ချင်းတွင်းမြစ်အနောက်ဘက်ကမ်းက ရွှေတောင်ဦး

1 မုံရွာမြို့အဝင်
2 မုံရွာမြိုက နာရီစင်

 

3အဝေးကမြင်ရတဲ့ ကန်ရေပြင်
4 အေးမြစိမ်းလန်းသောလမ်းကလေး
5 ချင်းတွင်းတံတားကို အဖြတ်
6 ရွှေတောင်ဦးသို့အဝင်
7 အောက်ကနေမြင်ရတဲ့ ဓါတ်လှေကား
8တောင်ပေါ်အတက်လမ်း
9မော့အဖူး

 

11 စောင်းတန်းမှတစ်ဆင့်
12 အလုံဘိုးဘိုး ကြီး ဂူနှင့်စေတီတော်
13 ရွှေတောင်ဦးစေတီတော်

 

15 မှန်ထဲမှာပေါ်နေတဲ့ ဆင်းတုတော်

 

16ဘုရားပေါ်က မြင်ရတဲ့ အဝေးမြင်ကွင်း

 

17 မြစ်ဘက်ကိုအကြည့်

 

“ချင်းတွင်းမြစ်အနောက်ဘက်ကမ်းက ရွှေတောင်ဦးစေတီ”

 

 

 

နေ့လည်(2)နာရီထိုးလောက်မှာ သမ္ဗုဒ္ဓေကနေကျနော်တို့ထွက်လာလိုက်တာ နာရီဝက်လောက်ဘဲမောင်းလိုက်ရပါတယ် မုံရွာမြို့ထဲကိုရောက်သွားပါတယ်။

နာရီစင်ကြီးကိုလွန်လာပြီးတော့ အသိတစ်ယောက်အိမ်ကိုခဏဝင်ကြပါတယ်။

သူတို့အိမ်ရောက်တော့ ကော်ဖီတွေ ရွှေဘိုဝင်းဝင်းကိတ်မုန့်တွေ ဂျင်းသုတ်တွေချကျွေးပါတယ်။

အားနာပါးနာနဲ့စားလိုက်ကြတာ ဘာမှမကျန်တော့ပါဘူး။

ဒါနဲ့ဘဲသူတို့ကိုပါခေါ်လို့ ခရီးဆက်ကြပါတယ်။

မုံရွာမြို့အနောက်ဘက်ထွက်ချင်းတွင်းတံတားကိုဖြတ် ယာကြီး ကလေးလမ်းမအတိုင်းလာခဲ့ကြပါတယ်။

လမ်းခရီးကတော့ သစ်ပင်တွေအုံ့ဆိုင်းပြီးသာယာပါတယ်။

နောက်လမ်းခွဲတစ်ခုအရောက် မြောက်ဘက်ကိုချိုးထွက်လာလို့မကြာခင်မှာဘဲ အဝင်မုဒ်ဦးကြီးကိုမြင်ရပါတော့တယ်။

လမ်းခရီးကလဲသာသာယာယာ။

ဘုရားဆီသွားတဲ့အဝင်လမ်းမှတော့ ဘုရားဖူးကားတွေများမှများပါဘဲ။

စားသောက်ဆိုင်တန်းလေးအလွန်မှာတော့ ကားရပ်လို့ဘုရားပေါ်တက်ကြပါတယ်။

ဘုရားအတက်မှာ ဓါတ်လှေကားရှိပေမယ့် လူမစောင့်ချင်တော့ စောင်းတန်းကနေဘဲလမ်းလျောက်လို့တက်ကြပါတယ်။

ဘုရားပေါ်မှာလဲ ဘုရားဖူးများနဲ့စည်ကားပါတယ်။

နေ့လည်ဆိုတော့ အရှေဖက်က နေရိပ်ပေမယ့် အနောက်ဘက်ကတော့နေပူပါတယ်။

လူတွေအောက်ဖက်ဆင်းသွားတာတွေ့လို့ကြည့်လိုက်တော့ အနောက်ဖက်မှာ တံတားလေးတစ်ခုနဲ့ ဘုရားတစ်ဆူ။

နေအတော်လေးပူတာနဲ့မသွားဖြစ်။

တောင်ပေါ်ကနေလှပတဲ့မြင်ကွင်းတွေကို ဓါတ်ပုံရိုက်။

အဝေးမှာရေးရေးလေးမြင်နေရတဲ့ ရပ်တော်မူကိုယ်တော်ကြီးကိုဓါတ်ပုံရိုက် ရိုက်လို့မကုန်နို်င်အောင်ပါဘဲ။

လေးနာရီကျော်တော့ ဘုရားပေါ်ကပြန်ဆင်းခဲ့ကြပါတယ်။

ညနေ နေဝင်ချိန်ဆို အတော်လှမယ်လို့တွေးမိပါတယ်။

အောက်လဲရောက်ရော အမျိုးတွေနဲ့တွေ့ပါတယ်။

တိရိစ္ဆာန်ဥယျာဉ်လေးကိုတွေ့လို့။

ဒါနဲ့ဘဲအဲဒိအထဲကိုလျောက်ကြည့်ပြီး ပြန်ခဲ့ကြပါတော့တယ်။

 

ကိုပေါက်လမ်းသလားနေသည်

11-11-2012

 

 

 

 

 

11 comments

  • Khaing Zar Win

    November 13, 2012 at 11:13 am

    ဟင်။ ကိုကြီးပေါက် ရက်စက်ပြန်ပေါ့။ ဘယ်နှယ် မုံရွာ ပို့(စ) ထင်းထင်းကြီးတင်တာတုန်း။
    လွမ်းချင်းတွေ ထွက်လာတော့ မှာပဲနော်။ :kwi:
    မဖူးခဲ့ရသော ဘုရား ဖူးသွားပါ၏။

  • လွမ်းအောင်ဖန်တယ်လို့တော့ ထင်လို်က်ပါနဲ့။
    တိုက်ဆိုင်သွားရင် ခွင့်လွှတ်ပါနော်။

  • uncle gyi

    November 13, 2012 at 11:44 pm

    မုံရွာကိုရောက်ပေမဲ့
    ရွှေတောင်ဦးကိုလ
    မရောက်ဖူးသမို့
    မှန်ထဲကဘုရားကိုတော့
    အမှန်ဖူးရတာထူးလှသမို့
    ဖူးသွားပြီဗျို့

  • ညနေခင်းလေးဆိုရင် အတော်သာယာမယ်လို့ထင်ရပါတယ်။
    နေ့ချင်းပြန်ဆိုတော့ နေ့လည်ရောက် ခဏနေပြန်ဆိုတော့အလှအပ သိပ်မခံစားခဲ့ရဘူး ဓါတ်ပုံလေးတွေတင်ပေးပါအုံးမယ်။

  • Hnin Hnin

    November 14, 2012 at 9:38 am

    နှင်းနှင်းတို့တုန်းက ဘုရားဖူးကားက ရွှေတောင်ဦးကို ပို့ပေးဖူးတော့… 🙁
    သမ္ဗုဒ္ဓေတင် ပြီးသွားတယ်..တောတောင် စိမ်းမြမြထဲ သွားဖူးချင်လိုက်တာ…
    မှန်ထဲကဘုရားကို နံရံမှာပေါင်သွင်းပိုစတာကပ်ထားတယ်ထင်တာ…
    အလင်းနဲ့ဘုရားလိုပဲ တစ်မျိုးသပ္ပာယ်စွာ ဖူးသွားပါတယ်..လေးပေါက်ရေ..

  • မောင်ပေ

    November 14, 2012 at 8:27 pm

    စေတီကို ဖူးရတာ ပုံတစ်မျိုးပဲဗျို ့
    အဲဒီလိုမျိုး တည်ထားတာမျိုး မဖူးဘူးသေးလို ့

  • မယ်နှင်းရေ ကျနော်က မှန်ထဲမှာပေါ်နေတာလေးကို ရိုက်တော့ရှေ့ က ဓါတ်ကြိုးတွေဖယ်ချင်တာ။
    တော်ကြာအပြောခံရမှာစိုးလို့။
    ကျနော်က အဲလိုလေးလဲ လက်ဆော့တတ်ပါ၏
    ကိုပေ
    နောက်တစ်ခါရောက်အောင်သွားနော်

  • Ma Ei

    November 15, 2012 at 9:58 am

    .ရွှေတောင်ဦးမှော် ရှုမျှော်ခင်းနဲ့ စစ်ကိုင်းအောင်ရာမြေ..
    ဟင်္သာမောင်နှံ တူယှဉ်တွဲလို့ ဝဲပျံ သဲ ကမ္ဘာယံ မလေ…
    သီချင်းလေးထဲက ရွှေတောင်ဦးလား ကိုပေါက်ရေ…
    မရောက်ဖူးဘူးရယ်…လှလိုက်တဲ့ နေရာလေးနော်…

  • မဟုတ်ဘူး မယ်အိရေ
    ရွှေတောင်ဦးမော် ကစစ်ကိုင်းက
    ဒါက မုံရွာမြို့အနောက်ဘက် ချင်းတွင်း အနောက်ဘက်ကမ်းက ရွှေတောင်ဦး စေတီတော်ပါ

  • နှင်းဆီ ငုံ

    November 15, 2012 at 3:30 pm

    သီတင်းကျွတ်ဆို တောင်ဘုရားကြီး မြောက်ဘုရားကြီး ပွဲသွား ကရေကရာတွေဝယ် ပြီရင် ရွှေတောင်ဦးဘုရားသွားကြတာ
    အရမ်းပျော်ဖို့ကောင်းခဲ့တာပေါ့နော်
    ခုတော့လည်း လွမ်းစရာလေးတွေပါပဲ
    ပြန်လည်ခံစားနိုင်အောင် ကူညီပေးတဲ့ လေးပေါက်ကို အရမ်းကျေးဇူးတင်ပါတယ်ရှင် …

Leave a Reply