မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နောက်ပိုင်းခေတ် သမိုင်းကြောင်းကို လိမ်လည်ပြီး ၀ါဒဖြန့်တဲ့ ဇာတ်လမ်းရိုတ်သော လူယုက်မာ တင်သန်းဦးနှင့် အပေါင်းပါ သရုပ်ဆောင်များကို အရေးယူဖို့ မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးကို သတင်းပို့ပေးခြင်းဖြစ်ပါသည်။
စစ်အုပ်စု အာဏါတည်မြဲရေးအတွက် ကိုယ်တိုင်ကိုယ်ကျ ကူညီလုပ်ဆောင်ပေးမှု လုပ်နေတဲ့ ရုပ်ရှင် ဂီတနှင့်စာပေလောကမှ ဘယ်သူသေသေ ငတေမာရင်ပြီးရော လူအချို့ကို စစ်အုပ်စုနှင့်အတူ ပိတ်ဆို့အရေးယူဖို့ နိုင်ငံခြားရောက် မြန်မာလူမျိုးများက သတင်းပို့ပေးခြင်းဖြင့် ပြည်သူကြွေးသော ထမင်းကိုစားပြီး ပြည်သူကို ဂျောက်ထဲကန်ချသူများကို ၀ိုင်းဝန်းဒဏ်ခက်သင့်ပါသည်၊ အမေရိကန်ရောက် မြန်မာများပိုလုပ်ပေးရမည် အမေရိကန်နိုင်ငံသား တယောက်အနေဖြင့် ပြောဆိုခြင်းက ပိုထိရောက်ပါသည်၊ အမေရိကန် ပိတ်ဆို့အရေးယူခြင်းကို အလကားပါ မထိရောက်ပါဘူး လိမ့်အော်နေသော နအဖ စစ်ရာဇ၀တ်ကောင်တွေရော အပေါင်းပါတွေ အမေရိကန်အပါဝင် အနောက်အုပ်စုနှင့်မကင်းနိုင်တာ ကြာလေလေပိုသိသာလာလေ ဖြစ်နေပါပြီ သြစတြေးလျနိုင်ငံက နှင်ထုက်ခံရတဲ့ ဗိုလ်မှူးချုပ် ဇင်ယော် မဇင်မွန်အေး လိုအဖြစ်ပျက်တွေ ချမ်းသာပါတယ် ဆိုတဲ့ တေဇ သားအကြီးကောင် ပြည့်ဖြိုးတေဇလို ပိတ်ဆို့မှုကို ကင်းလွတ်ခွင့်ပေးရန် လျှောက်တဲ့ အနေထားတွေဟာ စစ်အုပ်စုနှင့် အပေါင်းပါတွေ ပိတ်ဆို့တဲ့ဒဏ်ကို မခံစားနိုင်တော့ဘူးဆိုတာ လူသိထင်ရှားပြသနေပြီဖြစ်သည်။ ဒီလိုအခြေနေမျိုးမှာ နိုင်ငံတကာက မြန်မာပရိတ်သတ်နှင့် မကင်းတဲ့ အနုပညာသည်များက ပြည်သူ့ဘက်က မရပ်တည်ရဲရင်တောင် ပြည်သူအပေါ်မှာ စေတနာမှန်သင့်တယ် နအဖက ဖိအားပေးလာရင်တောင် မိမိတို့လိမ်မာပါးနပ်သလိုမျိုး ရှောင်လွှားပြီး ကိုယ့်ထမင်းဝရေးအတွက် သန်း(၅၀)ကျော် ပြည်သူတွေနှင့် သက်ဆိုင်သော မြန်မာနိုင်ငံသမိုင်းကြောင်းကို ခွေးသမိုင်းကြောင်းဖြစ်အောင် ၀ိုင်းဝန်းလိမ်လည်ပေးခြင်း မပြုသင့်ဘူး အခုဒီဝါဒဖြန့်ဇာတ်ကားကို ရိုတ်ကူးသော တင်သန်းဦးနှင့် အပေါင်းပါများကို ပိတ်ဆို့အရေးယူရအောင် ၀ိုင်းဝန်းပြီး မေလ်းများပို့ကြပါ များများပို့နိုင်လေ မြန်မြန်ထိရောက်နိုင်မှာဖြစ်ပါသည်။

source: freedomburma.org

About wailynnoo

wailynn oo has written 57 post in this Website..

I am a blogger.