မင်းဟာ အမြင့်ပျံငှက်ကလေးတစ်ကောင်ပါ
လှောင်အိမ်ထဲမှာမမြင်လိုပါ
မင်းဟာ အနိမ့်မှာလည်း ကျက်စားလို့ရတယ်
အမြင့်မှာလည်း ကျက်စားလို့ရတယ်
မင်းဟာ ပတ်ဝန်းကျင်နဲ့နေလို့လည်းရတယ်
တစ်ဦးထဲလည်း နေထိုင်လို့ရတယ်
မင်းဟာ လွတ်လပ်မှုအပြည့်အ၀ရထားတဲ့
ငှက်ကလေးတစ်ကောင်ပါ
လောကမှာ မင်းလုပ်ချင်တာလုပ်ယူလို့ရတယ်
ကြိုက်သလိုပုံဖော်လို့ရတယ်
မဆိုင်တဲ့အကြောင်းအရာတွေကို
ခေါင်းထဲမှာ ထည့်မထားနဲ့
ကိုယ်ပိုင်အချိန်တွေ ဆုံးရှုံးလိမ့်မယ်
လွတ်လပ်စွာပျံသန်းပါ ငှက်ကလေး
မင်းရဲ့ရည်မှန်းချက်တွေအောင်မြင်ပါလိမ့်မယ်။

မင်းသုတ
3.7.2001

About zaw win

zaw win has written 78 post in this Website..