လေးစားအပ်ပါသော ရွာသူားအပေါင်းတို့ခင်ဗျား…

ရွာ့နာယကကြီးများဖြစ်ကြသော ဦးဦးပါလေရာ၊ ဦးလေးကထူးဆန်း၊ အန်တီပဒုမ္မာ၊ အန်တီမမတို့နဲ့ ရွာကာလသားအဖွဲ့ ရပ်ရေးရွာရေးဆွေးနွေးတိုင်ပင်လိုက်တဲ့အခါမှာတော့ အလှူခံပုဂ္ဂိုဟ်ကလေးများလဲ အကြာကြီးမစောင့်ရအောင်… ရွာသူားများလဲ တစ်နေ့တစ်နေ့ ရွာထဲရောက်တာနဲ့ အလှူခံမဏ္ဍာပ်ရဲ့အသံဗြဲကြီးနဲ့ အလှူခံနေတာတွေကို ရက်ရှည်လများကြားပြီး စိတ်မဆင်းရဲရလေအောင်… ခရစ်စမတ်နဲ့ နှစ်သစ်ကူးရက်များမှာ သုံးမယ့်ကဲမယ့် ငွေယားလေးတွေကို ဂဇက်အလှူအတွက် အစောကြီးထဲကဖမ်းသိမ်းလိုက်နိုင်လေးအောင်…

ကောင်းမွန်သောရည်ရွယ်ချက်တစ်ပုံတစ်ပင်နဲ့ ရွာ့နာယကကြီးများနဲ့ တက်ကြွသူရွာ့ကာလသားသမီးများ တိုင်ပင်ပြီးသကာလ၌ စတုတ္တအကြိမ်မြောက် ရွာအလှူတော်ကို ရက်ရွေ့ပြောင်းရန် ဆုံးဖြတ်လိုက်ပါသည်… အဲဒီတော့ အချိန်၊ နေရာနဲ့ ဆက်သွယ်ရန်များကို ပြန်လည်ပြီးကြေငြာခြင်းဖြစ်ပါတယ်…

 

လှူဒါန်းမည့်နေရာ – ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာ၊ မင်္ဂလာလူငယ်ဖွံ့ဖြိုးရေပရဟိတဂေဟာ

လှူဒါန်းမည့်နေရက် – ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်၊ တနင်္ဂနွေနေ့

အလှူငွေနောက်ဆုံးလက်ခံမည့်ရက် – ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်၊ တနင်္ဂနွေနေ့

အလှူလိုက်ပါလိုသူများနောက်ဆုံးစာရင်းပေးရမည့်ရက် – ၂၀၁၂ခုနှစ် ဒီဇင်ဘာလ (၉)ရက်၊ တနင်္ဂနွေနေ့

 

အလှူလိုက်ပါလိုသူများအားလုံး အခမဲ့လိုက်ပါနိုင်ရန် စီစဉ်ဆောင်ရွက်ထားပါသည်… လိုက်ပါလိုသူများအားလုံးစာရင်းပေးကြပါ…

ပျော်ပျော်ပါးပါး သွားရောက်လှူဒါန်းကြပါစို့…

အောက်ဖော်ပြပါ စေတနာ့ဝန်ထမ်းများကို အလှူငွေများလှူဒါန်းရန်အတွက်နှင့် ခရီးစဉ်လိုက်ပါရန်အတွက် ဆက်သွယ်ကြစေလိုပါတယ်ခင်ဗျား

အလှူငွေများစတင်လက်ခံနေပါပြီ

 

အလှူငွေကောက်ခံပေးကြမည့်သူများ-

အောက်မြန်မာပြည်

(၁) အမတ်မင်း၊ 095081969 ၊ amatmin@gmail.com

(၂) Etone၊ 0973144421 ၊ mayzawhan@gmail.com

(၃) ရွှေအိ၊ 0973189261 ၊ eikyipyarsoe@gmail.com

 

အထက်မြန်မာပြည်

(၁) ကိုပေါက် (မန္တလေး)၊ 096805396၊ bluemoon.5873@gmail.com

နေပြည်တော်ဝန်းကျင်

(၁) ရွာစားကျော်၊ 0943017069၊

 

အလှူငွေစာရင်းပြုစုကြသူများ

(၁) နွယ်ပင်၊
(၂) ချာတူးလန်

အလှူငွေထိန်းသိမ်းသူ
(၁) ကြောင်ဝတုတ်၊ tzayar.it@gmail.com

 

အဲဒီတော့ အချိန်ကလဲ တစ်လစွန်းစွန်းလေးပဲကျန်တော့တာမို့ အလှူငွေများကို ဒီနေ့ပဲစတင်လှူဒါန်းကြပါစို့…

ဒီနေ့ပဲလှူဒါန်းကြပါစို့

 

နိုင်ငံရပ်ခြားမှဟွန်ဒီဖြင့်ငွေလွှဲလိုသူများ…

သော်ဇေယျာ၊ ၁၄/ဟသတ (နိုင်) ၀၄၄၂၀၄၊ 095180631 ကို ဟွန်ဒီဖြင့်ငွေလွှဲအပ်နိုင်ပါတယ်…

 

ထို့အတူ မြန်မာနိုင်ငံအတွင်း ဘဏ်မှငွေလွှဲလိုသူများအတွက်…

ဘဏ်အကောင့်အမှတ် – 0781210003938၊ ဇင်လင်းလင်းဦး၊ ၁၂/သဃက (နိုင်) ၁၄၅၀၃၂၊ KBZ Bank (Thuwunna Branch) သို့လွှဲပြောင်းပေးပို့နိုင်ပါတယ်… ဘဏ်သို့ငွေလွှဲပြောင်းပြီးလျှင် လွှဲပြောင်းပြီးသော ချလံလေးအား Scan ဖတ်၍ဖြစ်စေ၊ ဓာတ်ပုံရိုက် ၍ဖြစ်စေ ကြောင်ဝတုတ်၊ tzayar.it@gmail.com သို့ပေးပို့ပေးပါခင်ဗျာ…

နောက်တစ်ခုပြောချင်တာက

ဒီဇင်ဘာလ (၉)ရက်နေ့မှာ ကျွန်တော်တို့နဲ့အတူတူ အလှူကိုလိုက်ပါလိုသူများနောက်ဆုံစာရင်းပိတ်ပါမယ်…

အလှူလိုက်ပါချင်သူများ ခရီးစဉ်အတွက်စတင်စာရင်းပေးပို့နိုင်ပါပြီ…

ခရီးစဉ်အတွက်စာရင်းပေးပို့ရမည့်သူကတော့…

ကိုသူရဇော်၊ 09420069502၊ thuyazaw21451@gmail.com ဖြစ်ပါတယ်… စာရင်းပေးသွင်းကြပါခင်ဗျာ…

ခရီးစရိတ်နဲ့ နေ့လည်စာ အခမဲ့စီစဉ်ပေးထားပါတယ်… ပျော်ပျော်ပါးပါးသွားကြရအောင်…

အလှူကိုပါဝင်လှူဒါန်းကြသူများနဲ့ အဖက်ဖက်မှကူညီပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်းပြောကြားလိုပါတယ်…

ကျေးဇူးအထူးတင်ပါသည်

 

၂၀၁၂ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့အထိလက်ခံရရှိသောအလှူငွေစာရင်း

 

(၁) ဦးဘလက်ချော -50,000

(၂) ကြောင်ဝတုတ် – 100,400

(၃) ဦးပါလေရာ – 50,000

(၄) အန်တီပဒုမ္မာ – 100,000

(၅) ဘုရင့်နောင်စုပေါင်းဒါနအဖွဲ့  – 100,000

(၆) ဦးနေးချား – 10,000

(၇) အန်တီမမ – 30,000

(၈) အစ်မ ပုခ်ျ – 30,000

(၉) Fall Guy – 50,000

(၁၀) ကိုရဲရင့်လှိုင် – 84,400

(၁၁) ထိုင်ဝမ်မှကိုအောင် – 100,000

(၁၂) အန်ကယ်ကြီး – 20,000

(၁၃) ကိုဂျစ်ပစီ (ခ) ဦးအဂျစ် – 20,000

(၁၄) စောင့်ကြည့်သူ – 20,000

(၁၅) မနှင်းနှင်း – 50,000

(၁၆) ဦးသက်ဝင်း – 50,000

(၁၇) ဦးမြင့်ဆွေ – 50,000

(၁၈) ကိုကျော်စွာဝင်း – 10,000

(၁၉) Natalie Nwe Linn Htet – 85,000

(၂၀) မဝေေ၀ – 15,000

(၂၁) မမိုးမိုးအေး – 15,000

(၂၂) ကိုရွာစားကျော် – 10,000

(၂၃) မခင်မြ၀င်း – 10,000

(၂၄) မခိုင်ဇာ (စင်ကာပူ) – 100,000

(၂၅) ကိုနိုဇိုးမိ – 20,000

(၂၆) ရွာသားတစ်ဦး – 50,000

(၂၇) နန်းတော်ရာသူ – 20,000

(၂၈) မတင်တင်ထွေး – 10,000

(၂၉) စိမ်းကျော် (မလေးရှား) – 100,000

(၃၀) ကိုထွန်းဝင်းလတ် – 10,000

(၃၁) မနှင်းမြတ်သူ – 10,000

(၃၂) ကိုသုဝေ – 20,000

(၃၃) ဒေါက်တာစည်သူထွန်း (UK) – 100,000

(၃၄) နှင်းနှင်း(ရွှေလီ) – 10,000

(၃၅) မရီရီဝင်း – 100,00

(၃၆) အဘဖော – 100,000

(၃၇) မနိုဗီ – 15,000

(၃၈) ဦးကြီးမိုက် – 30,200

(၃၉) ဦးစွယ်တော်ရွက် – 10,000

(၄၀) Candle – 30,000

(၄၁) နွယ်ပင် + အာဂ – 10,000

(၄၂) မွန်မွန် – 10,000

(၄၃) ငြိမ်းငြိမ်း – 5,000

(၄၄) ရွှေအိ – 20,000

(၄၅) မအိ – 50,000

(၄၆) အမတ်မင်း – 20,000

(၄၇) အမည်မဖော်လိုသူ သူရဇော် – 10,000

(၄၈) ပင်လယ်ပျော် နှင့် ခိုင်ခိုင် – 10,000

(၄၉) AKKO နှင့် အိတုန်း – 30,000

(၅၀) ချာတူးလန် – 20,000

(၅၁) အိန္ဒိယနွယ်ဖွားရွာသားတစ်ဦး – 30,000

(၅၂) ရိုစ့်မင်း – 5,000

(၅၃) ကိုစန်းဦး + မမိမိတင် – 5,000

(၅၄) ရွှေကြည် – 10,000

(၅၅) လေပြေရိုင်း – 10,000

(၅၆) အိုဘားမား – 10,000

(၅၇) ချစ်စ/ဆရာ + မိုက်ကယ်ဂျော်နီအောင်ပု – 103,500

———————————————

အလှူတွေငွေစုစုပေါင်း – 2,063,500 ကျပ်

ကျပ် သိန်းနှစ်ဆယ်ခြောက်သောင်းသုံးထောင့်ငါးရာ ကို လက်ခံရရှိပြီးဖြစ်ပါသည်…

 

နောက်တစ်ခုက ကျွန်တော်တို့ စဉ်းစားထားတဲ့ကိစ္စလေးပြောပါ့မယ်… ကျွန်တော်တို့ အလှူလုပ်မယ့်နေ့မှာ ကောက်ခံရရှိတဲ့အလှူငွေထဲမှ ကလေးများအား ထမင်းတစ်ရက်စာကျွေးဖို့ စီစဉ်ထားပြီး… ပိုသောအလှူငွေများကို ဆရာတော်အား ကျောင်းအတွက်လိုအပ်မည့်နေရာတွင် အသုံးပြုနိုင်ရန် ငွေသားလှူဒါန်းမည်ဟု စဉ်းစားထားပါသည်…

ပထမငွေပဒေသာပင်စိုက်ထူလှူဒါန်းရန်စဉ်းစားသော်လည်း အစိုးရဘဏ်တိုးဖြင့် ငွေသိန်း (၁၀၀)မှ တစ်လလျှင် အတိုးငွေ ၈၀၀၀၀ ခန့်သာရရှိမည်ဖြစ်သောကြောင့် ကျောင်း၏လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် မလွယ်ကူသောအနေအထားဖြစ်သည်ကတစ်ကြောင်း…

မြို့နှင့်အတန်ငယ်လှမ်းသောအနေအထားရှိသဖြင့် အစိုးရဘဏ်သို့ငွေထုတ်ယူရန်ကိစ္စအခက်အခဲဖြစ်လာနိုင်သောကြောင့် ငွေသားချည်းလှူဒါန်း လိုက်ရန် စဉ်းစားခြင်းဖြစ်ပါသည်… အလှူရှင်များ၏ အကြံဥာဏ်များအားလဲ ဖိတ်ခေါ်ပါသည်ခင်ဗျား…

 

အားလုံးရဲ့ကိုယ်စား

ကြောင်ဝတုတ်

 

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...