နားစည်ကိုထွင်း နှလုံးသားအတွင်းဝင် သွေးကြောထဲလှည့်ပါတ် ဦးနှောက်တွင်ရပ်နေသော (အပိုင်း15)

ပလေးဘွိုင်သန်းနိုင်တို့ ရွှေသီချင်းများက အစပြုလို့ တစ်ခေတ်ပြန်လည်ခေတ်စားလာချိန်မှာ ခင်မောင်ထူးဆိုတဲ့ အဆိုတော်လေးတစ်ယောက်က
(ကြံကြံဖန်ဖန်မေးမယ် နင်လေနင်လေချစ်တတ်သလား)ဆိုပြီး (မီးခြစ်)ဆိုတဲ့ ဟာသီချင်းလေး ပေါ်လာပါတယ်။
သည်သီချင်းလေးက လူနည်းနည်းသိလာပါတယ်။
အဲဒီနောက်မှာ ပလေးဘွိုင်သန်းနို်င်တို့ရဲ့တီးဝိုင်းနဲ့အတူ မင်းလမ်းမင်းလျှောက် ဆိုတဲ့ဆီးရီးစ်မှာ
(ချိုချိုရေ ကိုယ်တစ်ယောက်ထဲဆွေးပြီ အချစ်ကြီးချစ်လို့ အမုန်းကြီးမုန်းပြီလား………….ဆိုတဲ့ ချစ်အယူခံ ဆိုတဲ့သီချင်းလေးနဲ့
လူအားလုံးလက်ခံလာပါတယ်။
သူ့က သီချင်းဆိုတဲ့နေရာမှာ စတိတ်ရှိုးမှာဆိုရင် ခေါင်းလေးတငြိမ့်ငြိမ့်ခပ်ပြုံးပြုံလေးဆိုတတ်သူပါ။
သူ့သီချင်းထဲက အငြိမ့်ပျက်လုံးမှာတောင် ပါသွားတဲ့သီချင်းလေးကတော့အမှတ်တမဲ့များနားထောင်ရင် (ကျွဲမနေ နဲ့)လို့ကြားနေရတဲ့
ချွဲမနေနဲ့သီချင်းကတော့ အတော်လေးကိုအောင်မြင်တယ်ပြောရပါမယ်။
(ဗန်ဒါပင်လေးအောက်က တို့ထိုင်စောင့်ပြီး………………………..ဆိုတဲ့ မောင့်ဆေးကျောင်းသူ)
(မိုးဦးရဲ့ကုန်လွန်တဲ့နေ့ဟောင်းများပြောင်းသွားတော့ဘယ်ဆီကိုရောက်သွားလဲ ………..ဆိုတဲ့ ခွဲမသွားနဲ့)
(အမေရေ သားတော့သူ့ကိုအစွဲကြီးစွဲမိပြီ…………….ဆိုတဲ့ အချစ်နတ်သမီး)
(ရွှေမန်းသူလေး။စိတ်ရောင်စုံ။မောင့်မူံရွှေရည်)စတာတွေကနာမယ်ကြီးသီချင်းတွေပါ။
အဲဒီတုန်းက နာမယ်ကြီးတဲ့ဟေမာနေဝင်းနဲ့ အိုဆန်းဆန်းပြားပြားဆိုတဲ့ သီချင်းဟောင်းလေးကို အမ်တီဗွီရိုက်တာလေးက အမှတ်တရပါ။
ဟေမာနေဝင်းနဲ့ လဲတစ်ခွေတွဲထုတ်ခဲ့ပါသေးတယ်။
အခုအချိန်မှာဆီးရီးစ်မထုတ်ပေမဲ့ စင်ပေါ်မှာ အသံမပျက်ဟန်မပျက် ဆိုနေတာကိုတွေ့နေရပါသေးတယ်။

အဲဒီအချိန်လောက်မှာဘဲထင်ပါတယ် တပြည်လုံးကို ဝေလငါးပုံကာဗာနဲ့ထုတ်တဲ့ဆီးရီးထဲကနေ ကောင်လေးတစ်ယောက်က
တပြည်လုံးကိုကော်ဖီတွေ တိုက်သွားပါးတယ်။
ခါးလိုက်တာမှ လန်နေတာပဲ။
သူကတော့ချစ်ကောင်းပါ။
(ချစ်ဘူးတယ် အိုမလွယ်ဘူးရူးနိုင်တယ်…………..ဆိုတဲ့ ကိုယ်တိုင်ရေးပုံတူ)
(ကော်ဖီဆိုရင် ခါးခါးသောက်မိမယ်………………..ဆိုတဲ့ကော်ဖီခါးခါး)
(ခွေးကလေးလိုကြိုးနဲ့ဆွဲကာခေါ်သွားမလား……….ဆိုတဲ့ မာယာ)
(ဘာအကောင်းဆုံးလဲ။မမရောဂါ။ကယ်ပါဦး)စတဲ့ရော့ခ်သီချင်းတွေအပြင်
ကိုယ်ပိုင်သံစဉ်အစစ်တွေဖြစ်တဲ့
(လေလွင့်ငှက်၏ခြေရာများ။သတ်ပုံမှားတဲ့ည။နားလယ်ပေးပါကလေးရေ။မဲ့ပြုံး)တွေကနာမယ်ကြီးသလို
တီဗွီအစီအစဉ်တစ်ခုဖြစ်တဲ့ အဖေနဲ့သားများ သီချင်းကလဲ တော်တော်လေးကောင်းတဲ့သီချင်းလေးတပုဒ်ပါဘဲ။
ဟိုဘက် 1980အလွန်နှစ်များကနေ သည်ဘက်ခေတ်2000ခုနှစ်အလွန်မှာလည်း
စိုင်းစိုင်းလိုလူငယ်တွေနဲ့တွဲလို့ (ကိုယ်ဟာလူကြမ်းလေးပါ အချစ်ရေ့ကိုယ်ဟာလူကြမ်းလေးပါ)လို့
ကလေးတွေနဲ့အပြိုင်လိုက်နိုင်သော (ယောက်ျားယောက်ျား လစ်တတ်ဘတ်တတ်တယ် လို့ 2010 သင်္ကြန်မှာစွတ်စွဲလိုက်တဲ့ အိမ့်ချစ်ရဲ့အဖေပေါ့)
လက်ဖက်ရည်ဆိုင်မှာ ကော်ဖီမှာရင် စားပွဲထိုးတဲ့ကလေးတွေက
ချစ်ကောင်းတစ်ခွက်လို့အော်အောင် ခေတ်ပြောင်းလိုက်နိုင်သူဆိုမမှားပါဘူး။

နောက်အဲ့ဒီခေတ်မှာ (ယုံပါရင်သို့တိုးဝှေ့ဆဲပါခိုင်)ဆိုတဲ့တပုဒ်ထဲနဲ့နာမယ်ကျော်ခဲ့သူက တော့
အခုဂျပန်မှာရောက်နေတယ်ဆိုတဲ့ အက်စ်ကဲနက်ပါဒ
နွေရွက်ကြွေမိုးစက်မျက်ရည်ဆိုတဲ့သူ့သီချင်းလေးကတော့ အတီးဆိုလိုအပိုဒ်များက အရမ်းမိုက်ပါတယ်။

နောက်မြန်မာပြည်မှာ ကောင်းတာရောဆိုးတာရော အကျော်ကြားဆုံး အအောင်မြင်ဆုံးပွဲအဆူဆုံးဆိုတဲ့
သူများတွေနဲ့ဆန့်ကျင်ဘက်လုပ်မယ်လို့ကြွေးကြော်ထားသော အကယ်ဒမီများရှင်ကျော်ဟိန်းပါ။
သူငယ်စဉ်က ရုပ်ရှင်လောက ရောက်စမှာ စိမ်းတယ်လို့မှတ်မှာလားတို့
ကုဋေရှစ်ဆယ်သူဌေးသားတို့လိုရုပ်ရှင်ဇာတ်ဝင်တေးတွေဝင်ဆိုနေရင်းက
1975-6ခုနှစ်လောက်မှာ (မျက်ရည်ငှက်များနားစေသတည်း)ဆိုတဲ့ဆီးရီးထုတ်ခဲ့ပါတယ်။
အဲဒီခေတ်ကထွက်တဲ့သီချင်းစာအုပ်ထဲမှာ ပန်းချီမောင်မောင်ရဲ့လှပတဲ့လက်ဝဲစာလုံးနဲ့သီချင်းစာသား
ကျော်ဟိန်းရဲ့အလှဓါတ်ပုံတွေနဲ့ထုတ်ခဲ့ပေမဲ့ ဆီးရီးစ်ကတော့မြောင်းထဲကိုရောက်သွားတယ်လို့ဆိုရမှာပါ။
နောက်ပိုင်း1983-4လောက်မှာထင်ပါတယ် သုခမိန်လှို်င်ရေးတာကို သူဆိုတဲ့ဆီးရီစ်ထဲက
(ဒိုးရတော့မယ်အချစ်ရယ် နုတ်ဆက်ခဲ့ပါတယ်ကအောင်မြင်ခဲ့ပါတယ် အခုခေတ်မှာတောင် အာဟ အာဟ တွေထည့်လို့ ဟစ်ဟော့ထဲကို ဝင်ရောလိုက်ပါသေးတယ်။
သူမိန်းမလိုဝတ်ပြီးသရုပ်ဆောင်တဲ့ ကျီးယောင်ဆောင်သောဒေါင်းဇာတ်ကားထဲမှာပါတဲ့ ဇာတ်ဝင်တေးတွေက ဒီဇာတ်ကားမထွက်ခင်မှာ
ထွက်ထားတဲ့စင်ပေါ်က သီချင်းများဆိုတဲ့ ဆီးရီးစ်ထဲကအရမ်းကိုပေါက်သွားပါတယ်။
(စဉ်းစားကြ။မီးပြတိုက်။ဘယ်တော့မှမမေ့ဘူး။သချိုင်းက အမှန်တရား။)တွေက အတွေးအခေါ်တွေပါတဲ့အောင်မြင်သောသီချင်းတွေပါ။

(အသံတွေကြားနေရတယ် ငါ့ခေါင်းပေါ်ကလား ငါ့ခြေထောက်အောက်ကလား…………………..တို့)
(ထွက်ပေါက်တွေပိတ်မထားပါနဲ့ တံခါးဖွင့်ပေး…………………….)ကအောင်မြင်လူကြိုက်များသလို
(ဝင်သက်ထွက်သက်များရွေ့လျားသော မင်းအရိပ် မာယာလွန်အပြုံးနဲ့ အမြဲငါစောင့်ကြည့်နေတယ်…………….တို့)ကတော့ ဒီဘက်ခေတ်ထိအောင်မြင်သောသီချင်းပါ။
အခုလက်ရှိမှာတော့အောင်မြင်သောလောက ကိုကျောခိုင်းလို့သံသရာလွတ်မြောက်ရာလမ်းကို …………………………။
1984ခုနှစ်လောက်မှာ စန်းထလာတာကတော့ မန်းလေးမှာ ဟိုအရင်ကတည်းက ရှဲလ်တီးဝိုင်းရဲ့ပင်တိုင်အဆိုရှင်ဖြစ်တဲ့
ဂျေမောင်မောင်ပါ။
ဂီတလောကမှာ အဆိုရှင်အဖြစ်ကျင်လည်တာကြာပြီဖြစ်ပေမဲ့ ကံဇာတာစန်းထလာတာကို
(အချစ်ရေ့သနပ်ခါးလေး လှအောင်လူးပြီးရင်………………ဆိုတဲ့ အချစ်ရေ ဆီးရီးစ်မှာထိပ်ဆုံးရောက်သွားခဲ့ပါတယ်။
(တစ်ခါကတို့။ကိုယ့်အကြောင်းတွေးနေသလား။ဘယ်သူမှမကောင်းဘူး။တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ။အသဲကွဲမြို့တော်။
တစ်စုံတရာ။ဘာဖြစ်ဖြစ်မင်းအတွက်)တို့က အောင်မြင်သောမှတ်တိုင်များပါ။
တေးဆိုဘဝအောင်မြင်လာတာနဲ့တစ်ဆက်တည်း အောင်မြင်သောတေးရေးဆရာဆရာဘဝကိုပါတွဲလို့ရလာသူဆိုရင်လဲမမှားပါဘူး။
ခိုင်ထူးရဲ့နာမယ်ကျော် ဆိုတို့ ဆိုင်သူကိုယ်စီ တို့ ။ကံ့ကော်တောမျိုးအောင်ရဲ့နာမယ်ကျော် စွန် သီချင်းတွေက ဂျေကြီးရဲ့လက်ရာတွေပါ။
နေ့စဉ်သုံးသာမန်စကားလေးတွေကနေ လှပသော စာသား သံစဉ်ထွက်လာအောင် ဖန်တီးနိုင်သူပါရမီရှင်လို့ဆိုနို်င်ပါတယ်။
တစ်ဆက်ထဲပြောရရင် သူ့အကိုဖြစ်သူ ဂျေညီညီကလဲ အချစ်မိုးတို့ စွဲနေပြီတို့နဲ့အောင်မြင်လာချိန်မှာ
လူပျိုကြီးဘဲလုပ်တော့မယ်ဆိုတဲ့ ဂျွန်သင်ဇမ်းသီချင်းလေးကို ပြန်ဆိုလိုက်ရာမှာ အောင်မြင်လို့ပိုလူသိများလာပါတယ်။
မှတ်မှတ်ရရ ဂျေညီညီအောင်မြင်နေတုန်းသူ့ဆီးရီးစ်တစ်ခု(တတိယဆီးရီးစ်ဖြစ်မယ်ထင်ပါတယ်) ဖြန့်တဲ့နေ့ဟာ မြန်မာပြည်ကို အလှည့်အပြောင်းဖြစ်စေဘို့အစပြုတဲ့အမှတ်တရစနေနေ့နဲ့တိုက်ဆိုင်လို့ ဖြန့်ရင်းတန်းလန်းနဲ့ရပ်လိုက်ရတာနဲ့ အတူ
သူ့ကံဇာတာလဲ ခဏလေးနဲ့ မှေးမှိန်သွားတယ်လို့ပြောနိုင်ပါတယ်။
မှတ်မှတ်ရရ ခုနှစ်ကတော့ 1988 ပါ။
ဂျေမောင်မောင်အောင်မြင်တာနဲ့အတူ သူ့တီးဝိုင်းက အဖွဲ့တွေလဲတစ်ဆက်ထည်းပါလာပါတယ်။
မန်းလေးမြို့က စင်ပေါ်မှာ ပါဖော့မင်းအကောင်းဆုံးလို့ဆိုတဲ့ ဘိုတောက်
(ဆေးလိပ်တွေလဲ ဖြတ်မယ်ဆိုပိုသောက်နေ…………..အဟွတ် အဟွတ်)ဆိုတဲ့သီချင်းလေးနဲ့အတူ
(တို့ကတော့ တော်ပျော် တောမှာဘဲပျော်ပျော်နေချင်တယ်)လို့အော်ရင်းအခုတော့အော်ဇီမှာရောက်နေတယ်ပြောပါတယ်။
သူတို့နဲ့အတူ ဝါဝါကျော် စနေကျော် တို့ သီချင်းတွေလူသိများလာသလို တေးရေးဆဲလ်ကိုလည်းမွေးဖွားပေးလိုက်ပါတယ်။
တစ်ဆက်ထဲ ဂျေမျိုးဆက်တွေကိုပြောရမယ်ဆိုရင်
ညည သူတို့ စတိတ်ရှိုးပြီးလို့အပြန် ဂျေကြီးရဲ့ပုခုံးပေါ်မှာတွေ့ရတတ်တဲ့ကလေးမလေးက သီရိဂျေမောင်မောင်ဆိုပြီးဖြစ်လာပါတယ်။
တစ်ချိန် သည်ဘက်နှစ်ထဲမှာ ပိုးဒါလီသိန်းတန်လေး သူ့အဖေသိန်းတန်(မြန်မာပြည်)သီချင်းလေးတွေခေတ်စားချိန်မှာ
ဂျေကြီးက ပွားလိုက်တာလား စာနယ်ဇင်းကဘဲဖွလိုက်တာလားမသိတဲ့(အဖေ့သီချင်း သမီးပြန်ဆိုတဲ့ခေတ်ကုန်ပြီ)ဆိုတာလေးက ဂယက်ထဘူးပါတယ်။
သည့်နောက်မှာ သီရိဂျေမောင်မောင်က သူ့အဖေသီချင်းတွေပြန်ဆိုတာလဲသိပ်မအောင်မြင်ခဲ့သလို
သီရိတစ်ယောက်ကလည်း (ဘလက်ကော်ဖီ)ခွက် ရဲ့ အပြင်ဘက်ကိုထွက်မလာနိုင်သလိုပါဘဲ။
သူတို့ညီကဂျေညီမလေးကလဲ သူ့အကိုတွေရဲ့အောင်မြင်မူ့ကိုမကျော်နို်င်တာအမှန်ပါဘဲ။
ဂျေကြီးတို့နဲ့ မရှေးမနှောင်းမှာဘဲ (နွေရောက်ပြီလေ ရိုးတံကျဲကျဲ အပင်အိုတို့အလှခြင်းပြိုင်ခိုင်းလိုက်တဲ့ ဗစ်တာခင်ညိုရဲ့ညီဖြစ်သူ
က (မင်းမရှိရင်…………………….မြင်မြင်ရာ ဝိုးတဝါးထင်ဆိုပြီး…………………………………တော့