ဆီးဖြ ူသီး

ကျနော် ဒီရွာထဲ တိတ်တဆိတ် စာဖတ်နေခဲ ့တာ။

ကို မဟာရာဇာ အံစာတုံးရဲ  ့ ဟိုရောက်တုန်း ဟိုရိုက်၊ဒီရိုက် ပို ့စ်ထဲက ဆီးဖြ ူသီးပုံကိုကြည် ့ပြီး

ကျနော်ရိုက်ထား ဆီးဖြ ူသီးပုံ ပြချင်ပါတယ်။ ဆီးဖြ ူသီး ဘယ်နှစ်မျိုးမည်ရှိမှန်းမသိပေမယ် ့

အခုကျနော်တင်ပြမယ် ့ပုံက အသီး သီးပုံက ကိုမဟာရာဇာ အံစာတုံးရဲ  ့ဆီးဖြ ူးသီး သီးပုံနဲ ့မတူ

တမျိုးခြားနေတာမို ့ပါ။ မြန်မာပြည်မှာတော ့ ဆီးဖြ ူသီးကိုမြင်ဖူးပေမယ် ့ အသီး သီးပုံကို တစ်ခါမှ

မမြင်ဖူးခဲ ့ပါဘူး။

ရိုက်ယူထားတဲ ့နေရာက မလေးရှားနိုင်ငံ အရှေ ့မြောက်ပြည်နယ်က မိုးသစ်တောထဲမှာပါ။

ကို မဟာရာဇာ အံစာတုံးရေ

ကျနော် ့ဟာက တွဲလောင်းလေးနော်…(ဆီးဖြ ူသီးကိုပြောတာ…အဟီး!)

ခင်မင်စွာဖြင် ့

တောတွင်းပျော်

13 comments

  • ကိုခင်ခ

    November 6, 2012 at 10:29 am

    တိုင်းရင်းဆေးစာပေမှာတော့ ဆီးဖြူသီးသည် ဝမ်းတကြုတ်ကြုတ်မြည်ခြင်းကို သက်သာစေတယ်၊
    ဓာတ်ချုပ်မှုကို ပယ်ဖျောက်တယ်၊ တစ်ကိုယ်လုံးပူခြင်းကို ငြိမ်းအေးစေတယ်၊ ရေငတ်ခြင်း၊ ဆာလောင်ခြင်း ကိုပယ်ဖျောက်တယ်၊ သည်းခြေအတွက်ကောင်းမွန်ပြီး သွေးအန် သွေးကျ သွေးလွန် သွေးသွန် ရောဂါများ
    အတွက် အသင့်ဆုံးဖြစ်တယ်၊ မျက်စိနှင့်ဆံပင်များကို အထူးအကျိုးပြု၍ ကျိုးသောအရိုးများကို ဆက်စေတယ်၊ အားကိုဖြစ်စေပါတယ်လို့ ညွှန်းထားပါတယ်လေ။
    ဆီးဖြူသီး ပိုစ့်လေးမို့ ဝင်ရေးတာပါ။

    • တောတွင်းပျော်

      November 6, 2012 at 4:31 pm

      2005 ခုနှစ်အတွင်းက မြန်မာ ့သတင်းစာ( အလင်း လား? ကြေးမုံလား?မမှတ်မိတော ့) မှာ ဆီးဖြူသီးအကြောင်း အကျယ်တဝင် ့ရေးထားတာတော ့ ဖတ်ဖူးတယ်။
      သူ ့ရဲ ့အကျိုးကျေးဇူးကတော ့အများကြီးပဲဗျာ။

  • Ma Ei

    November 6, 2012 at 11:55 am

    Popa Mountain Resort မှာ ဇီးဖြူသီး တွေသီးနေတာကိုတွေ့ခဲ့ဘူးတယ်…
    အပင် အကိုင်းလေးတွေမှာ ကပ်ပြီး သီးနေတာ အများကြီးဘဲ..
    ဒီလို လေးသီးနေတာတော့ ခုမှမြင်ဘူးတာပါ…

  • ရွာသူ jujuma .

    November 6, 2012 at 12:32 pm

    အယ် ဟုတ်တယ်တော့ သူ့အသီးက တွဲလောင်းလေးနော် ..
    တစ်ခါမှ မမြင်ဖူးဘူး …
    သင်္ဘောသီးအဖိုပင်ဆိုရင် အဲလိုသီးတာတော့ မြင်ဖူးတယ်ဗျ ..

    • Khaing Khaing

      November 6, 2012 at 1:45 pm

      မမဂျူး …. အဖိုပင်က အဲလိုသီးတယ်ဟုတ်လား …… သမီးကတော့ အဖိုပင်ဆို ပန်းပွင့်လေးတွေပဲ တွေ့ဖူးတာ ………

      ဆီဖြူသီးကတော့ အမှုမဲ့အမှတ်မဲ့ပါပဲ ……. အခုမှ သေချာမြင်ဖူးတယ်လို့ ထင်တာပဲ ………..

      • ရွာသူ jujuma .

        November 7, 2012 at 12:45 pm

        ဟုတ်တယ် ခိုင်ရဲ့ အဲ ပန်းပွင့်ကနေ အသီးလေးတွေ ဖြစ်တာလေ ..
        အဲလိုပဲ တွဲလျောင်းလေးတွေ သီးနေတာပေါ့ …

  • jullies cezer

    November 6, 2012 at 3:13 pm

    ဆီးဖြူသီးကိုမြွေကကြောက်တယ်ဆိုတာဟုတ်ပါသလား ဆီးဖြူသီးချထားရင်
    မြွေမလာဘူးလို့ကြားဖူးပါတယ် သိတဲ့သူများဖြေပေးကြပါ ………

  • Wow

    November 6, 2012 at 4:10 pm

    ဟုတ်တယ် မြွေမလာရဆိုပြီး စာတန်းချိတ်ထားလိုက် အနားတောင် မသီတော့ဘူး :kwi:

  • candle .

    November 6, 2012 at 5:28 pm

    အသီး သီးပုံလေးတွေက ချစ်စရာလေးတွေနော်….
    ငယ်ငယ်တုန်းကတော့ နယ်ကိုသွားလည်ရင်း လူကြီးတစ်ဖက်စာလောက်ရှိတဲ့ အဲ့ဒီ ဇီးဖြူပင်အောက်မှာ ဆော့ခဲ့ဖူးပါရဲ ့
    အင်း..ငယ်ဘဝကို တောင်လွမ်းမိသလို….

  • နွေဦး

    November 6, 2012 at 5:36 pm

    ဆီးဖြူသီးကို စကောထဲ ထည့်လှိမ့် သလို ဆို…
    စကားမစပ်.. စကော ဆိုတာ မမြင်ရ အတော်ကြာပါပေါ့လား…

  • အေးဗျ ..
    ဒီဇီးဖြူတွေ သီးနေပုံကတော့ အဆန်းသား ..
    တစ်ခါမှ မြင်ဖူးဘူးရယ် …
    ကျုပ်တို့ ရွာမှာတော့ အဲ့လို သီးတာတွေ ရှိဘူး ..
    ကိုရှုံး ပြောသလို မေမြို့မှာ အဲ့ဒီလို အသီးတွေ ရှိသလားတော့ မသိ ..

  • မောင်ပေ

    November 6, 2012 at 9:46 pm

    ဆီးဖြူသီး
    မြည်းတူလှီး
    နှီးကူစီး
    ဘီးယူဖြီး
    မီးပူတီး
    ညည်းလူကြီး

Leave a Reply