ကမ်းနားလမ်းပေါ်က ယာဉ်တိုက်မှု

khinmintatthuJuly 14, 20101min745

ဇူလို်င်လ ၁၄ ရက်နေ့ တွင် ဗိုလ်တထောင်မြို့နယ်အတွင်း ကွန်တိန်နာနှင့် ကုန်တင်ကားနှစ်စင်းတို့ှ မတော်တဆ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်မှာ ဇူလိုင်လ ၁၄ ရက်နေ့ ည ၉း၃ဝ အချိန်တွင် ၄၃ လမ်းထိပ် ကမ်းနားလမ်းပေါ်တွင် ကွန်တိန်နာကား၏ မဆင်မခြင် တစ်ဖက်ယာဉ်ကျောသို့  ကွေ့လိုက်ရာတွင် တစ်ဖက်မှ မောင်းနှင်လာသော ကုန်တင်ယာဉ် တစ်စီးသည် အရှိန်မထိန်းနိုင်သဖြင့် ဝင်တိုက်မိခြင်းဖြစ်သည်။ လမ်းသွားလမ်းလာ ခရီးသည်များ တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်းသိရသည်။  ရန်ကုန်မြို့နယ်အတွင်း ယာဉ်မောင်းများ၏ မဆင်မခြင်လုပ်ရပ်များ၊ ချမှတ်ထားသော ဥပဒေကို လေးစားလိုက်နာခြင်းမရှိမှုတို့ကြောင့် မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိနေခြင်းဖြစ်သည်။ သက်ဆိုင်ရာမှ ပြင်းထန်တဲ့အရေးယူမှုမျိုးဖြင့် ပြင်းပြင်းထန်ထန်အရေးယူသင့်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

5 comments

  • kai

    July 14, 2010 at 7:15 pm

    ရန်ကုန်မှာ ယဉ်မောင်းသူတိုင်းအာမခံစံနစ်ရှိဖို ့ ဥပဒေနဲ့ပြဋ္ဌာန်းလုပ်ဖို့လိုနေပြီထင်မိပါတယ်။
    ယူအက်စ်ကယ်လီဖိုးနီးယားမှာ အဲဒီလိုမဖြစ်မနေ အာမခံဝယ်ရမဲ့စံနစ်ရှိတော့ မတော်တဆဖြစ်ရင်လည်း ဆိုင်ရာသူတွေ(ကိုယ်မမှားပဲ နစ်နာရသူတွေ)အာမခံက ငွေလျော်ရတာမို ့ အဆင်ပြေတာရယ်။ မှားယွင်းသူကိုယ်တိုင်လည်း အာမခံလစဉ်ကြေးတက်သွားတာမို ့နောင်သတိပိုထားလုပ်မှာရယ်တို့ဖြစ်လာပါတယ်။
    အကြိမ်ကြိမ်မှားနေသူဆိုရင် လစဉ်ကြေးသာမန်လူထက် ၁ဝဆမကပိုပေးရတာမို ့နောင်ကားမမောင်းရဲလောက်အောင်ကို ဖြစ်သွားတတ်ပါတယ်။
    ဒေသအနေနဲ့ အလုပ်အကိုင်အခွင့်အလန်းတွေလည်း ပိုလာတာမို ့…မြန်မာပြည်၊ရန်ကုန်မှာ အင်မတန် အတုယူလုပ်သင့်နေပြီဖြစ်တဲ့ စံနစ်ထင်ပါကြောင်း..။

  • etone

    July 15, 2010 at 1:31 am

    thank you ကွာ ။ update news ကိုဘယ်ဂျာနယ်မှမပါခင်ဦးဦးဖျားဖျားတင်ပေးလို့ ။ ဒါနဲ့ အိမ်နဲ့ နီးတယ်ထင်တယ်နော် ပုံပါ အမိအရပါလာလို့ ။ လူတွေဘာတွေထိသွားသေးလား ဘေးမှာရော ကားတွေပိသေးလား ။ ညဘက် ကိုးခွဲဆိုတော့လူရှင်းနေပါပြီ ။

  • winne

    July 15, 2010 at 9:42 am

    ဒီလို ဥပဒေမျိုး ရှိတယ်ဆိုတာ ဒီမှာပြောပြမှဘဲ ကြားဘူးပါတယ်။ ဗဟုသုတ တခုတိုးပါတယ်

  • mzm

    July 17, 2011 at 1:36 pm

    ဥပဒေတော့ပြဌာန်းထားပါရဲ့ တကယ်လက်တွေ့တော့မလုပ်ဆောင်ကြသေးဘူး
    ဘာတွေလုပ်နေကြတာလဲလို့ ဌာနဆိုင်ရာတွေကိုမေးချင်ပါတယ် ဒီတိုင်းပဲထိုင်ကြည့်နေတော့မှာလား
    မော်တော်ယဉ်မထိမ်းသိမ်းရဲတွေရဲ့

  • zawinaing

    July 17, 2011 at 4:04 pm

    ယဉ်ထိန်းရဲတွေ ကို မေးကြည့်ပါအုံး …. ဥပဒေ တွေကို သိကောသိရဲ့လားလို့ ……

Leave a Reply