဲ့ သူများပိုက်ဆံ/အခွင့်အရေးများများလိုချင်သူတွေကို
    လိမ်ရတာပိုလွယ်တယ်တဲ့။

  • မိုချို

    November 5, 2012 at 2:10 pm

    ကြော် ညာ ဖတ်ပြီးပြီး ချင်း တွေး လိုက မိတာ က တစ်ဦး ၂၅၀၀၊ တစ်ရာဆို ဘယ်လောက်၊ ၁၀၀ဝ တို ဘယ်လောက် ဆိုတာ ပါပဲ။ အောက်က စာ ဆက်ဖတ် ကြည့် မှ ပိုစ့် တင်သူ ကလည်း ကိုယ်နဲ့ တစ်သဘောတည်း မှန်း သိတော့ တယ်။ အဲဒီ ကြော် ညာ ကို ဖတ်မိတဲ့ သူတွေ ကော အဲလို တွေး မိကြ ရဲ့ လား မသိဘူး။
    မြန်မာပြည်မှာ လုပ်စား စရာတော်တော် ရှား နေပြီ ထင်ပါရဲ့။ စကား ကြီး စကားကျယ်တွေ သုံး ထား တာ က ရွံ စရာ ကောင်း လိုက်တာ။
    CJ ကြီး ကိုထူးဆန်း ရေ
    အဲလို ကြော် ညာ ဆန်းလေးတွေ တင်ပါအုံး။

  • myanmarcitizen

    November 5, 2012 at 4:28 pm

    အဲ့ကြော်ငြာလေးကို သတင်းစာမှာတွေ့ဘူးတယ်။ အစပိုင်းတော့ဟုတ်သလိုလိုနဲ့ နောက်ဆုံးမှာကြမှ Registration fee 2500 ဆိုမှပဲ။ အော် … အိမ်ကိုတောင် ပေးနေဖို့ဆုံးဖြတ်ထားမှတော့ပဲ ငွေ ၂၅၀ဝ ကိုဘာလို့တောင်းနေသေးတော့လဲကွယ်။ သူ့စေတနာကြီးကလဲ မရှိတဲ့သူဆီက ၂၅၀ဝ ကိုအရင်ယူတဲ့စေတနာကြီးပဲ 🙂

  • ကံစမ်းမဲပို့ရတာတွေ၊ လျှောက်ရတာတွေ တစ်ခုမှကို အယုံအကြည်မရှိသလို ဘယ်တော့မှလည်း မလုပ်ပါဘူး…တစ်ခါတည်း မဲထည့်ပေးထားတာတွေဆိုရင်တော့ အနည်းငယ်စိတ်ဝင်စားသာ…အိုကီတွေဘာတွေမှာ ခဲခြစ်ရတာ… ခေါက်ဆွဲထုတ်ထဲမှာ ပိုက်ဆံထည့်ပေးထားတာ… 🙂

    သိပ်စေတနာရှိပြီး ကယ်တင်ရှင်လုပ်ချင်ရင် တန်ဖိုးနည်းအိမ်ရာဆောက်ပြီး တစ်လကို နှစ်ထောင့်ငါးရာနဲ့ ငှားလိုက်ပါလားဟင်… :mrgreen:

  • ကထူးဆန်း

    November 5, 2012 at 10:42 pm

    စေတနာ ဆိုတဲ့ စကား မပါရင် ကျွန်တော်လည်း ဒီလောက်စိတ်ဝင်စားမှာ မဟုတ်ပါဘူး .. သူ့စီးပွားရေး သူလုပ်တာ .. သူထွင်တာ ဆိုပြီးချီးကျူူူး မိမလားတောင်မသိ .. (တရားဝင် လုပ်ခွင့် မရှိတာ ရှိတာက တပိုင်း)ခုတော့ မမိုချိုပြောသလို ရွံစရာဖြစ်သွားတယ် ..
    myanmarcitizen ပြောတဲ့ သူ့စေတနာကြီးကလဲ မရှိတဲ့သူဆီက ၂၅၀ဝ ကိုအရင်ယူတဲ့စေတနာကြီးပဲ 🙂 ဆိုတာနဲ့
    လုံမလေးပြောတဲ့ သိပ်စေတနာရှိပြီး ကယ်တင်ရှင်လုပ်ချင်ရင် တန်ဖိုးနည်းအိမ်ရာဆောက်ပြီး တစ်လကို နှစ်ထောင့်ငါးရာနဲ့ ငှားလိုက်ပါလားဟင်…
    ကိုသဘောကျမိပါကြောင်း ..

  • က ဲ ကထူးဆန်းရေ ကျနော်တို့ပြောနေတုန်း မှာဘဲ
    လျောက်လွာတွေလက်မလည်အောင်ရောင်းနေရပြီတဲ့ဗျာ

  • candle .

    November 5, 2012 at 11:41 pm

    သေချာတာကတော့ အဲဒါမျိုးတွေက သူတို ့အတွက်မကျန်ရင်ဘာမှမလုပ်ဘူးလေ….
    ရလေနိုးနိုးနဲ ့မျှော်ကိုးမိသူတွေသာ သနားစရာ….
    လုပ်စားသူတွေအဖို ့ ရှက်တတ်မယ်ဆိုရင်….

  • ရာဇဝင်လူဆိုး

    November 5, 2012 at 11:56 pm

    ဆိုတော့ ဆိုတော့ …လူကြီးမင်းလို လုပ်ကြည့်ပါ။ ဖွဘွတ် တွေ၊ ဖိုရမ်တွေမှာ….ခရိုနီဆန်တဲ့ သူတွေရဲ့ ဇတ်သိမ်း ….သိပ်တော့မလှဘူး။ “စေတနာလို့ သုံးလိုက်ရင်တော့ တန်ဖိုး မဖြတ်ကောင်းဘူးဆိုတာ တာဝန်ယူမယ့်သူတွေ သိသင့်တယ် ” ဆိုတာလေး…

  • Thu Wai

    November 6, 2012 at 11:46 am

    ငယ်ငယ်ကတည်းက ကျောင်းမှာ လက်ဆောင်တွေပါတွေမဲဖောက်ပေးရင် ဗလာမဲ
    နောက်ပြီး စစ်ဆေးရေးတွေဘာတွေလာလို့ အခန်းသန့်ရှင်းဖို့ လူရွေးမဲနှိုက်လိုက်ရင်ရှေ့ဆုံးကပေါက်တတ်တာမို့ အဲဒါမျိုးကိုစိတ်ကိုမဝင်စားတော့ပါဘူးဗျာ

  • ၂၀၁၂ ရဲဝင်း

    November 8, 2012 at 8:04 am

    မြန်မာ့ မားကတ္တင်း တခေတ်ဆန်းပီ…
    😀

    အန်ကယ်ဆမ် က စီးပွားလုပ်ငန်းတွေ ဝင်မယ်ဆိုတော့
    အစက နည်းနည်းပူတယ် ..အော် ..ရွာကအမျိုးတွေ
    လိမ့်နေအောင် ခံရတော့မလား ဆိုပီး…

    အခုတော့ ..ဟီဟိ…
    မပူဝူး သာမီးရေ …မပူဝူး တော့…..

    နောက်တာပါဗျာ …

    လုပ်ရက်လေခြင်းဆိုပြီး
    အတော်လေး အော်ဂလီ ဆန်သွားပါဂျောင်း….

Leave a Reply