လူနှင့် အကျင့်များ

ကျော်ဘသစ်November 6, 20121min1138

ငါ ဘယ်သူလဲ စကားထာ

…………………………………………….

ငါဟာ မင်းရဲ့  ဆိုးတူကောင်းဖက်
မင်းဘဝခရီးအတွက် အကူအညီကောင်း
ဒါမှမဟုတ် မင်းထမ်းသွားကောင်းသွားရမယ့် ဝန်ထုပ်ဝန်ပိုး
မင်းကို မိုးပေါ် မြှင့်တင်ပေးမယ့်သူဟာ ငါ
ဒါမှမဟုတ် မင်းကို အောက်ဆုံးထိ ဆွဲချမယ့်သူလည်း ငါ
ငါဆိုတာ မင်းရဲ့အမိန့်ပေးမှုအောက်မှာ
မင်းတစ်ဝက်လုပ်ပြီးတဲ့အခါ ကျန်တာအားလုံး ငါ့တာဝန်။

မင်းကသာ ငါ့ကို ကပ်ထား
ငါဆိုတာကို အလွယ်တကူ စီမံသွားလို့ ရရဲ့
မင်း ဘာဖြစ်ချင်တယ်ဆိုတာ နမူနာ တင်ပြ
ငါ့က အလိုလို ဆက်လုပ်သွားရမယ့်သူ
ငါဟာ အောင်မြင်သူအားလုံးရဲ့ အလုပ်အကျွေး
ပြီး ကျရှုံးသူတွေရဲ့ ကျေးကျွန်လည်း ဖြစ်တယ်
အောင်မြင်မှုတွေအတွက် ငါဟာ သော့ချက်
ကျရှုံးသူတွေအတွက်တော့ ငါက လက်သည်။

ငါဟာ စက်ယန္တယားတော့မဟုတ်
ဒါပေမယ့် စက်ရုပ်လိုတိကျပြီး လူလို အသိဉာဏ်ရှိတဲ့သူ
ငါ့ကို  မင်း တိုးတက်မှုအတွက် ခိုင်းစေလို့ရသလို
မင်းက ပျက်ဆီးချင်သပဆိုလည်း
ငါက တာဝန်ယူ လုပ်သွားပေးမယ့်သူ
ငါ့အတွက်တော့ အားလုံးအတူတူ။

ငါ့ကို ခေါ်ပါ
ငါ့ကို လေ့ကျင့်ပါ
ငါ့ကို ကပ်ထားပါ
ဒီကမ္ဘာကြီးအား မင်းခြေဖျားရှေ့
ငါကိုယ်တိုင် အရောက်ရွှေ့ပေးလိုက်လိမ့်
ဒီလိုမဟုတ်ဘဲ
ငါ့ကို လျှော့ရဲရဲ ထားမယ်ဆိုရင်တော့
မင်းကို ငါ ဖျက်ဆီးပစ်လိုက်မပေါ့။

ငါဆိုတာ ဘယ်သူလဲ
ငါဆိုတာ
မင်းလုပ်နေတဲ့ အကျင့်တွေပဲ။ ။

(The Riddle: Who am I By Sean Covey)

8 comments

  • aye.kk

    November 6, 2012 at 4:50 am

    သတိပဋ္ဌာန်အကျင့်မြတ်ကိုပေါ့နော်။
    ကိုယ်ကိုယ်တိုင်ဘာဝနာပွားများပြီးအားထုတ်ကြည့်လိုက်ပါ။
    ငါဆိုတာရှိမရှိသိသွားရအောင်။တကယ်ရှိနေတဲ့ရုပ်နဲ ့နာမ်တရားနှစ်ပါးဘဲမြင်ရမှာ။
    နောက်ထပ်ကျင့်နိုင်သမျှကျင့်ကြည့်ပါလေ။

  • ရာဇဝင်လူဆိုး

    November 6, 2012 at 9:14 am

    ငါ ဘယ်သူလဲ….
    လောကရဲ့ လူတစ်ယောက်
    မှောက်ရက်လဲကျတိုင်း
    ပြန်ပြန်ထ
    အသက်ကို ဝဝရူလို့
    ကမ္ဘာမြေပေါ် ဒီခြေထောက်နဲ့
    လမ်းလျှောက်ခွင့်မရခဲ့ရင်
    လက်နှစ်ချောင်းကို မြေပေါ်နင်း
    ခပ်တင်းတင်းပဲ လမ်းဆက်လျှောက်မယ်
    ကင်းမီးကောက်လို ဆက်သွားမယ်။

  • ဘဲဥ

    November 6, 2012 at 9:39 am

    ငါ … ဆိုတဲ့ အတ္တဆွဲတွေ မကင်းခင်……..
    ငါ .. ကိုယ်တိုင် အမှားလုပ်မိမှာပဲ………..[;)]

  • kyeemite

    November 6, 2012 at 10:16 am

    ငါဆိုတာ ဘယ်သူလဲ
    ငါဆိုတာ…မင်းမဟုတ်
    အတင်းတုတ်ဖို့မလုပ်နဲ့
    မင်းအရှုပ်မင်းပြန်ကြည့်
    ပြင်ရမှာက အတွင်းသရုပ်
    အပြင်ရုပ်မြင်ရုံနဲ့..
    အထင်လုပ်နေရင်တော့
    “ရင်”ရှုပ်ရုံပဲ…(လက်တမ်းစပ်လိုက်တဲ့ ရမ်းသမ်း မန်းသမ်းကဗျာတစ်ပုဒ်နဲ့
    ကြိုဆိုပါတယ်)
    ကြီးမိုက်။ :kwi:

  • ကောင်းတဲ့ အကျင့်
    ဆိုးတဲ့ အကျင့်
    ကပ်လွယ်တဲ့ အကျင့်
    ကွာလွယ်တဲ့ အကျင့်
    စွဲတဲ့ အကျင့်
    ခဏကြာ မလေ့ကျင့်ဘဲ ပစ်ထားလိုက်ရင်
    ကွယ်ပျောက်လွယ် တတ်တဲ့ အကျင့် …….

  • မောင်ပေ

    November 6, 2012 at 9:29 pm

    “ငါဟာ စက်ယန္တယားတော့မဟုတ်
    ဒါပေမယ့် စက်ရုပ်လိုတိကျပြီး လူလို အသိဉာဏ်ရှိတဲ့သူ
    ငါ့ကို မင်း တိုးတက်မှုအတွက် ခိုင်းစေလို့ရသလို
    မင်းက ပျက်ဆီးချင်သပဆိုလည်း
    ငါက တာဝန်ယူ လုပ်သွားပေးမယ့်သူ
    ငါ့အတွက်တော့ အားလုံးအတူတူ။”
    ကြိုက်ပြီဗျာ … အဲဒါ ကွမ်းစားထွေးပစ် ပဲ

  • Thu Wai

    November 7, 2012 at 1:43 pm

    ငါဆိုတာ ဘီယာခွက်တွေအမြဲလက်လှမ်း
    သောက်အုုံးမလားမေး ဘယ်တော့မှမငြင်း
    ဝယ်သောက်ဖြတ်ထား တိုက်သလောက်အကုန်သောက်
    အဲဒီ သောက်ကျင့် သေတာတောင်မပြင်

Leave a Reply