စတုတ္တအကြိမ်မြောက် မန်းဂဇက်ရွာအလှူတော် – ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်၊ (နေ့စဉ်အလှူငွေရရှိမှုများUpdate လုပ်နေပါသည်)

လေးစားအပ်ပါသော ရွာသူားအပေါင်းတို့ခင်ဗျား…

ရွာ့နာယကကြီးများဖြစ်ကြသော ဦးဦးပါလေရာ၊ ဦးလေးကထူးဆန်း၊ အန်တီပဒုမ္မာ၊ အန်တီမမတို့နဲ့ ရွာကာလသားအဖွဲ့ ရပ်ရေးရွာရေးဆွေးနွေးတိုင်ပင်လိုက်တဲ့အခါမှာတော့ အလှူခံပုဂ္ဂိုဟ်ကလေးများလဲ အကြာကြီးမစောင့်ရအောင်… ရွာသူားများလဲ တစ်နေ့တစ်နေ့ ရွာထဲရောက်တာနဲ့ အလှူခံမဏ္ဍာပ်ရဲ့အသံဗြဲကြီးနဲ့ အလှူခံနေတာတွေကို ရက်ရှည်လများကြားပြီး စိတ်မဆင်းရဲရလေအောင်… ခရစ်စမတ်နဲ့ နှစ်သစ်ကူးရက်များမှာ သုံးမယ့်ကဲမယ့် ငွေယားလေးတွေကို ဂဇက်အလှူအတွက် အစောကြီးထဲကဖမ်းသိမ်းလိုက်နိုင်လေးအောင်…

ကောင်းမွန်သောရည်ရွယ်ချက်တစ်ပုံတစ်ပင်နဲ့ ရွာ့နာယကကြီးများနဲ့ တက်ကြွသူရွာ့ကာလသားသမီးများ တိုင်ပင်ပြီးသကာလ၌ စတုတ္တအကြိမ်မြောက် ရွာအလှူတော်ကို ရက်ရွေ့ပြောင်းရန် ဆုံးဖြတ်လိုက်ပါသည်… အဲဒီတော့ အချိန်၊ နေရာနဲ့ ဆက်သွယ်ရန်များကို ပြန်လည်ပြီးကြေငြာခြင်းဖြစ်ပါတယ်…

 

လှူဒါန်းမည့်နေရာ – ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာ၊ မင်္ဂလာလူငယ်ဖွံ့ဖြိုးရေပရဟိတဂေဟာ

လှူဒါန်းမည့်နေရက် – ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်၊ တနင်္ဂနွေနေ့

အလှူငွေနောက်ဆုံးလက်ခံမည့်ရက် – ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်၊ တနင်္ဂနွေနေ့

အလှူလိုက်ပါလိုသူများနောက်ဆုံးစာရင်းပေးရမည့်ရက် – ၂၀၁၂ခုနှစ် ဒီဇင်ဘာလ (၉)ရက်၊ တနင်္ဂနွေနေ့

 

အလှူလိုက်ပါလိုသူများအားလုံး အခမဲ့လိုက်ပါနိုင်ရန် စီစဉ်ဆောင်ရွက်ထားပါသည်… လိုက်ပါလိုသူများအားလုံးစာရင်းပေးကြပါ…

ပျော်ပျော်ပါးပါး သွားရောက်လှူဒါန်းကြပါစို့…

အောက်ဖော်ပြပါ စေတနာ့ဝန်ထမ်းများကို အလှူငွေများလှူဒါန်းရန်အတွက်နှင့် ခရီးစဉ်လိုက်ပါရန်အတွက် ဆက်သွယ်ကြစေလိုပါတယ်ခင်ဗျား

အလှူငွေများစတင်လက်ခံနေပါပြီ

 

အလှူငွေကောက်ခံပေးကြမည့်သူများ-

အောက်မြန်မာပြည်

(၁) အမတ်မင်း၊ 095081969 ၊ amatmin@gmail.com

(၂) Etone၊ 0973144421 ၊ mayzawhan@gmail.com

(၃) ရွှေအိ၊ 0973189261 ၊ eikyipyarsoe@gmail.com

 

အထက်မြန်မာပြည်

(၁) ကိုပေါက် (မန္တလေး)၊ 096805396၊ bluemoon.5873@gmail.com

နေပြည်တော်ဝန်းကျင်

(၁) ရွာစားကျော်၊ 0943017069၊

 

အလှူငွေစာရင်းပြုစုကြသူများ

(၁) နွယ်ပင်၊
(၂) ချာတူးလန်

အလှူငွေထိန်းသိမ်းသူ
(၁) ကြောင်ဝတုတ်၊ tzayar.it@gmail.com

 

အဲဒီတော့ အချိန်ကလဲ တစ်လစွန်းစွန်းလေးပဲကျန်တော့တာမို့ အလှူငွေများကို ဒီနေ့ပဲစတင်လှူဒါန်းကြပါစို့…

ဒီနေ့ပဲလှူဒါန်းကြပါစို့

 

နိုင်ငံရပ်ခြားမှဟွန်ဒီဖြင့်ငွေလွှဲလိုသူများ…

သော်ဇေယျာ၊ ၁၄/ဟသတ (နိုင်) ဝ၄၄၂၀၄၊ 095180631 ကို ဟွန်ဒီဖြင့်ငွေလွှဲအပ်နိုင်ပါတယ်…

 

ထို့အတူ ြမန်မာနိုင်ငံအတွင်း ဘဏ်မှငွေလွှဲလိုသူများအတွက်…

ဘဏ်အကောင့်အမှတ် – 0781210003938၊ ဇင်လင်းလင်းဦး၊ ၁၂/သဃက (နိုင်) ၁၄၅၀၃၂၊ KBZ Bank (Thuwunna Branch) သို့လွှဲပြောင်းပေးပို့နိုင်ပါတယ်… ဘဏ်သို့ငွေလွှဲပြောင်းပြီးလျှင် လွှဲပြောင်းပြီးသော ချလံလေးအား Scan ဖတ်၍ဖြစ်စေ၊ ဓာတ်ပုံရိုက် ၍ဖြစ်စေ ကြောင်ဝတုတ်၊ tzayar.it@gmail.com သို့ပေးပို့ပေးပါခင်ဗျာ…

နောက်တစ်ခုပြောချင်တာက

ဒီဇင်ဘာလ (၉)ရက်နေ့မှာ ကျွန်တော်တို့နဲ့အတူတူ အလှူကိုလိုက်ပါလိုသူများနောက်ဆုံစာရင်းပိတ်ပါမယ်…

အလှူလိုက်ပါချင်သူများ ခရီးစဉ်အတွက်စတင်စာရင်းပေးပို့နိုင်ပါပြီ…

ခရီးစဉ်အတွက်စာရင်းပေးပို့ရမည့်သူကတော့…

ကိုသူရဇော်၊ 09420069502၊ thuyazaw21451@gmail.com ဖြစ်ပါတယ်… စာရင်းပေးသွင်းကြပါခင်ဗျာ…

ခရီးစရိတ်နဲ့ နေ့လည်စာ အခမဲ့စီစဉ်ပေးထားပါတယ်… ပျော်ပျော်ပါးပါးသွားကြရအောင်…

အလှူကိုပါဝင်လှူဒါန်းကြသူများနဲ့ အဖက်ဖက်မှကူညီပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်းပြောကြားလိုပါတယ်…

ကျေးဇူးအထူးတင်ပါသည်

 

၂၀၁၂ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့အထိလက်ခံရရှိသောအလှူငွေစာရင်း

 

(၁) ဦးဘလက်ချော -50,000

(၂) ကြောင်ဝတုတ် – 100,400

(၃) ဦးပါလေရာ – 50,000

(၄) အန်တီပဒုမ္မာ – 100,000

(၅) ဘုရင့်နောင်စုပေါင်းဒါနအဖွဲ့  – 100,000

(၆) ဦးနေးချား – 10,000

(၇) အန်တီမမ – 30,000

(၈) အစ်မ ပုချ် – 30,000

(၉) Fall Guy – 50,000

(၁၀) ကိုရဲရင့်လှိုင် – 84,400

(၁၁) ထိုင်ဝမ်မှကိုအောင် – 100,000

(၁၂) အန်ကယ်ကြီး – 20,000

(၁၃) ကိုဂျစ်ပစီ (ခ) ဦးအဂျစ် – 20,000

(၁၄) စောင့်ကြည့်သူ – 20,000

(၁၅) မနှင်းနှင်း – 50,000

(၁၆) ဦးသက်ဝင်း – 50,000

(၁၇) ဦးမြင့်ဆွေ – 50,000

(၁၈) ကိုကျော်စွာဝင်း – 10,000

(၁၉) Natalie Nwe Linn Htet – 85,000

(၂၀) မဝေဝေ – 15,000

(၂၁) မမိုးမိုးအေး – 15,000

(၂၂) ကိုရွာစားကျော် – 10,000

(၂၃) မခင်မြဝင်း – 10,000

(၂၄) မခိုင်ဇာ (စင်ကာပူ) – 100,000

(၂၅) ကိုနိုဇိုးမိ – 20,000

(၂၆) ရွာသားတစ်ဦး – 50,000

(၂၇) နန်းတော်ရာသူ – 20,000

(၂၈) မတင်တင်ထွေး – 10,000

(၂၉) စိမ်းကျော် (မလေးရှား) – 100,000

(၃၀) ကိုထွန်းဝင်းလတ် – 10,000

(၃၁) မနှင်းမြတ်သူ – 10,000

(၃၂) ကိုသုဝေ – 20,000

(၃၃) ဒေါက်တာစည်သူထွန်း (UK) – 100,000

(၃၄) နှင်းနှင်း(ရွှေလီ) – 10,000

(၃၅) မရီရီဝင်း – 100,00

(၃၆) အဘဖော – 100,000

(၃၇) မနိုဗီ – 15,000

(၃၈) ဦးကြီးမိုက် – 30,200

(၃၉) ဦးစွယ်တော်ရွက် – 10,000

(၄၀) Candle – 30,000

(၄၁) နွယ်ပင် + အာဂ – 10,000

(၄၂) မွန်မွန် – 10,000

(၄၃) ငြိမ်းငြိမ်း – 5,000

(၄၄) ရွှေအိ – 20,000

(၄၅) မအိ – 50,000

(၄၆) အမတ်မင်း – 20,000

(၄၇) အမည်မဖော်လိုသူ သူရဇော် – 10,000

(၄၈) ပင်လယ်ပျော် နှင့် ခိုင်ခိုင် – 10,000

(၄၉) AKKO နှင့် အိတုန်း – 30,000

(၅၀) ချာတူးလန် – 20,000

(၅၁) အိန္ဒိယနွယ်ဖွားရွာသားတစ်ဦး – 30,000

(၅၂) ရိုစ့်မင်း – 5,000

(၅၃) ကိုစန်းဦး + မမိမိတင် – 5,000

(၅၄) ရွှေကြည် – 10,000

(၅၅) လေပြေရိုင်း – 10,000

(၅၆) အိုဘားမား – 10,000

(၅၇) ချစ်စ/ဆရာ + မိုက်ကယ်ဂျော်နီအောင်ပု – 103,500

———————————————

အလှူတွေငွေစုစုပေါင်း – 2,063,500 ကျပ်

ကျပ် သိန်းနှစ်ဆယ်ခြောက်သောင်းသုံးထောင့်ငါးရာ ကို လက်ခံရရှိပြီးဖြစ်ပါသည်…

 

နောက်တစ်ခုက ကျွန်တော်တို့ စဉ်းစားထားတဲ့ကိစ္စလေးပြောပါ့မယ်… ကျွန်တော်တို့ အလှူလုပ်မယ့်နေ့မှာ ကောက်ခံရရှိတဲ့အလှူငွေထဲမှ ကလေးများအား ထမင်းတစ်ရက်စာကျွေးဖို့ စီစဉ်ထားပြီး… ပိုသောအလှူငွေများကို ဆရာတော်အား ကျောင်းအတွက်လိုအပ်မည့်နေရာတွင် အသုံးပြုနိုင်ရန် ငွေသားလှူဒါန်းမည်ဟု စဉ်းစားထားပါသည်…

ပထမငွေပဒေသာပင်စိုက်ထူလှူဒါန်းရန်စဉ်းစားသော်လည်း အစိုးရဘဏ်တိုးဖြင့် ငွေသိန်း (၁၀၀)မှ တစ်လလျှင် အတိုးငွေ ၈၀၀၀ဝ ခန့်သာရရှိမည်ဖြစ်သောကြောင့် ကျောင်း၏လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် မလွယ်ကူသောအနေအထားဖြစ်သည်ကတစ်ကြောင်း…

မြို့နှင့်အတန်ငယ်လှမ်းသောအနေအထားရှိသဖြင့် အစိုးရဘဏ်သို့ငွေထုတ်ယူရန်ကိစ္စအခက်အခဲဖြစ်လာနိုင်သောကြောင့် ငွေသားချည်းလှူဒါန်း လိုက်ရန် စဉ်းစားခြင်းဖြစ်ပါသည်… အလှူရှင်များ၏ အကြံဉာဏ်များအားလဲ ဖိတ်ခေါ်ပါသည်ခင်ဗျား…

 

အားလုံးရဲ့ကိုယ်စား

ကြောင်ဝတုတ်

 

84 comments

  • kyeemite

    December 5, 2012 at 8:38 am

    ဖက်တီးကက်ရေ…ကျုပ်ကတော့ ဒီစနေ၊တနင်္ဂနွေ
    တစ်ရက်ရက် ဖုန်းဆက်သွယ်ပြီးလှူပါ့မယ်ဗျာ… :hee:

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      December 5, 2012 at 9:49 am

      ဝမ်းပန်းတသာလက်ခံပေးရန်စောင့်မျှော်နေပါ့မယ်… လေးမိုက်ရေ…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • amatmin

    December 6, 2012 at 12:36 pm

    ကိုရင် ကြောင်ဝတုတ်ရေ.
    ဒေါက်တာစည်သူထွန်း (UK) ထံမှ အလှူငွေ တသိန်းကျပ် ရထားပါ၏..။

    အမတ်မင်း

    • etone

      December 7, 2012 at 3:27 pm

      ကိုမတ်ရေ … အန်တီအိ ဆက်သွယ်လာပါတယ် ။
      ပြန်ဆက်သွယ်ပေးပြီး အလှူငွေ လက်ခံပေးမယ်လို့လည်း အကြောင်းပြန်ထားပါတယ် ။ ဆက်သွယ်ရန်ဖုန်းနံပါတ်ကို ဖုန်းဆက်ပြီး ပြောပေးပါမယ် ။ တယောက်တည်း ပြေးလွှား အလှူ ငွေ လက်ခံပေးတာ ကျေးဇူးအများကြီးတင်ပါတယ် ။

      • amatmin

        December 10, 2012 at 1:21 pm

        မအိတုန်ရေ…
        အမ.MaEi ဆီက အလှူငွေ ငါးသောင်းကျပ်လက်ခံရရှိပါကြောင်း…နဲ့

        ကိုဖက်ကပ်ရေ..
        နောက်ထပ်လှူုချင်တယ်ဆိုပီး ဆက်သွယ်ထားတဲ့
        ရွာသူားတွေ ရှိနေသေးပါ၏..။

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    December 6, 2012 at 2:50 pm

    ဒီနေ့ လေးပေါက်ထံမှလွဲငွေရရှိပါတယ်…
    ထပ်ပြီးတော့လဲ Update လုပ်ပေးထားပါတယ်…
    အဘဖောအတွက်လဲ… တစ်သိန်းထည့်ပေးထားပါတယ်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • Novy

    December 7, 2012 at 10:31 am

    အမလေးတော်.. ကျုပ်ရဲ့ လှတပတ နံမည်လေးကို ဖျက်ရက်တယ်
    နိုဘီတဲ့ amount ကလဲမှားသေး
    ရင်နာလိုက်တာအေ.. အဝတ်ပဲပြေးလျှော်ရတော့မလိုလို

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      December 7, 2012 at 10:49 am

      ပြင်လိုက်ပါပြီအစ်မရေ…
      ကျွန်တော့်ပေါ့ဆမှုပါ… တောင်းပန်ပါတယ်…
      သာဓုခေါ်နော်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • ချစ်စ/ဆရာ

    December 8, 2012 at 11:54 am

    ကိစ္စလေးအချို့ရှိနေလို့ နောက်ကျသွားတယ်ခင်ဗျ
    ဒီနေ့မှပို့ပေးလိုက်တာ ဖြစ်ပုံက စနေနေ့ဖြစ်နေပြန်ရောဗျာ
    ဘဏ်က ဒီနေ့အားလပ်ရက်လို့ဆိုတော့ကာ ဘယ်လိုဆက်သွားမည်မသိ
    သက်ဆိုင်ရာဖုံးနံပါတ်တော့ပေးလိုက်ပါရဲ့
    သူတို့တော့ပြောပါတယ် ဆက်သွယ်ပြီးအကြောင်းကြားထားပေးပါမယ်တဲ့
    မြန်မာငွေ တစ်သိန်းနှင့်ငါးထောင်ကျပ်ဆိုလားရမည်ပြောပါတယ်
    ငါးထောင်ကျပ်ကတော့ သက်ဆိုင်သူတွေ ငွေသွားယူရမယ့်လမ်းစရိတ်အဖြစ်ပါ
    ကျွန်တော်
    ချစ်စရာကောင်းသောချစ်စရာအချစ်တို့၏ဆရာချစ်ဆရာ
    ချစ်စ/ဆရာ က ကိုးသောင်းခုနစ်ထောင်ငါးရာကျပ် လှူဒါန်းပြီး
    လိင်တူချစ်သူကြီး မိုက်ကယ်ဂျော်နီအောင်ပု ကတော့ နှစ်ထောင့်ငါးရာကျပ် လှူဒါန်းပါတယ်
    အတင်းတုတ်တာတော့မဟုတ်ပါဘူး
    လိင်တူချစ်သူကြီး မိုက်ကယ်ဂျော်နီအောင်ပု ကိုတော့
    ကျွန်တော်
    ချစ်စရာကောင်းသောချစ်စရာအချစ်တို့၏ဆရာချစ်ဆရာ
    ချစ်စ/ဆရာ မှ
    ညောင်စေ့လောက်လှူ ညောင်ပင်ကြီးရစေရန်အလို့ငှာ နှစ်ထောင့်ငါးရာကျပ်ကိုချေးငှားပေးလိုက်တာဖြစ်ပါတယ်
    ခမျာပြောရှာပါတယ်
    မပူပါနဲ့တဲ့
    သူကြီးမင်းဦးခိုင်စီကနေ စာမူခတစ်သိန်းရတာနဲ့ တန်းပြီးဆပ်ပါ့မယ်တဲ့
    ဪ……….ပြောပါသေးတယ်
    ယ္ခင်ကလည်း မြန်မာငွေကျပ် နှစ်ထောင့်ငါးရာချေးငှားထားပေးတဲ့
    သူတော်ကောင်းကျောင်းအမကြီးကိုလည်း ကျမ္မာချမ်းသာလမ်းဖြာပါစေကြောင်းဆုမွန်ကောင်းတွေ
    တစ်သီတစ်တန်းကြီးတောင်းဆုချွေပေးလိုက်ပါသတဲ့
    အဲ့သည်အကြွေးကိုလည်း ထုံးစံအတိုင်း စာမူခရလျှင် ဆက်ဆက်ပေးပါမည်တဲ့ခင်ဗျ
    လေးစားလျှက်
    ချစ်စရာကောင်းသောချစ်စရာအချစ်တို့၏ဆရာချစ်ဆရာ
    ချစ်စ/ဆရာ

  • ချစ်စ/ဆရာ

    December 8, 2012 at 10:22 pm

    ကျွန်တော်
    ချစ်စရာကောင်းသောချစ်စရာအချစ်တို့၏ဆရာချစ်ဆရာ
    ချစ်စ/ဆရာ
    ပို့ပေးလိုက်တဲ့အလှူငွေတွေလက္ခံရရှိပြီလားခင်ဗျ
    လေးစားလျှက်
    ချစ်စရာကောင်းသောချစ်စရာအချစ်တို့၏ဆရာချစ်ဆရာ

    ချစ်စ/ဆရာ

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      December 9, 2012 at 4:00 pm

      ကိုချစ်စစရာရေ
      အလှူငွေလာပို့မည့်သူနှင့် အဆက်အသွယ်ရရှိပြီး
      လက်ထဲအလှူငွေရရှိပါက စာရင်းသွင်းလိုက်ပါ့မယ်ခင်ဗျာ

      ကြောင်ဝတုတ်

      • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

        December 12, 2012 at 2:31 pm

        ကိုချစ်စ/ဆရာရေ…
        အလှူငွေလွှဲက ရန်ကုန်ရောက်နေပါပြီခင်ဗျား…
        သာကေတကို ကျွန်တော်မသွားတတ် မလာတတ်မို့… သွားတတ်လာတတ် ကျွမ်းကျင်သူ… ကိုလုလင်ကို တာဝန်လွှဲအပ်ပေးထားပါတယ်ခင်ဗျား…
        ကိုလုလင်လဲ အလုပ်တွေကြားကနေပြေးလွှားသွားယူပေးမယ်လို့ပြောပါတယ်…
        အလှူငွေလက်ထဲရောက်တာနဲ့ ဆိုဒ်မှာထပ်တင်ပေးလိုက်ပါ့မယ်ခင်ဗျား…

        ခင်မင်လျက်-
        ကြောင်ဝတုတ်

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    December 10, 2012 at 1:24 pm

    မနေ့က စိမ်းလန်းစိုပြေမှာ ကောက်ခံရရှိတဲ့ နောက်ဆုံး Update တွေတင်ပေးထားပါပြီ…
    အလှူလိုက်မည့်သူများရော… အလှူငွေထည့်လိုသေးပါလျှင် ထပ်မံအမြန်ဆုံးဆက်သွယ်ကြပါခင်ဗျာ…
    ကျွန်တော်တို့ စာရင်းပိတ်ရတော့မှာဖြစ်ပါတယ်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • Inz@ghi

      December 10, 2012 at 1:48 pm

      လာကြိုလကွယ် …
      လိုက်ပါ့မယ်ဆို …

      • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

        December 10, 2012 at 4:36 pm

        မြေနီကုန်းစုရပ်ကို ရောက်အောင်သာလာခဲ့…
        ကားပေါ်တင်ခေါ်သွားပြီး ထမင်းဟင်းပါကျွေးမယ်…စိတ်ချ

  • surmi

    December 11, 2012 at 10:02 am

    သာဓု ပါဗျာ သာဓု သာဓု
    :hee: :hee: :hee:

  • Mobile

    December 12, 2012 at 4:35 pm

    ကောင်းလေစွ ကောင်းလေစွ
    ယခုလို တတ်စွမ်းသမျှ ကောင်းမှု ကုသိုလ် ပြုကြတာကိုမြင်ရတော့
    ဝမ်းမြောက်မိပါ၏ ။

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    December 13, 2012 at 11:09 am

    အလှူရှင်စာရင်းများအား Update လုပ်ပေးနေရင်းဖြင့် ၁၉သိန်း ၅သောင်းပြည့်ဖို့ ၄၀ဝ ထဲကပ်လိုနေတာမို့..
    ကျွန်တော် ၄၀ဝ ထပ်ထည့်လိုက်ပါတယ်…

    ချစ်စ/ဆရာရဲ့အလှူငွေရရင်ဖြင့် သိန်း၂ဝ တိတိပြည့်ပြီဖြစ်သောကြောင့်…
    နောက်ထပ် သိန်း(၃၀) လိုနေပါသေးတယ်… ဟိဟိ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • kai

      December 13, 2012 at 12:44 pm

      သူ့ဟာက.. မပြည့်နိုင်တော့ဘူး..
      ကျုပ်ပဲဖြည့်ပေးလိုက်ပါ့မယ်..
      လာထား..သိမ်း(သိန်း)ထားတဲ့..၃ဝဆယ်..။(ယန်း)

      နောက်တာပါ…
      နောက်အလှူတွေကို.. ကောက်ခံရတဲ့အလှူကိုမှီခိုရတာထက်စာရင်.. တခြားတနည်းနည်းနဲ့လုပ်ဖို့စဉ်းစားသင့်ပြီထင်ကြောင်း..
      fundraising ဈေးရောင်း.တီရှပ်ရောင်း. သင်္ကြန်မဏ္ဍပ်လုပ်.. စသဖြင့်ပေါ့..။ :kwi:
      http://www.signupgenius.com/nonprofit/50-creative-and-easy-fundraising-ideas.cfm

      ယူအက်စ်က..မကြာခင်လတွေမှာ.. မြန်မာပြည်ထဲ.. အခြေခံလူတန်းစားတွေနဲ့ ဒေသန္တရဆိုင်ရာတွေအတွက်. ပညာရေးလူမှုရေးမြှင့်တင်ဖို့ အစီအစဉ်တွေဆွဲနေပါတယ်..။
      ချိတ်ဆက်မိရင်ကောင်းမှာ..

      • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

        December 13, 2012 at 1:26 pm

        ဒီဟာကတော့ဗျာ… ရွာရဲ့အလှူလို့ပဲသဘောထားပေးပါသူကြီးရယ်…
        အဲဒီတော့ ရွာထဲမှာရနိုင်သလောက် ညှစ်ထုတ်… အဲ… ဓားပြတိုက်… အာ…ဟုတ်သေးပါဘူး… အလှူခံရတာဆိုတော့ လူတွေသဒ္ဒါပေါက်လာအောင် နိဗ္ဗာန်ဆော်လုပ်တဲ့လူက ဒီလိုပဲ အော်ဟစ်အလှူခံရတာပေါ့… နားလည်ပေးပါ…
        သူကြီးအကြံပေးသလို… Fund ရှာဖို့ကိုလဲ ကျွန်တော်တို့ ကြိုးစားနေပါတယ်…
        အဲဒီလိုပဲ တခြားပညာရေးမမြှင့်တင်မှုလုပ်နေတဲ့အဖွဲ့အစည်းအကြီးကြီးတွေနဲ့ ချိတ်ဆက်ဖို့လဲ… ကြိုးစားပါဦးမယ်…

        ခင်မင်လျက်-
        ကြောင်ဝတုတ်

        • kai

          December 13, 2012 at 1:37 pm

          ကောင်းပါတယ်..
          အဲဒီTeamworks ကလေးကို ဆက်ဆွဲပြိးတက်နေတာကိုပြောတာပါ…
          ကျုပ်လည်း.. ယူအက်စ်ဖက်ကနေ လိုက်ချိတ်ကြည့်နေပါတယ်..။
          အလေ့အကျင့်ရှိပြီးသားဆို… တွဲအလုပ်လုပ်ကြလို့ရတာပေါ့နော…။ :harr:

          လက်ရှိအလှူရှင်တွေက.. Founding Member တွေဖြစ်သွားတာပေါ့..

        • etone

          December 17, 2012 at 9:35 am

          သဂျီးရေ .. Fund ရှာဖို့ ကိစ္စကို ကျွန်မတို့တွေ အလေးနက်ထား စဉ်းစားနေကြပါတယ် ။
          အခြေနေနဲ့ အချိန်ခါ သင့်ချိန်ကိုရော ၊ ရာသီဥတု ပွင့်လင်းချိန်ကိုပါ စောင်နေကြပါကြောင်း … 🙄

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 13, 2012 at 10:39 pm

    ဦးလေးအန်ကယ်ကြောင်ဝတုတ်ခင်ဗျား
    အလှူငွေတွေလက္ခံရရှိတဲ့အခါ
    ကျော့်နာမည်ကို ရွှေရောင်စာလုံးနဲ့ရေးပေးပါခင်ဗျား
    အဲ့သည်ဖဲသမား
    ချစ်စရာကောင်းသောချစ်စရာအချစ်တို့၏ဆရာချစ်ဆရာ
    ချစ်စ/ဆရာ့ နံမယ်ကိုတော့ မထင်မရှားသာရေးပေးလိုက်ပါဗျာ

  • ဦးဦးပါလေရာ

    December 13, 2012 at 10:53 pm

    အလှူနဲ့တော့မဆိုင်ပါဘူး…
    သူကြီးက funding အကြောင်းပြောတာ ရှစ်ခါရှိပြီထင်တာပဲ
    တကယ်စိတ်ဝင်စားကြသလား……
    ပိုစ့်တင်ပြီး ဆွေးနွေးမယ်….

    • kai

      December 14, 2012 at 1:08 am

      ပို့စ်တင်ပြီး..ဆွေးနွေးပါ.. ဦးပါခင်ဗျား..။
      .. ပြောစရာတွေအများကြီး.. ။ ကိုယ်ပိုင်ရပ်တည်မှုက..အင်မတန်အရေးကြီးပါတယ်..။

      ဖြတ်ပြောရရင်.. မြန်မာတွေ.. အန်ဂျီအိုရဲ့ဂယက်ထဲ.. “လယ်မျောမြုတ်”… သွားမှာ.. စိုးနေမိလို့ပါ..။ အာဖရိကနိုင်ငံတွေ.. ကဘ္မောဒီးယား.. အဲလိုဖြစ်ကြတယ်လေ..

      • ဦးဦးပါလေရာ

        December 14, 2012 at 10:23 am

        အဲဒီတော့ပစ်မျိုးက သူကြီး သို့မဟုတ် ဆရာသစ် သို့မဟုတ် မခင်လတ် တင်ရမှာလေ…

        လူမှာ သူနဲ့လိုက်တဲ့အဆင်ဆိုတာ ရှိပါကြောင်း …..
        (ဥပမာ ဦးပါလေရာဆိုရင် လူရွှင်တော်ပုဆိုးနဲ့လိုက်တယ်။ တနေ့ ဓါတ်ပုံတင်ပေးဦးမယ် :harr: )

        ဒီတော့ပစ်ကို ပိုစ့်တင်လာပါက အသဲအသန် အားတက်သရော ဆွေးနွေးမည်ဖြစ်ပါကြောင်း….

        • MaMa

          December 14, 2012 at 9:15 pm

          အားတက်သရော ဝင်ရောက်ဖတ်ရှု့မည် ဖြစ်ပါကြောင်းးးးးးးးးးး :hee:

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    December 14, 2012 at 5:14 pm

    ကိုချစ်စ/ဆရာနဲ့ အဘပုတို့ စုံတွဲ အလှူငွေလက်ခံရရှိပြီး စာရင်းထပ်ဖြည့်ပေးထားပြီးဖြစ်ပါသည်…

    နောက်တစ်ယောက်က ရွာထဲကိုတစ်ခါမှ ကော်မန့်ဝင်မပေးသော… ပိုစ့်မတင်သော ရွာသား အိုဘားမားဖြစ်ပါကြောင်း….

    သူတို့အလှူများကို စာရင်းထပ်ဖြည့်ပေးထားကြောင်းပါ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

Leave a Reply